အီရန်၏ နျူကလီးယားအစီအစဉ် ပြင်းပြင်းထန်ထန်ထိခိုက်သွားခဲ့ကြောင်း စီအိုင်အေအဖွဲ့ပြော

 282

Pika (NP News) - ဇွန် ၂၇
အီရန်နိုင်ငံသည် ၎င်း၏နျူကလီးယားအစီအစဉ်ကို ပြန်လည်တည်ဆောက်ရန် နှစ်ပေါင်းများစွာ အချိန်ယူရလိမ့်မည် ဟု စီအိုင်အေအဖွဲ့ဒါရိုက်တာ ဂျွန်ရက်ကလစ်ဖ်က ပြောကြားခဲ့သည်။ အမေရိကန်က Natanz၊Fordow နှင့် Isfahan မြို့တို့တွင်ရှိသည့် အီရန်၏ နျူကလီးယားစက်ရုံများကို ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီးနောက် ဂျွန်ရက်ကလစ်ဖ်၏ ပြောဆိုချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။
ဂျွန်ရက်ကလစ်ဖ်က “မကြာသေးခင်က လုပ်ဆောင်ခဲ့တဲ့တိုက်ခိုက်မှုတွေကြောင့် အီရန်ရဲ့နျူကလီးယားအစီအစဉ် က ပြင်းပြင်းထန်ထန်ပျက်စီးသွားတယ်ဆိုတာကို ယုံကြည်ရလောက်တဲ့အထောက်အထားတစ်ခုကို စီအိုင်အေအဖွဲ့ က အတည်ပြုပေးနိုင်ပါတယ်။ အမေရိကန်ရဲ့တိုက်ခိုက်မှုတွေကြောင့် အီရန်ရဲ့ အဓိကနျူကလီးယားစက်ရုံ အများအပြား ပျက်စီးသွားခဲ့ပြီး ပြန်လည်တည်ဆောက်ဖို့ နှစ်ပေါင်းများစွာ အချိန်ယူရလိမ့်မယ်ဆိုတာ ကျွန်တော်တို့ အတည်ပြုနိုင်ပါတယ်” ဟု ပြောခဲ့သည်။
ထို့ပြင် အဆိုပါတိုက်ခိုက်မှုများသည် အီရန်၏ နျူကလီးယားလက်နက်ထုတ်လုပ်နိုင်စွမ်းကို ချေမှုန်းပစ်ခဲ့ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့် နှင့် ကာကွယ်ရေးဝန်ကြီး ပီတီဟတ်ဆတ်တို့က အခိုင်အမာထုတ်ဖော်ပြောခဲ့ သည်။ သို့သော်လည်း အမေရိကန်၏တိုက်ခိုက်မှုများကြောင့် အီရန်၏ နျူကလီးယားစက်ရုံများ ထိခိုက်ပျက်စီးမှုမှာ အလွန်ကြီးမားနိုင်ကြောင်း အမေရိကန်မီဒီယာများက နောက်ပိုင်းတွင် ရေးသားဖော်ပြခဲ့သည်။

Zawgyi Version:
အီရန္၏ န်ဴကလီးယားအစီအစဥ္ ျပင္းျပင္းထန္ထန္ထိခိုက္သြားခဲ့ေၾကာင္း စီအိုင္ေအအဖြဲ႕ေျပာ
Pika (NP News) - ဇြန္ ၂၇
အီရန္ႏိုင္ငံသည္ ၎၏န်ဴကလီးယားအစီအစဥ္ကို ျပန္လည္တည္ေဆာက္ရန္ ႏွစ္ေပါင္းမ်ားစြာ အခ်ိန္ယူရလိမ့္မည္ ဟု စီအိုင္ေအအဖြဲ႕ဒါ႐ိုက္တာ ဂြၽန္ရက္ကလစ္ဖ္က ေျပာၾကားခဲ့သည္။ အေမရိကန္က Natanz၊Fordow ႏွင့္ Isfahan ၿမိဳ႕တို႔တြင္ရွိသည့္ အီရန္၏ န်ဴကလီးယားစက္႐ုံမ်ားကို ဗုံးႀကဲတိုက္ခိုက္မႈမ်ား လုပ္ေဆာင္ခဲ့ၿပီးေနာက္ ဂြၽန္ရက္ကလစ္ဖ္၏ ေျပာဆိုခ်က္မ်ား ထြက္ေပၚလာျခင္းျဖစ္သည္။
ဂြၽန္ရက္ကလစ္ဖ္က “မၾကာေသးခင္က လုပ္ေဆာင္ခဲ့တဲ့တိုက္ခိုက္မႈေတြေၾကာင့္ အီရန္ရဲ႕န်ဴကလီးယားအစီအစဥ္ က ျပင္းျပင္းထန္ထန္ပ်က္စီးသြားတယ္ဆိုတာကို ယုံၾကည္ရေလာက္တဲ့အေထာက္အထားတစ္ခုကို စီအိုင္ေအအဖြဲ႕ က အတည္ျပဳေပးႏိုင္ပါတယ္။ အေမရိကန္ရဲ႕တိုက္ခိုက္မႈေတြေၾကာင့္ အီရန္ရဲ႕ အဓိကန်ဴကလီးယားစက္႐ုံ အမ်ားအျပား ပ်က္စီးသြားခဲ့ၿပီး ျပန္လည္တည္ေဆာက္ဖို႔ ႏွစ္ေပါင္းမ်ားစြာ အခ်ိန္ယူရလိမ့္မယ္ဆိုတာ ကြၽန္ေတာ္တို႔ အတည္ျပဳႏိုင္ပါတယ္” ဟု ေျပာခဲ့သည္။
ထို႔ျပင္ အဆိုပါတိုက္ခိုက္မႈမ်ားသည္ အီရန္၏ န်ဴကလီးယားလက္နက္ထုတ္လုပ္ႏိုင္စြမ္းကို ေခ်မႈန္းပစ္ခဲ့ေၾကာင္း အေမရိကန္သမၼတေဒၚနယ္ထရမ့္ ႏွင့္ ကာကြယ္ေရးဝန္ႀကီး ပီတီဟတ္ဆတ္တို႔က အခိုင္အမာထုတ္ေဖာ္ေျပာခဲ့ သည္။ သို႔ေသာ္လည္း အေမရိကန္၏တိုက္ခိုက္မႈမ်ားေၾကာင့္ အီရန္၏ န်ဴကလီးယားစက္႐ုံမ်ား ထိခိုက္ပ်က္စီးမႈမွာ အလြန္ႀကီးမားႏိုင္ေၾကာင္း အေမရိကန္မီဒီယာမ်ားက ေနာက္ပိုင္းတြင္ ေရးသားေဖာ္ျပခဲ့သည္။

Related news

© 2021. All rights reserved.