အစ္စရေးနှင့် အမေရိကန်နိုင်ငံတို့ကို အောင်ပွဲရယူနိုင်ခဲ့ဟု အီရန်နိုင်ငံ၏ အမြင့်ဆုံးဘာသာရေးခေါင်းဆောင် ကြွေးကြော်

 687

ဂျန်ဇက် (NP News) - ဇွန် ၂၈
အီရန်နိုင်ငံ၏အမြင့်ဆုံးဘာသာရေးခေါင်းဆောင် အယာတိုလာခါမေနီက အစ္စရေး၊ အမေရိကန်နိုင်ငံတို့ နှင့် ၁၂ ရက်ကြာ အပြန်အလှန်တိုက်ခိုက်မှုများဖြစ်လာခဲ့ပြီးနောက် အနိုင်ရခဲ့ကြောင်း၊ အနိုင်ရမှုများအတွက် ဂုဏ်ယူ ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။
အီရန်နိုင်ငံ၏ အမြင့်ဆုံးဘာသာရေးခေါင်းဆောင်သည် အစ္စရေးနိုင်ငံနှင့် အပစ်ခတ်ရပ်စဲရန် သဘောတူညီခဲ့ပြီး နောက် ရက်ပိုင်းအကြာပြုလုပ်ခဲ့သည့် ပထမဆုံးအကြိမ် မိန့်ခွန်းပြောဆိုချိန်အတွင်း ယင်းကဲ့သို့ပြောဆိုခဲ့ခြင်း ဖြစ်သည်။
အစ္စရေးနိုင်ငံသည် ဇွန်လ ၁၃ ရက်တွင် အစ္စရေးနိုင်ငံရှိ စစ်ဘက်ဆိုင်ရာအဆောက်အဦးများ၊ နျူကလီးယား အဆောက်အဦးများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီးနောက် အီရန် နှင့် အစ္စရေးနိုင်ငံကြားကနဦး အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်လာခဲ့ပြီးနောက် အမေရိကန်က စစ်ထဲပါဝင်လာခဲ့ကာ အီရန်နိုင်ငံရှိ နျူကလီးယား အဆောက်အဦးများကို ထပ်မံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
သို့သော်လည်း အီရန်သည် အမေရိကန်နိုင်ငံ၏ကြားဝင်စေ့စပ်မှုများကြောင့် အစ္စရေးနိုင်ငံနှင့် ဇွန်လ ၂၄ ရက်တွင် အပစ်ခတ်ရပ်စဲရန် သဘောတူညီခဲ့ကြောင်း သိရသည်။ အီရန်နိုင်ငံ၏ အမြင့်ဆုံးဘာသာရေးခေါင်းဆောင် အယာတိုလာခါမေနီက အီရန်နိုင်ငံ၏ လက်တုံ့ပြန်တိုက်ခိုက်မှုများသည် အစ္စရေးနိုင်ငံကို ထိခိုက်ပျက်စီးစေခဲ့ ကြောင်း ပြောသည်။
အီရန်နိုင်ငံ၏ အမြင့်ဆုံးဘာသာရေးခေါင်းဆောင်က ''အမေရိကန်နိုင်ငံသာ စစ်ပွဲအတွင်းတိုက်ရိုက်မပါဝင်ခဲ့ရင် အစ္စရေးအစိုးရ အလုံးစုံပျက်စီးသွားမယ်လို့ ခံစားမိတယ်။ အမေရိကန်အစိုးရဟာအစ္စရေးအစိုးရကို ကာကွယ်နိုင် အောင် စစ်ပွဲအတွင်း ပါဝင်လာတာမျိုးဖြစ်ပေမယ့် ဘာမှရသွားတာမျိုးမရှိဘူး'' ဟု ပြောသည်။
အီရန်နိုင်ငံ၏ အမြင့်ဆုံးဘာသာရေးခေါင်းဆောင်သည် ကာတာနိုင်ငံရှိ အမေရိကန်စစ်အခြေစိုက်စခန်းကို လက်တုံ့ပြန်တိုက်ခိုက်ခဲ့သည့် အီရန်စစ်တပ်၏လုပ်ရပ်ကို ပြစ်တင်ရှုတ်ချခဲ့ကြောင်း သိရသည်။ ကာတာနိုင်ငံရှိ အမေရိကန်စစ်အခြေစိုက်စခန်းကို အီရန်စစ်တပ်က လက်တုံ့ပြန်တိုက်ခိုက်ခြင်းသည် အမေရိကန်စစ်တပ်၏ မျက်နှာကို ဖြတ်ရိုက်သလိုမျိုးဖြစ်စေခဲ့ကြောင်း၊ အမေရိကန်သည် နောက်ထပ်တစ်ကြိမ် ရန်စတိုက်ခိုက်မည်ဆို လျှင် ဒေသအတွင်းရှိ အမေရိကန်၏အဓိက စစ်အခြေစိုက်စခန်းများ တိုက်ခိုက်ခံရမည်ကို သတိပေးလိုက်ခြင်း လည်းဖြစ်ကြောင်း ပြောသည်။
အီရန်အစိုးရသည် ၎င်းတို့သည် နျူကလီးယားလက်နက်ပိုင်ဆိုင်ထားခြင်းမျိုးမရှိကြောင်း ပြောဆိုထားသလို နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီကလည်း အီရန်နိုင်ငံတွင် နျူကလီးယားလက်နက်တည်ဆောက်သည့် သက်သေအထောက်ထားမျိုးမတွေ့ရသေးကြောင်း ပြောဆိုထားသည်။ အစ္စရေးနိုင်ငံသည် အီရန်နိုင်ငံကို နျူကလီးယားလက်နက်ပိုင်ဆိုင်မည်ကို ကြိုတင်တားဆီးရန်အတွက် ဇွန်လ ၁၃ ရက်တွင် ပစ်မှတ်ထားကာ တိုက်ခိုက်ခဲ့ခြင်းမျိုးဖြစ်ကြောင်း သိရသည်။

Zawgyi Version:
အစၥေရးႏွင့္ အေမရိကန္ႏိုင္ငံတို႔ကို ေအာင္ပြဲရယူႏိုင္ခဲ့ဟု အီရန္ႏိုင္ငံ၏ အျမင့္ဆုံးဘာသာေရးေခါင္းေဆာင္ ေႂကြးေၾကာ္
ဂ်န္ဇက္ (NP News) - ဇြန္ ၂၈
အီရန္ႏိုင္ငံ၏အျမင့္ဆုံးဘာသာေရးေခါင္းေဆာင္ အယာတိုလာခါေမနီက အစၥေရး၊ အေမရိကန္ႏိုင္ငံတို႔ ႏွင့္ ၁၂ ရက္ၾကာ အျပန္အလွန္တိုက္ခိုက္မႈမ်ားျဖစ္လာခဲ့ၿပီးေနာက္ အႏိုင္ရခဲ့ေၾကာင္း၊ အႏိုင္ရမႈမ်ားအတြက္ ဂုဏ္ယူ ေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္သည္။
အီရန္ႏိုင္ငံ၏ အျမင့္ဆုံးဘာသာေရးေခါင္းေဆာင္သည္ အစၥေရးႏိုင္ငံႏွင့္ အပစ္ခတ္ရပ္စဲရန္ သေဘာတူညီခဲ့ၿပီး ေနာက္ ရက္ပိုင္းအၾကာျပဳလုပ္ခဲ့သည့္ ပထမဆုံးအႀကိမ္ မိန႔္ခြန္းေျပာဆိုခ်ိန္အတြင္း ယင္းကဲ့သို႔ေျပာဆိုခဲ့ျခင္း ျဖစ္သည္။
အစၥေရးႏိုင္ငံသည္ ဇြန္လ ၁၃ ရက္တြင္ အစၥေရးႏိုင္ငံရွိ စစ္ဘက္ဆိုင္ရာအေဆာက္အဦးမ်ား၊ န်ဴကလီးယား အေဆာက္အဦးမ်ားကို ပစ္မွတ္ထားတိုက္ခိုက္ခဲ့ၿပီးေနာက္ အီရန္ ႏွင့္ အစၥေရးႏိုင္ငံၾကားကနဦး အျပန္အလွန္ ပစ္ခတ္မႈမ်ား ျဖစ္လာခဲ့ၿပီးေနာက္ အေမရိကန္က စစ္ထဲပါဝင္လာခဲ့ကာ အီရန္ႏိုင္ငံရွိ န်ဴကလီးယား အေဆာက္အဦးမ်ားကို ထပ္မံတိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။
သို႔ေသာ္လည္း အီရန္သည္ အေမရိကန္ႏိုင္ငံ၏ၾကားဝင္ေစ့စပ္မႈမ်ားေၾကာင့္ အစၥေရးႏိုင္ငံႏွင့္ ဇြန္လ ၂၄ ရက္တြင္ အပစ္ခတ္ရပ္စဲရန္ သေဘာတူညီခဲ့ေၾကာင္း သိရသည္။ အီရန္ႏိုင္ငံ၏ အျမင့္ဆုံးဘာသာေရးေခါင္းေဆာင္ အယာတိုလာခါေမနီက အီရန္ႏိုင္ငံ၏ လက္တုံ႔ျပန္တိုက္ခိုက္မႈမ်ားသည္ အစၥေရးႏိုင္ငံကို ထိခိုက္ပ်က္စီးေစခဲ့ ေၾကာင္း ေျပာသည္။
အီရန္ႏိုင္ငံ၏ အျမင့္ဆုံးဘာသာေရးေခါင္းေဆာင္က ''အေမရိကန္ႏိုင္ငံသာ စစ္ပြဲအတြင္းတိုက္႐ိုက္မပါဝင္ခဲ့ရင္ အစၥေရးအစိုးရ အလုံးစုံပ်က္စီးသြားမယ္လို႔ ခံစားမိတယ္။ အေမရိကန္အစိုးရဟာအစၥေရးအစိုးရကို ကာကြယ္ႏိုင္ ေအာင္ စစ္ပြဲအတြင္း ပါဝင္လာတာမ်ိဳးျဖစ္ေပမယ့္ ဘာမွရသြားတာမ်ိဳးမရွိဘူး'' ဟု ေျပာသည္။
အီရန္ႏိုင္ငံ၏ အျမင့္ဆုံးဘာသာေရးေခါင္းေဆာင္သည္ ကာတာႏိုင္ငံရွိ အေမရိကန္စစ္အေျခစိုက္စခန္းကို လက္တုံ႔ျပန္တိုက္ခိုက္ခဲ့သည့္ အီရန္စစ္တပ္၏လုပ္ရပ္ကို ျပစ္တင္ရႈတ္ခ်ခဲ့ေၾကာင္း သိရသည္။ ကာတာႏိုင္ငံရွိ အေမရိကန္စစ္အေျခစိုက္စခန္းကို အီရန္စစ္တပ္က လက္တုံ႔ျပန္တိုက္ခိုက္ျခင္းသည္ အေမရိကန္စစ္တပ္၏ မ်က္ႏွာကို ျဖတ္႐ိုက္သလိုမ်ိဳးျဖစ္ေစခဲ့ေၾကာင္း၊ အေမရိကန္သည္ ေနာက္ထပ္တစ္ႀကိမ္ ရန္စတိုက္ခိုက္မည္ဆို လွ်င္ ေဒသအတြင္းရွိ အေမရိကန္၏အဓိက စစ္အေျခစိုက္စခန္းမ်ား တိုက္ခိုက္ခံရမည္ကို သတိေပးလိုက္ျခင္း လည္းျဖစ္ေၾကာင္း ေျပာသည္။
အီရန္အစိုးရသည္ ၎တို႔သည္ န်ဴကလီးယားလက္နက္ပိုင္ဆိုင္ထားျခင္းမ်ိဳးမရွိေၾကာင္း ေျပာဆိုထားသလို ႏိုင္ငံတကာအဏုျမဴစြမ္းအင္ေအဂ်င္စီကလည္း အီရန္ႏိုင္ငံတြင္ န်ဴကလီးယားလက္နက္တည္ေဆာက္သည့္ သက္ေသအေထာက္ထားမ်ိဳးမေတြ႕ရေသးေၾကာင္း ေျပာဆိုထားသည္။ အစၥေရးႏိုင္ငံသည္ အီရန္ႏိုင္ငံကို န်ဴကလီးယားလက္နက္ပိုင္ဆိုင္မည္ကို ႀကိဳတင္တားဆီးရန္အတြက္ ဇြန္လ ၁၃ ရက္တြင္ ပစ္မွတ္ထားကာ တိုက္ခိုက္ခဲ့ျခင္းမ်ိဳးျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.