တရုတ်နိုင်ငံ၊ ပါကစ္စတန်နိုင်ငံတို့ နှင့် မဟာမိတ်ဖွဲ့စည်းထားခြင်းမျိုးမရှိဟု ဘင်္ဂလားဒေရှ့်အစိုးရပြော

 285

ဂျန်ဇက် (NP News) - ဇွန် ၂၈

ဘင်္ဂလားဒေရှ့်အစိုးရအနေဖြင့် တရုတ်နိုင်ငံ၊ ပါ ကစ္စတန်နိုင်ငံတို့နှင့် မဟာမိတ်အဖွဲ့ ဖွဲ့စည်းထားခြင်းမရှိကြောင်း၊ ဘင်္ဂလားဒေရှ့်နိုင်ငံခြားရေးဝန်ကြီးဌာနအကြံပေး တူဟစ်ဟူစိန်က ထုတ်ဖော်ပြောဆိုလိုက်သည်။ ဘင်္ဂလားဒေရှ့် နိုင်ငံသည် ဇွန်လ ၁၉ ရက်က ပါကစ္စတန်၊ တရုတ်နိုင်ငံတို့နှင့် သုံးနိုင်ငံတွေ့ဆုံဆွေးနွေးခဲ့ပြီး ယင်းဆွေးနွေးမှုက နိုင်ငံရေးရည်ရွယ်ချက်မျိုးမဟုတ်ဘဲ တရားဝင်တွေ့ဆုံဆွေးနွေးမှုမျိုးသာဖြစ်ကြောင်း ၎င်းက ပြောသည်။
ဘင်္ဂလားဒေရှ့်နိုင်ငံခြားရေးဝန်ကြီး တူဟစ်ဟူစိန်က ''ကျွန်တော်တို့ဟာ မဟာမိတ်အဖွဲ့ ဖွဲ့စည်းထားတာ မျိုးမရှိပါဘူး။ ပြီးခဲ့တဲ့ရက်ပိုင်းက တွေ့ဆုံဆွေးနွေးမှုက တရားဝင်ဆွေးနွေးပွဲသာဖြစ်တယ်။ နိုင်ငံရေး ရည်ရွယ်ချက်မျိုး မဟုတ်ဘူး။ မဟာမိတ်ဖွဲ့စည်းဖို့ ရည်ရွယ်လုပ်ဆောင်တာမျိုး မဟုတ်ဘူး။ အဲဒီတွေ့ဆုံဆွေးနွေးမှု က တတိယအဖွဲ့အစည်း၊ တတိယနိုင်ငံကို ရည်ရွယ်တဲ့ ဆွေးနွေးမျိုးလည်းမဟုတ်ဘူး" ဟု ပြောသည်။
ဘင်္ဂလားဒေရှ့်နိုင်ငံခြားရေးဝန်ကြီးဌာနက ဘင်္ဂလားဒေရှ့်၊ တရုတ်နှင့် ပါကစ္စတန်နိုင်ငံတို့မှ အစိုးရကိုယ်စားလှယ် များသည် ကူးမင်းမြို့တွင် ကျင်းပသည့်အစည်းအဝေးပြီးချိန်တွင် အလွတ်သဘောတွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ သိရသည်။ တရုတ်နိုင်ငံ နှင့် ပါကစ္စတန်နိုင်ငံတို့သည်အဆိုပါအစည်းအဝေးပြီးတွင်
သီးခြားကြေညာချက်များထုတ်ပြန်ခြင်းများရှိနေသည်။ တရုတ်အစိုးရက ဇွန်လ ၁၉ ရက်က ပြုလုပ်ခဲ့သည့် တွေ့ဆုံဆွေးနွေးမှုသည် သုံးနိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်၊ အိမ်နီးချင်းနိုင်ငံများကြား အပြန်အလှန် ယုံကြည်မှုများတိုးမြှင့်ရန် နှင့်သဘောတူညီမှုများရယူရန် ရည်ရွယ်ခဲ့ကြောင်း ပြောသည်။ တရုတ်၊ နှင့် ပါကစ္စတန်နိုင်ငံတို့သည် အိန္ဒိယနိုင်ငံ နှင့် ဆက်ဆံရေးအေးစက်နေသည့်နိုင်ငံများဖြစ်ရာ အဆိုပါတွေ့ဆုံ ဆွေးနွေးမှုကို အိန္ဒိယနိုင်ငံက စောင့်ကြည့်နေကြောင်း သိရသည်။ ဘင်္ဂလားဒေရှ့်နိုင်ငံခြားရေးဝန်ကြီးဌာနက ပါကစ္စတန် နှင့် တရုတ်နိုင်ငံမှ အစိုးရအဖွဲ့တာဝန်ရှိသူများသည် ဇွန်လ ၁၉ ရက်က ပြုလုပ်ခဲ့သည့် အစည်းအဝေး အပြီးတွင် သီးခြားထပ်မံတွေ့ဆုံဆွေးနွေးမှုများလုပ်ဆောင်ခဲ့သည်ဟု ပြောသည်။
ဘင်္ဂလားဒေရှ့်နိုင်ငံသည် လက်ရှိအချိန်တွင် ဘင်္ဂလားဒေရှ့်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို နေထိုင် ခွင့်ပြုထားခြင်းနှင့်ပတ်သက်ပြီး နှစ်နိုင်ငံဆက်ဆံရေးကောင်းမွန်မှုမရှိကြောင်း သတင်းများထွက်ပေါ်နေသည်။ ဘင်္ဂလားဒေရှ့်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူတစ်ဦးက အိန္ဒိယနိုင်ငံ နှင့် ဘင်္ဂလားဒေရှ့်နိုင်ငံကြား ဆက်ဆံရေးနှင့်တွေ့ဆုံဆွေးနွေးမှုများလုပ်ဆောင်ရန် ပြန်လည်ပြင်ဆင်ဆွေးနွေးမှုများ လုပ်ဆောင်ပြီးမှသာ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ပြောသည်။

Zawgyi Version:
တ႐ုတ္ႏိုင္ငံ၊ ပါကစၥတန္ႏိုင္ငံတို႔ ႏွင့္ မဟာမိတ္ဖြဲ႕စည္းထားျခင္းမ်ိဳးမရွိဟု ဘဂၤလားေဒရွ႕္အစိုးရေျပာ
ဂ်န္ဇက္ (NP News) - ဇြန္ ၂၈
ဘဂၤလားေဒရွ႕္အစိုးရအေနျဖင့္ တ႐ုတ္ႏိုင္ငံ၊ ပါ ကစၥတန္ႏိုင္ငံတို႔ႏွင့္ မဟာမိတ္အဖြဲ႕ ဖြဲ႕စည္းထားျခင္းမရွိေၾကာင္း၊ ဘဂၤလားေဒရွ႕္ႏိုင္ငံျခားေရးဝန္ႀကီးဌာနအႀကံေပး တူဟစ္ဟူစိန္က ထုတ္ေဖာ္ေျပာဆိုလိုက္သည္။ ဘဂၤလားေဒရွ႕္ ႏိုင္ငံသည္ ဇြန္လ ၁၉ ရက္က ပါကစၥတန္၊ တ႐ုတ္ႏိုင္ငံတို႔ႏွင့္ သုံးႏိုင္ငံေတြ႕ဆုံေဆြးေႏြးခဲ့ၿပီး ယင္းေဆြးေႏြးမႈက ႏိုင္ငံေရးရည္႐ြယ္ခ်က္မ်ိဳးမဟုတ္ဘဲ တရားဝင္ေတြ႕ဆုံေဆြးေႏြးမႈမ်ိဳးသာျဖစ္ေၾကာင္း ၎က ေျပာသည္။
ဘဂၤလားေဒရွ႕္ႏိုင္ငံျခားေရးဝန္ႀကီး တူဟစ္ဟူစိန္က ''ကြၽန္ေတာ္တို႔ဟာ မဟာမိတ္အဖြဲ႕ ဖြဲ႕စည္းထားတာ မ်ိဳးမရွိပါဘူး။ ၿပီးခဲ့တဲ့ရက္ပိုင္းက ေတြ႕ဆုံေဆြးေႏြးမႈက တရားဝင္ေဆြးေႏြးပြဲသာျဖစ္တယ္။ ႏိုင္ငံေရး ရည္႐ြယ္ခ်က္မ်ိဳး မဟုတ္ဘူး။ မဟာမိတ္ဖြဲ႕စည္းဖို႔ ရည္႐ြယ္လုပ္ေဆာင္တာမ်ိဳး မဟုတ္ဘူး။ အဲဒီေတြ႕ဆုံေဆြးေႏြးမႈ က တတိယအဖြဲ႕အစည္း၊ တတိယႏိုင္ငံကို ရည္႐ြယ္တဲ့ ေဆြးေႏြးမ်ိဳးလည္းမဟုတ္ဘူး" ဟု ေျပာသည္။
ဘဂၤလားေဒရွ႕္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ဘဂၤလားေဒရွ႕္၊ တ႐ုတ္ႏွင့္ ပါကစၥတန္ႏိုင္ငံတို႔မွ အစိုးရကိုယ္စားလွယ္ မ်ားသည္ ကူးမင္းၿမိဳ႕တြင္ က်င္းပသည့္အစည္းအေဝးၿပီးခ်ိန္တြင္ အလြတ္သေဘာေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္း၊ သိရသည္။ တ႐ုတ္ႏိုင္ငံ ႏွင့္ ပါကစၥတန္ႏိုင္ငံတို႔သည္အဆိုပါအစည္းအေဝးၿပီးတြင္
သီးျခားေၾကညာခ်က္မ်ားထုတ္ျပန္ျခင္းမ်ားရွိေနသည္။ တ႐ုတ္အစိုးရက ဇြန္လ ၁၉ ရက္က ျပဳလုပ္ခဲ့သည့္ ေတြ႕ဆုံေဆြးေႏြးမႈသည္ သုံးႏိုင္ငံၾကား ပူးေပါင္းေဆာင္႐ြက္မႈတိုးျမႇင့္ရန္၊ အိမ္နီးခ်င္းႏိုင္ငံမ်ားၾကား အျပန္အလွန္ ယုံၾကည္မႈမ်ားတိုးျမႇင့္ရန္ ႏွင့္သေဘာတူညီမႈမ်ားရယူရန္ ရည္႐ြယ္ခဲ့ေၾကာင္း ေျပာသည္။ တ႐ုတ္၊ ႏွင့္ ပါကစၥတန္ႏိုင္ငံတို႔သည္ အိႏၵိယႏိုင္ငံ ႏွင့္ ဆက္ဆံေရးေအးစက္ေနသည့္ႏိုင္ငံမ်ားျဖစ္ရာ အဆိုပါေတြ႕ဆုံ ေဆြးေႏြးမႈကို အိႏၵိယႏိုင္ငံက ေစာင့္ၾကည့္ေနေၾကာင္း သိရသည္။ ဘဂၤလားေဒရွ႕္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ပါကစၥတန္ ႏွင့္ တ႐ုတ္ႏိုင္ငံမွ အစိုးရအဖြဲ႕တာဝန္ရွိသူမ်ားသည္ ဇြန္လ ၁၉ ရက္က ျပဳလုပ္ခဲ့သည့္ အစည္းအေဝး အၿပီးတြင္ သီးျခားထပ္မံေတြ႕ဆုံေဆြးေႏြးမႈမ်ားလုပ္ေဆာင္ခဲ့သည္ဟု ေျပာသည္။
ဘဂၤလားေဒရွ႕္ႏိုင္ငံသည္ လက္ရွိအခ်ိန္တြင္ ဘဂၤလားေဒရွ႕္ဝန္ႀကီးခ်ဳပ္ေဟာင္း ရွိတ္ဟာစီနာကို ေနထိုင္ ခြင့္ျပဳထားျခင္းႏွင့္ပတ္သက္ၿပီး ႏွစ္ႏိုင္ငံဆက္ဆံေရးေကာင္းမြန္မႈမရွိေၾကာင္း သတင္းမ်ားထြက္ေပၚေနသည္။ ဘဂၤလားေဒရွ႕္ႏိုင္ငံျခားေရးဝန္ႀကီးဌာနေျပာေရးဆိုခြင့္ရွိသူတစ္ဦးက အိႏၵိယႏိုင္ငံ ႏွင့္ ဘဂၤလားေဒရွ႕္ႏိုင္ငံၾကား ဆက္ဆံေရးႏွင့္ေတြ႕ဆုံေဆြးေႏြးမႈမ်ားလုပ္ေဆာင္ရန္ ျပန္လည္ျပင္ဆင္ေဆြးေႏြးမႈမ်ား လုပ္ေဆာင္ၿပီးမွသာ လုပ္ေဆာင္ႏိုင္မည္ျဖစ္ေၾကာင္း ေျပာသည္။

© 2021. All rights reserved.