အီရန်ကာကွယ်ရေးဦးစီးချုပ်အသစ် ဗိုလ်ချုပ်ကြီး မိုဆာဗီ

629

ဂျန်ဇက် (NP News) - ဇွန် ၂၈
အီရန်နိုင်ငံမှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် chief of the armed forces general staff အသစ် ခန့်အပ်လိုက်ပြီးနောက် သီတင်းတစ်ပတ်အကြာမှာပဲ ကာတာနိုင်ငံရှိ အမေရိကန်စစ်အခြေစိုက်စခန်းတွေကို ဇွန်လ (၂၃)ရက်က ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာ အရှေ့အလယ်ပိုင်းဒေသအတွင်း တင်းမာမှုအရှိန်မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။
အစ္စရေးနိုင်ငံဟာ အီရန်နိုင်ငံရဲ့နျူကလီးယားအစီအစဉ်တွေကို ရပ်တန့်ဖို့ ရည်ရွယ်ချက်နဲ့ ဇွန်လ (၁၃)ရက်မှာ အီရန်နိုင်ငံရှိ စစ်ဘက်ဆိုင်ရာအဆောက်အအုံတွေနဲ့ နျူကလီးယားအဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာ အီရန်နိုင်ငံရဲ့ကာကွယ်ရေးဦးစီးချုပ် chief of the armed forces general staff ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး မိုဟာမက် ဘတ်ဟီရီနဲ့ IRGC အဖွဲ့အကြီးအကဲဖြစ်သူ ဗိုလ်ချုပ်ကြီး ဟူစိန်ဆာလာမီတို့ သေဆုံးခဲ့ပါတယ်။
အီရန်နိုင်ငံရဲ့အမြင့်ဆုံးဘာသာရေးခေါင်းဆောင် အယာတိုလာ ခါမေနီက အီရန်စစ်တပ်ရဲ့အကြီးအကဲဖြစ်သူ ဗိုလ်ချုပ်ကြီး မိုဟာမက်ဘတ် ဟီရီနဲ့ IRGC အဖွဲ့အကြီးအကဲဖြစ်သူ ဗိုလ်ချုပ်ကြီး ဟူစီန်ဆာလာမီတို့သေဆုံးခဲ့ပြီးနောက် ချက်ချင်းပဲ အသစ်ခန့်အပ်ခဲ့ပါတယ်။ အယာတိုလာခါမေနီဟာ အီရန်နိုင်ငံရဲ့ကာကွယ်ရေးဦးစီးချုပ်နေရာမှာ ဗိုလ်ချုပ်ကြီး Abdolrahim Mousavi အဒေါ ရာဟင် မိုဆာဗီကို ခန့်အပ်ခဲ့ပါတယ်။ ၎င်းကို (၁၉၆၀)ပြည့်နှစ်က Qom မြို့မှာမွေးဖွားခဲ့ပြီး spinning workshop လုပ်ငန်းရှင်ဖြစ်ကာ (၆) နှစ်အရွယ်မှစပြီး မိဘတွေရဲ့ workshop လုပ်ငန်းမှာ ပါဝင်
လုပ်ကိုင်ခဲ့ဖူးသူဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီး မိုဆာဗီဟာ အီရန်စစ်တပ်ကို (၁၉၇၉) ခုနှစ်မှာ စတင်ဝင်ရောက်ခဲ့ပြီး အီရန်နဲ့ အီရတ်နိုင်ငံကြားဖြစ်ပွားခဲ့တဲ့ (၈)နှစ်ကြာစစ်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့ကာ အီရန်စစ်တပ်ရဲ့အမြောက်တပ် မှာ ပါဝင်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး မိုဆာဗီဟာ Khuzestan ပြည်နယ်ရှိ အီရန်အမှတ် (၃၃) အမြောက်တပ်ရင်း၊ Kurdistan ပြည်နယ်ရှိ အမှတ် (၂၈) အမြောက်တပ်ရင်း အပါအဝင် အီရန် စစ်တပ်ရဲ့အမြောက်တပ်ရင်းတွေမှာပါဝင်လုပ်ကိုင် ခဲ့ဖူးသူဖြစ်ပါတယ်။ ၎င်းဟာ(၁၇)နှစ်အရွယ်မှာ အထက်တန်းအောင်ခဲ့ပြီးနောက် သင်္ချာ၊ ရူပဗေဒဘာသာရပ်တို့နဲ့ (Diploma) ရရှိပြီး တစ်နှစ်အကြာမှာ စစ်တပ်ကိုဝင်ရောက်ခဲ့သူဖြစ်ပြီး အီရန်စစ်တပ်မှာ Ph.D. in Defense Sciences) ရရှိထားပါတယ်။ ဗိုလ်ချုပ်ကြီး ရာဟင် မိုဆာဗီဟာ အီရန်စစ်တပ်မှာ တာဝန်ယူချိန်အတွင်း ရာထူးအမျိုးမျိုးကို တာဝန်ယူခဲ့ဖူးသူဖြစ်ပြီး အီရန်စစ်တပ်ရဲ့ဒုတိယကာကွယ်ရေး စီးချုပ်တာဝန်ကိုလည်းအမြင့်ဆုံးတာဝန်ယူခဲ့ဖူးသူဖြစ်ပါတယ်။ ၎င်းဟာ (၂၀၁၇)ခုနှစ်မှာ အီရန်စစ်တပ် ရဲ့ ဒုတိယဗိုလ်ချုပ်ကြီးတာဝန်ကို တိုးမြှင့်ခံရပြီး အီရန်စစ်တပ်ရဲ့ဒုတိယကာကွယ်ရေးဦးစီးချုပ်တာဝန် ကို ထမ်းဆောင်ခဲ့သူဖြစ်ရာ အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် အီရန်ကာကွယ်ရေးဦးစီးချုပ် Chief of the armed forces general staff ဖြစ်တဲ့ ဗိုလ် ချုပ်ကြီး ဗိုလ်ချုပ်ကြီးဟူစိန်ဆာလာမီသေဆုံးချိန်မှာ ကာကွယ်ရေးဦးစီးချုပ်တာဝန်ကို အစားထိုးခန့် အပ်ခံရသူဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီး ရာဟင်မိုဆာဗီဟာ အီရန်ပြည်သူတွေကြား အာဇာနည်စိတ်ဓာတ်ပြင်းထန်ဖို့နဲ့ ဂျီဟတ်စိတ်ဓာတ် ပြင်းထန်ဖို့ လှုံ့ဆော်သူတစ်ဦးဖြစ်ပါတယ်။ အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စု အပေါ် သဘောထားတင်းမာသူဖြစ်ပြီး အမေရိကန်နိုင် ငံကို ဂရိတ်စေတန်နိုင်ငံအဖြစ် ဝေဖန်ပြစ်တင်ခဲ့သူ လည်းဖြစ်ပါတယ်။ အီရန်ကာကွယ်ရေးဦးစီးချုပ်အသစ် ရာဟင်မိုဆာဗီဟာ စည်းကမ်းကြီးသူဖြစ်ပေမယ့် မဟုတ်မခံစိတ်မျိုးရှိကာ ကိုယ့်အားကိုယ်ကိုး တတ်သူတစ်ဦးဖြစ်တယ်လို့ ဆိုကြပါတယ်။
အီရန်နိုင် ငံရဲ့နျူကလီးယားအစီအစဉ်နဲ့ပတ်သက်ပြီး အမေရိ ကန်ဦးဆောင်တဲ့ အနောက်အုပ်စုနိုင်ငံတွေနဲ့ အငြင်း ပွားမှုတွေမကြာခဏဖြစ်ပွားခဲ့ရာ ဗိုလ်ချုပ်ကြီး ရာဟင် မိုဆာဗီဟာ အခက်ခဲပြဿနာတွေကို ပြတ်ပြတ်သား သားကိုင်တွယ်ဖြေရှင်းတတ်သူတစ်ဦးလည်းဖြစ်ပါ တယ်။ အီရန်နိုင်ငံမှာ (၂၀၁၉)ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြအုပ်စုတွေကို ဆူပူမှုတွေမလုပ်ဖို့တောင်းဆိုခဲ့ ပြီးနောက် တောင်းဆိုချက်ကိုမလိုက်နာတဲ့အတွက် ဆန္ဒပြသူတွေကို ပစ်ခတ်နှိမ်နင်းဖို့ အမိန့်ပေးခဲ့သူဖြစ် ပါတယ်။ ဗိုလ်ချုပ်ကြီး ရာဟင် မိုဆာဗီဟာ အီရန်စစ် တပ်ရဲ့ထိပ်တန်းဗိုလ်ချုပ်ကြီးအဖြစ်တာဝန်ယူချိန်အတွင်း စည်းကမ်းအတိုင်း ပြတ်ပြတ်သားသားကိုင် တွယ်ခဲ့တဲ့အတွက် လူအခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်သူတစ်ဦးအဖြစ် စွပ်စွဲခံရကာ အမေရိကန် ဦးဆောင်တဲ့အနောက်အုပ်စုနိုင်ငံတွေရဲ့ပစ်မှတ်ထား ပိတ်ဆို့ခြင်းကိုခံခဲ့ရသူဖြစ်ပါတယ်။ သူဟာ အမေရိကန်နိုင်ငံရဲ့ပိတ်ဆို့မှုခံရပေမယ့် အီရန်နိုင်ငံရဲ့အမြင့် ဆုံးဘာသာရေးခေါင်းဆောင် အယာတိုလာခါမေနီကတော့ Order of Fath အမည်ရှိ ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ခြင်းခံရပါတယ်။ အီရန်စစ်တပ်ရဲ့စွမ်းရည်ပိုင်းကို ပိုမိုကောင်းမွန်အောင်ဆောင်ရွက်နိုင်တဲ့အတွက် ဗိုလ်ချုပ်ကြီး ရာဟင်မိုဆာဗီကို Order of Fath အမည်ရှိ ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ခဲ့တာလည်းဖြစ်ပါတယ်။ ၎င်းဟာ အမေရိကန်နိုင်ငံအပြင် အစ္စရေးနိုင်ငံအပေါ်မှာလည်း သဘောထားတင်းမာတဲ့ စစ်ခေါင်းဆောင်တစ်ဦးဖြစ်ပြီး အစ္စရေးနိုင်ငံကို တိုက်ခိုက်ဖို့ အီရန်နိုင်ငံသားတွေကို ဂျီဟတ်စိတ်ထားမျိုးထားရှိဖို့တိုက်တွန်း တောင်းဆိုခဲ့သူဖြစ်ပါတယ်။
အီရန်စစ်တပ်မှာ စစ်မှုထမ်း နှစ်ပေါင်း (၃၀) နီးပါး ကြာတာဝန်ယူခဲ့ဖူးပြီး အသက် (၆၅)နှစ်အရွယ်ရှိ ဗိုလ်ချုပ်ကြီး ရာဟင်မိုဆာဗီ ကာကွယ်ရေးဦးစီးချုပ် ခန့်အပ်ခံရခြင်းဟာ အီရန်နဲ့အမေရိကန်နိုင်ငံကြား ဆက်ဆံရေး၊ အီရန်နဲ့အစ္စရေးနိုင်ငံကြား ဆက်ဆံရေး ကြားအဖုအထစ်တွေ ပိုမိုဖြစ်လာဖွယ်ရှိတယ်လို့ ထင်ကြေးပေး သုံးသပ်မှုတွေရှိနေပါတယ်။ ၎င်းဟာ အီရန်စစ်တပ်ရဲ့ ပူးတွဲစစ်ဦးစီးချုပ် အကြီးအကဲအဖြစ် (၁၉၉၉)ခုနှစ်ကနေ (၂၀ဝ၅) ခုနှစ်အထိတာဝန်ယူခဲ့ဖူး သလို အီရန်စစ်တပ်ရဲ့ ဒုတိယကာကွယ်ရေးဦးစီးချုပ်အဖြစ် (၂၀ဝ၈)ခုနှစ်ကနေ (၂၀၁၅)ခုနှစ်အထိ တာ ဝန်ယူခဲ့ဖူးပါတယ်။ ဗိုလ်ချုပ်ကြီး ရာဟင်မိုဆာဗီဟာ အီရန်စစ်တပ်ရဲ့ထိပ်တန်းဗိုလ်ချုပ်ကြီး တာဝန်ယူချိန် အတွင်း အီရန်နိုင်ငံရဲ့ခေတ်သစ်သမိုင်းမှာ အကြီးမား ဆုံးစိန်ခေါ်မှုတွေရင်ဆိုင်နေရချိန်လည်းဖြစ်ပါတယ်။
၎င်းဟာ အီရန်စစ်တပ်နဲ့ပတ်သက်ပြီး အခက် အခဲပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ တိကျ ပြတ်သားသူတစ်ဦးဖြစ်ရာ " The Man for Difficult Missions" လို့ နာမည်ပြောင်ခေါ်ဆိုခံရ သူဖြစ်ပါတယ်။ အီရန်နိုင်ငံဟာ အစ္စရေးနိုင်ငံနဲ့ အငြင်းပွားမှုတွေ၊ ပြဿနာတွေ၊ အပြန်အလှန်ပစ်ခတ် မှုတွေဖြစ်လာခဲ့ပြီးနောက်ပိုင်း အီရန်စစ်တပ်ရဲ့ ထိပ်တန်းခေါင်းဆောင်တွေနေရာကို မျိုးချစ်စိတ် ပြင်းထန်သူတွေကို ဦးစားပေးခန့်အပ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ အီရန်ဟာ အစ္စရေးနိုင်ငံ၊ အမေရိကန်နိုင်ငံတို့နဲ့ အ ပြန်အလှန်တိုက်ခိုက်မှုတွေ ဖြစ်နေချိန်မှာလည်း တိုက်ခိုက်မှုတွေကို နောက် ဆုတ်မှာမဟုတ်ဘူးလို့ အီရန်ဗိုလ်ချုပ်ကြီး ရာဟင် မိုဆာဗီက ပြောပါတယ်။
အီရန်ကာကွယ်ရေးဦးစီးချုပ်အသစ်ဖြစ် တဲ့ ဗိုလ်ချုပ်ကြီး ရာဟင် မိုဆာဗီက "အမေရိကန်ဟာ အီရန်နိုင်ငံကိုတိုက်ခိုက်ပြီးရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်။ အဲဒီအတွက် အီရန်စစ်သားတွေ လက်နဲ့ လက်တုံ့ပြန်ပြီး အကျိုးစီးပွားတွေရယူသွား မယ်။ ဒါ့ပြင် အီရန်စစ်တပ်ဟာ ဖြစ်ပွားနေတဲ့တိုက်ခိုက် မှုတွေနဲ့ ပတ်သက်ပြီး နောက်ဆုတ်မှာမဟုတ်ဘူး"လို့ အမေရိကန်စစ်အခြေစိုက်စခန်းတွေကို လက်တုံ့ပြန် တိုက်ခိုက်ခဲ့ပြီးနောက် ပြောဆိုခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး ရာဟင်မိုဆာဗီဟာ မျိုးချစ်စိတ်ပြင်းထန်တဲ့ ခေါင်း ဆောင်တစ်ဦးဖြစ်တဲ့အတွက် နိုင်ငံအပေါ် တိုက်ခိုက် သူတွေကိုလက်တုံ့ပြန်တိုက်ခိုက်လိုစိတ်ပြင်းထန် သူတစ်ဦးဖြစ်တယ်ဆိုတဲ့အချက်ကလည်း ၎င်းပြောဆိုခဲ့တဲ့စကားတွေက သက်သေပြနေပါတယ်။ အီရန်စစ်တပ်ရဲ့ ကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ရာဟင်မိုဆာဗီက " အမေရိကန်ကျူး လွန်ခဲ့တဲ့ ရာဇဝတ်မှုနဲ့ရှုတ်ချမှုတွေက အဖြေမထွက် ပါဘူး။ အမေရိကန်အမှားကို ကျွနု်ပ်တို့ ပြတ်ပြတ်သား သား အရေးယူသွားပါမယ် "လို့ ပြောပါတယ်။
ဗိုလ်ချုပ်ကြီး ရာဟင်မိုဆာဗီအနေနဲ့ အီရန်စစ်တပ်ရဲ့ ထိပ်တန်းဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်လာ ခဲ့ပြီးနောက်ပိုင်း အီရန်စစ်တပ်ရဲ့ ကာကွယ်ရေးစွမ်း ရည်နဲ့ ဒုံးကျည်တီထွင်မှုကို ယခင်ထက်ပိုမိုလုပ် ဆောင်လာခဲ့ရာ အီရန်စစ်တပ်ရဲ့ ဒုံးကျည်ပိုင်ဆိုင်မှု ဟာ အရှေ့အလယ်ပိုင်းဒေသအတွင်းနိုင်ငံတွေထဲ မှာ အများဆုံးနိုင်ငံဖြစ်လာခဲ့ပါတယ်။ အီရန်စစ်တပ် ဟာ ဒုံးကျည်တွေကို ပြည်တွင်းမှာ ကိုယ်ပိုင်ထုတ်လုပ် နိုင်စွမ်းရှိတဲ့ နိုင်ငံဖြစ်ပြီး အစ္စရေးနဲ့ အမေရိကန်နိုင်ငံ ကိုတိုက်ခိုက်ရာမှာ အီရန်စစ်တပ်အသုံးပြုတဲ့ ဒုံး ကျည်တွေဟာ ပြည်တွင်းမှာထုတ်လုပ်တဲ့ ဒုံးကျည် အမျိုးအစားတွေ ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီးရာဟင် မိုဆာဗီက " အီရန်နိုင်ငံရဲ့ လက်နက်ကိုင်တပ်ဖွဲ့ တွေဟာ ရန်သူရဲ့ခြိမ်းခြောက်မှုတွေကို ပြတ်ပြတ် သားသား တုံ့ပြန်ဆောင်ရွက်ပေးသွားမယ်။ အီရန် နိုင်ငံရဲ့မွန်မြတ်တဲ့ ပြည်သူတွေရဲ့ စည်းလုံးညီညွတ်မှု အတွက် ကျေးဇူးတင်ရှိပါတယ်။ အီရန်နိုင်ငံရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေဟာ မည်သည့်ရန်သူနှင့်မျှ အလျှော့မပေးဘဲ ရန်သူတွေရဲ့တိုက်ခိုက်မှုကို ပြတ်ပြတ်သားသားတုံ့ပြန်သွားမယ်။ အီရန်နိုင်ငံရှိ နျူကလီးယားအဆောက်အအုံတွေကို အမေရိကန် နိုင်ငံတိုက်ခိုက်ခဲ့တဲ့ အချိုးအစားအတိုင်း တုံ့ပြန်မယ်။ အီရန်နိုင်ငံကို စတင်တိုက်ခိုက်ခဲ့တဲ့ အစ္စရေးဝန်ကြီး ချုပ် နေတန်ယာဟုရဲ့ပြစ်ဒဏ်ဟာ သူသေသွားတဲ့အ ထိ အပြည့်အဝဆက်လက်ရှိနေမှာပါ " လို့ ပြောပါ တယ်။
အီရန်စစ်တပ်ရဲ့ ကာကွယ်ရေးဦးစီးချုပ် အသစ်ဟာ အမျိုးသားရေးစိတ်ဓာတ်ပြင်းထန်သူဖြစ် တဲ့အတွက် သူရဲ့နိုင်ငံအပေါ် တိုက်ခိုက်ခဲ့သူတွေကို အချိုးအစားအတိုင်း ပြန်လည်တုံ့ပြန်မယ့်အလား လာတွေရှိနေရာ အရှေ့အလယ်ပိုင်းဒေသတွင်း စစ်ရေးတင်းမာမှုအလားလာတွေရှိနေပါတယ်။ အီရန် နိုင်ငံဟာ လက်ရှိအချိန်မှာ အစ္စရေးနိုင်ငံအပြင် အမေရိကန်နိုင်ငံရဲ့ ထပ်မံတိုက်ခိုက်ခြင်းကို ရင် ဆိုင်ရတဲ့အတွက် လက်တုံ့ပြန်မယ်ဆိုတဲ့ အီရန်စစ် တပ်ဟာ ဘယ်လိုပုံစံမျိုး တုံ့ပြန်မလဲဆိုတာ စိတ်ဝင် စားဖွယ်ကောင်းနေပါတယ်။ အီရန် ကာကွယ်ရေးဦးစီး ချုပ်အသစ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ရာဟင်မိုဆာဗီဟာ အမေရိကန်နဲ့ အစ္စရေးနိုင်ငံတို့ကို လက်တုံ့ပြန်မယ်လို့ ကတိပေးထားရာကတိတွေအတိုင်းလုပ်ဆောင်နိုင်မလား၊ စောင့်ကြည့်ရဖွယ်ရှိနေပါတယ်။
မည်သို့ပင်ဆိုနေစေကာမူ ဗိုလ်ချုပ်ကြီး ရာဟင် မိုဆာဗီ အီရန်ကာကွယ်ရေးဦးစီးချုပ်အသစ် တာဝန်ယူပြီးနောက်ပိုင်း အီရန်နိုင်ငံက အစ္စရေးနဲ့ အမေရိကန်နိုင်ငံကို လက်တုံပြန်တိုက်ခိုက်ခဲ့ရာ အီရန် ကာကွယ်ရေးဦးစီးချုပ်အသစ်လက်ထက်မှာ အီရန်နိုင်ငံရဲ့အခြေနေတွေက ယခင်ထက် ပိုမို ကောင်းမွန်လာမလား၊ ဒါမှမဟုတ် အဆိုးဘက်ကို ဦးတည်မလားဆိုတာကို တွေ့မြင်ရဖွယ်ရှိပါတယ်။

Zawgyi Version:
အီရန္ကာကြယ္ေရးဦးစီးခ်ဳပ္အသစ္ ဗိုလ္ခ်ဳပ္ႀကီး မိုဆာဗီ
ဂ်န္ဇက္ (NP News) - ဇြန္ ၂၈
အီရန္ႏိုင္ငံမွာ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ chief of the armed forces general staff အသစ္ ခန႔္အပ္လိုက္ၿပီးေနာက္ သီတင္းတစ္ပတ္အၾကာမွာပဲ ကာတာႏိုင္ငံရွိ အေမရိကန္စစ္အေျခစိုက္စခန္းေတြကို ဇြန္လ (၂၃)ရက္က ပစ္မွတ္ထားတိုက္ခိုက္ခဲ့ရာ အေရွ႕အလယ္ပိုင္းေဒသအတြင္း တင္းမာမႈအရွိန္ျမင့္တက္လာခဲ့တယ္လို႔ သိရပါတယ္။
အစၥေရးႏိုင္ငံဟာ အီရန္ႏိုင္ငံရဲ႕န်ဴကလီးယားအစီအစဥ္ေတြကို ရပ္တန႔္ဖို႔ ရည္႐ြယ္ခ်က္နဲ႔ ဇြန္လ (၁၃)ရက္မွာ အီရန္ႏိုင္ငံရွိ စစ္ဘက္ဆိုင္ရာအေဆာက္အအုံေတြနဲ႔ န်ဴကလီးယားအေဆာက္အအုံေတြကို ပစ္မွတ္ထားတိုက္ခိုက္ခဲ့ရာ အီရန္ႏိုင္ငံရဲ႕ကာကြယ္ေရးဦးစီးခ်ဳပ္ chief of the armed forces general staff ျဖစ္တဲ့ ဗိုလ္ခ်ဳပ္ႀကီး မိုဟာမက္ ဘတ္ဟီရီနဲ႔ IRGC အဖြဲ႕အႀကီးအကဲျဖစ္သူ ဗိုလ္ခ်ဳပ္ႀကီး ဟူစိန္ဆာလာမီတို႔ ေသဆုံးခဲ့ပါတယ္။
အီရန္ႏိုင္ငံရဲ႕အျမင့္ဆုံးဘာသာေရးေခါင္းေဆာင္ အယာတိုလာ ခါေမနီက အီရန္စစ္တပ္ရဲ႕အႀကီးအကဲျဖစ္သူ ဗိုလ္ခ်ဳပ္ႀကီး မိုဟာမက္ဘတ္ ဟီရီနဲ႔ IRGC အဖြဲ႕အႀကီးအကဲျဖစ္သူ ဗိုလ္ခ်ဳပ္ႀကီး ဟူစီန္ဆာလာမီတို႔ေသဆုံးခဲ့ၿပီးေနာက္ ခ်က္ခ်င္းပဲ အသစ္ခန႔္အပ္ခဲ့ပါတယ္။ အယာတိုလာခါေမနီဟာ အီရန္ႏိုင္ငံရဲ႕ကာကြယ္ေရးဦးစီးခ်ဳပ္ေနရာမွာ ဗိုလ္ခ်ဳပ္ႀကီး Abdolrahim Mousavi အေဒါ ရာဟင္ မိုဆာဗီကို ခန႔္အပ္ခဲ့ပါတယ္။ ၎ကို (၁၉၆၀)ျပည့္ႏွစ္က Qom ၿမိဳ႕မွာေမြးဖြားခဲ့ၿပီး spinning workshop လုပ္ငန္းရွင္ျဖစ္ကာ (၆) ႏွစ္အ႐ြယ္မွစၿပီး မိဘေတြရဲ႕ workshop လုပ္ငန္းမွာ ပါဝင္
လုပ္ကိုင္ခဲ့ဖူးသူျဖစ္ပါတယ္။
ဗိုလ္ခ်ဳပ္ႀကီး မိုဆာဗီဟာ အီရန္စစ္တပ္ကို (၁၉၇၉) ခုႏွစ္မွာ စတင္ဝင္ေရာက္ခဲ့ၿပီး အီရန္နဲ႔ အီရတ္ႏိုင္ငံၾကားျဖစ္ပြားခဲ့တဲ့ (၈)ႏွစ္ၾကာစစ္ပြဲမွာ ပါဝင္တိုက္ခိုက္ခဲ့ကာ အီရန္စစ္တပ္ရဲ႕အေျမာက္တပ္ မွာ ပါဝင္တာဝန္ထမ္းေဆာင္ခဲ့ပါတယ္။ ဗိုလ္ခ်ဳပ္ႀကီး မိုဆာဗီဟာ Khuzestan ျပည္နယ္ရွိ အီရန္အမွတ္ (၃၃) အေျမာက္တပ္ရင္း၊ Kurdistan ျပည္နယ္ရွိ အမွတ္ (၂၈) အေျမာက္တပ္ရင္း အပါအဝင္ အီရန္ စစ္တပ္ရဲ႕အေျမာက္တပ္ရင္းေတြမွာပါဝင္လုပ္ကိုင္ ခဲ့ဖူးသူျဖစ္ပါတယ္။ ၎ဟာ(၁၇)ႏွစ္အ႐ြယ္မွာ အထက္တန္းေအာင္ခဲ့ၿပီးေနာက္ သခ်ၤာ၊ ႐ူပေဗဒဘာသာရပ္တို႔နဲ႔ (Diploma) ရရွိၿပီး တစ္ႏွစ္အၾကာမွာ စစ္တပ္ကိုဝင္ေရာက္ခဲ့သူျဖစ္ၿပီး အီရန္စစ္တပ္မွာ Ph.D. in Defense Sciences) ရရွိထားပါတယ္။ ဗိုလ္ခ်ဳပ္ႀကီး ရာဟင္ မိုဆာဗီဟာ အီရန္စစ္တပ္မွာ တာဝန္ယူခ်ိန္အတြင္း ရာထူးအမ်ိဳးမ်ိဳးကို တာဝန္ယူခဲ့ဖူးသူျဖစ္ၿပီး အီရန္စစ္တပ္ရဲ႕ဒုတိယကာကြယ္ေရး စီးခ်ဳပ္တာဝန္ကိုလည္းအျမင့္ဆုံးတာဝန္ယူခဲ့ဖူးသူျဖစ္ပါတယ္။ ၎ဟာ (၂၀၁၇)ခုႏွစ္မွာ အီရန္စစ္တပ္ ရဲ႕ ဒုတိယဗိုလ္ခ်ဳပ္ႀကီးတာဝန္ကို တိုးျမႇင့္ခံရၿပီး အီရန္စစ္တပ္ရဲ႕ဒုတိယကာကြယ္ေရးဦးစီးခ်ဳပ္တာဝန္ ကို ထမ္းေဆာင္ခဲ့သူျဖစ္ရာ အစၥေရးရဲ႕တိုက္ခိုက္မႈေၾကာင့္ အီရန္ကာကြယ္ေရးဦးစီးခ်ဳပ္ Chief of the armed forces general staff ျဖစ္တဲ့ ဗိုလ္ ခ်ဳပ္ႀကီး ဗိုလ္ခ်ဳပ္ႀကီးဟူစိန္ဆာလာမီေသဆုံးခ်ိန္မွာ ကာကြယ္ေရးဦးစီးခ်ဳပ္တာဝန္ကို အစားထိုးခန႔္ အပ္ခံရသူျဖစ္ပါတယ္။
ဗိုလ္ခ်ဳပ္ႀကီး ရာဟင္မိုဆာဗီဟာ အီရန္ျပည္သူေတြၾကား အာဇာနည္စိတ္ဓာတ္ျပင္းထန္ဖို႔နဲ႔ ဂ်ီဟတ္စိတ္ဓာတ္ ျပင္းထန္ဖို႔ လႈံ႕ေဆာ္သူတစ္ဦးျဖစ္ပါတယ္။ အေမရိကန္ဦးေဆာင္တဲ့ အေနာက္အုပ္စု အေပၚ သေဘာထားတင္းမာသူျဖစ္ၿပီး အေမရိကန္ႏိုင္ ငံကို ဂရိတ္ေစတန္ႏိုင္ငံအျဖစ္ ေဝဖန္ျပစ္တင္ခဲ့သူ လည္းျဖစ္ပါတယ္။ အီရန္ကာကြယ္ေရးဦးစီးခ်ဳပ္အသစ္ ရာဟင္မိုဆာဗီဟာ စည္းကမ္းႀကီးသူျဖစ္ေပမယ့္ မဟုတ္မခံစိတ္မ်ိဳးရွိကာ ကိုယ့္အားကိုယ္ကိုး တတ္သူတစ္ဦးျဖစ္တယ္လို႔ ဆိုၾကပါတယ္။
အီရန္ႏိုင္ ငံရဲ႕န်ဴကလီးယားအစီအစဥ္နဲ႔ပတ္သက္ၿပီး အေမရိ ကန္ဦးေဆာင္တဲ့ အေနာက္အုပ္စုႏိုင္ငံေတြနဲ႔ အျငင္း ပြားမႈေတြမၾကာခဏျဖစ္ပြားခဲ့ရာ ဗိုလ္ခ်ဳပ္ႀကီး ရာဟင္ မိုဆာဗီဟာ အခက္ခဲျပႆနာေတြကို ျပတ္ျပတ္သား သားကိုင္တြယ္ေျဖရွင္းတတ္သူတစ္ဦးလည္းျဖစ္ပါ တယ္။ အီရန္ႏိုင္ငံမွာ (၂၀၁၉)ခုႏွစ္က ျဖစ္ပြားခဲ့တဲ့ ဆႏၵျပအုပ္စုေတြကို ဆူပူမႈေတြမလုပ္ဖို႔ေတာင္းဆိုခဲ့ ၿပီးေနာက္ ေတာင္းဆိုခ်က္ကိုမလိုက္နာတဲ့အတြက္ ဆႏၵျပသူေတြကို ပစ္ခတ္ႏွိမ္နင္းဖို႔ အမိန႔္ေပးခဲ့သူျဖစ္ ပါတယ္။ ဗိုလ္ခ်ဳပ္ႀကီး ရာဟင္ မိုဆာဗီဟာ အီရန္စစ္ တပ္ရဲ႕ထိပ္တန္းဗိုလ္ခ်ဳပ္ႀကီးအျဖစ္တာဝန္ယူခ်ိန္အတြင္း စည္းကမ္းအတိုင္း ျပတ္ျပတ္သားသားကိုင္ တြယ္ခဲ့တဲ့အတြက္ လူအခြင့္အေရးခ်ိဳးေဖာက္မႈေတြ က်ဴးလြန္သူတစ္ဦးအျဖစ္ စြပ္စြဲခံရကာ အေမရိကန္ ဦးေဆာင္တဲ့အေနာက္အုပ္စုႏိုင္ငံေတြရဲ႕ပစ္မွတ္ထား ပိတ္ဆို႔ျခင္းကိုခံခဲ့ရသူျဖစ္ပါတယ္။ သူဟာ အေမရိကန္ႏိုင္ငံရဲ႕ပိတ္ဆို႔မႈခံရေပမယ့္ အီရန္ႏိုင္ငံရဲ႕အျမင့္ ဆုံးဘာသာေရးေခါင္းေဆာင္ အယာတိုလာခါေမနီကေတာ့ Order of Fath အမည္ရွိ ဂုဏ္ထူးေဆာင္ဆု ခ်ီးျမႇင့္ျခင္းခံရပါတယ္။ အီရန္စစ္တပ္ရဲ႕စြမ္းရည္ပိုင္းကို ပိုမိုေကာင္းမြန္ေအာင္ေဆာင္႐ြက္ႏိုင္တဲ့အတြက္ ဗိုလ္ခ်ဳပ္ႀကီး ရာဟင္မိုဆာဗီကို Order of Fath အမည္ရွိ ဂုဏ္ထူးေဆာင္ဆု ခ်ီးျမႇင့္ခဲ့တာလည္းျဖစ္ပါတယ္။ ၎ဟာ အေမရိကန္ႏိုင္ငံအျပင္ အစၥေရးႏိုင္ငံအေပၚမွာလည္း သေဘာထားတင္းမာတဲ့ စစ္ေခါင္းေဆာင္တစ္ဦးျဖစ္ၿပီး အစၥေရးႏိုင္ငံကို တိုက္ခိုက္ဖို႔ အီရန္ႏိုင္ငံသားေတြကို ဂ်ီဟတ္စိတ္ထားမ်ိဳးထားရွိဖို႔တိုက္တြန္း ေတာင္းဆိုခဲ့သူျဖစ္ပါတယ္။
အီရန္စစ္တပ္မွာ စစ္မႈထမ္း ႏွစ္ေပါင္း (၃၀) နီးပါး ၾကာတာဝန္ယူခဲ့ဖူးၿပီး အသက္ (၆၅)ႏွစ္အ႐ြယ္ရွိ ဗိုလ္ခ်ဳပ္ႀကီး ရာဟင္မိုဆာဗီ ကာကြယ္ေရးဦးစီးခ်ဳပ္ ခန႔္အပ္ခံရျခင္းဟာ အီရန္နဲ႔အေမရိကန္ႏိုင္ငံၾကား ဆက္ဆံေရး၊ အီရန္နဲ႔အစၥေရးႏိုင္ငံၾကား ဆက္ဆံေရး ၾကားအဖုအထစ္ေတြ ပိုမိုျဖစ္လာဖြယ္ရွိတယ္လို႔ ထင္ေၾကးေပး သုံးသပ္မႈေတြရွိေနပါတယ္။ ၎ဟာ အီရန္စစ္တပ္ရဲ႕ ပူးတြဲစစ္ဦးစီးခ်ဳပ္ အႀကီးအကဲအျဖစ္ (၁၉၉၉)ခုႏွစ္ကေန (၂၀ဝ၅) ခုႏွစ္အထိတာဝန္ယူခဲ့ဖူး သလို အီရန္စစ္တပ္ရဲ႕ ဒုတိယကာကြယ္ေရးဦးစီးခ်ဳပ္အျဖစ္ (၂၀ဝ၈)ခုႏွစ္ကေန (၂၀၁၅)ခုႏွစ္အထိ တာ ဝန္ယူခဲ့ဖူးပါတယ္။ ဗိုလ္ခ်ဳပ္ႀကီး ရာဟင္မိုဆာဗီဟာ အီရန္စစ္တပ္ရဲ႕ထိပ္တန္းဗိုလ္ခ်ဳပ္ႀကီး တာဝန္ယူခ်ိန္ အတြင္း အီရန္ႏိုင္ငံရဲ႕ေခတ္သစ္သမိုင္းမွာ အႀကီးမား ဆုံးစိန္ေခၚမႈေတြရင္ဆိုင္ေနရခ်ိန္လည္းျဖစ္ပါတယ္။
၎ဟာ အီရန္စစ္တပ္နဲ႔ပတ္သက္ၿပီး အခက္ အခဲျပႆနာေတြကို ကိုင္တြယ္ေျဖရွင္းရာမွာ တိက် ျပတ္သားသူတစ္ဦးျဖစ္ရာ " The Man for Difficult Missions" လို႔ နာမည္ေျပာင္ေခၚဆိုခံရ သူျဖစ္ပါတယ္။ အီရန္ႏိုင္ငံဟာ အစၥေရးႏိုင္ငံနဲ႔ အျငင္းပြားမႈေတြ၊ ျပႆနာေတြ၊ အျပန္အလွန္ပစ္ခတ္ မႈေတြျဖစ္လာခဲ့ၿပီးေနာက္ပိုင္း အီရန္စစ္တပ္ရဲ႕ ထိပ္တန္းေခါင္းေဆာင္ေတြေနရာကို မ်ိဳးခ်စ္စိတ္ ျပင္းထန္သူေတြကို ဦးစားေပးခန႔္အပ္ခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာ အီရန္ဟာ အစၥေရးႏိုင္ငံ၊ အေမရိကန္ႏိုင္ငံတို႔နဲ႔ အ ျပန္အလွန္တိုက္ခိုက္မႈေတြ ျဖစ္ေနခ်ိန္မွာလည္း တိုက္ခိုက္မႈေတြကို ေနာက္ ဆုတ္မွာမဟုတ္ဘူးလို႔ အီရန္ဗိုလ္ခ်ဳပ္ႀကီး ရာဟင္ မိုဆာဗီက ေျပာပါတယ္။
အီရန္ကာကြယ္ေရးဦးစီးခ်ဳပ္အသစ္ျဖစ္ တဲ့ ဗိုလ္ခ်ဳပ္ႀကီး ရာဟင္ မိုဆာဗီက "အေမရိကန္ဟာ အီရန္ႏိုင္ငံကိုတိုက္ခိုက္ၿပီးရာဇဝတ္မႈေတြ က်ဴးလြန္ခဲ့တယ္။ အဲဒီအတြက္ အီရန္စစ္သားေတြ လက္နဲ႔ လက္တုံ႔ျပန္ၿပီး အက်ိဳးစီးပြားေတြရယူသြား မယ္။ ဒါ့ျပင္ အီရန္စစ္တပ္ဟာ ျဖစ္ပြားေနတဲ့တိုက္ခိုက္ မႈေတြနဲ႔ ပတ္သက္ၿပီး ေနာက္ဆုတ္မွာမဟုတ္ဘူး"လို႔ အေမရိကန္စစ္အေျခစိုက္စခန္းေတြကို လက္တုံ႔ျပန္ တိုက္ခိုက္ခဲ့ၿပီးေနာက္ ေျပာဆိုခဲ့ပါတယ္။ ဗိုလ္ခ်ဳပ္ႀကီး ရာဟင္မိုဆာဗီဟာ မ်ိဳးခ်စ္စိတ္ျပင္းထန္တဲ့ ေခါင္း ေဆာင္တစ္ဦးျဖစ္တဲ့အတြက္ ႏိုင္ငံအေပၚ တိုက္ခိုက္ သူေတြကိုလက္တုံ႔ျပန္တိုက္ခိုက္လိုစိတ္ျပင္းထန္ သူတစ္ဦးျဖစ္တယ္ဆိုတဲ့အခ်က္ကလည္း ၎ေျပာဆိုခဲ့တဲ့စကားေတြက သက္ေသျပေနပါတယ္။ အီရန္စစ္တပ္ရဲ႕ ကာကြယ္ေရးဦးစီးခ်ဳပ္ျဖစ္တဲ့ ဗိုလ္ခ်ဳပ္ႀကီး ရာဟင္မိုဆာဗီက " အေမရိကန္က်ဴး လြန္ခဲ့တဲ့ ရာဇဝတ္မႈနဲ႔ရႈတ္ခ်မႈေတြက အေျဖမထြက္ ပါဘူး။ အေမရိကန္အမွားကို ကြၽႏု္ပ္တို႔ ျပတ္ျပတ္သား သား အေရးယူသြားပါမယ္ "လို႔ ေျပာပါတယ္။
ဗိုလ္ခ်ဳပ္ႀကီး ရာဟင္မိုဆာဗီအေနနဲ႔ အီရန္စစ္တပ္ရဲ႕ ထိပ္တန္းဗိုလ္ခ်ဳပ္ႀကီးတစ္ဦးျဖစ္လာ ခဲ့ၿပီးေနာက္ပိုင္း အီရန္စစ္တပ္ရဲ႕ ကာကြယ္ေရးစြမ္း ရည္နဲ႔ ဒုံးက်ည္တီထြင္မႈကို ယခင္ထက္ပိုမိုလုပ္ ေဆာင္လာခဲ့ရာ အီရန္စစ္တပ္ရဲ႕ ဒုံးက်ည္ပိုင္ဆိုင္မႈ ဟာ အေရွ႕အလယ္ပိုင္းေဒသအတြင္းႏိုင္ငံေတြထဲ မွာ အမ်ားဆုံးႏိုင္ငံျဖစ္လာခဲ့ပါတယ္။ အီရန္စစ္တပ္ ဟာ ဒုံးက်ည္ေတြကို ျပည္တြင္းမွာ ကိုယ္ပိုင္ထုတ္လုပ္ ႏိုင္စြမ္းရွိတဲ့ ႏိုင္ငံျဖစ္ၿပီး အစၥေရးနဲ႔ အေမရိကန္ႏိုင္ငံ ကိုတိုက္ခိုက္ရာမွာ အီရန္စစ္တပ္အသုံးျပဳတဲ့ ဒုံး က်ည္ေတြဟာ ျပည္တြင္းမွာထုတ္လုပ္တဲ့ ဒုံးက်ည္ အမ်ိဳးအစားေတြ ျဖစ္ပါတယ္။ ဗိုလ္ခ်ဳပ္ႀကီးရာဟင္ မိုဆာဗီက " အီရန္ႏိုင္ငံရဲ႕ လက္နက္ကိုင္တပ္ဖြဲ႕ ေတြဟာ ရန္သူရဲ႕ၿခိမ္းေျခာက္မႈေတြကို ျပတ္ျပတ္ သားသား တုံ႔ျပန္ေဆာင္႐ြက္ေပးသြားမယ္။ အီရန္ ႏိုင္ငံရဲ႕မြန္ျမတ္တဲ့ ျပည္သူေတြရဲ႕ စည္းလုံးညီၫြတ္မႈ အတြက္ ေက်းဇူးတင္ရွိပါတယ္။ အီရန္ႏိုင္ငံရဲ႕ လက္နက္ကိုင္တပ္ဖြဲ႕ေတြဟာ မည္သည့္ရန္သူႏွင့္မွ် အေလွ်ာ့မေပးဘဲ ရန္သူေတြရဲ႕တိုက္ခိုက္မႈကို ျပတ္ျပတ္သားသားတုံ႔ျပန္သြားမယ္။ အီရန္ႏိုင္ငံရွိ န်ဴကလီးယားအေဆာက္အအုံေတြကို အေမရိကန္ ႏိုင္ငံတိုက္ခိုက္ခဲ့တဲ့ အခ်ိဳးအစားအတိုင္း တုံ႔ျပန္မယ္။ အီရန္ႏိုင္ငံကို စတင္တိုက္ခိုက္ခဲ့တဲ့ အစၥေရးဝန္ႀကီး ခ်ဳပ္ ေနတန္ယာဟုရဲ႕ျပစ္ဒဏ္ဟာ သူေသသြားတဲ့အ ထိ အျပည့္အဝဆက္လက္ရွိေနမွာပါ " လို႔ ေျပာပါ တယ္။
အီရန္စစ္တပ္ရဲ႕ ကာကြယ္ေရးဦးစီးခ်ဳပ္ အသစ္ဟာ အမ်ိဳးသားေရးစိတ္ဓာတ္ျပင္းထန္သူျဖစ္ တဲ့အတြက္ သူရဲ႕ႏိုင္ငံအေပၚ တိုက္ခိုက္ခဲ့သူေတြကို အခ်ိဳးအစားအတိုင္း ျပန္လည္တုံ႔ျပန္မယ့္အလား လာေတြရွိေနရာ အေရွ႕အလယ္ပိုင္းေဒသတြင္း စစ္ေရးတင္းမာမႈအလားလာေတြရွိေနပါတယ္။ အီရန္ ႏိုင္ငံဟာ လက္ရွိအခ်ိန္မွာ အစၥေရးႏိုင္ငံအျပင္ အေမရိကန္ႏိုင္ငံရဲ႕ ထပ္မံတိုက္ခိုက္ျခင္းကို ရင္ ဆိုင္ရတဲ့အတြက္ လက္တုံ႔ျပန္မယ္ဆိုတဲ့ အီရန္စစ္ တပ္ဟာ ဘယ္လိုပုံစံမ်ိဳး တုံ႔ျပန္မလဲဆိုတာ စိတ္ဝင္ စားဖြယ္ေကာင္းေနပါတယ္။ အီရန္ ကာကြယ္ေရးဦးစီး ခ်ဳပ္အသစ္ျဖစ္တဲ့ ဗိုလ္ခ်ဳပ္ႀကီး ရာဟင္မိုဆာဗီဟာ အေမရိကန္နဲ႔ အစၥေရးႏိုင္ငံတို႔ကို လက္တုံ႔ျပန္မယ္လို႔ ကတိေပးထားရာကတိေတြအတိုင္းလုပ္ေဆာင္ႏိုင္မလား၊ ေစာင့္ၾကည့္ရဖြယ္ရွိေနပါတယ္။
မည္သို႔ပင္ဆိုေနေစကာမူ ဗိုလ္ခ်ဳပ္ႀကီး ရာဟင္ မိုဆာဗီ အီရန္ကာကြယ္ေရးဦးစီးခ်ဳပ္အသစ္ တာဝန္ယူၿပီးေနာက္ပိုင္း အီရန္ႏိုင္ငံက အစၥေရးနဲ႔ အေမရိကန္ႏိုင္ငံကို လက္တုံျပန္တိုက္ခိုက္ခဲ့ရာ အီရန္ ကာကြယ္ေရးဦးစီးခ်ဳပ္အသစ္လက္ထက္မွာ အီရန္ႏိုင္ငံရဲ႕အေျခေနေတြက ယခင္ထက္ ပိုမို ေကာင္းမြန္လာမလား၊ ဒါမွမဟုတ္ အဆိုးဘက္ကို ဦးတည္မလားဆိုတာကို ေတြ႕ျမင္ရဖြယ္ရွိပါတယ္။