ရခိုင်လူငယ်များ ငွေကျပ်သိန်း (၂၀) နီးပါး အကုန်ကျခံကာ AA ထိန်းချုပ်ရာဒေသမှ ထွက်ခွာနေကြ

 194

သက်ပိုင် (NP News) - ဇွန် ၃ဝ
ရခိုင်ပြည်နယ်ရှိ AA ထိန်းချုပ်ရာဒေသ များမှ လူငယ်များအနေဖြင့် ယင်းဒေသများမှထွက်ခွာ နိုင်ရန် ငွေကျပ်သိန်း (၂၀)ခန့်အကုန်အကျခံကာ ထွက်ခွာလျက်ရှိနေကြကြောင်း ဒေသခံများထံမှ သိရ သည်။
AA ထိန်းချုပ်ထားရာဒေသများမှ ပြည်သူ များအနေဖြင့် AA အဖွဲ့၏အမိန့်အရ စစ်မှုထမ်းရန် အကျုံးဝင်ကြောင်းနှင့် စစ်မှုမထမ်းလို၍ ပြည်နယ် ပြင်ပသို့ သွားလာသူများအားလုံးကို သွားလာခွင့် မပြုတော့ကြောင်း မေလ(၂၂ )ရက်တွင် ထုတ်ပြန် ခဲ့ပြီးနောက် စစ်မှုမထမ်းလိုသည့်လူငယ်များမှာ ငွေကျပ် (၁၅)သိန်းနှင့် ကျပ်သိန်း(၂၀) အကုန်အကျ ခံကာ ပွဲစားဖြင့် တောလမ်းမှတစ်ဆင့် ခက်ခဲပင်ပန်းစွာ ထွက်ခွာနေကြခြင်းလည်းဖြစ်သည်။
" အဓိကကတော့ တောလမ်းတွေကခြေ ကျင်လျှောက်ရတာ။ လမ်းကြောင်းကတော့ အမျိုးမျိုး ရှိတယ်။ အချို့က တောင်ကုတ်ဘက်ကနေပြီး ရိုးမ တောင်ကို ခြေလျင် ကျော်ကြတယ်။ တချို့ကတော့ ကျောက်တော်ဘက်ကနေ ပလက်ဝ၊ ဆမီးဘက်က နေပြီးသွားကြတယ်။ ဘယ်ဘက်ကနေပြီးတော့ပဲ သွားသွား တစ်ယောက်ကို (၁၅)သိန်းနဲ့ (၂၀) ကြားရှိ တဲ့ငွေကို ပွဲစားကိုပေးရတယ်။ AA က လူပို့တဲ့ပွဲစား တွေကို ဖမ်းမယ်ဆိုပြီး စာထုတ်ထားတော့ အားလုံးက ပုန်းရှိုးကွယ်ရှိုး ခက်ခက်ခဲခဲနဲ့ ငွေအများကြီး အကုန်ခံ ပြီးသွားနေကြရတာ " ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးကဆိုသည်။
ထိုသို့ ငွေကြေးအကုန်အကျများစွာဖြင့် ခက်ခက်ခဲခဲ သွားလာရသော်လည်း လမ်းခရီးတွင် AA နှင့်တွေ့ပါက စစ်သင်တန်းသို့ တစ်ခါတည်း ပို့ဆောင်ခြင်းခံရသည်များလည်းရှိကြောင်း ဒေသခံ များက ဆိုသည်။
" စစ်မှုမထမ်းချင်လို့၊ စစ်မတိုက်ချင်လို့ တခြားနေရာကို ငွေကုန်ကြေးကျခံပြီး ခက်ခက်ခဲခဲနဲ့ သွားရင်လည်း လမ်းမှာ AA ကတွေ့ရင် စစ်သင်တန်း ကို တစ်ခါတည်းတန်းပို့ခံရမှာ။ အခု ရခိုင်မှာက လူလတ်တန်းစားနဲ့ မရှိဆင်းရဲသားတွေပဲ အများကြီး ကျန်နေခဲ့တာ။ ငွေကြေးတတ်နိုင်တဲ့သူတွေက အရင် ကတည်းက သူတို့သားသမီးတွေကို လုံခြုံတဲ့နေရာဆီ ကို ပို့ပြီးပြီ။ အခု စစ်မှုထမ်းရမယ်ဆိုတော့ လူလတ် တန်းစားတွေက မရှိရှိတာရောင်းချပြီးတော့ သူတို့ သားသမီးတွေကို ပြည်နယ်ပြင်ပကို ပို့နေကြရတာ" ဟု အမည်မဖော်လိုသည့် ရခိုင်အရေးလေ့လာသုံး သပ်သူတစ်ဦးကဆိုသည်။
ထိုသို့ ရခိုင်ပြည်မှ လူငယ်များ စစ်မှုမထမ်း လို၍ ပြည်နယ်ပြင်ပသို့ အခက်အခဲများစွာဖြင့် ထွက်ခွာနေကြချိန်တွင် AA အဖွဲ့ထံသို့ လူငယ်များစွာ စစ်မှုထမ်းရန် လာရောက်လျက်ရှိကြောင်း AA လက်အောက်ခံ မီဒီယာအချို့က ရေးသားဖော်ပြလျက် ရှိသည်ကိုလည်း မကြာခဏ တွေ့မြင်နေရသည်။
ထို့ပြင် ရခိုင်ပြည်နယ်မှ အချို့နေရာများ တွင် AA က မြို့တစ်မြို့မှတစ်မြို့သို့ ကူးသန်းသွား လာလိုလျှင်ပင် ဖြတ်သန်းခွင့်လက်မှတ်တောင်းခံ သည့်စနစ်ကို ကျင့်သုံးလာနေကြောင်းလည်း သိရ သည်။

Zawgyi Version:
ရခိုင္လူငယ္မ်ား ေငြက်ပ္သိန္း (၂၀) နီးပါး အကုန္က်ခံကာ AA ထိန္းခ်ဳပ္ရာေဒသမွ ထြက္ခြာေနၾက
သက္ပိုင္ (NP News) - ဇြန္ ၃ဝ
ရခိုင္ျပည္နယ္ရွိ AA ထိန္းခ်ဳပ္ရာေဒသ မ်ားမွ လူငယ္မ်ားအေနျဖင့္ ယင္းေဒသမ်ားမွထြက္ခြာ ႏိုင္ရန္ ေငြက်ပ္သိန္း (၂၀)ခန႔္အကုန္အက်ခံကာ ထြက္ခြာလ်က္ရွိေနၾကေၾကာင္း ေဒသခံမ်ားထံမွ သိရ သည္။
AA ထိန္းခ်ဳပ္ထားရာေဒသမ်ားမွ ျပည္သူ မ်ားအေနျဖင့္ AA အဖြဲ႕၏အမိန႔္အရ စစ္မႈထမ္းရန္ အက်ဳံးဝင္ေၾကာင္းႏွင့္ စစ္မႈမထမ္းလို၍ ျပည္နယ္ ျပင္ပသို႔ သြားလာသူမ်ားအားလုံးကို သြားလာခြင့္ မျပဳေတာ့ေၾကာင္း ေမလ(၂၂ )ရက္တြင္ ထုတ္ျပန္ ခဲ့ၿပီးေနာက္ စစ္မႈမထမ္းလိုသည့္လူငယ္မ်ားမွာ ေငြက်ပ္ (၁၅)သိန္းႏွင့္ က်ပ္သိန္း(၂၀) အကုန္အက် ခံကာ ပြဲစားျဖင့္ ေတာလမ္းမွတစ္ဆင့္ ခက္ခဲပင္ပန္းစြာ ထြက္ခြာေနၾကျခင္းလည္းျဖစ္သည္။
" အဓိကကေတာ့ ေတာလမ္းေတြကေျခ က်င္ေလွ်ာက္ရတာ။ လမ္းေၾကာင္းကေတာ့ အမ်ိဳးမ်ိဳး ရွိတယ္။ အခ်ိဳ႕က ေတာင္ကုတ္ဘက္ကေနၿပီး ႐ိုးမ ေတာင္ကို ေျခလ်င္ ေက်ာ္ၾကတယ္။ တခ်ိဳ႕ကေတာ့ ေက်ာက္ေတာ္ဘက္ကေန ပလက္ဝ၊ ဆမီးဘက္က ေနၿပီးသြားၾကတယ္။ ဘယ္ဘက္ကေနၿပီးေတာ့ပဲ သြားသြား တစ္ေယာက္ကို (၁၅)သိန္းနဲ႔ (၂၀) ၾကားရွိ တဲ့ေငြကို ပြဲစားကိုေပးရတယ္။ AA က လူပို႔တဲ့ပြဲစား ေတြကို ဖမ္းမယ္ဆိုၿပီး စာထုတ္ထားေတာ့ အားလုံးက ပုန္းရႈိးကြယ္ရႈိး ခက္ခက္ခဲခဲနဲ႔ ေငြအမ်ားႀကီး အကုန္ခံ ၿပီးသြားေနၾကရတာ " ဟု အမည္မေဖာ္လိုသည့္ ေဒသခံတစ္ဦးကဆိုသည္။
ထိုသို႔ ေငြေၾကးအကုန္အက်မ်ားစြာျဖင့္ ခက္ခက္ခဲခဲ သြားလာရေသာ္လည္း လမ္းခရီးတြင္ AA ႏွင့္ေတြ႕ပါက စစ္သင္တန္းသို႔ တစ္ခါတည္း ပို႔ေဆာင္ျခင္းခံရသည္မ်ားလည္းရွိေၾကာင္း ေဒသခံ မ်ားက ဆိုသည္။
" စစ္မႈမထမ္းခ်င္လို႔၊ စစ္မတိုက္ခ်င္လို႔ တျခားေနရာကို ေငြကုန္ေၾကးက်ခံၿပီး ခက္ခက္ခဲခဲနဲ႔ သြားရင္လည္း လမ္းမွာ AA ကေတြ႕ရင္ စစ္သင္တန္း ကို တစ္ခါတည္းတန္းပို႔ခံရမွာ။ အခု ရခိုင္မွာက လူလတ္တန္းစားနဲ႔ မရွိဆင္းရဲသားေတြပဲ အမ်ားႀကီး က်န္ေနခဲ့တာ။ ေငြေၾကးတတ္ႏိုင္တဲ့သူေတြက အရင္ ကတည္းက သူတို႔သားသမီးေတြကို လုံၿခဳံတဲ့ေနရာဆီ ကို ပို႔ၿပီးၿပီ။ အခု စစ္မႈထမ္းရမယ္ဆိုေတာ့ လူလတ္ တန္းစားေတြက မရွိရွိတာေရာင္းခ်ၿပီးေတာ့ သူတို႔ သားသမီးေတြကို ျပည္နယ္ျပင္ပကို ပို႔ေနၾကရတာ" ဟု အမည္မေဖာ္လိုသည့္ ရခိုင္အေရးေလ့လာသုံး သပ္သူတစ္ဦးကဆိုသည္။
ထိုသို႔ ရခိုင္ျပည္မွ လူငယ္မ်ား စစ္မႈမထမ္း လို၍ ျပည္နယ္ျပင္ပသို႔ အခက္အခဲမ်ားစြာျဖင့္ ထြက္ခြာေနၾကခ်ိန္တြင္ AA အဖြဲ႕ထံသို႔ လူငယ္မ်ားစြာ စစ္မႈထမ္းရန္ လာေရာက္လ်က္ရွိေၾကာင္း AA လက္ေအာက္ခံ မီဒီယာအခ်ိဳ႕က ေရးသားေဖာ္ျပလ်က္ ရွိသည္ကိုလည္း မၾကာခဏ ေတြ႕ျမင္ေနရသည္။
ထို႔ျပင္ ရခိုင္ျပည္နယ္မွ အခ်ိဳ႕ေနရာမ်ား တြင္ AA က ၿမိဳ႕တစ္ၿမိဳ႕မွတစ္ၿမိဳ႕သို႔ ကူးသန္းသြား လာလိုလွ်င္ပင္ ျဖတ္သန္းခြင့္လက္မွတ္ေတာင္းခံ သည့္စနစ္ကို က်င့္သုံးလာေနေၾကာင္းလည္း သိရ သည္။

Related news

© 2021. All rights reserved.