အိန္ဒိယက စစ်ဘက်ဆိုင်ရာဂြိုဟ်တုတွေ လွှတ်တင်မှုကို အရှိန်မြှင့်တင်သွားမယ်

 237

Pika (NP News) - ဇူလိုင် ၁

အိန္ဒိယနိုင်ငံဟာ ၎င်းရဲ့အာကာသအခြေစိုက်ကာကွယ်ရေးစွမ်းရည်တွေကို မြှင့်တင်ဖို့အတွက် ထောက်လှမ်းရေးဂြိုဟ်တု(၅၂)လုံးကို ဖြန့်ကျက်ချထားဖို့ လမ်းကြောင်းကို အမြန်ဆုံးလိုက်နေပြီဖြစ်တယ်လို့ မီဒီယာတွေက ရေးသားဖော်ပြခဲ့ပါတယ်။

အဲဒီလမ်းကြောင်းဟာ (၂၀၂၆)ခုနှစ် ဧပြီလမှာ ပထမဆုံးဂြိုဟ်တုကို လွှတ်တင်မှုကနေ စတင်နိုင်ဖွယ်ရှိနေပြီး (၂၀၂၉)ခုနှစ်အကုန်မှာ အပြည့်အဝလည်ပတ်မှုတွေလုပ်ဆောင်ဖို့ စီစဉ်ထားတယ်လို့ India Today က ရေး သားဖော်ပြခဲ့ပါတယ်။ အမေရိကန်ဒေါ်လာ(၃ ဒသမ ၅၇)ဘီလျံတန်ဖိုးရှိ ပရောဂျက်ဟာ အချိန်နဲ့တပြေးညီစောင့်ကြည့်စစ်ဆေးမှု လုပ်ဆောင်ဖို့နဲ့ နယ်စပ်လုံခြုံရေးကိုမြှင့်တင်နိုင်ဖို့အတွက် ထောက်ပံ့မှုတွေလုပ်ဆောင်ပေးဖို့ ရည်ရွယ်ထားတာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါ့ပြင်ထောက်လှမ်းရေးဂြိုဟ်တုတွေကို ဖြန့်ကျက်ပြီးတာနဲ့တစ်ပြိုင်နက် ၎င်းတို့ဟာ ကြည်လင်ပြတ်သားတဲ့ဓာတ်ပုံတွေကို ပေးဆောင်လိမ့်မှာဖြစ်ပြီး အိန္ဒိယစစ်တပ်၊ ရေတပ်နဲ့လေတပ်တို့ကို ရန်လိုမှုတွေရှိနေတဲ့နယ်မြေအတွင်း လှုပ်ရှားမှုတွေကို အနီးကပ်စောင့်ကြည့်မှုတွေ လုပ်ဆောင်စေနိုင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။ မကြာသေးခင်က အိန္ဒိယနဲ့ပါကစ္စတန်ကြား စစ်ရေးအရထိပ်တိုက်တွေ့ဆုံမှုတွေဖြစ်ပွားခဲ့ပြီးနောက် အိန္ဒိယအစိုးရရဲ့ အာကာသအစီအစဉ်တွေ ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။

zawgyi version
အိႏၵိယက စစ္ဘက္ဆိုင္ရာၿဂိဳဟ္တုေတြ လႊတ္တင္မႈကို အရွိန္ျမႇင့္တင္သြားမယ္
Pika (NP News) - ဇူလိုင္ ၁

အိႏၵိယႏိုင္ငံဟာ ၎ရဲ႕အာကာသအေျခစိုက္ကာကြယ္ေရးစြမ္းရည္ေတြကို ျမႇင့္တင္ဖို႔အတြက္ ေထာက္လွမ္းေရးၿဂိဳဟ္တု(၅၂)လုံးကို ျဖန႔္က်က္ခ်ထားဖို႔ လမ္းေၾကာင္းကို အျမန္ဆုံးလိုက္ေနၿပီျဖစ္တယ္လို႔ မီဒီယာေတြက ေရးသားေဖာ္ျပခဲ့ပါတယ္။

အဲဒီလမ္းေၾကာင္းဟာ (၂၀၂၆)ခုႏွစ္ ဧၿပီလမွာ ပထမဆုံးၿဂိဳဟ္တုကို လႊတ္တင္မႈကေန စတင္ႏိုင္ဖြယ္ရွိေနၿပီး (၂၀၂၉)ခုႏွစ္အကုန္မွာ အျပည့္အဝလည္ပတ္မႈေတြလုပ္ေဆာင္ဖို႔ စီစဥ္ထားတယ္လို႔ India Today က ေရး သားေဖာ္ျပခဲ့ပါတယ္။ အေမရိကန္ေဒၚလာ(၃ ဒသမ ၅၇)ဘီလ်ံတန္ဖိုးရွိ ပေရာဂ်က္ဟာ အခ်ိန္နဲ႔တေျပးညီေစာင့္ၾကည့္စစ္ေဆးမႈ လုပ္ေဆာင္ဖို႔နဲ႔ နယ္စပ္လုံၿခဳံေရးကိုျမႇင့္တင္ႏိုင္ဖို႔အတြက္ ေထာက္ပံ့မႈေတြလုပ္ေဆာင္ေပးဖို႔ ရည္႐ြယ္ထားတာျဖစ္တယ္လို႔လည္း သိရပါတယ္။

ဒါ့ျပင္ေထာက္လွမ္းေရးၿဂိဳဟ္တုေတြကို ျဖန႔္က်က္ၿပီးတာနဲ႔တစ္ၿပိဳင္နက္ ၎တို႔ဟာ ၾကည္လင္ျပတ္သားတဲ့ဓာတ္ပုံေတြကို ေပးေဆာင္လိမ့္မွာျဖစ္ၿပီး အိႏၵိယစစ္တပ္၊ ေရတပ္နဲ႔ေလတပ္တို႔ကို ရန္လိုမႈေတြရွိေနတဲ့နယ္ေျမအတြင္း လႈပ္ရွားမႈေတြကို အနီးကပ္ေစာင့္ၾကည့္မႈေတြ လုပ္ေဆာင္ေစႏိုင္မွာျဖစ္တယ္လို႔လည္း သိရပါတယ္။ မၾကာေသးခင္က အိႏၵိယနဲ႔ပါကစၥတန္ၾကား စစ္ေရးအရထိပ္တိုက္ေတြ႕ဆုံမႈေတြျဖစ္ပြားခဲ့ၿပီးေနာက္ အိႏၵိယအစိုးရရဲ႕ အာကာသအစီအစဥ္ေတြ ထြက္ေပၚလာတာလည္းျဖစ္ပါတယ္။

Related news

© 2021. All rights reserved.