A,B,C သုံးနိုင်ငံ ၊ ရခိုင် AA နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းပြဿနာ

1853

စစ်မုန်း (NP News) - ဇူလိုင် ၁
ကမ္ဘာ့နိုင်ငံရေးမျက်နှာစာတွင် စစ်ပွဲသတင်းများ ပွဲဆူနေသည်။ (၂၀၂၂) ခုနှစ်ကစတင်ခဲ့သော ရုရှား-ယူကရိန်းစစ်ပွဲက မပြီးဆုံးသေး။ အစ္စရေး-ဟားမတ်စ်စစ်ပွဲကလည်းဆက်ဖြစ်နေသည်။ ငြိမ်းချမ်း ရေးဆွေးနွေးပွဲတွေလုပ်လိုက်၊ အပစ်အခတ်တွေရပ်စဲလိုက်၊ တစ်ကျော့ပြန်စစ်ပွဲတွေပြန်ဖြစ်လိုက်ဖြင့် တိုက်ပွဲတွေကားမငြိမ်းသေး။ ကြားထဲတွင် အိန္ဒိယ-ပါကစ္စတန်စစ်ပွဲကလည်းဖြစ်လိုက်သေးသည်။ ဤ စစ်ပွဲက အကြမ်းဖက်နှိမ်နင်းရေးခေါင်းစဉ်ဖြင့် ဖြစ်ပွားခဲ့သော စစ်ပွဲဖြစ်သည်။ အိန္ဒိယ-ပါကစ္စတန်စစ်ပွဲကို အမေရိ ကန်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့်ရပ်နားခဲ့ခြင်းဖြစ်သည်ဟု အမေရိကန်ဘက်က ထုတ်ဖော် ပြောကြားခဲ့သော်လည်း အိန္ဒိယနိုင်ငံကမူ မဟုတ်ကြောင်း ပြောကြားခဲ့သည်ကိုကြားသိလိုက်ရသည်။ ကမ္ဘာ့စစ်ပွဲတွေ ဖြစ်ပွားနေချိန် ယခုတစ်ဖန် အစ္စရေး-အီရန်စစ်ပွဲက ဖြစ်ပွားလာပြန်သည်။ သည်လိုစစ်ပွဲ ကြီးတွေဖြစ်တိုင်း နောက်ကွယ်မှ လက်မည်းကြီးများပါဝင်လာနေသည်ကို တွေ့ရတတ်သည်။ အထူး သဖြင့် အမေရိကန်နိုင်ငံက အဆိုပါတိုက်ပွဲကြီးများ၏နောက်ကွယ်မှ ပါဝင်ပတ်သက်နေတတ်သည်ကို တွေ့ရတတ်သည်။ မိမိကိုယ်တိုင် တိုက်ရိုက်ပါဝင်တိုက်ခိုက်ခြင်းမပြုသည့်တိုင် မိမိထောက်ခံသော နိုင်ငံများကို စစ်လက်နက် စစ်ရေးအကူအညီများ၊ စိတ်ဓာတ်ရေးရာထောက်ပံ့ကူညီမှုများ၊ နည်းပညာ ပိုင်းဆိုင်ရာအကူအညီများ၊ တစ်ဖက်ရန်သူ၏သတင်းအချက်အလက်များ ရယူပေးပို့မှု စသည်ဖြင့် အကူ အညီပေးခြင်းဖြစ်သည်။ သည်လိုဖြင့် ကမ္ဘာအဝန်း ဖြစ်ပွားခဲ့သော၊ ဖြစ်ပွားနေသောစစ်ပွဲများ မပြီးဆုံးနိုင် ဘဲ ရှည်ကြာနေခြင်းဖြစ်သည်။ တစ်ဖက်တွင်လည်း ငြိမ်းချမ်းရေးလိုလားသယောင်ဖြင့် ကြားဝင်ဖျန်ဖြေ ပေးသလိုလို သူတော်ကောင်းယောင်ဆောင်လိုက်သေးသည်။ ပြောရလျှင် မီးစတစ်ဖက်၊ ရေမှုတ်တစ် ဖက် စွဲကိုင်ထားခြင်းဖြစ်သည်။
ကမ္ဘာ့နိုင်ငံရေးမျက်နှာစာတွင် စစ်ပွဲများကြောင့်ပွဲဆူနေသကဲ့သို့ စာရေးသူတို့မြန်မာနိုင်ငံတွင် လည်း (၂၀၂၁)ခုနှစ်ကစတင်ခဲ့သော စစ်ရေးပဋိပက္ခများကား ချုပ်ငြိမ်းခြင်းမရှိသေး။ NUG ဦးဆောင် သော PDF လက်နက်ကိုင်များ၏ အတောမသတ်နိုင်သေးသည့်တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသကဲ့ သို့၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏တိုင်းရင်းသားရေးရာ လိုလားချက်အကြောင်းပြ တိုက်ပွဲများက ပြင်းထန်လျက်ပင်ရှိနေသေးသည်။ ရှမ်းမြောက်ဒေသမှာ၊ ကချင်မှာ၊ ကယားမှာ၊ ကရင်မှာ တိုက်ပွဲများဖြစ်နေသကဲ့သို့ ချင်းပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ် သည်။
(၂၀၂၃) ခုနှစ်တွင်စတင်ခဲ့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၃)ဖွဲ့၏ (၁၀၂၇)စစ်ဆင်ရေး ပဋိပက္ခများကား တိုင်းရင်းသားလက်နက်ကိုင်များ နှင့် အဓိကဖြစ်ပွားခဲ့သောစစ်ပွဲများဖြစ်သည်။ ကျား ဖျန့်(ဒုစရိုက်) လောင်းကစားနှိမ်နင်းရေးခေါင်းစဉ်ဖြင့် စတင်ခဲ့ခြင်းဖြစ်သော်လည်း နောက်ပိုင်းတွင် နယ် မြေကျူးကျော်သိမ်းပိုက်လာသည်အထိ ကျယ်ပြန့်လာခဲ့သည်။ ပြည်ပနိုင်ငံ၏ အကူအညီအထောက်အပံ့ (မပြေးသော်ကန်ရာရှိ)ဖြင့် နည်းပညာအသာစီး၊ လက်နက်အင်အား၊ လူအင်အားအသာစီးဖြင့် တိုက်ခိုက် ခဲ့ခြင်းဖြစ်ရာ တပ်မတော်မှ စခန်းတွေလက်လွှတ်ခဲ့ရ၊ မြို့ရွာများလက်လွှတ်ခဲ့ရသည်။ သို့ရာတွင် တရုတ် နိုင်ငံ၏ကြားဝင်စေ့စပ်ပေးမှုကြောင့်ပင် ရှမ်း ပြည်နယ်မြောက် ပိုင်းတစ်ခွင်တွင် ငြိမ်းချမ်းရေးရောင်နီ သန်းလာခဲ့သည်။ ရှမ်းမြောက်သုံးဖွဲ့တွင် အင်အားအ တောင့်တင့်ဆုံးဖြစ်ကာ အဓိက ဦးဆောင်တိုက်ခိုက် ခဲ့သော ကိုးကန့် MNDAA အဖွဲ့သည် ငြိမ်းချမ်းရေး ဆွေးနွေးမှုဖြင့် ၎င်းတို့သိမ်းပိုက်ထားရာ နယ်မြေဒေသ များမှ ဆုတ်ခွာပေးနေပြီဖြစ်သည်။ ထို့အတူ မြောက်ပိုင်းသုံးဖွဲ့တွင်ပါဝင်သည့် အဖွဲ့တစ်ဖွဲ့ဖြစ်သော TNLA ပလောင်အဖွဲ့နှင့်လည်း တရုတ်နိုင်ငံ၏ ကြား ဝင်စေ့စပ်မှုဖြင့်ပင် ငြိမ်းချမ်းရေးဆွေးနွေးနေပြီဖြစ် သည်။ သဘောတူညီ ချက်တွေမရသေးသော်လည်း ဇူလိုင်လတွင် ဆက်လက်ဆွေးနွေးရန်ရှိနေသည်။ သို့ရာတွင် မြန်မာနိုင်ငံအနောက်ပိုင်းရှိ ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသော ရခိုင် AA နှင့်ပတ်သက်၍ လည်းကောင်း၊ ချင်းပြည်နယ်ရှိ ချင်းလက်နက်ကိုင် များနှင့်လည်းကောင်း ငြိမ်းချမ်းရေးစကားဝိုင်းများ စတင်သည့်သတင်းများကို မကြားရသေး။ ရခိုင်ပြည်နယ်တွင် ရခိုင် AA နှင့် တိုက်ပွဲများ စဉ်ဆက်မပြတ် ဖြစ်ပွားနေဆဲရှိသည်။ ရခိုင် AA သည် ရခိုင်ပြည်နယ် မြို့နယ် (၁၇) မြို့နယ်အနက် (၁၄)မြို့နယ်ကို ထိန်း ချုပ်ထားပြီးဖြစ်သည်။ ဤအဖွဲ့သည် ဧရာဝတီတိုင်းနယ်စပ်၊ ပဲခူးတိုင်းနယ်စပ်များသို့ပါ တိုက်ပွဲများ ချဲ့ ထွင်နေပြီး လက်ရှိတွင်လည်း ရခိုင်ကမ်းရိုးတန်းတွင် အရေးပါသည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းရှိရာ ကျောက်ဖြူမြို့ကို အရှိန်မြှင့်တိုက်ခိုက်နေကြောင်းသိရသည်။
ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသော တိုက်ပွဲများနှင့်ပတ်သက်၍ နောက်ပိုင်းမှ လက်မည်းကြီးများ ပါဝင်လာနေကြောင်းတွေ့မြင်နေရသည်။ ပထဝီနိုင်ငံရေးအရ အရေးပါသည့်ရခိုင်ကမ်းရိုးတန်းကို လိုချင် တပ်မက်မှုရှိနေကြသည့်နိုင်ငံကြီးများသည် သူ့ထက် ငါ အုပ်စီးနိုင်ရန်အတွက် ကြိုးစားနေကြသည်။ အထူးသဖြင့် A,B,C သုံးနိုင်ငံဖြစ်သော American၊ Bangladesh၊ China သုံးနိုင်ငံတို့သည် ပါဝင်လှုပ်ရှား လာနေသည်ကိုတွေ့နေရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ
မြန်မာနိုင်ငံ၏အနောက်ဘက်တွင်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့်မူ ယင်းဒေသ၏ လူဦးရေ ပေါက်ကွဲနေမှုအတွက် လူများကိုနေရာချထားပေးနိုင်ရန် မြန်မာနိုင်ငံ၏ အနောက်ဘက်ဒေသကိုစိတ် ပါဝင်စားလျက်ရှိနေသည်။ လာမည့် (၂၅) နှစ်၊ အနှစ် (၃၀)အတွင်း ပင်လယ်ရေပြင်မြင့်တက်မှုကြောင့် ရေ အောက်ရောက်သွားနိုင်သည့် ၎င်းတို့၏နယ်မြေဒေ သအချို့မှလူအများကို ရွှေ့ပြောင်းနေရာချထားနိုင် ရေး ရခိုင်ပြည်နယ်မြောက်ပိုင်းနေရာများကိုစိတ်ဝင်စားနေခြင်းဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား မွတ်စ လင်များအနေဖြင့် မြန်မာနိုင်ငံအနောက်ပိုင်းဒေသ သို့ နည်းမျိုးစုံဖြင့်ကျူးကျော်ခြင်း၊ ခိုးဝင်ခြင်းဖြင့် ဝင် ရောက်နေထိုင်ရှိနေကြသည်။ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့ နယ်များတွင် ဘင်္ဂါလူမျိုးများနေထိုင်ရာ ဒေသတစ်ခုဖြစ်သွားခဲ့ပြီဖြစ်သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေး မရရှိသေးမီကာလကပင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ(အရှေ့ပါကစ္စတန်)သားဘင်္ဂါလီများသည် ရခိုင်ဒေသခံ ဘင်္ဂါလီများ နှင့်ပူးပေါင်းကာ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသသို့ ကျူးကျော်ခိုးဝင်နေထိုင်ခဲ့ကြသကဲ့သို့ ဒေသခံများ မနေရဲအောင် ရန်စကျူးကျော်ခြင်းဖြင့်ထွက်ခွာသွားကြသည့် ရခိုင်တိုင်းရင်းသားများ၏ ကျေးရွာ၊ လယ်မြေများကို အပိုင်စီး အခြေချနေထိုင်ခဲ့ကြကာ နယ်မြေများကို လုယက်ခဲ့ကြသည်။
လောလောဆယ်တွင်လည်း မြန်မာနိုင်ငံမှထွက်ခွာသွားသူများဟုဆိုသည့် ဘင်္ဂါလီများအရေးနှင့် ပတ်သက်ပြီး ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် OIC နိုင်ငံများ နှင့်ပူးပေါင်းကာ မြန်မာနိုင်ငံအပေါ် ယိုးမယ်ဖွဲ့ အပြစ် ရှာနေသည်။ အထူးသဖြင့် ဒုက္ခသည် ပြန်လည်လက်ခံ ရေးဆိုသည်ကို မြန်မာနိုင်ငံမှပူးပေါင်း ဆောင်ရွက်ခြင်း မပြုလေဟန် ယိုးမယ်ဖွဲ့အပြစ်ဆိုနေသည်။ OIC နိုင်ငံများကလည်း မြန်မာနိုင်ငံမှ ထွက် ပြေးသွားသည့် ဘင်္ဂါလီများနှင့်ဆက်စပ်ကာ ၎င်းတို့၏ ဘင်္ဂလားဒေ့ရှ် နိုင်ငံကမ်းရိုးတန်း၊ ရခိုင်ကမ်းရိုး တန်း၊ မြန်မာနိုင်ငံ ကမ်းရိုးတန်းနှင့်ဆက်စပ်ကာ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ စသည့်များနှင့်ချိတ်ဆက် မည့် မွတ်စလင်ခါး ပတ်ထူထောင်ရေးအတွက် အကောင်အထည်ဖော် လုပ်ဆောင်နေသည်။ အမေရိကန် နိုင်ငံကလည်း ရခိုင်ကမ်းရိုးတန်းနှင့်နီးကပ်စွာတည်ရှိနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင် စိန့်မာတင်ကျွန်း (ရခိုင်အခေါ် အုန်းကျွန်း)စစ်စခန်းတည်ဆောက်ရေး ဘင်္ဂလားဒေ့ရှ် အိမ်စောင့်အစိုးရနှင့်နီးကပ်စွာ ဆက် သွယ်လုပ်ဆောင်လျက်ရှိနေသည်။ ဤလုပ်ရပ်များ အောင်မြင်စေရန်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အနောက်နိုင်ငံ (အမေ ရိကန်နိုင်ငံ)၊ OIC နိုင်ငံများနှင့်ပူးပေါင်းလှုပ်ရှားမှုများ ခပ်စိတ်စိတ်ပြုလုပ် လာနေ သည်ကိုတွေ့နေရသည်။
ဘင်္ဂါလီများ၏နယ်မြေကျူးကျော်မှုများ၊ နယ်မြေသိမ်းယူရေးဆောင်ရွက်ချက်များကို မြန်မာ နိုင်ငံအစိုးရအဆက်ဆက်မှမျက်ခြည်မပြတ်ကြည့်ရှုစစ်ဆေးပြီး တားဆီးကာကွယ်ခဲ့ရသည်။ မူဂျာဟစ် သောင်းကျန်းသူများ၏တိုက်ခိုက်ကျူးကျော်မှုကြောင့် ဒေသနေရခိုင်များထွက်ပြေးခဲ့ရသလို ဘင်္ဂါလီများ သည် အခွင့်အခါရလျှင်ရသလို လူမျိုးရေး၊ ဘာသရေး ပဋိပက္ခများကိုဖန်တီးကာ ဒေသခံရခိုင်လူမျိုးများ မနေရဲအောင်လုပ်ဆောင်ခဲ့ကြသည်။ ဤအရေးအ ခင်းများအနက် (၂၀၁၇)ခုနှစ် ဩဂုတ်လ (၂၅) ရက် အရေးအခင်းတွင် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ဘင်္ဂါလီများသည် လူမျိုးတုံးသတ်ဖြတ်သည်ဟူသည့် အကြောင်းပြချက်ဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့၎င်းတို့ သဘောဖြင့်ထွက်ခွာသွားခဲ့ကြသည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ဒုက္ခသည်အဖြစ်နေထိုင်ကာ မြန်မာနိုင်ငံအပေါ် ကမ္ဘာ့နိုင်ငံများက အထင်အမြင်လွဲမှားစေရန် လုပ်ဆောင်ခဲ့ကြသည်။ မြန်မာနိုင်ငံအားလည်း နိုင်ငံတကာ တရားရုံးသို့ရောက်သည်အထိ ဆွဲခေါ်သွား ခဲ့ကြသည်။ ထွက်ခွာသွားသည့်ဘင်္ဂါလီများကို ပြန်လည်လက်ခံရေး မြန်မာနိုင်ငံအစိုးရကဆောင်ရွက်ခဲ့ သော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် လည်းကောင်း၊ ပါဝင်ပတ်သက်နေသည့်ကုလသမဂ္ဂဆိုင်ရာအဖွဲ့အ စည်းတာဝန်ရှိသူများကလည်းကောင်း ပူးပေါင်းဆောင်ရွက်ခြင်းမပြုဘဲ ပြန်လည်ပို့ဆောင်ရေးလုပ်ငန်း များ မအောင်မမြင်ဖြစ်စေရန် လုပ်ဆောင်ထားခဲ့ကြသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသကို ရခိုင် AA ကထိန်းချုပ်သွားပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အနောက်ယိမ်းအစိုးရသည် ရခိုင် AA နှင့်ဆက်ဆံရေးထူထောင်ရမည်ဖြစ်ကြောင်းကိုလည်းကောင်း၊ ဒုက္ခ သည်များပြန်လည်လက်ခံရေးအတွက် ကုလသမဂ္ဂအတွင်းရေးမှူးနှင့် ဘင်္ဂလားဒေ့ရှ်အစိုးရတို့က ရခိုင် AA နှင့် ဆွေးနွေးဆက်ဆံလုပ်ကိုင်ရမည်ဟုလည်းကောင်းပြောကြားခဲ့သည်။ ထို့ပြင် ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကိုအခြေစိုက်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်း ဒုက္ခ သည်များကူညီထောက်ပံ့ရေးလူသားချင်းစာနာမှု စင်္ကြံဖွင့်လှစ်ရေးနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံတပ်ရင်း (၃) ရင်းကိုအသုံးပြုပြီး အမေရိကန်နိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်ရန်လုပ်ဆောင်မှုများရှိလာကြောင်းသိလာရသည်။ ဤအချက်များအား မြန်မာနိုင်ငံအစိုးရ ၏ကန့်ကွက်ချက်များအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၎င်း၏မြန်မာနိုင်ငံဆိုင်ရာသံ အမတ်ကြီးနှင့်စစ်သံမှူး များကိုပြန်ခေါ်ယူသွားခဲ့သည်။ ဤသို့ဖြင့်မြန်မာနိုင်ငံနှင့်ဆက်ဆံရေးတင်းမာမှုကိုဖြစ်ပေါ်စေခဲ့သည်။
zawgyi version
A,B,C သုံးႏိုင္ငံ ၊ ရခိုင္ AA ႏွင့္ ရခိုင္ျပည္နယ္ေျမာက္ပိုင္းျပႆနာ
စစ္မုန္း (NP News) - ဇူလိုင္ ၁
ကမာၻ႔ႏိုင္ငံေရးမ်က္ႏွာစာတြင္ စစ္ပြဲသတင္းမ်ား ပြဲဆူေနသည္။ (၂၀၂၂) ခုႏွစ္ကစတင္ခဲ့ေသာ ႐ုရွား-ယူကရိန္းစစ္ပြဲက မၿပီးဆုံးေသး။ အစၥေရး-ဟားမတ္စ္စစ္ပြဲကလည္းဆက္ျဖစ္ေနသည္။ ၿငိမ္းခ်မ္း ေရးေဆြးေႏြးပြဲေတြလုပ္လိုက္၊ အပစ္အခတ္ေတြရပ္စဲလိုက္၊ တစ္ေက်ာ့ျပန္စစ္ပြဲေတြျပန္ျဖစ္လိုက္ျဖင့္ တိုက္ပြဲေတြကားမၿငိမ္းေသး။ ၾကားထဲတြင္ အိႏၵိယ-ပါကစၥတန္စစ္ပြဲကလည္းျဖစ္လိုက္ေသးသည္။ ဤ စစ္ပြဲက အၾကမ္းဖက္ႏွိမ္နင္းေရးေခါင္းစဥ္ျဖင့္ ျဖစ္ပြားခဲ့ေသာ စစ္ပြဲျဖစ္သည္။ အိႏၵိယ-ပါကစၥတန္စစ္ပြဲကို အေမရိ ကန္ႏိုင္ငံ၏ ၾကားဝင္ေစ့စပ္ေပးမႈျဖင့္ရပ္နားခဲ့ျခင္းျဖစ္သည္ဟု အေမရိကန္ဘက္က ထုတ္ေဖာ္ ေျပာၾကားခဲ့ေသာ္လည္း အိႏၵိယႏိုင္ငံကမူ မဟုတ္ေၾကာင္း ေျပာၾကားခဲ့သည္ကိုၾကားသိလိုက္ရသည္။ ကမာၻ႔စစ္ပြဲေတြ ျဖစ္ပြားေနခ်ိန္ ယခုတစ္ဖန္ အစၥေရး-အီရန္စစ္ပြဲက ျဖစ္ပြားလာျပန္သည္။ သည္လိုစစ္ပြဲ ႀကီးေတြျဖစ္တိုင္း ေနာက္ကြယ္မွ လက္မည္းႀကီးမ်ားပါဝင္လာေနသည္ကို ေတြ႕ရတတ္သည္။ အထူး သျဖင့္ အေမရိကန္ႏိုင္ငံက အဆိုပါတိုက္ပြဲႀကီးမ်ား၏ေနာက္ကြယ္မွ ပါဝင္ပတ္သက္ေနတတ္သည္ကို ေတြ႕ရတတ္သည္။ မိမိကိုယ္တိုင္ တိုက္႐ိုက္ပါဝင္တိုက္ခိုက္ျခင္းမျပဳသည့္တိုင္ မိမိေထာက္ခံေသာ ႏိုင္ငံမ်ားကို စစ္လက္နက္ စစ္ေရးအကူအညီမ်ား၊ စိတ္ဓာတ္ေရးရာေထာက္ပံ့ကူညီမႈမ်ား၊ နည္းပညာ ပိုင္းဆိုင္ရာအကူအညီမ်ား၊ တစ္ဖက္ရန္သူ၏သတင္းအခ်က္အလက္မ်ား ရယူေပးပို႔မႈ စသည္ျဖင့္ အကူ အညီေပးျခင္းျဖစ္သည္။ သည္လိုျဖင့္ ကမာၻအဝန္း ျဖစ္ပြားခဲ့ေသာ၊ ျဖစ္ပြားေနေသာစစ္ပြဲမ်ား မၿပီးဆုံးႏိုင္ ဘဲ ရွည္ၾကာေနျခင္းျဖစ္သည္။ တစ္ဖက္တြင္လည္း ၿငိမ္းခ်မ္းေရးလိုလားသေယာင္ျဖင့္ ၾကားဝင္ဖ်န္ေျဖ ေပးသလိုလို သူေတာ္ေကာင္းေယာင္ေဆာင္လိုက္ေသးသည္။ ေျပာရလွ်င္ မီးစတစ္ဖက္၊ ေရမႈတ္တစ္ ဖက္ စြဲကိုင္ထားျခင္းျဖစ္သည္။
ကမာၻ႔ႏိုင္ငံေရးမ်က္ႏွာစာတြင္ စစ္ပြဲမ်ားေၾကာင့္ပြဲဆူေနသကဲ့သို႔ စာေရးသူတို႔ျမန္မာႏိုင္ငံတြင္ လည္း (၂၀၂၁)ခုႏွစ္ကစတင္ခဲ့ေသာ စစ္ေရးပဋိပကၡမ်ားကား ခ်ဳပ္ၿငိမ္းျခင္းမရွိေသး။ NUG ဦးေဆာင္ ေသာ PDF လက္နက္ကိုင္မ်ား၏ အေတာမသတ္ႏိုင္ေသးသည့္တိုက္ပြဲမ်ား ဆက္တိုက္ျဖစ္ပြားေနသကဲ့ သို႔၊ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ား၏တိုင္းရင္းသားေရးရာ လိုလားခ်က္အေၾကာင္းျပ တိုက္ပြဲမ်ားက ျပင္းထန္လ်က္ပင္ရွိေနေသးသည္။ ရွမ္းေျမာက္ေဒသမွာ၊ ကခ်င္မွာ၊ ကယားမွာ၊ ကရင္မွာ တိုက္ပြဲမ်ားျဖစ္ေနသကဲ့သို႔ ခ်င္းျပည္နယ္ႏွင့္ရခိုင္ျပည္နယ္တို႔တြင္လည္း တိုက္ပြဲမ်ား ျဖစ္ပြားေနဆဲ ျဖစ္ သည္။
(၂၀၂၃) ခုႏွစ္တြင္စတင္ခဲ့ေသာ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕(၃)ဖြဲ႕၏ (၁၀၂၇)စစ္ဆင္ေရး ပဋိပကၡမ်ားကား တိုင္းရင္းသားလက္နက္ကိုင္မ်ား ႏွင့္ အဓိကျဖစ္ပြားခဲ့ေသာစစ္ပြဲမ်ားျဖစ္သည္။ က်ား ဖ်န႔္(ဒုစ႐ိုက္) ေလာင္းကစားႏွိမ္နင္းေရးေခါင္းစဥ္ျဖင့္ စတင္ခဲ့ျခင္းျဖစ္ေသာ္လည္း ေနာက္ပိုင္းတြင္ နယ္ ေျမက်ဴးေက်ာ္သိမ္းပိုက္လာသည္အထိ က်ယ္ျပန႔္လာခဲ့သည္။ ျပည္ပႏိုင္ငံ၏ အကူအညီအေထာက္အပံ့ (မေျပးေသာ္ကန္ရာရွိ)ျဖင့္ နည္းပညာအသာစီး၊ လက္နက္အင္အား၊ လူအင္အားအသာစီးျဖင့္ တိုက္ခိုက္ ခဲ့ျခင္းျဖစ္ရာ တပ္မေတာ္မွ စခန္းေတြလက္လႊတ္ခဲ့ရ၊ ၿမိဳ႕႐ြာမ်ားလက္လႊတ္ခဲ့ရသည္။ သို႔ရာတြင္ တ႐ုတ္ ႏိုင္ငံ၏ၾကားဝင္ေစ့စပ္ေပးမႈေၾကာင့္ပင္ ရွမ္း ျပည္နယ္ေျမာက္ ပိုင္းတစ္ခြင္တြင္ ၿငိမ္းခ်မ္းေရးေရာင္နီ သန္းလာခဲ့သည္။ ရွမ္းေျမာက္သုံးဖြဲ႕တြင္ အင္အားအ ေတာင့္တင့္ဆုံးျဖစ္ကာ အဓိက ဦးေဆာင္တိုက္ခိုက္ ခဲ့ေသာ ကိုးကန႔္ MNDAA အဖြဲ႕သည္ ၿငိမ္းခ်မ္းေရး ေဆြးေႏြးမႈျဖင့္ ၎တို႔သိမ္းပိုက္ထားရာ နယ္ေျမေဒသ မ်ားမွ ဆုတ္ခြာေပးေနၿပီျဖစ္သည္။ ထို႔အတူ ေျမာက္ပိုင္းသုံးဖြဲ႕တြင္ပါဝင္သည့္ အဖြဲ႕တစ္ဖြဲ႕ျဖစ္ေသာ TNLA ပေလာင္အဖြဲ႕ႏွင့္လည္း တ႐ုတ္ႏိုင္ငံ၏ ၾကား ဝင္ေစ့စပ္မႈျဖင့္ပင္ ၿငိမ္းခ်မ္းေရးေဆြးေႏြးေနၿပီျဖစ္ သည္။ သေဘာတူညီ ခ်က္ေတြမရေသးေသာ္လည္း ဇူလိုင္လတြင္ ဆက္လက္ေဆြးေႏြးရန္ရွိေနသည္။ သို႔ရာတြင္ ျမန္မာႏိုင္ငံအေနာက္ပိုင္းရွိ ရခိုင္ျပည္နယ္တြင္ျဖစ္ပြားေနေသာ ရခိုင္ AA ႏွင့္ပတ္သက္၍ လည္းေကာင္း၊ ခ်င္းျပည္နယ္ရွိ ခ်င္းလက္နက္ကိုင္ မ်ားႏွင့္လည္းေကာင္း ၿငိမ္းခ်မ္းေရးစကားဝိုင္းမ်ား စတင္သည့္သတင္းမ်ားကို မၾကားရေသး။ ရခိုင္ျပည္နယ္တြင္ ရခိုင္ AA ႏွင့္ တိုက္ပြဲမ်ား စဥ္ဆက္မျပတ္ ျဖစ္ပြားေနဆဲရွိသည္။ ရခိုင္ AA သည္ ရခိုင္ျပည္နယ္ ၿမိဳ႕နယ္ (၁၇) ၿမိဳ႕နယ္အနက္ (၁၄)ၿမိဳ႕နယ္ကို ထိန္း ခ်ဳပ္ထားၿပီးျဖစ္သည္။ ဤအဖြဲ႕သည္ ဧရာဝတီတိုင္းနယ္စပ္၊ ပဲခူးတိုင္းနယ္စပ္မ်ားသို႔ပါ တိုက္ပြဲမ်ား ခ်ဲ႕ ထြင္ေနၿပီး လက္ရွိတြင္လည္း ရခိုင္ကမ္း႐ိုးတန္းတြင္ အေရးပါသည့္ ေက်ာက္ျဖဴေရနက္ဆိပ္ကမ္းရွိရာ ေက်ာက္ျဖဴၿမိဳ႕ကို အရွိန္ျမႇင့္တိုက္ခိုက္ေနေၾကာင္းသိရသည္။
ရခိုင္ျပည္နယ္တြင္ျဖစ္ပြားေနေသာ တိုက္ပြဲမ်ားႏွင့္ပတ္သက္၍ ေနာက္ပိုင္းမွ လက္မည္းႀကီးမ်ား ပါဝင္လာေနေၾကာင္းေတြ႕ျမင္ေနရသည္။ ပထဝီႏိုင္ငံေရးအရ အေရးပါသည့္ရခိုင္ကမ္း႐ိုးတန္းကို လိုခ်င္ တပ္မက္မႈရွိေနၾကသည့္ႏိုင္ငံႀကီးမ်ားသည္ သူ႔ထက္ ငါ အုပ္စီးႏိုင္ရန္အတြက္ ႀကိဳးစားေနၾကသည္။ အထူးသျဖင့္ A,B,C သုံးႏိုင္ငံျဖစ္ေသာ American၊ Bangladesh၊ China သုံးႏိုင္ငံတို႔သည္ ပါဝင္လႈပ္ရွား လာေနသည္ကိုေတြ႕ေနရသည္။
ဘဂၤလားေဒ့ရွ္ႏိုင္ငံ
ျမန္မာႏိုင္ငံ၏အေနာက္ဘက္တြင္ရွိေသာ ဘဂၤလားေဒ့ရွ္ႏိုင္ငံအေနျဖင့္မူ ယင္းေဒသ၏ လူဦးေရ ေပါက္ကြဲေနမႈအတြက္ လူမ်ားကိုေနရာခ်ထားေပးႏိုင္ရန္ ျမန္မာႏိုင္ငံ၏ အေနာက္ဘက္ေဒသကိုစိတ္ ပါဝင္စားလ်က္ရွိေနသည္။ လာမည့္ (၂၅) ႏွစ္၊ အႏွစ္ (၃၀)အတြင္း ပင္လယ္ေရျပင္ျမင့္တက္မႈေၾကာင့္ ေရ ေအာက္ေရာက္သြားႏိုင္သည့္ ၎တို႔၏နယ္ေျမေဒ သအခ်ိဳ႕မွလူအမ်ားကို ေ႐ႊ႕ေျပာင္းေနရာခ်ထားႏိုင္ ေရး ရခိုင္ျပည္နယ္ေျမာက္ပိုင္းေနရာမ်ားကိုစိတ္ဝင္စားေနျခင္းျဖစ္သည္။ ဘဂၤလားေဒ့ရွ္ႏိုင္ငံသား မြတ္စ လင္မ်ားအေနျဖင့္ ျမန္မာႏိုင္ငံအေနာက္ပိုင္းေဒသ သို႔ နည္းမ်ိဳးစုံျဖင့္က်ဴးေက်ာ္ျခင္း၊ ခိုးဝင္ျခင္းျဖင့္ ဝင္ ေရာက္ေနထိုင္ရွိေနၾကသည္။ ရခိုင္ျပည္နယ္ေျမာက္ပိုင္း ေမာင္ေတာ၊ ဘူးသီးေတာင္၊ ရေသ့ေတာင္ၿမိဳ႕ နယ္မ်ားတြင္ ဘဂၤါလူမ်ိဳးမ်ားေနထိုင္ရာ ေဒသတစ္ခုျဖစ္သြားခဲ့ၿပီျဖစ္သည္။ ျမန္မာႏိုင္ငံ လြတ္လပ္ေရး မရရွိေသးမီကာလကပင္ ဘဂၤလားေဒ့ရွ္ႏိုင္ငံ(အေရွ႕ပါကစၥတန္)သားဘဂၤါလီမ်ားသည္ ရခိုင္ေဒသခံ ဘဂၤါလီမ်ား ႏွင့္ပူးေပါင္းကာ ရခိုင္ျပည္နယ္ ေျမာက္ပိုင္းေဒသသို႔ က်ဴးေက်ာ္ခိုးဝင္ေနထိုင္ခဲ့ၾကသကဲ့သို႔ ေဒသခံမ်ား မေနရဲေအာင္ ရန္စက်ဴးေက်ာ္ျခင္းျဖင့္ထြက္ခြာသြားၾကသည့္ ရခိုင္တိုင္းရင္းသားမ်ား၏ ေက်း႐ြာ၊ လယ္ေျမမ်ားကို အပိုင္စီး အေျခခ်ေနထိုင္ခဲ့ၾကကာ နယ္ေျမမ်ားကို လုယက္ခဲ့ၾကသည္။
ေလာေလာဆယ္တြင္လည္း ျမန္မာႏိုင္ငံမွထြက္ခြာသြားသူမ်ားဟုဆိုသည့္ ဘဂၤါလီမ်ားအေရးႏွင့္ ပတ္သက္ၿပီး ကမာၻ႔ကုလသမဂၢအပါအဝင္ OIC ႏိုင္ငံမ်ား ႏွင့္ပူးေပါင္းကာ ျမန္မာႏိုင္ငံအေပၚ ယိုးမယ္ဖြဲ႕ အျပစ္ ရွာေနသည္။ အထူးသျဖင့္ ဒုကၡသည္ ျပန္လည္လက္ခံ ေရးဆိုသည္ကို ျမန္မာႏိုင္ငံမွပူးေပါင္း ေဆာင္႐ြက္ျခင္း မျပဳေလဟန္ ယိုးမယ္ဖြဲ႕အျပစ္ဆိုေနသည္။ OIC ႏိုင္ငံမ်ားကလည္း ျမန္မာႏိုင္ငံမွ ထြက္ ေျပးသြားသည့္ ဘဂၤါလီမ်ားႏွင့္ဆက္စပ္ကာ ၎တို႔၏ ဘဂၤလားေဒ့ရွ္ ႏိုင္ငံကမ္း႐ိုးတန္း၊ ရခိုင္ကမ္း႐ိုး တန္း၊ ျမန္မာႏိုင္ငံ ကမ္း႐ိုးတန္းႏွင့္ဆက္စပ္ကာ ထိုင္းႏိုင္ငံ၊ မေလးရွားႏိုင္ငံ စသည့္မ်ားႏွင့္ခ်ိတ္ဆက္ မည့္ မြတ္စလင္ခါး ပတ္ထူေထာင္ေရးအတြက္ အေကာင္အထည္ေဖာ္ လုပ္ေဆာင္ေနသည္။ အေမရိကန္ ႏိုင္ငံကလည္း ရခိုင္ကမ္း႐ိုးတန္းႏွင့္နီးကပ္စြာတည္ရွိေနသည့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံပိုင္ စိန႔္မာတင္ကြၽန္း (ရခိုင္အေခၚ အုန္းကြၽန္း)စစ္စခန္းတည္ေဆာက္ေရး ဘဂၤလားေဒ့ရွ္ အိမ္ေစာင့္အစိုးရႏွင့္နီးကပ္စြာ ဆက္ သြယ္လုပ္ေဆာင္လ်က္ရွိေနသည္။ ဤလုပ္ရပ္မ်ား ေအာင္ျမင္ေစရန္အတြက္ ဘဂၤလားေဒ့ရွ္ႏိုင္ငံႏွင့္ အေနာက္ႏိုင္ငံ (အေမ ရိကန္ႏိုင္ငံ)၊ OIC ႏိုင္ငံမ်ားႏွင့္ပူးေပါင္းလႈပ္ရွားမႈမ်ား ခပ္စိတ္စိတ္ျပဳလုပ္ လာေန သည္ကိုေတြ႕ေနရသည္။
ဘဂၤါလီမ်ား၏နယ္ေျမက်ဴးေက်ာ္မႈမ်ား၊ နယ္ေျမသိမ္းယူေရးေဆာင္႐ြက္ခ်က္မ်ားကို ျမန္မာ ႏိုင္ငံအစိုးရအဆက္ဆက္မွမ်က္ျခည္မျပတ္ၾကည့္ရႈစစ္ေဆးၿပီး တားဆီးကာကြယ္ခဲ့ရသည္။ မူဂ်ာဟစ္ ေသာင္းက်န္းသူမ်ား၏တိုက္ခိုက္က်ဴးေက်ာ္မႈေၾကာင့္ ေဒသေနရခိုင္မ်ားထြက္ေျပးခဲ့ရသလို ဘဂၤါလီမ်ား သည္ အခြင့္အခါရလွ်င္ရသလို လူမ်ိဳးေရး၊ ဘာသေရး ပဋိပကၡမ်ားကိုဖန္တီးကာ ေဒသခံရခိုင္လူမ်ိဳးမ်ား မေနရဲေအာင္လုပ္ေဆာင္ခဲ့ၾကသည္။ ဤအေရးအ ခင္းမ်ားအနက္ (၂၀၁၇)ခုႏွစ္ ဩဂုတ္လ (၂၅) ရက္ အေရးအခင္းတြင္ ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွ ဘဂၤါလီမ်ားသည္ လူမ်ိဳးတုံးသတ္ျဖတ္သည္ဟူသည့္ အေၾကာင္းျပခ်က္ျဖင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံသို႔၎တို႔ သေဘာျဖင့္ထြက္ခြာသြားခဲ့ၾကသည္။ ဘဂၤလားေဒ့ရွ္ ႏိုင္ငံတြင္ ဒုကၡသည္အျဖစ္ေနထိုင္ကာ ျမန္မာႏိုင္ငံအေပၚ ကမာၻ႔ႏိုင္ငံမ်ားက အထင္အျမင္လြဲမွားေစရန္ လုပ္ေဆာင္ခဲ့ၾကသည္။ ျမန္မာႏိုင္ငံအားလည္း ႏိုင္ငံတကာ တရား႐ုံးသို႔ေရာက္သည္အထိ ဆြဲေခၚသြား ခဲ့ၾကသည္။ ထြက္ခြာသြားသည့္ဘဂၤါလီမ်ားကို ျပန္လည္လက္ခံေရး ျမန္မာႏိုင္ငံအစိုးရကေဆာင္႐ြက္ခဲ့ ေသာ္လည္း ဘဂၤလားေဒ့ရွ္ႏိုင္ငံသည္ လည္းေကာင္း၊ ပါဝင္ပတ္သက္ေနသည့္ကုလသမဂၢဆိုင္ရာအဖြဲ႕အ စည္းတာဝန္ရွိသူမ်ားကလည္းေကာင္း ပူးေပါင္းေဆာင္႐ြက္ျခင္းမျပဳဘဲ ျပန္လည္ပို႔ေဆာင္ေရးလုပ္ငန္း မ်ား မေအာင္မျမင္ျဖစ္ေစရန္ လုပ္ေဆာင္ထားခဲ့ၾကသည္။
ရခိုင္ျပည္နယ္ေျမာက္ပိုင္းေဒသကို ရခိုင္ AA ကထိန္းခ်ဳပ္သြားၿပီးေနာက္ ဘဂၤလားေဒ့ရွ္ႏိုင္ငံ၏ အေနာက္ယိမ္းအစိုးရသည္ ရခိုင္ AA ႏွင့္ဆက္ဆံေရးထူေထာင္ရမည္ျဖစ္ေၾကာင္းကိုလည္းေကာင္း၊ ဒုကၡ သည္မ်ားျပန္လည္လက္ခံေရးအတြက္ ကုလသမဂၢအတြင္းေရးမႉးႏွင့္ ဘဂၤလားေဒ့ရွ္အစိုးရတို႔က ရခိုင္ AA ႏွင့္ ေဆြးေႏြးဆက္ဆံလုပ္ကိုင္ရမည္ဟုလည္းေကာင္းေျပာၾကားခဲ့သည္။ ထို႔ျပင္ ဘဂၤလားေဒ့ရွ္ ႏိုင္ငံ ကိုအေျခစိုက္ၿပီး ရခိုင္ျပည္နယ္ေျမာက္ပိုင္း ဒုကၡ သည္မ်ားကူညီေထာက္ပံ့ေရးလူသားခ်င္းစာနာမႈ စႀကႍဖြင့္လွစ္ေရးႏွင့္ဘဂၤလားေဒ့ရွ္ႏိုင္ငံတပ္ရင္း (၃) ရင္းကိုအသုံးျပဳၿပီး အေမရိကန္ႏိုင္ငံႏွင့္ ပူးေပါင္း ေဆာင္႐ြက္ရန္လုပ္ေဆာင္မႈမ်ားရွိလာေၾကာင္းသိလာရသည္။ ဤအခ်က္မ်ားအား ျမန္မာႏိုင္ငံအစိုးရ ၏ကန႔္ကြက္ခ်က္မ်ားအရ ဘဂၤလားေဒ့ရွ္ႏိုင္ငံသည္ ၎၏ျမန္မာႏိုင္ငံဆိုင္ရာသံ အမတ္ႀကီးႏွင့္စစ္သံမႉး မ်ားကိုျပန္ေခၚယူသြားခဲ့သည္။ ဤသို႔ျဖင့္ျမန္မာႏိုင္ငံႏွင့္ဆက္ဆံေရးတင္းမာမႈကိုျဖစ္ေပၚေစခဲ့သည္။