စိန်ခေါ်မူများ ကြုံတွေ့လာရပြီဖြစ်သည့် အိန္ဒိယနိုင်ငံ၏ ဟန်ချက်ညီရေးကြိုးပမ်းမှု မဟာဗျူဟာ

 290

သန်းထိုက်စိုး (NP News) - ဇူလိုင် ၁

အစ္စရေးတို့သည် ဇွန်လ (၁၂) ရက်တွင် အီရန်ကိုပစ်မှတ်ထားပြီး စစ်ဆင်ရေးတစ်ရပ်ဆင်နွှဲခဲ့ရာ နှစ် နိုင်ငံကြားဖြစ်ပွားနေသည့်ပဋိပက္ခ အရှိန်မြင့်လာခဲ့သည်။ နိုးထလာသည့် ခြင်္သေ့ဟု အမည်ပေးထား သော အဆိုပါ စစ်ဆင်ရေးသည် ကနဦးတိုက်ခိုက်မှုဖြစ်ပြီး အီရန်နျူကလီးယားအစီအစဉ်များနှင့် ယင်းနှင့် ဆက်စပ်နေသည့် စစ်ဘက်ဆိုင်ရာ ထိပ်ပိုင်းခေါင်းဆောင်များကို ဖယ်ရှားရန်ဖြစ်သည်ဟု အစ္စရေး ဘက် ကထုတ်ပြောခဲ့သည်။ ထိုအချိန်မှ စ၍ နှစ်ဖက်အပြန်အလှန်တိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ နှစ်ဖက်လုံး နှင့် ဆက်ဆံရေးရှိပြီး မဟာဗျူဟာမြောက် အကျိုးစီးပွားများရှိနေသည့်အိန္ဒိယနိုင်ငံအတွက်ကြီးမားသည့် သက်ရောက်မှုများ ရှိလာခဲ့သည်။
အစ္စရေး၏တိုက်ခိုက်မှုများသည် အီရန်နိုင်ငံတစ်ဝန်းရှိ နျူကလီးယားစက်ရုံများ၊ စစ်ဖက်ဆိုင်ရာ နေရာများနှင့် အခြားသောမဟာဗျူဟာမြောက် နေရာများကို ဦးစားပေးတိုက်ခိုက်ခြင်းဖြစ်သည်။ အစီရင် ခံစာအချို့၏ ထုတ်ပြန်ချက်အရ အစ္စရေးတို့၏တိုက်ခိုက်မှုကြောင့် ဗိုလ်ချုပ် Mohammad Bagheri နှင့် Hossein Salami အပါအဝင် အီရန် အဆင့်မြင့်ခေါင်းဆောင်အတော်များများ သေဆုံးခဲ့သည်ဟုဆိုသည်။ ယခုတိုက်ခိုက်မှုသည် အီရန်၏ နျူကလီးယားစွမ်းဆောင်ရည်နှင့် မစ်ဆိုင်း အစီအစဉ်များကို ရည်ရွယ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အီရန် စစ်ဘက်ကအတည်ပြုပြောဆိုခဲ့သည်။
အစ္စရေးတို့၏တိုက်ခိုက်မှုသည် ကျူးကျော်ရန်စမှုဖြစ်ပြီး ပြင်းပြန်ထန်ထန် တုံ့ပြန်သွားမည်ဟု အီရန် ထိပ်တန်းခေါင်းဆောင်များကလည်းပြောဆိုခဲ့သည်။ လက်တွေ့လည်း တုံ့ပြန်ခဲ့သည်။ အစ္စရေး တို့၏တိုက်ခိုက်မှုအပြီးတွင် အီရန်နိုင်ငံက နိုင်ငံတော်အရေးပေါ်အခြေအနေကြေညာခဲ့ပြီး အစ္စရေးတို့ကို လက်စားချေတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။ အစီရင်ခံစာများအရ အီရန်တို့၏ မစ်ဆိုင်းဒုံးကျည်ဖြင့်တိုက် ခိုက်မှုသည် အစ္စရေးနယ်မြေအတွင်းသို့ အချို့သော မစ်ဆိုင်းများ ကျရောက်ခဲ့ရာ သေကျေဒဏ်ရာရရှိမှု နှင့် ပျက်စီးမှုများရှိခဲ့သည်။
အီရန်နိုင်ငံသည် အိန္ဒိယနိုင်ငံ၏ လျှပ်စစ် ဝါယာကြိုးပိုက်အမျိုးမျိုးကို ဗဟုအာရှဒေသသို့ ပို့ ဆောင်ရာနိုင်ငံဖြစ်သည်။ အိန္ဒိယနိုင်ငံသည် အီရန် နိုင်ငံ၏ Chabahar ဆိပ်ကမ်းတွင် ဘီလျံပေါင်းများစွာ ရင်းနှီးမြှုပ်နှံထားသည်။ အဆိုပါဆိပ်ကမ်းသည် ဗဟု အာရှဒေသနှင့်တိုက်ရိုက်ချိတ်ဆက်မှု တည်ဆောက် မည့်ပါကစ္စတန်နိုင်ငံရှိ Gwadar ဆိပ်ကမ်းနှင့် အပြိုင်လည်းဖြစ်သည်။ ဗဟိုအာရှဒေသသည် စွမ်းအင် လုံခြုံရေးနှင့် ပတ်သက်၍သာမက မြေရှားသတ္တုများ အရည်အသွေးကောင်းမွန်မှုကြောင့် အိန္ဒိယနိုင်ငံ အတွက် အလွန်အရေးကြီးသည့်ဒေသလည်း ဖြစ်သည်။ သို့သော် အိန္ဒိယနိုင်ငံသည် ဗဟိုအာရှ ဒေသနှင့် နယ်နိမိတ် တိုက်ရိုက်ဆက်စပ်မှုမရှိဖြစ်နေရာ ကုန်သွယ်မှုအလားအလာတွင် အကန့်အသတ်ရှိသည်။ အီရန်-အစ္စရေးပဋိပက္ခသည် အိန္ဒိယနှင့်လမ်းပန်းဆက်သွယ်မှု အချိတ်အဆက်များနှင့် ကာလရှည်ကြာ မျှော်လင့်ထားသည့် International North South Corridor လမ်းကြောင်း တိုးတက်မှုကိုလည်း နှောင့်နှေးသွားစေမည်ဖြစ်သည်။
ဒေသတွင်းတင်းမာမှုများသည် Chabahar ဆိပ်ကမ်းမှတစ်ဆင့် ဆက်သွယ်မည့် ကုန်သွယ် ဆက်ဆံရေးဖြစ်သည့် အိန္ဒိယနှင့်အာဖဂန် နစ္စတန်ကြား ဆက်သွယ်မှုကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။ အဆိုပါ ဖြစ်နိုင်ခြေအရ တရုတ်နိုင်ငံသည် သက်တမ်းတိုးဆောင်ရွက်နိုင်ရေး ကြိုးပမ်းလျက်ရှိရာ အာဖဂန် နစ္စတန်နိုင်ငံတွင် အိန္ဒိယနိုင်ငံ၏နေရာကို ခပ်မြန်မြန်ယူလာမည်ဖြစ်သည်။ မကြာသေးမီက တရုတ်-ပါကစ္စတန်-အာဖဂန်နစ္စတန် သုံးနိုင်ငံ ဆွေးနွေးပွဲဖြစ်ပေါ်လာခြင်းသည် တရုတ်နိုင်ငံ၏ကြိုးပမ်း အားထုတ်မှုနမူနာတစ်ခုဖြစ်သည်။
ထို့ပြင် အီရန်-အစ္စရေးပဋိပက္ခသည် အိန္ဒိယနိုင်ငံ၏ စွမ်းအင်လုံခြုံရေးနှင့် စီးပွားရေးအပေါ် ရိုက်ခတ်စေမည်ဖြစ်သည်။ အိန္ဒိယနိုင်ငံသည် ရေနံသွင်းကုန်အပေါ် အဓိက မှီခိုနေရခြင်းဖြစ်သည်။ ရေနံစိမ်းသွင်းကုန်၏ (၈၀) ရာခိုင်နှုန်းမှာ အီရန်နှင့် ပင်လယ်ကွေ့နိုင်ငံများအပါအဝင် အနောက်အာရှ ဒေသမှရရှိခြင်းဖြစ်သည်။ အဆိုပါပဋိပက္ခသည် ကမ္ဘာ့ရေနံဈေးနှုန်းကိုမြင့်တက်စေပြီး တင်းမာမှုများ ထပ်မံမြင့်တက်လာပါက အန္တရာယ်ကြီးမားသည့်အဆင့်သို့ရောက်ရှိလာမည်ဖြစ်သည်။ ရေနံဈေးနှုန်း သည် တစ်စည်လျှင် အမေရိကန်ဒေါ်လာ (၁၂၀) အထိ ရောက်ရှိလာရာ ငွေကြေးဖောင်းပွမှုဖြစ်ပေါ်ကာ အိန္ဒိယနိုင်ငံ၏ စီးပွားရေးအပေါ် ရိုက်ခတ်လာမည်ဖြစ် သည်။ ရေနံဈေးနှုန်းမြင့်မားခြင်းသည် သယ်ယူပို့ ဆောင်ရေးအပေါ် ရိုက်ခတ်ကာ ကုန်စည်နှင့်ဝန်ဆောင်မှုဈေးနှုန်းများကိုလည်း မြင့်တက်စေမည်ဖြစ်ရာ စီး ပွားရေးတိုးတက်မှုအပေါ်ထိခိုက်စေမည်ဖြစ်သည်။
ယခုပဋိပက္ခသည် ဒေသတွင်းရှိအိန္ဒိယ နိုင်ငံသားများအတွက် လုံခြုံရေးအန္တရာယ်လည်း ခြိမ်းခြောက်လာနိုင်သည်။ အစ္စရေး တွင်နေထိုင်သည့် အိန္ဒိယနိုင်ငံသား (၁၈၀ဝဝ)နှင့် အီရန်နိုင်ငံတွင် နေထိုင်သည့် အိန္ဒိယနိုင်ငံသား (၁၀ဝဝဝ)တို့သည် မည် သည့်ပဋိပက္ခနှင့် မည်သည့်တင်းမာမှု ဖြစ်သည် ဖြစ်စေ ၎င်းတို့၏ လုံခြုံရေးအတွက်အန္တရာယ်ရှိသည်။ အိန္ဒိယအစိုးရသည် ခရီးသွားအကြံပြုချက်များ ထုတ်ပြန်ထားပြီး နိုင်ငံသားများ၏ လုံခြုံရေးအတွက် အခြေအနေကို အနီးကပ်စောင့်ကြည့်လျက်ရှိ သည်။ အစ္စရေးနိုင်ငံ၏ အီရန်အပေါ်တိုက်ခိုက်မှုသည် ပါကစ္စတန်နိုင်ငံ၏ မဟာဗျူဟာမြောက် အထင်က ရရှိမှုကို တိုးတက်စေနိုင်သည်။ စွမ်းရည်ပိုင်းအရ အားနည်းသည် အီရန်နိုင်ငံအနေဖြင့် အိန္ဒိယနိုင်ငံ အတွက် မျက်နှာသာမပေး နိုင်ဘဲ ဒေသတွင်းရှိ ပါကစ္စတန်နိုင်ငံအပေါ် တွင်သာ ဦးစားပေးနိုင်သည်။ အီရန်နိုင်ငံသည် အစ္စလာမ်နိုင်ငံဖြစ်သော်လည်း ပါကစ္စတန်နိုင်ငံနှင့် ခိုင်မာသည့် ဆက်ဆံရေးမရှိပါ။ ယင်းအစား ဒေသတွင်း၌ တရုတ်- ပါကစ္စ တန်စီမံချက်များနှင့်ယှဉ်ပြိုင်ရန် နည်းလမ်း ရှာဖွေနေခြင်း ကြောင့် အီရန်နိုင်ငံမှာ အိန္ဒိယနိုင်ငံအတွက် ပို၍အရေးကြီးသည်။ မကြာသေးမီနှစ်များအတွင်းက အီရန်နှင့် ပါကစ္စတန်နှစ်နိုင်ငံကြားဆက်ဆံရေးမှာ ပျက်စီးယိုယွင်းခဲ့သည်။ နှစ်နိုင်ငံတို့တွင် အကြမ်းဖက် အဖွဲ့များ ဖြတ်ကျော်ဝင်ရောက်ကြောင်း အပြန်အလှန် စွပ်စွဲပြီး (၂၀၂၄) ခုနှစ် ဇန်နဝါရီလတွင် နှစ်ဖက်အ ပြန်အလှန်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြသည်။
အိန္ဒိယနှင့်ပါကစ္စတန်တို့သည်လည်း အ ကြမ်းဖက်တိုက်ခိုက်မှုကိုအကြောင်းပြု၍ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ အိန္ဒိယနိုင်ငံသည် အမေရိကန်နိုင်ငံက ပါကစ္စတန်နိုင်ငံကို ထောက်ပံ့ပေးမည်ကို စိုးရိမ်နေခြင်းဖြစ်သည်။ သမ္မတဒေါ်နယ် ထရမ့်သည် အိန္ဒိယနိုင်ငံ၏ သဘောတူညီချက်မရဘဲ အိန္ဒိယ နှင့်ပါကစ္စတန်နိုင်ငံတို့ကို အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ရရှိအောင် ကူညီပေးခဲ့ကြောင်း ထုတ် ပြန်ကြေညာခဲ့သည်။ အမေရိကန်နိုင်ငံက အိန္ဒိယနိုင်ငံကို ပါကစ္စတန်နိုင်ငံနှင့် တစ်တန်း တည်း ထား၍ ဆက်ဆံခြင်းအပေါ် အိန္ဒိယနိုင်ငံက အလိုမကျဖြစ်နေခဲ့သည်။ အကယ်၍ အီရန်နှင့် အစ္စရေး ပဋိပက္ခ ယခုထက် ပိုမိုပြင်းထန်လာပါက အီရန်နှင့် နယ်နိမိတ်ခြင်းထိစပ်နေသည့် ပါကစ္စတန်နိုင်ငံသည် အမေရိ ကန်နိုင်ငံအတွက် တန်ဖိုးကြီးသည့် ပထဝီနိုင်ငံရေးနယ်မြေတစ်ခုဖြစ်ပါလိမ့်မည်။ ပါကစ္စတန် နိုင်ငံ အတွက်လည်း အမေရိကန်နိုင်ငံက စစ်ရေး၊ ဘဏ္ဍာရေးအထောက်အပံ့များပေးပါလိမ့်မည်။ ယင်း ကို လည်း အိန္ဒိယနိုင်ငံက မလွဲမသွေဆန့်ကျင်မည်သာဖြစ်သည်။
အိန္ဒိယနိုင်ငံသည် အစ္စရေး၊ အီရန် နှစ် နိုင်ငံလုံးနှင့် ဆက်ဆံရေး ဆက်ထိန်းထားမည်ဖြစ်သည်။ အိန္ဒိယနိုင်ငံသည် အစ္စရေးနိုင်ငံနှင့် ကာကွယ်ရေးနှင့် နည်းပညာပိုင်းတွင် ခိုင်မာသည့်ဆက်ဆံရေးရှိပြီး အီရန်နိုင်ငံနှင့်မူ သမိုင်းကြောင်းနှင့် ယဉ် ကျေးမှုအဆက်အစပ်အရ တန်ဖိုးထားသည့် နိုင်ငံဖြစ် သည်။ ပဋိပက္ခအရှိန်မြင့်လာသည်နှင့်အမျှ အိန္ဒိယနိုင်ငံအနေဖြင့် မိတ်ဖက်နှစ်ဦးအနက် တစ်ဦးကိုရွေးချယ်ပြီး ရှင်းလင်းသည့် ရပ်တည်ချက်ရှိရန် လိုအပ်လာမည်ဖြစ်သည်။ အိန္ဒိယနိုင်ငံသည် ၎င်း၏ မဟာ ဗျူဟာ မြောက်အကျိုးစီးပွားကို ကာကွယ်ရန်နှင့် ဒေသတွင်းတွင် ၎င်း၏ဩဇာကိုထိန်းသိမ်းရန် နည်းလမ်းရှာဖွေ နေခြင်းဖြစ်ရာ ဟန်ချက်ညီရေး ဆောင်ရွက်မှုမှာအရေးကြီးသည်။ သို့သော် ယခုအခါ အဆိုပါ ဟန်ချက် ညီရေး ကြိုးပမ်းချက် (Balancing Act)မှာ စိန်ခေါ်မှုများရှိလာပြီဖြစ်ရာ နည်းလမ်းသစ် ရှာဖွေရန် လိုအပ်လာပြီ ဖြစ်ကြောင်း သုံးသပ်ရသည်။

zawgyi version
စိန္ေခၚမူမ်ား ႀကဳံေတြ႕လာရၿပီျဖစ္သည့္ အိႏၵိယႏိုင္ငံ၏ ဟန္ခ်က္ညီေရးႀကိဳးပမ္းမူ မဟာဗ်ဴဟာ
သန္းထိုက္စိုး (NP News) - ဇူလိုင္ ၁

အစၥေရးတို႔သည္ ဇြန္လ (၁၂) ရက္တြင္ အီရန္ကိုပစ္မွတ္ထားၿပီး စစ္ဆင္ေရးတစ္ရပ္ဆင္ႏႊဲခဲ့ရာ ႏွစ္ ႏိုင္ငံၾကားျဖစ္ပြားေနသည့္ပဋိပကၡ အရွိန္ျမင့္လာခဲ့သည္။ ႏိုးထလာသည့္ ျခေသၤ့ဟု အမည္ေပးထား ေသာ အဆိုပါ စစ္ဆင္ေရးသည္ ကနဦးတိုက္ခိုက္မႈျဖစ္ၿပီး အီရန္န်ဴကလီးယားအစီအစဥ္မ်ားႏွင့္ ယင္းႏွင့္ ဆက္စပ္ေနသည့္ စစ္ဘက္ဆိုင္ရာ ထိပ္ပိုင္းေခါင္းေဆာင္မ်ားကို ဖယ္ရွားရန္ျဖစ္သည္ဟု အစၥေရး ဘက္ ကထုတ္ေျပာခဲ့သည္။ ထိုအခ်ိန္မွ စ၍ ႏွစ္ဖက္အျပန္အလွန္တိုက္ခိုက္မႈမ်ားျပဳလုပ္ခဲ့ရာ ႏွစ္ဖက္လုံး ႏွင့္ ဆက္ဆံေရးရွိၿပီး မဟာဗ်ဴဟာေျမာက္ အက်ိဳးစီးပြားမ်ားရွိေနသည့္အိႏၵိယႏိုင္ငံအတြက္ႀကီးမားသည့္ သက္ေရာက္မႈမ်ား ရွိလာခဲ့သည္။
အစၥေရး၏တိုက္ခိုက္မႈမ်ားသည္ အီရန္ႏိုင္ငံတစ္ဝန္းရွိ န်ဴကလီးယားစက္႐ုံမ်ား၊ စစ္ဖက္ဆိုင္ရာ ေနရာမ်ားႏွင့္ အျခားေသာမဟာဗ်ဴဟာေျမာက္ ေနရာမ်ားကို ဦးစားေပးတိုက္ခိုက္ျခင္းျဖစ္သည္။ အစီရင္ ခံစာအခ်ိဳ႕၏ ထုတ္ျပန္ခ်က္အရ အစၥေရးတို႔၏တိုက္ခိုက္မႈေၾကာင့္ ဗိုလ္ခ်ဳပ္ Mohammad Bagheri ႏွင့္ Hossein Salami အပါအဝင္ အီရန္ အဆင့္ျမင့္ေခါင္းေဆာင္အေတာ္မ်ားမ်ား ေသဆုံးခဲ့သည္ဟုဆိုသည္။ ယခုတိုက္ခိုက္မႈသည္ အီရန္၏ န်ဴကလီးယားစြမ္းေဆာင္ရည္ႏွင့္ မစ္ဆိုင္း အစီအစဥ္မ်ားကို ရည္႐ြယ္ တိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း အီရန္ စစ္ဘက္ကအတည္ျပဳေျပာဆိုခဲ့သည္။
အစၥေရးတို႔၏တိုက္ခိုက္မႈသည္ က်ဴးေက်ာ္ရန္စမႈျဖစ္ၿပီး ျပင္းျပန္ထန္ထန္ တုံ႔ျပန္သြားမည္ဟု အီရန္ ထိပ္တန္းေခါင္းေဆာင္မ်ားကလည္းေျပာဆိုခဲ့သည္။ လက္ေတြ႕လည္း တုံ႔ျပန္ခဲ့သည္။ အစၥေရး တို႔၏တိုက္ခိုက္မႈအၿပီးတြင္ အီရန္ႏိုင္ငံက ႏိုင္ငံေတာ္အေရးေပၚအေျခအေနေၾကညာခဲ့ၿပီး အစၥေရးတို႔ကို လက္စားေခ်တိုက္ခိုက္မႈမ်ားျပဳလုပ္ခဲ့သည္။ အစီရင္ခံစာမ်ားအရ အီရန္တို႔၏ မစ္ဆိုင္းဒုံးက်ည္ျဖင့္တိုက္ ခိုက္မႈသည္ အစၥေရးနယ္ေျမအတြင္းသို႔ အခ်ိဳ႕ေသာ မစ္ဆိုင္းမ်ား က်ေရာက္ခဲ့ရာ ေသေက်ဒဏ္ရာရရွိမႈ ႏွင့္ ပ်က္စီးမႈမ်ားရွိခဲ့သည္။
အီရန္ႏိုင္ငံသည္ အိႏၵိယႏိုင္ငံ၏ လွ်ပ္စစ္ ဝါယာႀကိဳးပိုက္အမ်ိဳးမ်ိဳးကို ဗဟုအာရွေဒသသို႔ ပို႔ ေဆာင္ရာႏိုင္ငံျဖစ္သည္။ အိႏၵိယႏိုင္ငံသည္ အီရန္ ႏိုင္ငံ၏ Chabahar ဆိပ္ကမ္းတြင္ ဘီလ်ံေပါင္းမ်ားစြာ ရင္းႏွီးျမႇဳပ္ႏွံထားသည္။ အဆိုပါဆိပ္ကမ္းသည္ ဗဟု အာရွေဒသႏွင့္တိုက္႐ိုက္ခ်ိတ္ဆက္မႈ တည္ေဆာက္ မည့္ပါကစၥတန္ႏိုင္ငံရွိ Gwadar ဆိပ္ကမ္းႏွင့္ အၿပိဳင္လည္းျဖစ္သည္။ ဗဟိုအာရွေဒသသည္ စြမ္းအင္ လုံၿခဳံေရးႏွင့္ ပတ္သက္၍သာမက ေျမရွားသတၱဳမ်ား အရည္အေသြးေကာင္းမြန္မႈေၾကာင့္ အိႏၵိယႏိုင္ငံ အတြက္ အလြန္အေရးႀကီးသည့္ေဒသလည္း ျဖစ္သည္။ သို႔ေသာ္ အိႏၵိယႏိုင္ငံသည္ ဗဟိုအာရွ ေဒသႏွင့္ နယ္နိမိတ္ တိုက္႐ိုက္ဆက္စပ္မႈမရွိျဖစ္ေနရာ ကုန္သြယ္မႈအလားအလာတြင္ အကန႔္အသတ္ရွိသည္။ အီရန္-အစၥေရးပဋိပကၡသည္ အိႏၵိယႏွင့္လမ္းပန္းဆက္သြယ္မႈ အခ်ိတ္အဆက္မ်ားႏွင့္ ကာလရွည္ၾကာ ေမွ်ာ္လင့္ထားသည့္ International North South Corridor လမ္းေၾကာင္း တိုးတက္မႈကိုလည္း ေႏွာင့္ေႏွးသြားေစမည္ျဖစ္သည္။
ေဒသတြင္းတင္းမာမႈမ်ားသည္ Chabahar ဆိပ္ကမ္းမွတစ္ဆင့္ ဆက္သြယ္မည့္ ကုန္သြယ္ ဆက္ဆံေရးျဖစ္သည့္ အိႏၵိယႏွင့္အာဖဂန္ နစၥတန္ၾကား ဆက္သြယ္မႈကို ေဆာင္႐ြက္ႏိုင္မည္ျဖစ္သည္။ အဆိုပါ ျဖစ္ႏိုင္ေျခအရ တ႐ုတ္ႏိုင္ငံသည္ သက္တမ္းတိုးေဆာင္႐ြက္ႏိုင္ေရး ႀကိဳးပမ္းလ်က္ရွိရာ အာဖဂန္ နစၥတန္ႏိုင္ငံတြင္ အိႏၵိယႏိုင္ငံ၏ေနရာကို ခပ္ျမန္ျမန္ယူလာမည္ျဖစ္သည္။ မၾကာေသးမီက တ႐ုတ္-ပါကစၥတန္-အာဖဂန္နစၥတန္ သုံးႏိုင္ငံ ေဆြးေႏြးပြဲျဖစ္ေပၚလာျခင္းသည္ တ႐ုတ္ႏိုင္ငံ၏ႀကိဳးပမ္း အားထုတ္မႈနမူနာတစ္ခုျဖစ္သည္။
ထို႔ျပင္ အီရန္-အစၥေရးပဋိပကၡသည္ အိႏၵိယႏိုင္ငံ၏ စြမ္းအင္လုံၿခဳံေရးႏွင့္ စီးပြားေရးအေပၚ ႐ိုက္ခတ္ေစမည္ျဖစ္သည္။ အိႏၵိယႏိုင္ငံသည္ ေရနံသြင္းကုန္အေပၚ အဓိက မွီခိုေနရျခင္းျဖစ္သည္။ ေရနံစိမ္းသြင္းကုန္၏ (၈၀) ရာခိုင္ႏႈန္းမွာ အီရန္ႏွင့္ ပင္လယ္ေကြ႕ႏိုင္ငံမ်ားအပါအဝင္ အေနာက္အာရွ ေဒသမွရရွိျခင္းျဖစ္သည္။ အဆိုပါပဋိပကၡသည္ ကမာၻ႔ေရနံေဈးႏႈန္းကိုျမင့္တက္ေစၿပီး တင္းမာမႈမ်ား ထပ္မံျမင့္တက္လာပါက အႏၲရာယ္ႀကီးမားသည့္အဆင့္သို႔ေရာက္ရွိလာမည္ျဖစ္သည္။ ေရနံေဈးႏႈန္း သည္ တစ္စည္လွ်င္ အေမရိကန္ေဒၚလာ (၁၂၀) အထိ ေရာက္ရွိလာရာ ေငြေၾကးေဖာင္းပြမႈျဖစ္ေပၚကာ အိႏၵိယႏိုင္ငံ၏ စီးပြားေရးအေပၚ ႐ိုက္ခတ္လာမည္ျဖစ္ သည္။ ေရနံေဈးႏႈန္းျမင့္မားျခင္းသည္ သယ္ယူပို႔ ေဆာင္ေရးအေပၚ ႐ိုက္ခတ္ကာ ကုန္စည္ႏွင့္ဝန္ေဆာင္မႈေဈးႏႈန္းမ်ားကိုလည္း ျမင့္တက္ေစမည္ျဖစ္ရာ စီး ပြားေရးတိုးတက္မႈအေပၚထိခိုက္ေစမည္ျဖစ္သည္။
ယခုပဋိပကၡသည္ ေဒသတြင္းရွိအိႏၵိယ ႏိုင္ငံသားမ်ားအတြက္ လုံၿခဳံေရးအႏၲရာယ္လည္း ၿခိမ္းေျခာက္လာႏိုင္သည္။ အစၥေရး တြင္ေနထိုင္သည့္ အိႏၵိယႏိုင္ငံသား (၁၈၀ဝဝ)ႏွင့္ အီရန္ႏိုင္ငံတြင္ ေနထိုင္သည့္ အိႏၵိယႏိုင္ငံသား (၁၀ဝဝဝ)တို႔သည္ မည္ သည့္ပဋိပကၡႏွင့္ မည္သည့္တင္းမာမႈ ျဖစ္သည္ ျဖစ္ေစ ၎တို႔၏ လုံၿခဳံေရးအတြက္အႏၲရာယ္ရွိသည္။ အိႏၵိယအစိုးရသည္ ခရီးသြားအႀကံျပဳခ်က္မ်ား ထုတ္ျပန္ထားၿပီး ႏိုင္ငံသားမ်ား၏ လုံၿခဳံေရးအတြက္ အေျခအေနကို အနီးကပ္ေစာင့္ၾကည့္လ်က္ရွိ သည္။ အစၥေရးႏိုင္ငံ၏ အီရန္အေပၚတိုက္ခိုက္မႈသည္ ပါကစၥတန္ႏိုင္ငံ၏ မဟာဗ်ဴဟာေျမာက္ အထင္က ရရွိမႈကို တိုးတက္ေစႏိုင္သည္။ စြမ္းရည္ပိုင္းအရ အားနည္းသည္ အီရန္ႏိုင္ငံအေနျဖင့္ အိႏၵိယႏိုင္ငံ အတြက္ မ်က္ႏွာသာမေပး ႏိုင္ဘဲ ေဒသတြင္းရွိ ပါကစၥတန္ႏိုင္ငံအေပၚ တြင္သာ ဦးစားေပးႏိုင္သည္။ အီရန္ႏိုင္ငံသည္ အစၥလာမ္ႏိုင္ငံျဖစ္ေသာ္လည္း ပါကစၥတန္ႏိုင္ငံႏွင့္ ခိုင္မာသည့္ ဆက္ဆံေရးမရွိပါ။ ယင္းအစား ေဒသတြင္း၌ တ႐ုတ္- ပါကစၥ တန္စီမံခ်က္မ်ားႏွင့္ယွဥ္ၿပိဳင္ရန္ နည္းလမ္း ရွာေဖြေနျခင္း ေၾကာင့္ အီရန္ႏိုင္ငံမွာ အိႏၵိယႏိုင္ငံအတြက္ ပို၍အေရးႀကီးသည္။ မၾကာေသးမီႏွစ္မ်ားအတြင္းက အီရန္ႏွင့္ ပါကစၥတန္ႏွစ္ႏိုင္ငံၾကားဆက္ဆံေရးမွာ ပ်က္စီးယိုယြင္းခဲ့သည္။ ႏွစ္ႏိုင္ငံတို႔တြင္ အၾကမ္းဖက္ အဖြဲ႕မ်ား ျဖတ္ေက်ာ္ဝင္ေရာက္ေၾကာင္း အျပန္အလွန္ စြပ္စြဲၿပီး (၂၀၂၄) ခုႏွစ္ ဇန္နဝါရီလတြင္ ႏွစ္ဖက္အ ျပန္အလွန္တိုက္ခိုက္မႈမ်ား ျပဳလုပ္ခဲ့ၾကသည္။
အိႏၵိယႏွင့္ပါကစၥတန္တို႔သည္လည္း အ ၾကမ္းဖက္တိုက္ခိုက္မႈကိုအေၾကာင္းျပဳ၍ အျပန္အလွန္ တိုက္ခိုက္ခဲ့ၾကသည္။ အိႏၵိယႏိုင္ငံသည္ အေမရိကန္ႏိုင္ငံက ပါကစၥတန္ႏိုင္ငံကို ေထာက္ပံ့ေပးမည္ကို စိုးရိမ္ေနျခင္းျဖစ္သည္။ သမၼတေဒၚနယ္ ထရမ့္သည္ အိႏၵိယႏိုင္ငံ၏ သေဘာတူညီခ်က္မရဘဲ အိႏၵိယ ႏွင့္ပါကစၥတန္ႏိုင္ငံတို႔ကို အပစ္အခတ္ ရပ္စဲေရး သေဘာတူညီခ်က္ရရွိေအာင္ ကူညီေပးခဲ့ေၾကာင္း ထုတ္ ျပန္ေၾကညာခဲ့သည္။ အေမရိကန္ႏိုင္ငံက အိႏၵိယႏိုင္ငံကို ပါကစၥတန္ႏိုင္ငံႏွင့္ တစ္တန္း တည္း ထား၍ ဆက္ဆံျခင္းအေပၚ အိႏၵိယႏိုင္ငံက အလိုမက်ျဖစ္ေနခဲ့သည္။ အကယ္၍ အီရန္ႏွင့္ အစၥေရး ပဋိပကၡ ယခုထက္ ပိုမိုျပင္းထန္လာပါက အီရန္ႏွင့္ နယ္နိမိတ္ျခင္းထိစပ္ေနသည့္ ပါကစၥတန္ႏိုင္ငံသည္ အေမရိ ကန္ႏိုင္ငံအတြက္ တန္ဖိုးႀကီးသည့္ ပထဝီႏိုင္ငံေရးနယ္ေျမတစ္ခုျဖစ္ပါလိမ့္မည္။ ပါကစၥတန္ ႏိုင္ငံ အတြက္လည္း အေမရိကန္ႏိုင္ငံက စစ္ေရး၊ ဘ႑ာေရးအေထာက္အပံ့မ်ားေပးပါလိမ့္မည္။ ယင္း ကို လည္း အိႏၵိယႏိုင္ငံက မလြဲမေသြဆန႔္က်င္မည္သာျဖစ္သည္။
အိႏၵိယႏိုင္ငံသည္ အစၥေရး၊ အီရန္ ႏွစ္ ႏိုင္ငံလုံးႏွင့္ ဆက္ဆံေရး ဆက္ထိန္းထားမည္ျဖစ္သည္။ အိႏၵိယႏိုင္ငံသည္ အစၥေရးႏိုင္ငံႏွင့္ ကာကြယ္ေရးႏွင့္ နည္းပညာပိုင္းတြင္ ခိုင္မာသည့္ဆက္ဆံေရးရွိၿပီး အီရန္ႏိုင္ငံႏွင့္မူ သမိုင္းေၾကာင္းႏွင့္ ယဥ္ ေက်းမႈအဆက္အစပ္အရ တန္ဖိုးထားသည့္ ႏိုင္ငံျဖစ္ သည္။ ပဋိပကၡအရွိန္ျမင့္လာသည္ႏွင့္အမွ် အိႏၵိယႏိုင္ငံအေနျဖင့္ မိတ္ဖက္ႏွစ္ဦးအနက္ တစ္ဦးကိုေ႐ြးခ်ယ္ၿပီး ရွင္းလင္းသည့္ ရပ္တည္ခ်က္ရွိရန္ လိုအပ္လာမည္ျဖစ္သည္။ အိႏၵိယႏိုင္ငံသည္ ၎၏ မဟာ ဗ်ဴဟာ ေျမာက္အက်ိဳးစီးပြားကို ကာကြယ္ရန္ႏွင့္ ေဒသတြင္းတြင္ ၎၏ဩဇာကိုထိန္းသိမ္းရန္ နည္းလမ္းရွာေဖြ ေနျခင္းျဖစ္ရာ ဟန္ခ်က္ညီေရး ေဆာင္႐ြက္မႈမွာအေရးႀကီးသည္။ သို႔ေသာ္ ယခုအခါ အဆိုပါ ဟန္ခ်က္ ညီေရး ႀကိဳးပမ္းခ်က္ (Balancing Act)မွာ စိန္ေခၚမႈမ်ားရွိလာၿပီျဖစ္ရာ နည္းလမ္းသစ္ ရွာေဖြရန္ လိုအပ္လာၿပီ ျဖစ္ေၾကာင္း သုံးသပ္ရသည္။

Related news

© 2021. All rights reserved.