လီဗာပူးလ်ကစားသမား ဒီယေဂို ဂျိုတာ မင်္ဂလာဆောင်ပြီး နှစ်ပတ်အကြာမှာ ယာဉ်မတော်တဆမှုကြောင့် သေဆုံး

1315

ALynn(NP News)
ပေါ်တူဂီမီဒီယာတွေရဲ့ ဖော်ပြချက်အရ လီဗာပူးလ်အသင်းရဲ့ ကြယ်ပွင့်ကစားသမား ဒီယေဂို ဂျိုတာ ဟာ အသက် (၂၈) နှစ်အရွယ်မှာပဲ ကားမတော်တဆမှုတစ်ခုကြောင့် ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ဘောလုံးသမားဟာ ညီဖြစ်သူ အသက် (၂၆) နှစ်အရွယ် ဘောလုံးသမား အန်ဒရီ နဲ့အတူ ခရီးသွားနေစဉ် ဖြစ်ပွားခဲ့တာဖြစ်ပြီး၊ ဇာမိုရာပြည်နယ် (province of Zamora) က A-52 လမ်းမပေါ်မှာ ဖြစ်ခဲ့တာလို့ သိရပါတယ်။
Castilla နဲ့ Leon ဒေသက အရေးပေါ်ကယ်ဆယ်ရေးတွေကလည်း ဒီကားတိုက်မှုဖြစ်ပွားခဲ့ကြောင်းကို ထုတ်ပြန်ပြီး အတည်ပြုခဲ့ပါတယ်။
အဲဒီ ဒေသရဲ့ ၁-၁-၂ စစ်ဆင်ရေးအခန်းကနေ ဇာမိုရာ (Zamora)၊ ဆာနာဒီလာ (Cernadilla) မြို့နယ်ရှိ A-52 လမ်းမရဲ့ (၆၅) ကီလိုမီတာမှာ ယာဉ်မတော်တဆမှုဖြစ်ပွားကြောင်း ဖုန်းခေါ်ဆိုမှုများစွာ လက်ခံရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ကားတစ်စီး မတော်တဆမှုဖြစ်ပြီး မီးလောင်နေတယ်လို့ သတင်းပို့လာတာ ဖြစ်ပါတယ်။
၁-၁-၂ ကနေ ဇာမိုရာ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ဇာမိုရာပြည်နယ် ကောင်စီ မီးသတ်တပ်ဖွဲ့နဲ့ ဆာဆိုင်းလ် အရေးပေါ် ပေါင်းစပ်ညှိနှိုင်းရေးစင်တာ (Sacyl Emergency Coordination Center - CCU) တို့ကို ဒီမတော်တဆမှုအကြောင်း အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။
ထို့နောက် Mombuey ကျန်းမာရေးစင်တာမှ ဆေးဘက်ဆိုင်ရာအရေးပေါ်ယူနစ် (UME) နဲ့ ရှေးဦးကျန်းမာရေးစောင့်ရှောက်မှုဆေးဘက်ဝန်ထမ်းများ (MAP) ကို စေလွှတ်ခဲ့ရာ နေရာမှာတင် လူနှစ်ဦးသေဆုံးခဲ့ကြောင်းကို အတည်ပြုနိုင်ခဲ့ပါတယ်လို့ ထုတ်ပြန်ချက်မှာ ဆက်လက်ဖော်ပြထားပါတယ်။
ဒီသတင်းဟာ အရမ်းကို ဝမ်းနည်းစရာကောင်းပါတယ်။ ဒီယိုဂိုဂျိုတာဟာ သူ့ရဲ့ချစ်သူ Rute Cardoso နဲ့ ပေါ်တူဂီနိုင်ငံ၊ Porto မြို့မှာ မင်္ဂလာဆောင်ခဲ့တာ ရက်သတ္တပတ် နှစ်ပတ်သာ ရှိသေးတယ်လို့ သိရပါတယ်။ သူဟာ ဇနီးသည်နဲ့ ကလေးသုံးဦးတို့ကို ထားရစ်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
ပေါ်တူဂီအားကစားသမား ဒီယေဂိုဂျိုတာဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကမှ အသက် (၂၈) နှစ် ပြည့်ခဲ့တာဖြစ်ပြီး ဇွန်လ (၂၂) ရက်နေ့မှာ ဇနီးသည် Rute နဲ့အတူ မင်္ဂလာပွဲကျင်းပခဲ့ပါတယ်။
ဒီစုံတွဲဟာ အထက်တန်းကျောင်းတစ်ကျောင်းတည်း တက်ခဲ့ကြပြီး (၂၀၁၃) ခုနှစ်မှာ စတင်ချစ်ကြိုက်ခဲ့ကြတာပါ။ (၂၀၂၂) ခုနှစ် နွေရာသီမှာ စေ့စပ်ခဲ့ကြတဲ့ ဒီယိုဂိုနဲ့ Rute ဟာ (၂၀၂၁) ခုနှစ်၊ ဖေဖော်ဝါရီလမှာတော့ သားဦးလေး Dinis ကို ကြိုဆိုခဲ့ကြပါတယ်။
သူတို့မိသားစုရဲ့ ဒုတိယမြောက်ရင်သွေးလေးကတော့ (၂၀၂၃) ခုနှစ်၊ မတ်လမှာ ပျော်ရွှင်ကျန်းမာစွာ မွေးဖွားခဲ့ပြီး တတိယမြောက်ရင်သွေးလေးကိုတော့ (၂၀၂၄) ခုနှစ်၊ နိုဝင်ဘာလ (၂၆) ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။

Zawgyi Version:
လီဗာပူးလ္ကစားသမား ဒီေယဂို ဂ်ိဳတာ မဂၤလာေဆာင္ၿပီး ႏွစ္ပတ္အၾကာမွာ ယာဥ္မေတာ္တဆမႈေၾကာင့္ ေသဆုံး
ALynn(NP News)
ေပၚတူဂီမီဒီယာေတြရဲ႕ ေဖာ္ျပခ်က္အရ လီဗာပူးလ္အသင္းရဲ႕ ၾကယ္ပြင့္ကစားသမား ဒီေယဂို ဂ်ိဳတာ ဟာ အသက္ (၂၈) ႏွစ္အ႐ြယ္မွာပဲ ကားမေတာ္တဆမႈတစ္ခုေၾကာင့္ ကြယ္လြန္သြားခဲ့တယ္လို႔ သိရပါတယ္။
အဆိုပါ ေဘာလုံးသမားဟာ ညီျဖစ္သူ အသက္ (၂၆) ႏွစ္အ႐ြယ္ ေဘာလုံးသမား အန္ဒရီ နဲ႔အတူ ခရီးသြားေနစဥ္ ျဖစ္ပြားခဲ့တာျဖစ္ၿပီး၊ ဇာမိုရာျပည္နယ္ (province of Zamora) က A-52 လမ္းမေပၚမွာ ျဖစ္ခဲ့တာလို႔ သိရပါတယ္။
Castilla နဲ႔ Leon ေဒသက အေရးေပၚကယ္ဆယ္ေရးေတြကလည္း ဒီကားတိုက္မႈျဖစ္ပြားခဲ့ေၾကာင္းကို ထုတ္ျပန္ၿပီး အတည္ျပဳခဲ့ပါတယ္။
အဲဒီ ေဒသရဲ႕ ၁-၁-၂ စစ္ဆင္ေရးအခန္းကေန ဇာမိုရာ (Zamora)၊ ဆာနာဒီလာ (Cernadilla) ၿမိဳ႕နယ္ရွိ A-52 လမ္းမရဲ႕ (၆၅) ကီလိုမီတာမွာ ယာဥ္မေတာ္တဆမႈျဖစ္ပြားေၾကာင္း ဖုန္းေခၚဆိုမႈမ်ားစြာ လက္ခံရရွိခဲ့တယ္လို႔ ေဖာ္ျပထားပါတယ္။ ကားတစ္စီး မေတာ္တဆမႈျဖစ္ၿပီး မီးေလာင္ေနတယ္လို႔ သတင္းပို႔လာတာ ျဖစ္ပါတယ္။
၁-၁-၂ ကေန ဇာမိုရာ ယာဥ္ထိန္းရဲတပ္ဖြဲ႕၊ ဇာမိုရာျပည္နယ္ ေကာင္စီ မီးသတ္တပ္ဖြဲ႕နဲ႔ ဆာဆိုင္းလ္ အေရးေပၚ ေပါင္းစပ္ညႇိႏႈိင္းေရးစင္တာ (Sacyl Emergency Coordination Center - CCU) တို႔ကို ဒီမေတာ္တဆမႈအေၾကာင္း အေၾကာင္းၾကားခဲ့တယ္လို႔ သိရပါတယ္။
ထို႔ေနာက္ Mombuey က်န္းမာေရးစင္တာမွ ေဆးဘက္ဆိုင္ရာအေရးေပၚယူနစ္ (UME) နဲ႔ ေရွးဦးက်န္းမာေရးေစာင့္ေရွာက္မႈေဆးဘက္ဝန္ထမ္းမ်ား (MAP) ကို ေစလႊတ္ခဲ့ရာ ေနရာမွာတင္ လူႏွစ္ဦးေသဆုံးခဲ့ေၾကာင္းကို အတည္ျပဳႏိုင္ခဲ့ပါတယ္လို႔ ထုတ္ျပန္ခ်က္မွာ ဆက္လက္ေဖာ္ျပထားပါတယ္။
ဒီသတင္းဟာ အရမ္းကို ဝမ္းနည္းစရာေကာင္းပါတယ္။ ဒီယိုဂိုဂ်ိဳတာဟာ သူ႔ရဲ႕ခ်စ္သူ Rute Cardoso နဲ႔ ေပၚတူဂီႏိုင္ငံ၊ Porto ၿမိဳ႕မွာ မဂၤလာေဆာင္ခဲ့တာ ရက္သတၱပတ္ ႏွစ္ပတ္သာ ရွိေသးတယ္လို႔ သိရပါတယ္။ သူဟာ ဇနီးသည္နဲ႔ ကေလးသုံးဦးတို႔ကို ထားရစ္ခဲ့တယ္လို႔လည္း ေဖာ္ျပထားပါတယ္။
ေပၚတူဂီအားကစားသမား ဒီယိုဂိုဂ်ိဳတာဟာ ၿပီးခဲ့တဲ့ ဒီဇင္ဘာလကမွ အသက္ (၂၈) ႏွစ္ ျပည့္ခဲ့တာျဖစ္ၿပီး ဇြန္လ (၂၂) ရက္ေန႔မွာ ဇနီးသည္ Rute နဲ႔အတူ မဂၤလာပြဲက်င္းပခဲ့ပါတယ္။
ဒီစုံတြဲဟာ အထက္တန္းေက်ာင္းတစ္ေက်ာင္းတည္း တက္ခဲ့ၾကၿပီး (၂၀၁၃) ခုႏွစ္မွာ စတင္ခ်စ္ႀကိဳက္ခဲ့ၾကတာပါ။ (၂၀၂၂) ခုႏွစ္ ေႏြရာသီမွာ ေစ့စပ္ခဲ့ၾကတဲ့ ဒီယိုဂိုနဲ႔ Rute ဟာ (၂၀၂၁) ခုႏွစ္၊ ေဖေဖာ္ဝါရီလမွာေတာ့ သားဦးေလး Dinis ကို ႀကိဳဆိုခဲ့ၾကပါတယ္။
သူတို႔မိသားစုရဲ႕ ဒုတိယေျမာက္ရင္ေသြးေလးကေတာ့ (၂၀၂၃) ခုႏွစ္၊ မတ္လမွာ ေပ်ာ္႐ႊင္က်န္းမာစြာ ေမြးဖြားခဲ့ၿပီး တတိယေျမာက္ရင္ေသြးေလးကိုေတာ့ (၂၀၂၄) ခုႏွစ္၊ ႏိုဝင္ဘာလ (၂၆) ရက္ေန႔မွာ ေမြးဖြားခဲ့တာျဖစ္ပါတယ္။