တက္ကသိုလ်များ၊ သုတေသနဌာနများ နှင့် MSME လုပ်ငန်းရှင်များချိတ်ဆက်ဆောင်ရွက်နိုင်ရန် နစကဥက္ကဋ္ဌ ပြော

188

သက်ပိုင်(NP News) - ဇူလိုင် ၄
တက္ကသိုလ်များ၊ သုတေသနဌာနများနှင့် MSME လုပ်ငန်းရှင်များအကြား ချိတ်ဆက်ဆောင်ရွက်နိုင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏သတင်းထုတ်ပြန်ချက်အရ သိရသည်။
နေပြည်တော်ရှိ Jasmine Naypyitaw ဟိုတယ်၌ ဇူလိုင်လ (၃) ရက် နံနက်ပိုင်းက ပြုလုပ်သော နိုင်ငံတကာမူပိုင်ခွင့်ညီလာခံ - ၂၀၂၅ (International Conference on Intellectual Property – 2025)တွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ဆန်းသစ်တီထွင်မှုများသည် လူသားအားလုံးအတွက် အစဉ်အမြဲလိုအပ်နေသည့် အရာဖြစ်ကြောင်း၊ ရှေးဦးတီထွင်ဆန်းသစ်သူများကြောင့်လည်း ယနေ့ဖွံ့ဖြိုးတိုးတက်မှုများကို မိမိတို့ရရှိခံစားနေကြရခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် ဆန်းသစ်တီထွင်မှုနှင့် ဖန်တီးမှုများ မြင့်မားတိုးတက်လာစေရန်အတွက် တက္ကသိုလ်များ၊ သုတေသနဌာနများနှင့် MSME လုပ်ငန်းရှင်များအကြား ချိတ်ဆက်ပေးမည့် ဂေဟစနစ်တစ်ရပ်ကိုလည်း ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားခဲ့ကြောင်းသိရသည်။
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၏လုပ်ငန်းရှင်များ အသုံးပြုလျက်ရှိကြသည့် အမှတ်တံဆိပ်များ၊ ထုတ်လုပ်သည့်ဖန်တီးမှုဒီဇိုင်းများ၊ တီထွင်ဖန်တီးမှုများနှင့် စာပေနှင့်အနုပညာလက်ရာများသည် မူပိုင်ခွင့်အကာအကွယ်ပေးသည့်စနစ်ဖြင့် အကာအကွယ်ရယူနိုင်မည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။ ထို့ပြင်တက္ကသိုလ်များနှင့် သုတေသနဌာနများက တီထွင်ဖန်တီးမှုများကို ဈေးကွက်တွင် ဖြန့်ဖြူးနိုင်စေရန်အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်းသည်လည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်သော ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကျင့်သုံးနေသည့်စနစ်တစ်ရပ်ဖြစ်သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် MSME ကဏ္ဍတွင် မူပိုင်ခွင့်အသုံးချမှုမြှင့်တင်နိုင်ရေးကိုလည်း တွန်းအားပေးဆောင်ရွက်ကြရန် လိုအပ်မည်ဟုလည်း ထပ်လောင်းပြောကြားခဲ့ကြောင်း သိရ သည်။
လက်ရှိတွင် အကျိုးစီးပွားနှင့်တီထွင်ဖန်တီးမှုများကို ထိရောက်စွာ အကာအကွယ်ပေးနိုင်စေရန်အတွက် မူပိုင်ခွင့်ဥပဒေ(၄)မျိုးဖြစ်သည့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ တီထွင်မှု မူပိုင်ခွင့်ဥပဒေနှင့် စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေများကို ၂၀၁၉ ခုနှစ်အတွင်း၌ အတည်ပြုပြဋ္ဌာန်းခဲ့ကြောင်းနှင့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေနှင့် စာပေနှင့် အနုပညာမူပိုင်ခွင့်ဥပဒေများကို ၂၀၂၃ ခုနှစ် တွင်လည်းကောင်း၊ တီထွင်မှု မူပိုင်ခွင့်ဥပဒေကို ၂၀၂၄ ခုနှစ်တွင်လည်းကောင်း အာဏာတည်ခဲ့ပြီး အထူးဥပဒေ (Special Law) များအနေဖြင့် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိနေပြီဖြစ်ကြောင်းလည်း နစကဥက္ကဋ္ဌက ပြောကြားခဲ့သည်။

zawgyi version
တကၠသိုလ္မ်ား၊ သုေတသနဌာနမ်ား ႏွင့္ MSME လုပ္ငန္းရွင္မ်ားခ်ိတ္ဆက္ေဆာင္႐ြက္ႏိုင္ရန္ နစကဥကၠ႒ ေျပာ
သက္ပိုင္(NP News) - ဇူလိုင္ ၄
တကၠသိုလ္မ်ား၊ သုေတသနဌာနမ်ားႏွင့္ MSME လုပ္ငန္းရွင္မ်ားအၾကား ခ်ိတ္ဆက္ေဆာင္႐ြက္ႏိုင္ရန္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏သတင္းထုတ္ျပန္ခ်က္အရ သိရသည္။
ေနျပည္ေတာ္ရွိ Jasmine Naypyitaw ဟိုတယ္၌ ဇူလိုင္လ (၃) ရက္ နံနက္ပိုင္းက ျပဳလုပ္ေသာ ႏိုင္ငံတကာမူပိုင္ခြင့္ညီလာခံ - ၂၀၂၅ (International Conference on Intellectual Property – 2025)တြင္ ယခုကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။ ဆန္းသစ္တီထြင္မႈမ်ားသည္ လူသားအားလုံးအတြက္ အစဥ္အၿမဲလိုအပ္ေနသည့္ အရာျဖစ္ေၾကာင္း၊ ေရွးဦးတီထြင္ဆန္းသစ္သူမ်ားေၾကာင့္လည္း ယေန႔ဖြံ႕ၿဖိဳးတိုးတက္မႈမ်ားကို မိမိတို႔ရရွိခံစားေနၾကရျခင္း ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ ဆန္းသစ္တီထြင္မႈႏွင့္ ဖန္တီးမႈမ်ား ျမင့္မားတိုးတက္လာေစရန္အတြက္ တကၠသိုလ္မ်ား၊ သုေတသနဌာနမ်ားႏွင့္ MSME လုပ္ငန္းရွင္မ်ားအၾကား ခ်ိတ္ဆက္ေပးမည့္ ေဂဟစနစ္တစ္ရပ္ကိုလည္း ေဆာင္႐ြက္ရန္ လိုအပ္မည္ျဖစ္ေၾကာင္း နစက ဥကၠ႒က ေျပာၾကားခဲ့ေၾကာင္းသိရသည္။
အေသးစား၊ အငယ္စားႏွင့္ အလတ္စားစီးပြားေရးလုပ္ငန္းမ်ား၏လုပ္ငန္းရွင္မ်ား အသုံးျပဳလ်က္ရွိၾကသည့္ အမွတ္တံဆိပ္မ်ား၊ ထုတ္လုပ္သည့္ဖန္တီးမႈဒီဇိုင္းမ်ား၊ တီထြင္ဖန္တီးမႈမ်ားႏွင့္ စာေပႏွင့္အႏုပညာလက္ရာမ်ားသည္ မူပိုင္ခြင့္အကာအကြယ္ေပးသည့္စနစ္ျဖင့္ အကာအကြယ္ရယူႏိုင္မည္ဟုလည္း ထည့္သြင္းေျပာၾကားခဲ့သည္။ ထို႔ျပင္တကၠသိုလ္မ်ားႏွင့္ သုေတသနဌာနမ်ားက တီထြင္ဖန္တီးမႈမ်ားကို ေဈးကြက္တြင္ ျဖန႔္ျဖဴးႏိုင္ေစရန္အတြက္ အေသးစား၊ အငယ္စားႏွင့္ အလတ္စားစီးပြားေရးလုပ္ငန္းရွင္မ်ားႏွင့္ ခ်ိတ္ဆက္ေဆာင္႐ြက္ျခင္းသည္လည္း စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္ေသာ ကမာၻ႔ႏိုင္ငံအသီးသီးတြင္ က်င့္သုံးေနသည့္စနစ္တစ္ရပ္ျဖစ္သည္ကို ေတြ႕ရွိရမည္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ MSME က႑တြင္ မူပိုင္ခြင့္အသုံးခ်မႈျမႇင့္တင္ႏိုင္ေရးကိုလည္း တြန္းအားေပးေဆာင္႐ြက္ၾကရန္ လိုအပ္မည္ဟုလည္း ထပ္ေလာင္းေျပာၾကားခဲ့ေၾကာင္း သိရ သည္။
လက္ရွိတြင္ အက်ိဳးစီးပြားႏွင့္တီထြင္ဖန္တီးမႈမ်ားကို ထိေရာက္စြာ အကာအကြယ္ေပးႏိုင္ေစရန္အတြက္ မူပိုင္ခြင့္ဥပေဒ(၄)မ်ိဳးျဖစ္သည့္ ကုန္အမွတ္တံဆိပ္မူပိုင္ခြင့္ဥပေဒ၊ စက္မႈဒီဇိုင္းမူပိုင္ခြင့္ဥပေဒ၊ တီထြင္မႈ မူပိုင္ခြင့္ဥပေဒႏွင့္ စာေပႏွင့္အႏုပညာ မူပိုင္ခြင့္ဥပေဒမ်ားကို ၂၀၁၉ ခုႏွစ္အတြင္း၌ အတည္ျပဳျပ႒ာန္းခဲ့ေၾကာင္းႏွင့္ ကုန္အမွတ္တံဆိပ္မူပိုင္ခြင့္ဥပေဒ၊ စက္မႈဒီဇိုင္းမူပိုင္ခြင့္ဥပေဒႏွင့္ စာေပႏွင့္ အႏုပညာမူပိုင္ခြင့္ဥပေဒမ်ားကို ၂၀၂၃ ခုႏွစ္ တြင္လည္းေကာင္း၊ တီထြင္မႈ မူပိုင္ခြင့္ဥပေဒကို ၂၀၂၄ ခုႏွစ္တြင္လည္းေကာင္း အာဏာတည္ခဲ့ၿပီး အထူးဥပေဒ (Special Law) မ်ားအေနျဖင့္ အေကာင္အထည္ ေဖာ္ေဆာင္႐ြက္လ်က္ရွိေနၿပီျဖစ္ေၾကာင္းလည္း နစကဥကၠ႒က ေျပာၾကားခဲ့သည္။