တောရွာအချို့တွင် ဘကကျောင်းကိုသာ အားကိုးအားထားပြုနေရသော်လည်း ထောက်ပံ့မှုအားနည်းနေ

 257

စော(NP News)-ဇူလိုင် ၄
တောရွာအချို့တွင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကိုသာ အားကိုးအားထားပြုနေရ သော်လည်း ငွေ ကြေးထောက်ပံ့မှု နည်းပါးနေကြောင်း ကျောင်းတိုင်ဆရာတော်တစ်ပါးက NP News သို့ မိန့်ကြားသည်။
(၂၀၂၄-၂၀၂၅)ပညာသင်နှစ်တွင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းပေါင်း (၁၃၈၀)ကျောင်းပေါင်း ဖွင့်လှစ် ခဲ့ပြီး စုစုပေါင်းကျောင်းသား (၃၃၈၇၁၃)ဦး တက်ရောက်ပညာသင်ယူခဲ့ကြောင်း ဘုန်းတော်ကြီးကျောင်းပညာ သင်ကြား မှု(ဗဟို)ကြီး ကြပ်ရေးအဖွဲ့ (၃၁)ကြိမ်မြောက် အစည်းအဝေး၏ထုတ်ပြန်ချက်များအရ သိရသည်။
အဆိုပါအစည်းအဝေးတွင် နိုင်ငံတော် အစိုးရက အလေးထားဆောင်ရွက်နေသည့် ပညာရေးတွင်ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများသည် များစွာအထောက်အကူဖြစ်သည်ကို တွေ့ရှိရ ကြောင်းလည်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
အစစအရာရာအခမဲ့နီးပါးဖြစ်သည့်အပြင် အစားအသောက်လည်းကျွေးမွေးတတ်သောကြောင့် ငွေကြေးချို့တဲ့ သော မိဘများအနေဖြင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများကို အားကိုးအားထားပြု နေရခြင်းဖြစ်သည်။
“အထူးအားဖြင့် အစိုးရကျောင်းမှာ မတတ်နိုင်တဲ့ကလေးတွေကျတော့ ဒီဘုန်းတော်ကြီးသင်ပညာရေး ကျောင်း မှာပဲ တက်ကြရတယ်များတယ်။ အဲဒီလိုဆိုတော့ တောရွာတွေမှာပဲ အဓိကအားပြုရတာပေါ့။ မြို့ရွာတွေမှာ နည်းတော့နည်းတာပေါ့။ ဒါပေမဲ့ ရှိပါတယ်။ အားပြုရတာကတော့ သေချာပါတယ်။ ဘုန်း‌တော်ကြီးသင် ပညာရေး ကျောင်းက မရှိမဖြစ်ပေါ့။ တောတွေ၊နယ်တွေမှာပေါ့။ တော၊နယ်တွေမှာက မရှိတဲ့လူက များတယ်ဆိုတော့ ရွာမှာ အစိုးရအ တန်းကျောင်းရှိပေမဲ့လည်း ဘုန်းတော်ကြီးသင်ပညာ ရေးကျောင်းပဲ အားပြုရတဲ့နေရာတွေ အများကြီးရှိပါ တယ်” ဟု ဆရာတော်က မိန့်သည်။
မြို့‌ပေါ်ဒေသများရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများတွင် အလှူရှင်များက လှူဒါန်းမှုများ အထိုက် အလျှောက်ရှိနေသော်လည်း ကျေးရွာများတွင် အလှူရှင်ထောက်ပံ့မှုအားနည်းသည့်အ တွက် မပြိုလဲစေရန် ရပ်တည် နေကြရကြောင်း ၎င်းက ဆိုသည်။
“အဲဒီလိုအားကိုးအားထားပြုနေပေမဲ့လည်း ရှိတဲ့ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေကလည်းပဲ များ သေားအားဖြင့် ထောက်ပံ့မှုကျတော့ အားနည်းတာပေါ့။ ပုံမှန်ထောက်ပံ့မှုအားနည်းတဲ့အခါကျတော့ ကိုယ့်သ‌ဘောနဲ့ ကိုယ် မပြိုအောင်ရပ်တည်ကြတာနည်းနည်းတော့ ခက်တာပေါ့”ဟု ဆရာ တော်က ဆက်လက်မိန့်ကြားသည်။
ဘုန်းတော်ကြီး သင်ပညာရေးကျောင်း များတွင် ကျောင်းသားဦးရေတိုးလာကာ အလှူရှင်များ နည်းပါးလာသည့် အတွက် စားဝတ်နေရေး အခက် အခဲများရှိနေကြောင်းလည်း ထွက်ပေါ်နေသော သတင်းများအရ သိရသည်။
ပြီးခဲ့သော (၂၀၂၃-၂၀၂၄) ပညာသင် နှစ်တွင် ဘုန်းတော်ကြီး သင်ပညာရေးကျောင်းပေါင်း (၁၃၈၉)ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းသား (၃၃၉၁၇၂)ဦး ပညာသင်ကြားခဲ့ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

Zawgyi Version:
ေတာ႐ြာအခ်ိဳ႕တြင္ ဘကေက်ာင္းကိုသာ အားကိုးအားထားျပဳေနရေသာ္လည္း ေထာက္ပံ့မႈအားနည္းေန
ေစာ(NP News)-ဇူလိုင္ ၄
ေတာ႐ြာအခ်ိဳ႕တြင္ ဘုန္းေတာ္ႀကီးသင္ ပညာေရးေက်ာင္းကိုသာ အားကိုးအားထားျပဳေနရ ေသာ္လည္း ေငြ ေၾကးေထာက္ပံ့မႈ နည္းပါးေနေၾကာင္း ေက်ာင္းတိုင္ဆရာေတာ္တစ္ပါးက NP News သို႔ မိန႔္ၾကားသည္။
(၂၀၂၄-၂၀၂၅)ပညာသင္ႏွစ္တြင္ ဘုန္းေတာ္ႀကီးသင္ပညာေရးေက်ာင္းေပါင္း (၁၃၈၀)ေက်ာင္းေပါင္း ဖြင့္လွစ္ ခဲ့ၿပီး စုစုေပါင္းေက်ာင္းသား (၃၃၈၇၁၃)ဦး တက္ေရာက္ပညာသင္ယူခဲ့ေၾကာင္း ဘုန္းေတာ္ႀကီးေက်ာင္းပညာ သင္ၾကား မႈ(ဗဟို)ႀကီး ၾကပ္ေရးအဖြဲ႕ (၃၁)ႀကိမ္ေျမာက္ အစည္းအေဝး၏ထုတ္ျပန္ခ်က္မ်ားအရ သိရသည္။
အဆိုပါအစည္းအေဝးတြင္ ႏိုင္ငံေတာ္ အစိုးရက အေလးထားေဆာင္႐ြက္ေနသည့္ ပညာေရးတြင္ဘုန္းေတာ္ႀကီး သင္ပညာေရးေက်ာင္းမ်ားသည္ မ်ားစြာအေထာက္အကူျဖစ္သည္ကို ေတြ႕ရွိရ ေၾကာင္းလည္း အဆိုပါထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထား သည္။
အစစအရာရာအခမဲ့နီးပါးျဖစ္သည့္အျပင္ အစားအေသာက္လည္းေကြၽးေမြးတတ္ေသာေၾကာင့္ ေငြေၾကးခ်ိဳ႕တဲ့ ေသာ မိဘမ်ားအေနျဖင့္ ဘုန္းေတာ္ႀကီးသင္ပညာေရးေက်ာင္းမ်ားကို အားကိုးအားထားျပဳ ေနရျခင္းျဖစ္သည္။
“အထူးအားျဖင့္ အစိုးရေက်ာင္းမွာ မတတ္ႏိုင္တဲ့ကေလးေတြက်ေတာ့ ဒီဘုန္းေတာ္ႀကီးသင္ပညာေရး ေက်ာင္း မွာပဲ တက္ၾကရတယ္မ်ားတယ္။ အဲဒီလိုဆိုေတာ့ ေတာ႐ြာေတြမွာပဲ အဓိကအားျပဳရတာေပါ့။ ၿမိဳ႕႐ြာေတြမွာ နည္းေတာ့နည္းတာေပါ့။ ဒါေပမဲ့ ရွိပါတယ္။ အားျပဳရတာကေတာ့ ေသခ်ာပါတယ္။ ဘုန္း‌ေတာ္ႀကီးသင္ ပညာေရး ေက်ာင္းက မရွိမျဖစ္ေပါ့။ ေတာေတြ၊နယ္ေတြမွာေပါ့။ ေတာ၊နယ္ေတြမွာက မရွိတဲ့လူက မ်ားတယ္ဆိုေတာ့ ႐ြာမွာ အစိုးရအ တန္းေက်ာင္းရွိေပမဲ့လည္း ဘုန္းေတာ္ႀကီးသင္ပညာ ေရးေက်ာင္းပဲ အားျပဳရတဲ့ေနရာေတြ အမ်ားႀကီးရွိပါ တယ္” ဟု ဆရာေတာ္က မိန႔္သည္။
ၿမိဳ႕‌ေပၚေဒသမ်ားရွိ ဘုန္းေတာ္ႀကီးသင္ ပညာေရးေက်ာင္းမ်ားတြင္ အလႉရွင္မ်ားက လႉဒါန္းမႈမ်ား အထိုက္ အေလွ်ာက္ရွိေနေသာ္လည္း ေက်း႐ြာမ်ားတြင္ အလႉရွင္ေထာက္ပံ့မႈအားနည္းသည့္အ တြက္ မၿပိဳလဲေစရန္ ရပ္တည္ ေနၾကရေၾကာင္း ၎က ဆိုသည္။
“အဲဒီလိုအားကိုးအားထားျပဳေနေပမဲ့လည္း ရွိတဲ့ဘုန္းေတာ္ႀကီးသင္ပညာေရးေက်ာင္းေတြကလည္းပဲ မ်ား ေသားအားျဖင့္ ေထာက္ပံ့မႈက်ေတာ့ အားနည္းတာေပါ့။ ပုံမွန္ေထာက္ပံ့မႈအားနည္းတဲ့အခါက်ေတာ့ ကိုယ့္သ‌ေဘာနဲ႔ ကိုယ္ မၿပိဳေအာင္ရပ္တည္ၾကတာနည္းနည္းေတာ့ ခက္တာေပါ့”ဟု ဆရာ ေတာ္က ဆက္လက္မိန႔္ၾကားသည္။
ဘုန္းေတာ္ႀကီး သင္ပညာေရးေက်ာင္း မ်ားတြင္ ေက်ာင္းသားဦးေရတိုးလာကာ အလႉရွင္မ်ား နည္းပါးလာသည့္ အတြက္ စားဝတ္ေနေရး အခက္ အခဲမ်ားရွိေနေၾကာင္းလည္း ထြက္ေပၚေနေသာ သတင္းမ်ားအရ သိရသည္။
ၿပီးခဲ့ေသာ (၂၀၂၃-၂၀၂၄) ပညာသင္ ႏွစ္တြင္ ဘုန္းေတာ္ႀကီး သင္ပညာေရးေက်ာင္းေပါင္း (၁၃၈၉)ေက်ာင္း ဖြင့္လွစ္ႏိုင္ခဲ့ၿပီး ေက်ာင္းသား (၃၃၉၁၇၂)ဦး ပညာသင္ၾကားခဲ့ေၾကာင္း သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။

Related news

© 2021. All rights reserved.