ကလေးငယ်တစ်ဦး ကျောင်းကားပေါ်တွင် ကျန်ခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ ကျောင်းကားဆရာ အပါအဝင် ဝန်ထမ်းများကို ပြစ်ဒဏ်ချမှတ်ခဲ့ဟုဆို

7590

စော(NP News)-ဇူလိုင်၃
လေးနှစ်ခွဲအရွယ်ကလေးငယ်တစ်ဦး မူကြိုကျောင်းကားပေါ်တွင် ကျန်ခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ ကျောင်းကားဆရာအပါအဝင် ဝန်ထမ်းနှင့်အကူဝန်ထမ်းကို ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း NELC Preschool(Aung Tha Pyay)သည် (ဇူလိုင် ၃ရက်) ရက်က အသိပေးထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန်လ ၂၆ရက်နေ့၊ နံနက်ပိုင်းအချိန်က ရန်ကုန်မြို့၊ NELC Preschool (Aung Tha Pyay) ကျောင်းခွဲမှ Nestling - 3 တွင် ပညာတက်ရောက် သင်ကြားနေသော ကျောင်းသားတစ်ဦးဖြစ်သူ မောင်မင်းဘုန်းမြတ်သည် နေအိမ်မှ ကျောင်းသို့ သွားရာ၌ ကျောင်းကားထိုင်ခုံတွင် အိပ်ပျော်ကာ လိုက်ပါလာခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါကျောင်းကားသည် ကျောင်းတွင် တပ်ဆင်ထားသော လုံခြုံရေးကင်မရာမှတ်တမ်းများအရ နံနက် (၉)နာရီဝန်းကျင်အချိန်တွင် ကျောင်းသို့ ရောက်ရှိလာခဲ့ပြီး ကျောင်းမှပြန်လည်ထွက်ခွာသည်အချိန်အထိ ကားဆရာနှင့် ကျောင်းသား၊ကျောင်းသူဦးရေ စိစစ်ကြီးကြပ်သူ ဝန်ထမ်းနှင့် အကူဝန်ထမ်းတို့၏ လုပ်ငန်းတာဝန်ပေါ့လျော့မှုကြောင့် မောင်မင်းဘုန်းမြတ်သည် အိပ်စက်လျက်ကားဖြင့်ပြန်ပါသွားခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ကျောင်းတက်ချိန်တွင် အတန်းပိုင်ဆရာမမှ အတန်းရှိကျောင်းသူ၊ကျောင်းသားဦးရေ စစ်ဆေးရာ မောင်မင်းဘုန်းမြတ်၏ ထမင်းချိုင့်ထည့်သောခြင်းကိုသာ တွေ့ရှိရပြီး ၎င်းအား မတွေ့ရှိခဲ့သဖြင့် ကျောင်းရုံးခန်းသို့ အလျင်အမြန် ဦးစွာသွားရောက် သတင်းပို့ခဲ့ကြောင်း အဆိုပါကျောင်းမှ ဆိုသည်။
ထို့ပြင် မောင်မင်းဘုန်းမြတ်အား အခြား စာသင်ခန်းများတွင် ရှိ၊ မရှိသွားရောက်စစ်ဆေးနေခြင်းကြောင့် မိဘများထံသို့ ဦးစွာချက်ခြင်း အသိပေးအကြောင်းကြားရန် သတိလစ်ဟင်းခဲ့ပြီး ကျောင်းရုံးခန်းမှ ကျောင်းသားကလေးငယ် နှင့် ထိုနေ့အတွက် ပထမဆုံးတွေ့ဆုံသူ ကျောင်းကားဆရာထံ ဖုန်းဆက်မေးမြန်းခဲ့ရာ ကားဆရာမှ ၎င်း၏ အိမ်အောက်ထပ်တွင် ရပ်နားထားသော ကျောင်းကားအား သွားရောက်၍ပြန်လည်စစ်ဆေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ထို့နောက် မောင်မင်းဘုန်းမြတ်အား ရပ်ကွက်တွင်းနေထိုင်သူအချို့နှင့်အတူ ကျောင်းကား အနီးတွင် လုံခြုံစွာပြန်လည် တွေ့ရှိရကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ရပ်ကွက်တွင်း နေထိုင်သူများ၏ ပြောပြချက်အရ ကျောင်းကားဆရာမှ ကျောင်းကားအား ၎င်း၏အိမ်အောက်တွင် ရပ်နားထားခဲ့ပြီး နံနက်စာစားသောက်ရန် အိမ်ပေါ်တက်သွားစဉ် မောင်မင်းဘုန်းမြတ်သည် ကားဒရိုင်ဘာ ထိုင်ခုံမှမှန်အား လှည့်ဖွင့်၍ အပြင်သို့ထွက်ခဲ့ကာ ကားအပြင်သို့ ရောက်ရှိပြီးနောက် အနီးနားရှိ ရပ်ကွက်တွင်းနေထိုင်သူ အမျိုးသမီးတစ်ဦးမှ ကျောင်းသားကလေးငယ်၏ လွယ်အိတ်ထဲတွင် Pick up card (ကျောင်းကြိုကဒ်) အားတွေ့ရှိခဲ့ပြီး ၎င်းကတ်တွင် ပါရှိသော အုပ်ထိန်းသူမိဘ၏ ဖုန်းသို့ဆက်သွယ် အကြောင်းကြားခဲ့ ပြီး ကားဆရာသည် ကျောင်းသားကလေးငယ်အား ကျောင်းသို့ ချက်ခြင်းပြန်လည် ပို့ဆောင်ခဲ့ကာ အတန်းပိုင်ဆရာမထံသို့ သေချာစွာ အပ်နှံခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကလေးငယ်၏ ဖခင်ကလည်း ၎င်း၏လူမှုကွန်ယက်ဖေ့စ်ဘွတ်ခ်စာမျက်နှာ ထက်တွင် “လေးနှစ်ခွဲအရွယ်ကလေးတစ်ယောက်ရဲ့ အကြောက်တရားနဲ့သေချင်းတရားကို တစ်ယောက်ထဲ ရင်ဆိုင်နေရတဲ့အချိန်မှာ သားသားဟာ ကိုယ်စွမ်းဥာဏ်စွမ်းသတ္တိရှိမှု့နဲ့ လွတ်မြောက်အောင်ကြိုးစားခဲ့တယ် သူနဲ့စိမ်းနေတဲ့လမ်းမကြီးပေါ်မှာ ပြေးလွှားငိုယိုနေတာကို ကူညီစောင့်ရှောက်ပေးခဲ့တဲ့ လမ်းထဲကလူတွေကိုလဲ ကျေးဇူးအများကြီးတင်ပါတယ်”ဟု ရေးသားထားသည်။
အဆိုပါဖြစ်စဉ်တွင် လုပ်ငန်းတာဝန်ပေါ့လျော့သော ကျောင်းကားဆရာ၊ ကျောင်းခွဲ၏ တာဝန်ရှိသူ ဝန်ထမ်း နှင့် အကူဝန်ထမ်းတို့အားလည်း ပြင်းပြင်းထန်ထန်သတိပေးခဲ့ပြီး ထိုက်သင့်သည့် ပြစ်ဒဏ် များလည်းချမှတ်ပြီး ဖြစ်ကြောင်း NELC Preschool(Aung Tha Pyay) ကအသိပေးထုတ်ပြန်ထားသည်။
အလားတူ ဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွားစေရန် လိုအပ်သော ကြပ်မတ်မှု နှင့် ပိုမိုတင်းကြပ်သော စည်းကမ်းများကို ပြင်ဆင်ချမှတ် သွားမည်ဖြစ်ကြောင်း ထပ်မံအသိပေးထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် (၂၀၂၃)ခုနှစ်၊ မေလ ၄ရက်က ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ဆပ်သွားတောကျေးရွာ၊ မြိုင်သာယာရပ်ကွက်တွင် ရပ်ကွက်ရှိ မူကြိုကျောင်းတွင် တက်ရောက်နေသော အသက်(၅)နှစ်အရွယ်ကလေးတစ်ဦးသည် ကျောင်းကားပေါ်တွင် ရေဘူးကျန်ခဲ့၍ ပြန်ယူရာမှ ကားပေါ်တွင် ပိတ်မိနေခဲ့သဖြင့် သေဆုံးသွားခဲ့သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။

Zawgyi Version:
ကေလးငယ္တစ္ဦး ေက်ာင္းကားေပၚတြင္ က်န္ခဲ့သည့္ကိစၥႏွင့္ပတ္သက္၍ ေက်ာင္းကားဆရာ အပါအဝင္ ဝန္ထမ္းမ်ားကို ျပစ္ဒဏ္ခ်မွတ္ခဲ့ဟုဆို
ေစာ(NP News)-ဇူလိုင္၃
ေလးႏွစ္ခြဲအ႐ြယ္ကေလးငယ္တစ္ဦး မူႀကိဳေက်ာင္းကားေပၚတြင္ က်န္ခဲ့သည့္ကိစၥႏွင့္ပတ္သက္၍ ေက်ာင္းကားဆရာအပါအဝင္ ဝန္ထမ္းႏွင့္အကူဝန္ထမ္းကို ျပစ္ဒဏ္ခ်မွတ္ခဲ့ေၾကာင္း NELC Preschool(Aung Tha Pyay)သည္ (ဇူလိုင္ ၃ရက္) ရက္က အသိေပးထုတ္ျပန္ထားသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ဇြန္လ ၂၆ရက္ေန႔၊ နံနက္ပိုင္းအခ်ိန္က ရန္ကုန္ၿမိဳ႕၊ NELC Preschool (Aung Tha Pyay) ေက်ာင္းခြဲမွ Nestling - 3 တြင္ ပညာတက္ေရာက္ သင္ၾကားေနေသာ ေက်ာင္းသားတစ္ဦးျဖစ္သူ ေမာင္မင္းဘုန္းျမတ္သည္ ေနအိမ္မွ ေက်ာင္းသို႔ သြားရာ၌ ေက်ာင္းကားထိုင္ခုံတြင္ အိပ္ေပ်ာ္ကာ လိုက္ပါလာခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါေက်ာင္းကားသည္ ေက်ာင္းတြင္ တပ္ဆင္ထားေသာ လုံၿခဳံေရးကင္မရာမွတ္တမ္းမ်ားအရ နံနက္ (၉)နာရီဝန္းက်င္အခ်ိန္တြင္ ေက်ာင္းသို႔ ေရာက္ရွိလာခဲ့ၿပီး ေက်ာင္းမွျပန္လည္ထြက္ခြာသည္အခ်ိန္အထိ ကားဆရာႏွင့္ ေက်ာင္းသား၊ေက်ာင္းသူဦးေရ စိစစ္ႀကီးၾကပ္သူ ဝန္ထမ္းႏွင့္ အကူဝန္ထမ္းတို႔၏ လုပ္ငန္းတာဝန္ေပါ့ေလ်ာ့မႈေၾကာင့္ ေမာင္မင္းဘုန္းျမတ္သည္ အိပ္စက္လ်က္ကားျဖင့္ျပန္ပါသြားခဲ့ေၾကာင္း ထုတ္ျပန္ထားသည္။
ေက်ာင္းတက္ခ်ိန္တြင္ အတန္းပိုင္ဆရာမမွ အတန္းရွိေက်ာင္းသူ၊ေက်ာင္းသားဦးေရ စစ္ေဆးရာ ေမာင္မင္းဘုန္းျမတ္၏ ထမင္းခ်ိဳင့္ထည့္ေသာျခင္းကိုသာ ေတြ႕ရွိရၿပီး ၎အား မေတြ႕ရွိခဲ့သျဖင့္ ေက်ာင္း႐ုံးခန္းသို႔ အလ်င္အျမန္ ဦးစြာသြားေရာက္ သတင္းပို႔ခဲ့ေၾကာင္း အဆိုပါေက်ာင္းမွ ဆိုသည္။
ထို႔ျပင္ ေမာင္မင္းဘုန္းျမတ္အား အျခား စာသင္ခန္းမ်ားတြင္ ရွိ၊ မရွိသြားေရာက္စစ္ေဆးေနျခင္းေၾကာင့္ မိဘမ်ားထံသို႔ ဦးစြာခ်က္ျခင္း အသိေပးအေၾကာင္းၾကားရန္ သတိလစ္ဟင္းခဲ့ၿပီး ေက်ာင္း႐ုံးခန္းမွ ေက်ာင္းသားကေလးငယ္ ႏွင့္ ထိုေန႔အတြက္ ပထမဆုံးေတြ႕ဆုံသူ ေက်ာင္းကားဆရာထံ ဖုန္းဆက္ေမးျမန္းခဲ့ရာ ကားဆရာမွ ၎၏ အိမ္ေအာက္ထပ္တြင္ ရပ္နားထားေသာ ေက်ာင္းကားအား သြားေရာက္၍ျပန္လည္စစ္ေဆးခဲ့ေၾကာင္း ထုတ္ျပန္ထားသည္။
ထို႔ေနာက္ ေမာင္မင္းဘုန္းျမတ္အား ရပ္ကြက္တြင္းေနထိုင္သူအခ်ိဳ႕ႏွင့္အတူ ေက်ာင္းကား အနီးတြင္ လုံၿခဳံစြာျပန္လည္ ေတြ႕ရွိရေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါ ရပ္ကြက္တြင္း ေနထိုင္သူမ်ား၏ ေျပာျပခ်က္အရ ေက်ာင္းကားဆရာမွ ေက်ာင္းကားအား ၎၏အိမ္ေအာက္တြင္ ရပ္နားထားခဲ့ၿပီး နံနက္စာစားေသာက္ရန္ အိမ္ေပၚတက္သြားစဥ္ ေမာင္မင္းဘုန္းျမတ္သည္ ကားဒ႐ိုင္ဘာ ထိုင္ခုံမွမွန္အား လွည့္ဖြင့္၍ အျပင္သို႔ထြက္ခဲ့ကာ ကားအျပင္သို႔ ေရာက္ရွိၿပီးေနာက္ အနီးနားရွိ ရပ္ကြက္တြင္းေနထိုင္သူ အမ်ိဳးသမီးတစ္ဦးမွ ေက်ာင္းသားကေလးငယ္၏ လြယ္အိတ္ထဲတြင္ Pick up card (ေက်ာင္းႀကိဳကဒ္) အားေတြ႕ရွိခဲ့ၿပီး ၎ကတ္တြင္ ပါရွိေသာ အုပ္ထိန္းသူမိဘ၏ ဖုန္းသို႔ဆက္သြယ္ အေၾကာင္းၾကားခဲ့ ၿပီး ကားဆရာသည္ ေက်ာင္းသားကေလးငယ္အား ေက်ာင္းသို႔ ခ်က္ျခင္းျပန္လည္ ပို႔ေဆာင္ခဲ့ကာ အတန္းပိုင္ဆရာမထံသို႔ ေသခ်ာစြာ အပ္ႏွံခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ယင္းျဖစ္စဥ္ႏွင့္ပတ္သက္၍ ကေလးငယ္၏ ဖခင္ကလည္း ၎၏လူမႈကြန္ယက္ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာ ထက္တြင္ “ေလးႏွစ္ခြဲအ႐ြယ္ကေလးတစ္ေယာက္ရဲ႕ အေၾကာက္တရားနဲ႔ေသခ်င္းတရားကို တစ္ေယာက္ထဲ ရင္ဆိုင္ေနရတဲ့အခ်ိန္မွာ သားသားဟာ ကိုယ္စြမ္းဥာဏ္စြမ္းသတၱိရွိမႈ႕နဲ႔ လြတ္ေျမာက္ေအာင္ႀကိဳးစားခဲ့တယ္ သူနဲ႔စိမ္းေနတဲ့လမ္းမႀကီးေပၚမွာ ေျပးလႊားငိုယိုေနတာကို ကူညီေစာင့္ေရွာက္ေပးခဲ့တဲ့ လမ္းထဲကလူေတြကိုလဲ ေက်းဇူးအမ်ားႀကီးတင္ပါတယ္”ဟု ေရးသားထားသည္။
အဆိုပါျဖစ္စဥ္တြင္ လုပ္ငန္းတာဝန္ေပါ့ေလ်ာ့ေသာ ေက်ာင္းကားဆရာ၊ ေက်ာင္းခြဲ၏ တာဝန္ရွိသူ ဝန္ထမ္း ႏွင့္ အကူဝန္ထမ္းတို႔အားလည္း ျပင္းျပင္းထန္ထန္သတိေပးခဲ့ၿပီး ထိုက္သင့္သည့္ ျပစ္ဒဏ္ မ်ားလည္းခ်မွတ္ၿပီး ျဖစ္ေၾကာင္း NELC Preschool(Aung Tha Pyay) ကအသိေပးထုတ္ျပန္ထားသည္။
အလားတူ ျဖစ္စဥ္မ်ိဳး ထပ္မံမျဖစ္ပြားေစရန္ လိုအပ္ေသာ ၾကပ္မတ္မႈ ႏွင့္ ပိုမိုတင္းၾကပ္ေသာ စည္းကမ္းမ်ားကို ျပင္ဆင္ခ်မွတ္ သြားမည္ျဖစ္ေၾကာင္း ထပ္မံအသိေပးထုတ္ျပန္ထားသည္။
ၿပီးခဲ့သည့္ (၂၀၂၃)ခုႏွစ္၊ ေမလ ၄ရက္က ရန္ကုန္တိုင္းေဒသႀကီး၊ ေမွာ္ဘီၿမိဳ႕နယ္၊ ဆပ္သြားေတာေက်း႐ြာ၊ ၿမိဳင္သာယာရပ္ကြက္တြင္ ရပ္ကြက္ရွိ မူႀကိဳေက်ာင္းတြင္ တက္ေရာက္ေနေသာ အသက္(၅)ႏွစ္အ႐ြယ္ကေလးတစ္ဦးသည္ ေက်ာင္းကားေပၚတြင္ ေရဘူးက်န္ခဲ့၍ ျပန္ယူရာမွ ကားေပၚတြင္ ပိတ္မိေနခဲ့သျဖင့္ ေသဆုံးသြားခဲ့သည့္ျဖစ္စဥ္ျဖစ္ပြားခဲ့ဖူးေၾကာင္း သိရသည္။