ယူကရိန်းအပစ်အခတ်ရပ်စဲရေးအတွက် ပထမဆုံးခြေလှမ်းကို ဘီလာရုစ်သမ္မတ ထုတ်ဖော်ပြောဆို

490

Pika (NP News) - ဇူလိုင် ၅
ရုရှားနှင့်ယူကရိန်းကြား ကျယ်ပြန့်သောအပစ်အခတ်ရပ်စဲရေးရရှိရန် ပထမဆုံးခြေလှမ်းအနေဖြင့် တာဝေးပစ် လက်နက်များအသုံးပြုကာ ရုရှားနယ်မြေများကို ပစ်ခတ်တိုက်ခိုက်နေခြင်းအား ရပ်တန့်ရန် ယူကရိန်းကို အမေရိကန်က ဖိအားပေးနိုင်ကြောင်း ဘီလာရုစ်သမ္မတ လူကာရှန်ကိုက ပြောကြားခဲ့သည်။
လူကာရှန်ကိုသည် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ အထူးသံတမန် ကိတ်ကယ်လော့နဲ့ မကြာသေးမီက တွေ့ဆုံခဲ့ပြီးနောက် ယခုလိုမှတ်ချက်ပြုပြောဆိုခဲ့ခြင်းဖြစ်သည်။ အဆိုပါတွေ့ဆုံမှုသည် နှစ်နိုင်ငံကြား ဆက်သွယ်မှုများကို နှစ်ပေါင်းများစွာကြာ ဖြတ်တောက်ခဲ့ပြီးနောက် အမေရိကန် နှင့် ဘီလာရုစ်နိုင်ငံကြား လုပ်ဆောင်ခဲ့သည့် ရှားပါးသော သံတမန်ရေးဆိုင်ရာ ထိတွေ့ဆက်ဆံမှုတစ်ခုဖြစ်ကြောင်းလည်း သိရသည်။
ထို့ပြင် ယူကရိန်းပဋိပက္ခကို မည်ကဲ့သို့ဖြေရှင်းရမလဲဆိုသည့် ၎င်း၏အမြင်များကို ကိတ်ကယ်လော့ နှင့် မျှဝေခဲ့ ကြောင်း လူကာရှန်ကိုက ပြောကြားခဲ့သည်။ လူကာရှန်ကို၏ ပြောဆိုချက်များအရ ရုရှားသမ္မတပူတင်က ရုရှားမြို့ များကို ယူကရိန်းဒရုန်းများ၊ အနောက်အုပ်စုထောက်ပံ့ပေးထားသော ခရုဇ်ဒုံးကျည်များနှင့် ပစ်ခတ်တိုက်ခိုက် နေမှုများ အဆုံးသတ်သွားသည်ကို လိုချင်ကြောင်းလည်း သိရသည်။
လူကာရှန်ကိုက “ရုရှားကို တိုက်ခိုက်နေတာတွေ ရပ်တန့်ဖို့ ယူကရိန်းသမ္မတဇီလန်စကီးကို ပြောကြားလိုပါတယ်။ ဒါပေမယ့်လည်း သူတို့က ဒီစစ်ပွဲကို အမှန်တကယ် အဆုံးသတ်ချင်တယ်ဆိုတာ ကျွန်တော်မယုံပါဘူး” ဟု ပြောခဲ့သည်။

Zawgyi Version:
ယူကရိန္းအပစ္အခတ္ရပ္စဲေရးအတြက္ ပထမဆုံးေျခလွမ္းကို ဘီလာ႐ုစ္သမၼတ ထုတ္ေဖာ္ေျပာဆို
Pika (NP News) - ဇူလိုင္ ၅
႐ုရွားႏွင့္ယူကရိန္းၾကား က်ယ္ျပန႔္ေသာအပစ္အခတ္ရပ္စဲေရးရရွိရန္ ပထမဆုံးေျခလွမ္းအေနျဖင့္ တာေဝးပစ္ လက္နက္မ်ားအသုံးျပဳကာ ႐ုရွားနယ္ေျမမ်ားကို ပစ္ခတ္တိုက္ခိုက္ေနျခင္းအား ရပ္တန႔္ရန္ ယူကရိန္းကို အေမရိကန္က ဖိအားေပးႏိုင္ေၾကာင္း ဘီလာ႐ုစ္သမၼတ လူကာရွန္ကိုက ေျပာၾကားခဲ့သည္။
လူကာရွန္ကိုသည္ အေမရိကန္သမၼတေဒၚနယ္ထရမ့္၏ အထူးသံတမန္ ကိတ္ကယ္ေလာ့နဲ႔ မၾကာေသးမီက ေတြ႕ဆုံခဲ့ၿပီးေနာက္ ယခုလိုမွတ္ခ်က္ျပဳေျပာဆိုခဲ့ျခင္းျဖစ္သည္။ အဆိုပါေတြ႕ဆုံမႈသည္ ႏွစ္ႏိုင္ငံၾကား ဆက္သြယ္မႈမ်ားကို ႏွစ္ေပါင္းမ်ားစြာၾကာ ျဖတ္ေတာက္ခဲ့ၿပီးေနာက္ အေမရိကန္ ႏွင့္ ဘီလာ႐ုစ္ႏိုင္ငံၾကား လုပ္ေဆာင္ခဲ့သည့္ ရွားပါးေသာ သံတမန္ေရးဆိုင္ရာ ထိေတြ႕ဆက္ဆံမႈတစ္ခုျဖစ္ေၾကာင္းလည္း သိရသည္။
ထို႔ျပင္ ယူကရိန္းပဋိပကၡကို မည္ကဲ့သို႔ေျဖရွင္းရမလဲဆိုသည့္ ၎၏အျမင္မ်ားကို ကိတ္ကယ္ေလာ့ ႏွင့္ မွ်ေဝခဲ့ ေၾကာင္း လူကာရွန္ကိုက ေျပာၾကားခဲ့သည္။ လူကာရွန္ကို၏ ေျပာဆိုခ်က္မ်ားအရ ႐ုရွားသမၼတပူတင္က ႐ုရွားၿမိဳ႕ မ်ားကို ယူကရိန္းဒ႐ုန္းမ်ား၊ အေနာက္အုပ္စုေထာက္ပံ့ေပးထားေသာ ခ႐ုဇ္ဒုံးက်ည္မ်ားႏွင့္ ပစ္ခတ္တိုက္ခိုက္ ေနမႈမ်ား အဆုံးသတ္သြားသည္ကို လိုခ်င္ေၾကာင္းလည္း သိရသည္။
လူကာရွန္ကိုက “႐ုရွားကို တိုက္ခိုက္ေနတာေတြ ရပ္တန႔္ဖို႔ ယူကရိန္းသမၼတဇီလန္စကီးကို ေျပာၾကားလိုပါတယ္။ ဒါေပမယ့္လည္း သူတို႔က ဒီစစ္ပြဲကို အမွန္တကယ္ အဆုံးသတ္ခ်င္တယ္ဆိုတာ ကြၽန္ေတာ္မယုံပါဘူး” ဟု ေျပာခဲ့သည္။