PDF အမည်ခံများ အပါအဝင် လက်နက်ကိုင်အုပ်စုများအနေဖြင့် နိုင်ငံနှင့်ဒေသအကျိုးသယ်ပိုးလိုပါက ကြိုဆိုနေကြောင်း နစက ထပ်မံဖိတ်ခေါ်

2440

သက်ပိုင် (NP News) - ဇူလိုင် ၅
PDF အမည်ခံများ အပါအဝင် လက်နက်ကိုင်လမ်းစဥ်ကို ရွေးချယ်ခဲ့သူများအနေဖြင့် နိုင်ငံနှင့်ဒေသအကျိုးသယ်ပိုး လိုပါက ကြိုဆိုလက်ခံလျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဇူလိုင်လ(၄)ရက်တွင် ထပ်မံ ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။
PDF အမည်ခံများ အပါအဝင် လက်နက်ကိုင်အုပ်စုများအနေဖြင့် ဒီမိုကရေစီ နှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးပေါ်ထွန်းလာရေးကိုမျှော်မှန်းကာ ဥပဒေဘောင်အတွင်း တရားဝင်ရပ်တည်ပြီး နိုင်ငံတော်အစိုးရ၊ တပ်မတော်တို့နှင့်လက်တွဲ၍ နိုင်ငံတော်အကျိုး၊ ဒေသအကျိုးကိုဖော်ဆောင်မည်ဆိုပါက နိုင်ငံတော်အစိုးရနှင့် တပ်မတော်က ကြိုဆိုလက်ခံမည်ဖြစ်ပါကြောင်းနှင့် ထိုသို့ဆန္ဒရှိပါက နီးစပ်ရာတပ်စခန်းများ၊ ဒေသအာဏာပိုင် များထံ ဆက်သွယ်ညှိနှိုင်းဆောင်ရွက်နိုင်ပါကြောင်း ဖိတ်ခေါ်ကြောင်း ဖိတ်ခေါ်ချက်တွင် ပါရှိသည်။
လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲပြန်လည်ကျင်းပပေးနိုင်ရေး ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော် အာဏာအရပ်ရပ်ကို တာဝန်ယူဆောင်ရွက်ခဲ့ရသည့် တပ်မတော်အား ဒီမိုကရေစီ နောက်ပြန်ဆွဲသည်ဟု CRPH နှင့် NUG တို့က ဝါဒဖြန့်ဆောင်ရွက်ခဲ့မှုများကို လက်ခံယုံကြည်ခဲ့၍ဖြစ်စေ၊ မိမိတို့၏ယုံကြည်ချက်၊ ခံယူချက်များသည် မှန်ကန်သည်ဟု ယူဆ၍ဖြစ်စေ လက်နက်ကိုင်လမ်းစဉ်ကို လိုက်ပါခဲ့ကြသော PDF အမည်ခံများ အပါအဝင် လက်နက်ကိုင်အုပ်စုများအားလုံး ပါဝင်ကြောင်း အဆိုပါ ဖိတ်ခေါ်ချက်ထုတ်ပြန်စာအရ သိရသည်။
အကြမ်းဖက်လုပ်ရပ်များကြောင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခြင်း ခံထားရသည့်အပြင် လူမှုကွန်ရက်စာမျက်နှာများတွင် လတ်တလောထွက်ပေါ်လာသည့်အချက်အလက်များအရ ၎င်းတို့၏ခေါင်းဆောင်ပိုင်း ပုဂ္ဂိုလ်များကပင် အသိအမှတ်ပြု လက်ခံထားခြင်းမရှိဘဲ ၎င်းတို့၏ ပုဂ္ဂိုလ်ရေး အကျိုးစီးပွားအတွက် တရားမဝင်ဖွဲ့စည်းထားသည့် CRPH နှင့် NUG တို့က ၎င်းတို့၏ မဲမသမာမှုများနှင့် နိုင်ငံတော် အာဏာကို အဓမ္မနည်းဖြင့်ရယူရန် ကြိုးပမ်းခဲ့မှုများကို ဖုံးကွယ်ကာ နိုင်ငံတော်အာဏာကို မတရား ဆက်လက်ရယူ ဆုပ်ကိုင်ထားလိုသည့်အတွက် ၎င်းတို့ကပင် ရွေးကောက်ခံအစိုးရဖြစ်သကဲ့သို့ ပုံဖော်ခဲ့ကြောင်း ဖိတ်ခေါ်ချက်တွင် ပါရှိသည်။
နိုင်ငံတော်အစိုးရ၊ ပြည်သူ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ PDF အမည်ခံများနှင့် တရားဝင်ရပ်တည်လျက်ရှိသည့် နိုင်ငံရေးပါတီတို့၏ မျှော်မှန်းချက်မှာဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံ သည့် ပြည်ထောင်စုတည်ဆောက်ရေးပင်ဖြစ်သည့်အတွက် ယခုကဲ့သို့ ဖိတ်ခေါ်ရခြင်းဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရှေ့လုပ်ငန်းစဉ် (၅) ရပ်ချမှတ်ကာ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲပြန်လည်ကျင်းပပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရှိပြီး လက်ရှိတွင် များစွာခရီးရောက်နေပြီဖြစ် ကြောင်း နှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးဆီသို့လျှောက်လှမ်းရန် တံခါးဝကြီး မှာ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးပင်ဖြစ်ကြောင်း ဖိတ်ခေါ်ချက် ထုတ်ပြန်စာတွင် ပါရှိသည်။
ထို့ကြောင့် လက်နက်ကိုင်လမ်းစဉ်ကို ဆက်လက်လျှောက်လှမ်းနေမည်ဆိုပါက နိုင်ငံတော်အတွက် အကျိုးရှိမည် မဟုတ်ဘဲ ဒီမိုကရေစီနောက်ပြန်သွားနေသကဲ့သို့သာဖြစ်နေမည်ဖြစ်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံ သည့် ပြည်ထောင်စုကြီးပေါ်ထွန်းလာရေးဆိုသည့် ရည်မှန်းချက်ပန်းတိုင်သည် CRPH နှင့် NUG တို့၏ ဝါဒမှိုင်း တိုက်မှုကြောင့် လမ်းစပျောက်သွားရန်မလိုဘဲ မိမိတို့၏ယုံကြည်ချက်၊ မိမိတို့၏ မျှော်မှန်းချက်လမ်းကြောင်းပေါ် ရောက်ရှိရေး ဆက်လက်လျှောက်လှမ်းရမည်သာဖြစ်ကြောင်း နှင့် လက်နက်ကိုင်လမ်းစဉ်ကြောင့် လူငယ်၊ လူရွယ် အများအပြား အသက်ဆုံးရှုံးကြရပြီး မျှော်မှန်းတည်ဆောက်လျက်ရှိသည့် ပြည်ထောင်စုကြီးအတွက် လူစွမ်းအား အရင်းအမြစ် ဆုံးရှုံးမှုကိုဖြစ်ပေါ်စေခဲ့သည်ဟု ဆိုသည်။
သို့ဖြစ်၍ လက်နက်ကိုင်လမ်းစဉ်ဖြင့် ဖြေရှင်းရန်ကြိုးပမ်းမှုသည် နှစ်ပေါင်း ၇၀ ကျော်ကြာသော်လည်း မည်သည့် ရလဒ်မျှမထွက်သည့်အပြင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့သည်ကို သင်ခန်းစာယူကာ PDF အမည်ခံများ အပါအဝင် လက်နက်ကိုင်အုပ်စုများအနေဖြင့် မိမိတို့ဒေသတည်ငြိမ်အေးချမ်းမှုမရှိခြင်း၊ မိမိတို့၏ လက်နက်ကိုင် လမ်းစဉ်တွင် ပါဝင်နေမှုကြောင့် မိမိတို့၏ မိဘညီအစ်ကိုမောင်နှမများနှင့် ဆွေမျိုးသားချင်းတို့ လူမှုစီးပွားဘဝများ ထိခိုက်ပျက်စီးကြရပြီး အတိဒုက္ခရောက်ကြရခြင်း၊ မိမိတို့ဒေသတည်ငြိမ်အေးချမ်းပြီး ပညာရေး၊ ကျန်းမာရေး အပါအဝင် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးတို့ကို ကို ထောက်ထား၍ အပြည့်အဝ ပူးပေါင်းပါဝင်လာကြရန်လိုကြောင်း ဖိတ်ခေါ်ချက်တွင်ပါရှိသည်။

Zawgyi Version:
PDF အမည္ခံမ်ား အပါအဝင္ လက္နက္ကိုင္အုပ္စုမ်ားအေနျဖင့္ ႏိုင္ငံႏွင့္ေဒသအက်ိဳးသယ္ပိုးလိုပါက ႀကိဳဆိုေန ေၾကာင္း နစက ထပ္မံဖိတ္ေခၚ
သက္ပိုင္ (NP News) - ဇူလိုင္ ၅
PDF အမည္ခံမ်ား အပါအဝင္ လက္နက္ကိုင္လမ္းစဥ္ကို ေ႐ြးခ်ယ္ခဲ့သူမ်ားအေနျဖင့္ ႏိုင္ငံႏွင့္ေဒသအက်ိဳးသယ္ပိုး လိုပါက ႀကိဳဆိုလက္ခံလ်က္ရွိေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီက ဇူလိုင္လ(၄)ရက္တြင္ ထပ္မံ ဖိတ္ေခၚခဲ့ျခင္းျဖစ္သည္။
PDF အမည္ခံမ်ား အပါအဝင္ လက္နက္ကိုင္အုပ္စုမ်ားအေနျဖင့္ ဒီမိုကေရစီ ႏွင့္ ဖက္ဒရယ္စနစ္ကိုအေျခခံသည့္ ျပည္ေထာင္စုႀကီးေပၚထြန္းလာေရးကိုေမွ်ာ္မွန္းကာ ဥပေဒေဘာင္အတြင္း တရားဝင္ရပ္တည္ၿပီး ႏိုင္ငံေတာ္အစိုးရ၊ တပ္မေတာ္တို႔ႏွင့္လက္တြဲ၍ ႏိုင္ငံေတာ္အက်ိဳး၊ ေဒသအက်ိဳးကိုေဖာ္ေဆာင္မည္ဆိုပါက ႏိုင္ငံေတာ္အစိုးရႏွင့္ တပ္မေတာ္က ႀကိဳဆိုလက္ခံမည္ျဖစ္ပါေၾကာင္းႏွင့္ ထိုသို႔ဆႏၵရွိပါက နီးစပ္ရာတပ္စခန္းမ်ား၊ ေဒသအာဏာပိုင္ မ်ားထံ ဆက္သြယ္ညႇိႏႈိင္းေဆာင္႐ြက္ႏိုင္ပါေၾကာင္း ဖိတ္ေခၚေၾကာင္း ဖိတ္ေခၚခ်က္တြင္ ပါရွိသည္။
လြတ္လပ္ၿပီးတရားမွ်တေသာ ေ႐ြးေကာက္ပြဲျပန္လည္က်င္းပေပးႏိုင္ေရး ဖြဲ႕စည္းပုံအေျခခံဥပေဒအရ ႏိုင္ငံေတာ္ အာဏာအရပ္ရပ္ကို တာဝန္ယူေဆာင္႐ြက္ခဲ့ရသည့္ တပ္မေတာ္အား ဒီမိုကေရစီ ေနာက္ျပန္ဆြဲသည္ဟု CRPH ႏွင့္ NUG တို႔က ဝါဒျဖန႔္ေဆာင္႐ြက္ခဲ့မႈမ်ားကို လက္ခံယုံၾကည္ခဲ့၍ျဖစ္ေစ၊ မိမိတို႔၏ယုံၾကည္ခ်က္၊ ခံယူခ်က္မ်ားသည္ မွန္ကန္သည္ဟု ယူဆ၍ျဖစ္ေစ လက္နက္ကိုင္လမ္းစဥ္ကို လိုက္ပါခဲ့ၾကေသာ PDF အမည္ခံမ်ား အပါအဝင္ လက္နက္ကိုင္အုပ္စုမ်ားအားလုံး ပါဝင္ေၾကာင္း အဆိုပါ ဖိတ္ေခၚခ်က္ထုတ္ျပန္စာအရ သိရသည္။
အၾကမ္းဖက္လုပ္ရပ္မ်ားေၾကာင့္ အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒအရ အၾကမ္းဖက္အုပ္စုအျဖစ္ ေၾကညာျခင္း ခံထားရသည့္အျပင္ လူမႈကြန္ရက္စာမ်က္ႏွာမ်ားတြင္ လတ္တေလာထြက္ေပၚလာသည့္အခ်က္အလက္မ်ားအရ ၎တို႔၏ေခါင္းေဆာင္ပိုင္း ပုဂၢိဳလ္မ်ားကပင္ အသိအမွတ္ျပဳ လက္ခံထားျခင္းမရွိဘဲ ၎တို႔၏ ပုဂၢိဳလ္ေရး အက်ိဳးစီးပြားအတြက္ တရားမဝင္ဖြဲ႕စည္းထားသည့္ CRPH ႏွင့္ NUG တို႔က ၎တို႔၏ မဲမသမာမႈမ်ားႏွင့္ ႏိုင္ငံေတာ္ အာဏာကို အဓမၼနည္းျဖင့္ရယူရန္ ႀကိဳးပမ္းခဲ့မႈမ်ားကို ဖုံးကြယ္ကာ ႏိုင္ငံေတာ္အာဏာကို မတရား ဆက္လက္ရယူ ဆုပ္ကိုင္ထားလိုသည့္အတြက္ ၎တို႔ကပင္ ေ႐ြးေကာက္ခံအစိုးရျဖစ္သကဲ့သို႔ ပုံေဖာ္ခဲ့ေၾကာင္း ဖိတ္ေခၚခ်က္တြင္ ပါရွိသည္။
ႏိုင္ငံေတာ္အစိုးရ၊ ျပည္သူ၊ တပ္မေတာ္၊ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ား၊ PDF အမည္ခံမ်ားႏွင့္ တရားဝင္ရပ္တည္လ်က္ရွိသည့္ ႏိုင္ငံေရးပါတီတို႔၏ ေမွ်ာ္မွန္းခ်က္မွာဒီမိုကေရစီႏွင့္ ဖက္ဒရယ္စနစ္ကိုအေျခခံ သည့္ ျပည္ေထာင္စုတည္ေဆာက္ေရးပင္ျဖစ္သည့္အတြက္ ယခုကဲ့သို႔ ဖိတ္ေခၚရျခင္းျဖစ္ေၾကာင္း သိရသည္။
ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီသည္ ေရွ႕လုပ္ငန္းစဥ္ (၅) ရပ္ခ်မွတ္ကာ ပါတီစုံဒီမိုကေရစီ အေထြေထြ ေ႐ြးေကာက္ပြဲျပန္လည္က်င္းပေပးႏိုင္ေရး ႀကိဳးပမ္းေဆာင္႐ြက္ရွိၿပီး လက္ရွိတြင္ မ်ားစြာခရီးေရာက္ေနၿပီျဖစ္ ေၾကာင္း ႏွင့္ ဒီမိုကေရစီႏွင့္ ဖက္ဒရယ္စနစ္ကိုအေျခခံသည့္ ျပည္ေထာင္စုႀကီးဆီသို႔ေလွ်ာက္လွမ္းရန္ တံခါးဝႀကီး မွာ လြတ္လပ္ၿပီးတရားမွ်တေသာ ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲႀကီးပင္ျဖစ္ေၾကာင္း ဖိတ္ေခၚခ်က္ ထုတ္ျပန္စာတြင္ ပါရွိသည္။
ထို႔ေၾကာင့္ လက္နက္ကိုင္လမ္းစဥ္ကို ဆက္လက္ေလွ်ာက္လွမ္းေနမည္ဆိုပါက ႏိုင္ငံေတာ္အတြက္ အက်ိဳးရွိမည္ မဟုတ္ဘဲ ဒီမိုကေရစီေနာက္ျပန္သြားေနသကဲ့သို႔သာျဖစ္ေနမည္ျဖစ္ၿပီး ဒီမိုကေရစီႏွင့္ ဖက္ဒရယ္စနစ္ကိုအေျခခံ သည့္ ျပည္ေထာင္စုႀကီးေပၚထြန္းလာေရးဆိုသည့္ ရည္မွန္းခ်က္ပန္းတိုင္သည္ CRPH ႏွင့္ NUG တို႔၏ ဝါဒမႈိင္း တိုက္မႈေၾကာင့္ လမ္းစေပ်ာက္သြားရန္မလိုဘဲ မိမိတို႔၏ယုံၾကည္ခ်က္၊ မိမိတို႔၏ ေမွ်ာ္မွန္းခ်က္လမ္းေၾကာင္းေပၚ ေရာက္ရွိေရး ဆက္လက္ေလွ်ာက္လွမ္းရမည္သာျဖစ္ေၾကာင္း ႏွင့္ လက္နက္ကိုင္လမ္းစဥ္ေၾကာင့္ လူငယ္၊ လူ႐ြယ္ အမ်ားအျပား အသက္ဆုံးရႈံးၾကရၿပီး ေမွ်ာ္မွန္းတည္ေဆာက္လ်က္ရွိသည့္ ျပည္ေထာင္စုႀကီးအတြက္ လူစြမ္းအား အရင္းအျမစ္ ဆုံးရႈံးမႈကိုျဖစ္ေပၚေစခဲ့သည္ဟု ဆိုသည္။
သို႔ျဖစ္၍ လက္နက္ကိုင္လမ္းစဥ္ျဖင့္ ေျဖရွင္းရန္ႀကိဳးပမ္းမႈသည္ ႏွစ္ေပါင္း ၇၀ ေက်ာ္ၾကာေသာ္လည္း မည္သည့္ ရလဒ္မွ်မထြက္သည့္အျပင္ ႏိုင္ငံေတာ္ဖြံ႕ၿဖိဳးတိုးတက္မႈ ေနာက္က်ခဲ့သည္ကို သင္ခန္းစာယူကာ PDF အမည္ခံမ်ား အပါအဝင္ လက္နက္ကိုင္အုပ္စုမ်ားအေနျဖင့္ မိမိတို႔ေဒသတည္ၿငိမ္ေအးခ်မ္းမႈမရွိျခင္း၊ မိမိတို႔၏ လက္နက္ကိုင္ လမ္းစဥ္တြင္ ပါဝင္ေနမႈေၾကာင့္ မိမိတို႔၏ မိဘညီအစ္ကိုေမာင္ႏွမမ်ားႏွင့္ ေဆြမ်ိဳးသားခ်င္းတို႔ လူမႈစီးပြားဘဝမ်ား ထိခိုက္ပ်က္စီးၾကရၿပီး အတိဒုကၡေရာက္ၾကရျခင္း၊ မိမိတို႔ေဒသတည္ၿငိမ္ေအးခ်မ္းၿပီး ပညာေရး၊ က်န္းမာေရး အပါအဝင္ ဘက္စုံဖြံ႕ၿဖိဳးတိုးတက္ေစေရးတို႔ကို ကို ေထာက္ထား၍ အျပည့္အဝ ပူးေပါင္းပါဝင္လာၾကရန္လိုေၾကာင္း ဖိတ္ေခၚခ်က္တြင္ပါရွိသည္။