ယူကရိန်းစစ်ပွဲနှင့်ပတ်သက်ပြီး ရည်ရွယ်ချက်များကို စွန့်လွှတ်မည်မဟုတ်ဟု ရုရှားသမ္မတပြော

 233

Pika (NP News) - ဇူလိုင် ၅
ရုရှားသမ္မတပူတင်က ယူကရိန်းအရေးနှင့်ပတ်သက်ပြီး ရည်ရွယ်ချက်များကို စွန့်လွှတ်မည်မဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။ ရုရှားသမ္မတပူတင်သည် ဇူလိုင် ၃ ရက်တွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့် နှင့် ဖုန်းဆက်ဆွေးနွေးချိန်အတွင်း ရုရှားနိုင်ငံ၏ ရည်ရွယ်ချက်များကို ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
ရုရှားသမ္မတပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့သည် ယူကရိန်းစစ်ပွဲနှင့်ပတ်သက်ပြီး အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရသည်။ အမေရိကန်သည် ရုရှားနှင့်ယူကရိန်းနိုင်ငံကြား သုံးနှစ်ကြာဖြစ်ပွားနေသည့်စစ်ပွဲကို အဆုံးသတ်ရန်ကြားဝင်စေ့စပ်နေသော်လည်း လက်ရှိအချိန်အထိ အပစ်ခတ်ရပ်စဲရေးရယူနိုင်ခြင်းမရှိသည့်အပေါ် စိတ်ဆိုးဒေါသဖြစ်နေကြောင်း သိရသည်။
ရုရှားအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူက ''ရုရှားသမ္မတဟာ အမေရိကန်သမ္မတ နဲ့ မိနစ် ၃၀ ကြာ ဆွေးနွေးခဲ့တယ်။ အဲဒီတွေ့ဆုံဆွေးနွေးမှုအတွင်း ရုရှားရဲ့ရည်မှန်းချက်တွေကိုလည်း ထည့်သွင်းပြောဆိုခဲ့တယ်။ ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်ပြီး ရုရှားရဲ့ရည်ရွယ်ချက်တွေကို စွန့်လွှတ်မှာ မဟုတ်တဲ့အချက်ကိုလည်း ရုရှားသမ္မတက ပြောခဲ့ပါတယ်။ ရုရှားသမ္မတက ယူကရိန်းနဲ့ရုရှားနိုင်ငံကြားဖြစ်ပွားနေတဲ့လက်ရှိပြသာနာတွေရဲ့ရေသောက်မြစ်ကို ဖြေရှင်းရမယ့် အချက်ကိုလည်း ပြောခဲ့တယ်'' ဟု ပြောသည်။
ရုရှားသည် ယူကရိန်းနိုင်ငံအပေါ် ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် ယူကရိန်းနိုင်ငံတောင်ပိုင်း နှင့် အရှေ့ပိုင်း ဒေသများရှိနေရာအများစုကို သိမ်းယူထားနိုင်ကြောင်း သိရသည်။ ရုရှားသမ္မတပူတင်က ရုရှားသည် ယူကရိန်း စစ်ပွဲအပစ်ခတ်ရပ်စဲရေးစေ့စပ်ဆွေးနွေးပွဲများတွင် ဆက်လက်ပါဝင်သွားမည်ဖြစ်ကြောင်း ပြောသည်။
ရုရှားအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူက “ရုရှားဟာ ယူကရိန်းနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲ အဆုံးသတ်နိုင်အောင် အမေရိကန်ဦးဆောင်ပြုလုပ်တဲ့စေ့စပ်ဆွေးနွေးပွဲတွေမှာ ဆက်လက်ပါဝင်သွားမယ်" ဟု ပြောသည်။ ဒေါ်နယ်ထရမ့် သည် အမေရိကန်သမ္မတဖြစ်လာခဲ့ပြီးနောက်ပိုင်း ရုရှား နှင့် ယူကရိန်းနိုင်ငံကြား အပစ်ခတ်ရပ်စဲနိုင်ရန် ကြားဝင် ကြိုးပမ်းခဲ့သော်လည်း လက်ရှိအချိန်အထိ တိုးတက်မှုမရှိသေးကြောင်း သိရသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က "ကျွန်တော်ဟာ ရုရှားသမ္မတထံ ဖုန်းခေါ်ပြီးဆွေးနွေးခဲ့တယ်။ အီရန်အပါအဝင် ကမ္ဘာရေးရာကိစ္စ များကိုဆွေးနွေးခဲ့တယ်။ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီးလည်း ဆွေးနွေးခဲ့တယ်။ ဒါပေမယ့် ပျော်ရွှင်ရတဲ့ အခြေအနေမျိုး မရှိခဲ့ဘူး။ ကျွန်တော်ဟာ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး တိုးတက်အောင်လုပ်ဆောင်နိုင်ခြင်း မရှိသေးဘူး'' ဟု ပြောသည်။
ဒေါ်နယ်ထရမ့်သည် အမေရိကန်သမ္မတဖြစ်လာမည်ဆိုလျှင် ရုရှားနှင့် ယူကရိန်းနိုင်ငံကြားဖြစ်ပွားနေသည့်စစ်ပွဲကို ၂၄ နာရီအတွင်း အဆုံးသတ်ရန်လုပ်ဆောင်မည်ဟု ကတိပြုပြောဆိုခဲ့ဖူးသူဖြစ်သည်။

Zawgyi Version:
ယူကရိန္းစစ္ပြဲႏွင့္ပတ္သက္ၿပီး ရည္႐ြယ္ခ်က္မ်ားကို စြန႔္လႊတ္မည္မဟုတ္ဟု ႐ုရွားသမၼတေျပာ
Pika (NP News) - ဇူလိုင္ ၅
႐ုရွားသမၼတပူတင္က ယူကရိန္းအေရးႏွင့္ပတ္သက္ၿပီး ရည္႐ြယ္ခ်က္မ်ားကို စြန႔္လႊတ္မည္မဟုတ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္သည္။ ႐ုရွားသမၼတပူတင္သည္ ဇူလိုင္ ၃ ရက္တြင္ အေမရိကန္သမၼတေဒၚနယ္ထရမ့္ ႏွင့္ ဖုန္းဆက္ေဆြးေႏြးခ်ိန္အတြင္း ႐ုရွားႏိုင္ငံ၏ ရည္႐ြယ္ခ်က္မ်ားကို ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။
႐ုရွားသမၼတပူတင္ႏွင့္ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္တို႔သည္ ယူကရိန္းစစ္ပြဲႏွင့္ပတ္သက္ၿပီး အဓိကထား ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။ အေမရိကန္သည္ ႐ုရွားႏွင့္ယူကရိန္းႏိုင္ငံၾကား သုံးႏွစ္ၾကာျဖစ္ပြားေနသည့္စစ္ပြဲကို အဆုံးသတ္ရန္ၾကားဝင္ေစ့စပ္ေနေသာ္လည္း လက္ရွိအခ်ိန္အထိ အပစ္ခတ္ရပ္စဲေရးရယူႏိုင္ျခင္းမရွိသည့္အေပၚ စိတ္ဆိုးေဒါသျဖစ္ေနေၾကာင္း သိရသည္။
႐ုရွားအစိုးရအဖြဲ႕ေျပာေရးဆိုခြင့္ရွိသူက ''႐ုရွားသမၼတဟာ အေမရိကန္သမၼတ နဲ႔ မိနစ္ ၃၀ ၾကာ ေဆြးေႏြးခဲ့တယ္။ အဲဒီေတြ႕ဆုံေဆြးေႏြးမႈအတြင္း ႐ုရွားရဲ႕ရည္မွန္းခ်က္ေတြကိုလည္း ထည့္သြင္းေျပာဆိုခဲ့တယ္။ ယူကရိန္းစစ္ပြဲနဲ႔ ပတ္သက္ၿပီး ႐ုရွားရဲ႕ရည္႐ြယ္ခ်က္ေတြကို စြန႔္လႊတ္မွာ မဟုတ္တဲ့အခ်က္ကိုလည္း ႐ုရွားသမၼတက ေျပာခဲ့ပါတယ္။ ႐ုရွားသမၼတက ယူကရိန္းနဲ႔႐ုရွားႏိုင္ငံၾကားျဖစ္ပြားေနတဲ့လက္ရွိျပသာနာေတြရဲ႕ေရေသာက္ျမစ္ကို ေျဖရွင္းရမယ့္ အခ်က္ကိုလည္း ေျပာခဲ့တယ္'' ဟု ေျပာသည္။
႐ုရွားသည္ ယူကရိန္းႏိုင္ငံအေပၚ ထိုးစစ္ဆင္တိုက္ခိုက္ၿပီးေနာက္ ယူကရိန္းႏိုင္ငံေတာင္ပိုင္း ႏွင့္ အေရွ႕ပိုင္း ေဒသမ်ားရွိေနရာအမ်ားစုကို သိမ္းယူထားႏိုင္ေၾကာင္း သိရသည္။ ႐ုရွားသမၼတပူတင္က ႐ုရွားသည္ ယူကရိန္း စစ္ပြဲအပစ္ခတ္ရပ္စဲေရးေစ့စပ္ေဆြးေႏြးပြဲမ်ားတြင္ ဆက္လက္ပါဝင္သြားမည္ျဖစ္ေၾကာင္း ေျပာသည္။
႐ုရွားအစိုးရအဖြဲ႕ေျပာေရးဆိုခြင့္ရွိသူက “႐ုရွားဟာ ယူကရိန္းနဲ႔ျဖစ္ပြားေနတဲ့စစ္ပြဲ အဆုံးသတ္ႏိုင္ေအာင္ အေမရိကန္ဦးေဆာင္ျပဳလုပ္တဲ့ေစ့စပ္ေဆြးေႏြးပြဲေတြမွာ ဆက္လက္ပါဝင္သြားမယ္" ဟု ေျပာသည္။ ေဒၚနယ္ထရမ့္ သည္ အေမရိကန္သမၼတျဖစ္လာခဲ့ၿပီးေနာက္ပိုင္း ႐ုရွား ႏွင့္ ယူကရိန္းႏိုင္ငံၾကား အပစ္ခတ္ရပ္စဲႏိုင္ရန္ ၾကားဝင္ ႀကိဳးပမ္းခဲ့ေသာ္လည္း လက္ရွိအခ်ိန္အထိ တိုးတက္မႈမရွိေသးေၾကာင္း သိရသည္။ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က "ကြၽန္ေတာ္ဟာ ႐ုရွားသမၼတထံ ဖုန္းေခၚၿပီးေဆြးေႏြးခဲ့တယ္။ အီရန္အပါအဝင္ ကမာၻေရးရာကိစၥ မ်ားကိုေဆြးေႏြးခဲ့တယ္။ ယူကရိန္းစစ္ပြဲနဲ႔ပတ္သက္ၿပီးလည္း ေဆြးေႏြးခဲ့တယ္။ ဒါေပမယ့္ ေပ်ာ္႐ႊင္ရတဲ့ အေျခအေနမ်ိဳး မရွိခဲ့ဘူး။ ကြၽန္ေတာ္ဟာ ယူကရိန္းစစ္ပြဲနဲ႔ပတ္သက္ၿပီး တိုးတက္ေအာင္လုပ္ေဆာင္ႏိုင္ျခင္း မရွိေသးဘူး'' ဟု ေျပာသည္။
ေဒၚနယ္ထရမ့္သည္ အေမရိကန္သမၼတျဖစ္လာမည္ဆိုလွ်င္ ႐ုရွားႏွင့္ ယူကရိန္းႏိုင္ငံၾကားျဖစ္ပြားေနသည့္စစ္ပြဲကို ၂၄ နာရီအတြင္း အဆုံးသတ္ရန္လုပ္ေဆာင္မည္ဟု ကတိျပဳေျပာဆိုခဲ့ဖူးသူျဖစ္သည္။

Related news

© 2021. All rights reserved.