လာမယ့်(၂၄)နာရီအတွင်း အပစ်အခတ်ရပ်စဲရေးအပေါ် ဟားမက်လက်နက်ကိုင်အဖွဲ့ရဲ့တုံ့ပြန်မှုတွေကို သိရနိုင်တယ်လို့ ဒေါ်နယ်ထရမ့်ပြော

114
Pika (NP News) - ဇူလိုင် ၅
ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးနဲ့အပစ်အခတ်ရပ်စဲရေးရယူဖို့အတွက် အဆိုပြုချက်ကို ဟားမက်လက်နက်ကိုင် အဖွဲ့က ဘယ်လိုမျိုးတုံ့ပြန်မလဲဆိုတာကို အချိန်(၂၄)နာရီအတွင်း သိရနိုင်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကပြောကြားခဲ့ပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ ရက်ပေါင်း(၆ဝ)ကြာ အပစ်အခတ်ရပ်စဲရေးကို အပြီးသတ်ဖို့ လိုအပ်တဲ့အခြေအနေ တွေကို အစ္စရေးက လက်ခံခဲ့တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဒေါ်နယ်ထရမ့်က ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ အဲဒီအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ဟာ ဂါဇာစစ်ပွဲအဆုံးသတ်ကို ဦးတည်သွားစေမယ့် ရှင်းလင်း ပြတ်သားတဲ့အာမခံချက်တွေကို ဟားမက်လက်နက်ကိုင်အဖွဲ့က ရှာဖွေနေတယ်လို့ သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် ရက်ပေါင်း(၆ဝ)ကြာ အပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို လက်ရှိအချိန် အထိ ဆက်လက်ဆောင်ရွက်နေဆဲဖြစ်တယ်လို့လည်း အစ္စရေးအရာရှိနှစ်ဦးက ပြောကြားခဲ့ပါတယ်။ အစ္စရေး-ဟားမက်စစ်ပွဲနဲ့ပတ်သက်ပြီး စေ့စပ်ညှိနှိုင်းမှုတွေ အကြိမ်ကြိမ်လုပ်ဆောင်ခဲ့ပေမယ့်လည်း စစ်ပွဲကို အပြီးတိုင် အဆုံးသတ်ဖို့ သဘောတူညီချက်တွေ ရယူနိုင်တာမျိုးတော့ မရှိသေးဘူးလို့လည်း သိရပါတယ်။

Zawgyi Version:
လာမယ့္(၂၄)နာရီအတြင္း အပစ္အခတ္ရပ္စဲေရးအေပၚ ဟားမက္လက္နက္ကိုင္အဖြဲ႕ရဲ႕တုံ႔ျပန္မႈေတြကို သိရႏိုင္တယ္လို႔ ေဒၚနယ္ထရမ့္ေျပာ
Pika (NP News) - ဇူလိုင္ ၅
ဂါဇာကမ္းေျမာင္ေဒသမွာ အစၥေရးနဲ႔အပစ္အခတ္ရပ္စဲေရးရယူဖို႔အတြက္ အဆိုျပဳခ်က္ကို ဟားမက္လက္နက္ကိုင္ အဖြဲ႕က ဘယ္လိုမ်ိဳးတုံ႔ျပန္မလဲဆိုတာကို အခ်ိန္(၂၄)နာရီအတြင္း သိရႏိုင္တယ္လို႔ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ကေျပာၾကားခဲ့ပါတယ္။
ဂါဇာကမ္းေျမာင္ေဒသမွာ ရက္ေပါင္း(၆ဝ)ၾကာ အပစ္အခတ္ရပ္စဲေရးကို အၿပီးသတ္ဖို႔ လိုအပ္တဲ့အေျခအေန ေတြကို အစၥေရးက လက္ခံခဲ့တယ္လို႔ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ေဒၚနယ္ထရမ့္က ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။ အဲဒီအပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ဟာ ဂါဇာစစ္ပြဲအဆုံးသတ္ကို ဦးတည္သြားေစမယ့္ ရွင္းလင္း ျပတ္သားတဲ့အာမခံခ်က္ေတြကို ဟားမက္လက္နက္ကိုင္အဖြဲ႕က ရွာေဖြေနတယ္လို႔ သတင္းရင္းျမစ္တစ္ခုက ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ ရက္ေပါင္း(၆ဝ)ၾကာ အပစ္အခတ္ရပ္စဲေရးနဲ႔ပတ္သက္ၿပီး အေသးစိတ္အခ်က္အလက္ေတြကို လက္ရွိအခ်ိန္ အထိ ဆက္လက္ေဆာင္႐ြက္ေနဆဲျဖစ္တယ္လို႔လည္း အစၥေရးအရာရွိႏွစ္ဦးက ေျပာၾကားခဲ့ပါတယ္။ အစၥေရး-ဟားမက္စစ္ပြဲနဲ႔ပတ္သက္ၿပီး ေစ့စပ္ညႇိႏႈိင္းမႈေတြ အႀကိမ္ႀကိမ္လုပ္ေဆာင္ခဲ့ေပမယ့္လည္း စစ္ပြဲကို အၿပီးတိုင္ အဆုံးသတ္ဖို႔ သေဘာတူညီခ်က္ေတြ ရယူႏိုင္တာမ်ိဳးေတာ့ မရွိေသးဘူးလို႔လည္း သိရပါတယ္။