ပါကစ္စတန်နိုင်ငံမှာ အဆောက်အဦးတစ်ခုပြိုကျခဲ့ပြီး အနည်းဆုံးလူ(၅)ဦးသေဆုံးကာ အခြားလူအများအပြား ပိတ်မိနေ

156

Pika (NP News) - ဇူလိုင် ၅
ဇူလိုင်လ(၄)ရက်က ပါကစ္စတန်နိုင်ငံမှာ ငါးထပ်တိုက်အဆောက်အဦးတစ်ခုပြိုကျခဲ့ရာ အနည်းဆုံးလူ(၅)ဦး သေဆုံးခဲ့ပြီး အခြားလူ(၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ဒါ့ပြင် နောက်ထပ်လူအများအပြားဟာ ပြိုကျသွားတဲ့အဆောက်အဦးရဲ့အပျက်အစီးတွေအောက်မှာ ပိတ်မိနေတယ်လို့လည်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါ တယ်။
အဲဒီအဆောက်အဦးပြိုကျမှုဟာ ဇူလိုင်လ(၄)ရက် နံနက်(၁၀)နာရီအချိန်လောက်မှာ ကရာချီမြို့မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ရှာဖွေကယ်ဆယ်ရေးသမားတွေနဲ့ဒေသခံတွေဟာ အပျက်အစီးတွေအောက်က လူတွေကို ဆွဲထုတ်ဖို့ အတူတကွ လုပ်ဆောင်ခဲ့ကြတယ်လို့လည်း သိရပါတယ်။
ရဲအရာရှိတစ်ဦးက “လက်ရှိအချိန်အထိတော့ လူ(၅)ဦးသေဆုံးခဲ့ပြီး အခြားလူ(၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အပျက်အစီးတွေအောက်မှာ ပိတ်မိနေသူတွေလည်း ရှိနေနိုင်ပါတယ်” လို့ ပြောခဲ့ပါတယ်။
အဲဒီငါးထပ်တိုက်အဆောက်အဦးမှာ နေထိုင်သူလူ(၁၀၀)ခန့်ရှိတယ်လို့လည်း ရဲအရာရှိက ပြောကြားခဲ့ပါတယ်။ ရှာဖွေကယ်ဆယ်ရေးအဖွဲ့က “ပြိုကျသွားတဲ့အဆောက်အဦးရဲ့အပျက်အစီးတွေအောက်မှာ ပိတ်မိနေသူတွေက (၈)ဦးကနေ (၁၀)ဦးလောက်အထိ ရှိနိုင်ပါတယ်” လို့ ပြောခဲ့ပါတယ်။
လူပေါင်းသန်း(၂၄၀)နေထိုင်တဲ့ ပါကစ္စတန်နိုင်ငံမှာ ဘေးကင်းလုံခြုံရေးစံနှုန်းတွေ နည်းပါးမှုနဲ့အတူ ဆောက်လုပ်ရေးပစ္စည်းတွေ ရှားပါးမှုကြောင့် ခေါင်မိုးနဲ့အဆောက်အဦးပြိုကျမှုတွေ မကြာခဏဖြစ်ပွားလေ့ရှိတယ် လို့လည်း သိရပါတယ်။

Zawgyi Version:
ပါကစၥတန္ႏိုင္ငံမွာ အေဆာက္အဦးတစ္ခုၿပိဳက်ခဲ့ၿပီး အနည္းဆုံးလူ(၅)ဦးေသဆုံးကာ အျခားလူအမ်ားအျပား ပိတ္မိေန
Pika (NP News) - ဇူလိုင္ ၅
ဇူလိုင္လ(၄)ရက္က ပါကစၥတန္ႏိုင္ငံမွာ ငါးထပ္တိုက္အေဆာက္အဦးတစ္ခုၿပိဳက်ခဲ့ရာ အနည္းဆုံးလူ(၅)ဦး ေသဆုံးခဲ့ၿပီး အျခားလူ(၆)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ သိရပါတယ္။ ဒါ့ျပင္ ေနာက္ထပ္လူအမ်ားအျပားဟာ ၿပိဳက်သြားတဲ့အေဆာက္အဦးရဲ႕အပ်က္အစီးေတြေအာက္မွာ ပိတ္မိေနတယ္လို႔လည္း ရဲတပ္ဖြဲ႕က ေျပာၾကားခဲ့ပါ တယ္။
အဲဒီအေဆာက္အဦးၿပိဳက်မႈဟာ ဇူလိုင္လ(၄)ရက္ နံနက္(၁၀)နာရီအခ်ိန္ေလာက္မွာ ကရာခ်ီၿမိဳ႕မွာ ျဖစ္ပြားခဲ့တာ ျဖစ္ၿပီး ရွာေဖြကယ္ဆယ္ေရးသမားေတြနဲ႔ေဒသခံေတြဟာ အပ်က္အစီးေတြေအာက္က လူေတြကို ဆြဲထုတ္ဖို႔ အတူတကြ လုပ္ေဆာင္ခဲ့ၾကတယ္လို႔လည္း သိရပါတယ္။
ရဲအရာရွိတစ္ဦးက “လက္ရွိအခ်ိန္အထိေတာ့ လူ(၅)ဦးေသဆုံးခဲ့ၿပီး အျခားလူ(၆)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ပါတယ္။ အပ်က္အစီးေတြေအာက္မွာ ပိတ္မိေနသူေတြလည္း ရွိေနႏိုင္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
အဲဒီငါးထပ္တိုက္အေဆာက္အဦးမွာ ေနထိုင္သူလူ(၁၀၀)ခန႔္ရွိတယ္လို႔လည္း ရဲအရာရွိက ေျပာၾကားခဲ့ပါတယ္။ ရွာေဖြကယ္ဆယ္ေရးအဖြဲ႕က “ၿပိဳက်သြားတဲ့အေဆာက္အဦးရဲ႕အပ်က္အစီးေတြေအာက္မွာ ပိတ္မိေနသူေတြက (၈)ဦးကေန (၁၀)ဦးေလာက္အထိ ရွိႏိုင္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
လူေပါင္းသန္း(၂၄၀)ေနထိုင္တဲ့ ပါကစၥတန္ႏိုင္ငံမွာ ေဘးကင္းလုံၿခဳံေရးစံႏႈန္းေတြ နည္းပါးမႈနဲ႔အတူ ေဆာက္လုပ္ေရးပစၥည္းေတြ ရွားပါးမႈေၾကာင့္ ေခါင္မိုးနဲ႔အေဆာက္အဦးၿပိဳက်မႈေတြ မၾကာခဏျဖစ္ပြားေလ့ရွိတယ္ လို႔လည္း သိရပါတယ္။