ရုရှားက တာလီဘန်အဖွဲ့ကို အစိုးရအဖွဲ့အဖြစ် အသိမှတ်ပြုလိုက်သည့် ကမ္ဘာ့ပထမဆုံးနိုင်ငံဖြစ်လာ

 396

ဂျန်ဇက် (NP News) - ဇူလိုင် ၅
ရုရှားနိုင်ငံသည် အမေရိကန်တပ်ဖွဲ့များကို တိုက်ထုတ်ခဲ့သော အာဖဂန်နစ္စတန်ကို အုပ်ချုပ်နေသည့် တာလီဘန် အဖွဲ့ကို အစိုးရအဖွဲ့အဖြစ် အသိမှတ်ပြုလိုက်ကြောင်း သိရသည်။ ရုရှားသည် တာလီဘန်အဖွဲ့ကို အစိုးရအဖွဲ့အဖြစ် အသိမှတ်ပြုသည့် ကမ္ဘာ့ပထမဆုံးနိုင်ငံဖြစ်လာခဲ့ကြောင်း သတင်းများလည်းထွက်ပေါ်နေသည်။
အာဖဂန်နစ္စတန်နိုင်ငံကို လက်ရှိအုပ်ချုပ်နေသည့် တာလီဘန်အစိုးရအဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ အေမီ ယာခန်းသည် ပြီးခဲ့သည့်ရက်ပိုင်းတွင် အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာရုရှားသံအမတ်ကြီး ဇာဟီနော့ဗ်နှင့်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံဆွေးနွေးမှုအတွင်း ရုရှားသံအမတ်ကြီးက တာလီဘန်အဖွဲ့ကို အာဖဂန်နစ္စ တန်နိုင်ငံ၏ အစိုးရ အဖွဲ့အဖြစ်အသိမှတ်ပြုသည့် ရုရှားအစိုးရ၏ဆုံးဖြတ်ချက်ကို အသိပေးခဲ့ကြောင်း သိရသည်။ တာလီဘန်အစိုးရ အဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ အေမီယာခန်းက ရုရှားအစိုးရအဖွဲ့၏ဆုံးဖြတ်ချက်သည် ရဲရင့်သော ဆုံးဖြတ်ချက်ဖြစ်ပြီး ကြိုဆိုကြောင်း ပြောသည်။
တာလီဘန်အဖွဲ့သည် လူ့အခွင့်အရေး ချိုးဖောက်မှုများစွာရှိခဲ့သော်လည်း (၂၀၂၁) ခုနှစ် ဩဂုတ်လတွင် အာဖဂန် နစ္စတန်နိုင်ငံကို တစ်ကျော့ပြန်အုပ်ချုပ်ခွင့်ရခဲ့ကြောင်း သိရသည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက “အာဖဂန်နစ္စတန်အစိုးရအဖွဲ့အသစ်ကို အသိမှတ်ပြုလိုက်ခြင်းဟာ ရုရှားနဲ့ အာဖဂန်နစ္စတန်နိုင်ငံကြား ပူးပေါင်း ဆောင်ရွက်မှုတွေ ပိုမိုကောင်းမွန်လာဖွယ် ရှိပါတယ်။ ရုရှားဟာ အာဖဂန်နစ္စတန်နိုင်ငံကို မူးယစ်မှောင်ခို လုပ်ငန်းများ၊ အကြမ်းဖက်သမားများ ခြိမ်းခြောက်မှုရန်က ကာကွယ်တိုက်ဖျက်နိုင်အောင် ကူညီပေးမယ်။ စိုက်ပျိုးရေး၊ သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်နဲ့ အခြေခံအဆောက်အအုံပိုင်း လုပ်ငန်းတွေမှလည်း ပူးပေါင်း ဆောင်ရွက်သွားမယ်” ဟု သတင်းထုတ်ပြန်ထားသည်။
အာဖဂန်နိုင်ငံကိုအုပ်ချုပ်နေသည့် တာလီဘန်အဖွဲ့ကို အစိုးရအဖွဲ့အဖြစ် အသိမှတ်ပြုခဲ့သည့် ရုရှား၏ဆုံးဖြတ် ချက်က အခြားနိုင်ငံများအတွက်လည်း အတုယူစရာဖြစ်လာဖွယ်ရှိသည်ဟု တာလီဘန်အစိုးရအဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ အေမီယာခန်းက ပြောသည်။

Zawgyi Version:
႐ုရွားက တာလီဘန္အဖြဲ႕ကို အစိုးရအဖြဲ႕အျဖစ္ အသိမွတ္ျပဳလိုက္သည့္ ကမာၻ႔ပထမဆုံးႏိုင္ငံျဖစ္လာ
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၅
႐ုရွားႏိုင္ငံသည္ အေမရိကန္တပ္ဖြဲ႕မ်ားကို တိုက္ထုတ္ခဲ့ေသာ အာဖဂန္နစၥတန္ကို အုပ္ခ်ဳပ္ေနသည့္ တာလီဘန္ အဖြဲ႕ကို အစိုးရအဖြဲ႕အျဖစ္ အသိမွတ္ျပဳလိုက္ေၾကာင္း သိရသည္။ ႐ုရွားသည္ တာလီဘန္အဖြဲ႕ကို အစိုးရအဖြဲ႕အျဖစ္ အသိမွတ္ျပဳသည့္ ကမာၻ႔ပထမဆုံးႏိုင္ငံျဖစ္လာခဲ့ေၾကာင္း သတင္းမ်ားလည္းထြက္ေပၚေနသည္။
အာဖဂန္နစၥတန္ႏိုင္ငံကို လက္ရွိအုပ္ခ်ဳပ္ေနသည့္ တာလီဘန္အစိုးရအဖြဲ႕၏ ႏိုင္ငံျခားေရးဝန္ႀကီးျဖစ္သူ ေအမီ ယာခန္းသည္ ၿပီးခဲ့သည့္ရက္ပိုင္းတြင္ အာဖဂန္နစၥတန္ႏိုင္ငံဆိုင္ရာ႐ုရွားသံအမတ္ႀကီး ဇာဟီေနာ့ဗ္ႏွင့္ေတြ႕ဆုံ ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
အဆိုပါေတြ႕ဆုံေဆြးေႏြးမႈအတြင္း ႐ုရွားသံအမတ္ႀကီးက တာလီဘန္အဖြဲ႕ကို အာဖဂန္နစၥ တန္ႏိုင္ငံ၏ အစိုးရ အဖြဲ႕အျဖစ္အသိမွတ္ျပဳသည့္ ႐ုရွားအစိုးရ၏ဆုံးျဖတ္ခ်က္ကို အသိေပးခဲ့ေၾကာင္း သိရသည္။ တာလီဘန္အစိုးရ အဖြဲ႕၏ ႏိုင္ငံျခားေရးဝန္ႀကီးျဖစ္သူ ေအမီယာခန္းက ႐ုရွားအစိုးရအဖြဲ႕၏ဆုံးျဖတ္ခ်က္သည္ ရဲရင့္ေသာ ဆုံးျဖတ္ခ်က္ျဖစ္ၿပီး ႀကိဳဆိုေၾကာင္း ေျပာသည္။
တာလီဘန္အဖြဲ႕သည္ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈမ်ားစြာရွိခဲ့ေသာ္လည္း (၂၀၂၁) ခုႏွစ္ ဩဂုတ္လတြင္ အာဖဂန္ နစၥတန္ႏိုင္ငံကို တစ္ေက်ာ့ျပန္အုပ္ခ်ဳပ္ခြင့္ရခဲ့ေၾကာင္း သိရသည္။ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာနက “အာဖဂန္နစၥတန္အစိုးရအဖြဲ႕အသစ္ကို အသိမွတ္ျပဳလိုက္ျခင္းဟာ ႐ုရွားနဲ႔ အာဖဂန္နစၥတန္ႏိုင္ငံၾကား ပူးေပါင္း ေဆာင္႐ြက္မႈေတြ ပိုမိုေကာင္းမြန္လာဖြယ္ ရွိပါတယ္။ ႐ုရွားဟာ အာဖဂန္နစၥတန္ႏိုင္ငံကို မူးယစ္ေမွာင္ခို လုပ္ငန္းမ်ား၊ အၾကမ္းဖက္သမားမ်ား ၿခိမ္းေျခာက္မႈရန္က ကာကြယ္တိုက္ဖ်က္ႏိုင္ေအာင္ ကူညီေပးမယ္။ စိုက္ပ်ိဳးေရး၊ သယ္ယူပို႔ေဆာင္ေရး၊ စြမ္းအင္နဲ႔ အေျခခံအေဆာက္အအုံပိုင္း လုပ္ငန္းေတြမွလည္း ပူးေပါင္း ေဆာင္႐ြက္သြားမယ္” ဟု သတင္းထုတ္ျပန္ထားသည္။
အာဖဂန္ႏိုင္ငံကိုအုပ္ခ်ဳပ္ေနသည့္ တာလီဘန္အဖြဲ႕ကို အစိုးရအဖြဲ႕အျဖစ္ အသိမွတ္ျပဳခဲ့သည့္ ႐ုရွား၏ဆုံးျဖတ္ ခ်က္က အျခားႏိုင္ငံမ်ားအတြက္လည္း အတုယူစရာျဖစ္လာဖြယ္ရွိသည္ဟု တာလီဘန္အစိုးရအဖြဲ႕၏ ႏိုင္ငံျခားေရးဝန္ႀကီးျဖစ္သူ ေအမီယာခန္းက ေျပာသည္။

© 2021. All rights reserved.