အမေရိကန်ရဲ့တိုက်ခိုက်မှုမတိုင်ခင် အီရန်က သန့်စင်ထားတဲ့ယူရေနီယမ်တွေကို ရွှေ့ပြောင်းခဲ့ဟုဆို

 157

Pika (NP News) - ဇူလိုင် ၇

ပြီးခဲ့တဲ့လက အီရန်ရဲ့နျူကလီးယားစက်ရုံတွေအပေါ် အမေရိကန်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေဟာ အီရန်နိုင်ငံရဲ့ သန့်စင်ထားတဲ့ယူရေနီယမ်သိုလှောင်မှုတွေကို ထိမှန်ခဲ့တာမျိုး မရှိခဲ့ဘူးလို့ အမေရိကန်အရာရှိတွေရဲ့ ပြောကြားချက်တွေကို ကိုးကားပြီး ပူလစ်ဇာဆုရသတင်းထောက် Seymour Hershက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ပေါင်(၃၀၀၀၀)အလေးချိန်ရှိတဲ့ ဘန်ကာဖောက်ဗုံးတွေ သယ်ဆောင်လာတဲ့ B-2 ဗုံးကြဲလေယာဉ်(၇)စင်း ပါဝင်တဲ့ အမေရိကန်ရဲ့တိုက်ခိုက်မှုဟာ အီရန်ရဲ့နျူကလီးယားအစီအစဉ်ကို ချေမှုန်းနိုင်ခဲ့တယ်လို့ မျှော်လင့်လို့မရဘူးလို့ သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့ပါတယ်။
သတင်းရင်းမြစ်တစ်ခုက “အီရန်ရဲ့(၆၀)ရာခိုင်နှုန်းသန့်စင်ထားတဲ့ ယူရေနီယမ်တွေဟာ ဗုံးကြဲတိုက်ခိုက်မှုကနေ ကင်းလွတ်သွားခဲ့ပုံပေါ်ပြီး ယူရေနီယမ်ပေါင်(၆၀၀)ခန့်က ပျောက်ဆုံးနေပါတယ်။ အမေရိကန်ရဲ့ဗုံးတွေဟာ အီရန်ရဲ့မြေအောက်မှာရှိတဲ့ ဘန်ကာတွေကို ထိုးဖောက်ဝင်ရောက်နိုင်ခဲ့တယ်ဆိုတာက မသေချာပါဘူး” လို့ ပြောခဲ့ ပါတယ်။
ဒါ့ပြင် ပစ်မှတ်ထားခဲ့တဲ့ အီရန်ရဲ့နျူကလီးယားစက်ရုံနေရာတွေဖြစ်တဲ့ Fordow နဲ့ Isfahan တို့မှာ ရေဒီယို သတ္တိကြွမှုတွေ ကင်းမဲ့နေတာကြောင့် သန့်စင်ထားတဲ့ယူရေနီယမ်သိုလှောင်မှုတွေဟာ တိုက်ခိုက်မှုမတိုင်ခင် ရွှေ့ပြောင်းခံခဲ့ရပုံပေါ်တယ်လို့ အမေရိကန်အရာရှိတစ်ဦးက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

Zawgyi Version:
အေမရိကန္ရဲ႕တိုက္ခိုက္မႈမတိုင္ခင္ အီရန္က သန႔္စင္ထားတဲ့ယူေရနီယမ္ေတြကို ေ႐ႊ႕ေျပာင္းခဲ့ဟုဆို
Pika (NP News) - ဇူလိုင္ ၇
ၿပီးခဲ့တဲ့လက အီရန္ရဲ႕န်ဴကလီးယားစက္႐ုံေတြအေပၚ အေမရိကန္ရဲ႕ ဗုံးႀကဲတိုက္ခိုက္မႈေတြဟာ အီရန္ႏိုင္ငံရဲ႕ သန႔္စင္ထားတဲ့ယူေရနီယမ္သိုေလွာင္မႈေတြကို ထိမွန္ခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔ အေမရိကန္အရာရွိေတြရဲ႕ ေျပာၾကားခ်က္ေတြကို ကိုးကားၿပီး ပူလစ္ဇာဆုရသတင္းေထာက္ Seymour Hershက ထုတ္ျပန္ေျပာၾကားခဲ့ပါ တယ္။
ေပါင္(၃၀၀၀၀)အေလးခ်ိန္ရွိတဲ့ ဘန္ကာေဖာက္ဗုံးေတြ သယ္ေဆာင္လာတဲ့ B-2 ဗုံးႀကဲေလယာဥ္(၇)စင္း ပါဝင္တဲ့ အေမရိကန္ရဲ႕တိုက္ခိုက္မႈဟာ အီရန္ရဲ႕န်ဴကလီးယားအစီအစဥ္ကို ေခ်မႈန္းႏိုင္ခဲ့တယ္လို႔ ေမွ်ာ္လင့္လို႔မရဘူးလို႔ သတင္းရင္းျမစ္တစ္ခုက ေျပာၾကားခဲ့ပါတယ္။
သတင္းရင္းျမစ္တစ္ခုက “အီရန္ရဲ႕(၆၀)ရာခိုင္ႏႈန္းသန႔္စင္ထားတဲ့ ယူေရနီယမ္ေတြဟာ ဗုံးႀကဲတိုက္ခိုက္မႈကေန ကင္းလြတ္သြားခဲ့ပုံေပၚၿပီး ယူေရနီယမ္ေပါင္(၆၀၀)ခန႔္က ေပ်ာက္ဆုံးေနပါတယ္။ အေမရိကန္ရဲ႕ဗုံးေတြဟာ အီရန္ရဲ႕ေျမေအာက္မွာရွိတဲ့ ဘန္ကာေတြကို ထိုးေဖာက္ဝင္ေရာက္ႏိုင္ခဲ့တယ္ဆိုတာက မေသခ်ာပါဘူး” လို႔ ေျပာခဲ့ ပါတယ္။
ဒါ့ျပင္ ပစ္မွတ္ထားခဲ့တဲ့ အီရန္ရဲ႕န်ဴကလီးယားစက္႐ုံေနရာေတြျဖစ္တဲ့ Fordow နဲ႔ Isfahan တို႔မွာ ေရဒီယို သတၱိႂကြမႈေတြ ကင္းမဲ့ေနတာေၾကာင့္ သန႔္စင္ထားတဲ့ယူေရနီယမ္သိုေလွာင္မႈေတြဟာ တိုက္ခိုက္မႈမတိုင္ခင္ ေ႐ႊ႕ေျပာင္းခံခဲ့ရပုံေပၚတယ္လို႔ အေမရိကန္အရာရွိတစ္ဦးက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.