သမိုင်းတစ်လျှောက် ပထမဆုံး HIMARS ယူနစ်ကို တရုတ်(တိုင်ပေ)အစိုးရ ဖွဲ့စည်း

 117

Pika (NP News) - ဇူလိုင် ၇
တရုတ်(တိုင်ပေ)အစိုးရဟာ အမေရိကန်ထုတ် HIMARS ရော့ကတ်လောင်ချာတွေတပ်ဆင်ထားတဲ့ စစ်ဘက် ဆိုင်ရာယူနစ်တစ်ခုကို ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။
ဒါ့ပြင် HIMARS ရော့ကတ်လောင်ချာတွေပါဝင်တဲ့ အဲဒီဖွဲ့စည်းမှုဟာ တရုတ်(တိုင်ပေ)သမိုင်းတစ်လျှောက် ပထမဆုံးဖွဲ့စည်းမှုတစ်ခုဖြစ်တယ်လို့လည်း တရုတ်(တိုင်ပေ)ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ အဲဒီလက်နက်စနစ်တွေကို ပြီးခဲ့တဲ့နှစ်မှာ အမေရိကန်က တရုတ်(တိုင်ပေ)အစိုးရကို ထောက်ပံ့ပေးခဲ့တာ ဖြစ်တယ် လို့လည်း သိရပါတယ်။
အဲဒီစစ်ဘက်ဆိုင်ရာယူနစ်ရဲ့တာဝန်ပေးအပ်မှုအခမ်းအနားကို တရုတ်(တိုင်ပေ)ကာကွယ်ရေးဝန်ကြီး Wellington Koo တက်ရောက်ခဲ့ပြီး ယူနစ်အသစ်မှာ ပါဝင်တဲ့ စစ်သားတွေနဲ့အရာရှိတွေဟာ အမေရိကန်မှာ လေ့ကျင့်မှုတွေ လုပ်ဆောင်ခဲ့သူတွေဖြစ်တယ်လို့ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ မီဒီယာတွေရဲ့ဖော်ပြချက်အရ တရုတ် (တိုင်ပေ) အစိုးရကို ထောက်ပံ့ပေးထားတဲ့ HIMARS စနစ်တွေဟာ GMLRS ဒုံးကျည်တွေကို အကွာအဝေး (၈၀) ကီလိုမီတာကျော်အထိရောက်ရှိအောင် ပစ်ခတ်နိုင်ပြီး ATACMS ဒုံးကျည်တွေကို အကွာအဝေး (၃၀၀) ကီလိုမီတာ အထိ ရောက်ရှိအောင် ပစ်ခတ်နိုင်စွမ်းရှိတယ်လို့လည်း သိရပါတယ်။ ဒါပေမယ့်လည်း အမေရိကန်က အဲဒီ ဒုံးကျည်အမျိုးအစားနှစ်ခုကို တရုတ်(တိုင်ပေ)အစိုးရကို ထောက်ပံ့ပေးထားတာမျိုး ရှိ/မရှိကိုတော့ ရှင်းရှင်း လင်းလင်းမသိရှိရသေးဘူးလို့ သိရပါတယ်။

Zawgyi Version:
သမိုင္းတစ္ေလွ်ာက္ ပထမဆုံး HIMARS ယူနစ္ကို တ႐ုတ္(တိုင္ေပ)အစိုးရ ဖြဲ႕စည္း
Pika (NP News) - ဇူလိုင္ ၇
တ႐ုတ္(တိုင္ေပ)အစိုးရဟာ အေမရိကန္ထုတ္ HIMARS ေရာ့ကတ္ေလာင္ခ်ာေတြတပ္ဆင္ထားတဲ့ စစ္ဘက္ ဆိုင္ရာယူနစ္တစ္ခုကို ဖြဲ႕စည္းခဲ့တယ္လို႔ သိရပါတယ္။
ဒါ့ျပင္ HIMARS ေရာ့ကတ္ေလာင္ခ်ာေတြပါဝင္တဲ့ အဲဒီဖြဲ႕စည္းမႈဟာ တ႐ုတ္(တိုင္ေပ)သမိုင္းတစ္ေလွ်ာက္ ပထမဆုံးဖြဲ႕စည္းမႈတစ္ခုျဖစ္တယ္လို႔လည္း တ႐ုတ္(တိုင္ေပ)ကာကြယ္ေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါတယ္။ အဲဒီလက္နက္စနစ္ေတြကို ၿပီးခဲ့တဲ့ႏွစ္မွာ အေမရိကန္က တ႐ုတ္(တိုင္ေပ)အစိုးရကို ေထာက္ပံ့ေပးခဲ့တာ ျဖစ္တယ္ လို႔လည္း သိရပါတယ္။
အဲဒီစစ္ဘက္ဆိုင္ရာယူနစ္ရဲ႕တာဝန္ေပးအပ္မႈအခမ္းအနားကို တ႐ုတ္(တိုင္ေပ)ကာကြယ္ေရးဝန္ႀကီး Wellington Koo တက္ေရာက္ခဲ့ၿပီး ယူနစ္အသစ္မွာ ပါဝင္တဲ့ စစ္သားေတြနဲ႔အရာရွိေတြဟာ အေမရိကန္မွာ ေလ့က်င့္မႈေတြ လုပ္ေဆာင္ခဲ့သူေတြျဖစ္တယ္လို႔ ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ မီဒီယာေတြရဲ႕ေဖာ္ျပခ်က္အရ တ႐ုတ္ (တိုင္ေပ) အစိုးရကို ေထာက္ပံ့ေပးထားတဲ့ HIMARS စနစ္ေတြဟာ GMLRS ဒုံးက်ည္ေတြကို အကြာအေဝး (၈၀) ကီလိုမီတာေက်ာ္အထိေရာက္ရွိေအာင္ ပစ္ခတ္ႏိုင္ၿပီး ATACMS ဒုံးက်ည္ေတြကို အကြာအေဝး (၃၀၀) ကီလိုမီတာ အထိ ေရာက္ရွိေအာင္ ပစ္ခတ္ႏိုင္စြမ္းရွိတယ္လို႔လည္း သိရပါတယ္။ ဒါေပမယ့္လည္း အေမရိကန္က အဲဒီ ဒုံးက်ည္အမ်ိဳးအစားႏွစ္ခုကို တ႐ုတ္(တိုင္ေပ)အစိုးရကို ေထာက္ပံ့ေပးထားတာမ်ိဳး ရွိ/မရွိကိုေတာ့ ရွင္းရွင္း လင္းလင္းမသိရွိရေသးဘူးလို႔ သိရပါတယ္။

Related news

© 2021. All rights reserved.