ကမ္ဘာ့အမြင့်ဆုံး ဒိုမီနိုမျှော်စင်ကို အမေရိကန်အဖွဲ့တစ်ဖွဲ့ တည်ဆောက်

76

Pika (NP News) - ဇူလိုင် ၇
YouTuber တစ်ဦးနှင့် ၎င်း၏အဖွဲ့တို့သည် ကမ္ဘာ့အမြင့်ဆုံး ဒိုမီနိုမျှော်စင်ကိုတည်ဆောက်ခဲ့ပြီး နောက် ကမ္ဘာ့ဂင်းနစ် စံချိန် ချိုးဖျက်နိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါဒိုမီနိုဖွဲ့စည်းပုံသည် အမြင့်(၃၃)ပေနှင့် (၂ ဒသမ ၇၄) လက်မရှိ ကြောင်း သိရသည်။
YouTube ပလက်ဖောင်းပေါ်တွင် Hevesh 5 ဟု ခေါ်ဆိုသော Lily Hevesh သည် ဝါရှင်တန်ဒီစီရှိ အမျိုးသား အဆောက်အအုံပြတိုက်တွင် ဒိုမီနို တည်ဆောက်ရေးကျွမ်းကျင်သူအဖွဲ့တစ်ဖွဲ့ကို စုစည်းခဲ့ပြီးနောက် ယခုကဲ့သို့ ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Lily Hevesh ၏ အဖွဲ့တွင် Stephan Burton ၊ Alex Huang ၊ Brady Dolan ၊ Michael Fantauzzo ၊ Paul Nelson ၊ Wim van Otterdijk ၊ William Ford ၊ Pim Vriens ၊ Ivan Kramskoy နှင့် Marco Vorbusch တို့ ပါဝင်ကြောင်း သိရသည်။ အဆိုပါအဖွဲ့သည် အမြင့်(၃၃)ပေ နှင့် (၂ ဒသမ ၇၄)လက်မ ရှိသော ဒိုမီနိုမျှော်စင်ကို တည်ဆောက်ရန်အတွက် အချိန်(၅)ရက်ခန့်ကြာမြင့်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ၎င်းတို့တည်ဆောက်ခဲ့သော ဒိုမီနို မျှော်စင်သည် ယခင်စံချိန်ဟောင်းဖြစ်သော အမြင့် (၃၂) ပေနှင့် (၁၀ ဒသမ ၈) လက်မရှိသည့် ဒိုမီနိုမျှော်စင်၏ စံချိန်ကို ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ နောက်ပိုင်းတွင် အဆိုပါအဖွဲ့ သည် ၎င်းတို့ တည်ဆောက်ထားသော ဒိုမီနိုမျှော်စင်၏ ထိပ်ဆုံးကို ရှဥ့်အရုပ်တစ်ရုပ်ဖြင့် ပစ်ပေါက်ခဲ့ကာ ပြိုကျသွား သည်ကို ကြည့်ရှုခဲ့ကြခြင်းဖြင့် အောင်ပွဲခံခဲ့ကြကြောင်း သိရသည်။

Zawgyi Version:
ကမာၻ႔အျမင့္ဆုံး ဒိုမီႏိုေမွ်ာ္စင္ကို အေမရိကန္အဖြဲ႕တစ္ဖြဲ႕ တည္ေဆာက္
Pika (NP News) - ဇူလိုင္ ၇
YouTuber တစ္ဦးႏွင့္ ၎၏အဖြဲ႕တို႔သည္ ကမာၻ႔အျမင့္ဆုံး ဒိုမီႏိုေမွ်ာ္စင္ကိုတည္ေဆာက္ခဲ့ၿပီး ေနာက္ ကမာၻ႔ဂင္းနစ္ စံခ်ိန္ ခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္း သိရသည္။ အဆိုပါဒိုမီႏိုဖြဲ႕စည္းပုံသည္ အျမင့္(၃၃)ေပႏွင့္ (၂ ဒသမ ၇၄) လက္မရွိ ေၾကာင္း သိရသည္။
YouTube ပလက္ေဖာင္းေပၚတြင္ Hevesh 5 ဟု ေခၚဆိုေသာ Lily Hevesh သည္ ဝါရွင္တန္ဒီစီရွိ အမ်ိဳးသား အေဆာက္အအုံျပတိုက္တြင္ ဒိုမီႏို တည္ေဆာက္ေရးကြၽမ္းက်င္သူအဖြဲ႕တစ္ဖြဲ႕ကို စုစည္းခဲ့ၿပီးေနာက္ ယခုကဲ့သို႔ ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
Lily Hevesh ၏ အဖြဲ႕တြင္ Stephan Burton ၊ Alex Huang ၊ Brady Dolan ၊ Michael Fantauzzo ၊ Paul Nelson ၊ Wim van Otterdijk ၊ William Ford ၊ Pim Vriens ၊ Ivan Kramskoy ႏွင့္ Marco Vorbusch တို႔ ပါဝင္ေၾကာင္း သိရသည္။ အဆိုပါအဖြဲ႕သည္ အျမင့္(၃၃)ေပ ႏွင့္ (၂ ဒသမ ၇၄)လက္မ ရွိေသာ ဒိုမီႏိုေမွ်ာ္စင္ကို တည္ေဆာက္ရန္အတြက္ အခ်ိန္(၅)ရက္ခန႔္ၾကာျမင့္ခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ၎တို႔တည္ေဆာက္ခဲ့ေသာ ဒိုမီႏို ေမွ်ာ္စင္သည္ ယခင္စံခ်ိန္ေဟာင္းျဖစ္ေသာ အျမင့္ (၃၂) ေပႏွင့္ (၁၀ ဒသမ ၈) လက္မရွိသည့္ ဒိုမီႏိုေမွ်ာ္စင္၏ စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ေနာက္ပိုင္းတြင္ အဆိုပါအဖြဲ႕ သည္ ၎တို႔ တည္ေဆာက္ထားေသာ ဒိုမီႏိုေမွ်ာ္စင္၏ ထိပ္ဆုံးကို ရွဥ့္အ႐ုပ္တစ္႐ုပ္ျဖင့္ ပစ္ေပါက္ခဲ့ကာ ၿပိဳက်သြား သည္ကို ၾကည့္ရႈခဲ့ၾကျခင္းျဖင့္ ေအာင္ပြဲခံခဲ့ၾကေၾကာင္း သိရသည္။