တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ နေ့အပူချိန် ၃၇.၈ ဒီဂရီစင်တီဂရိတ်ထိ မြင့်တက်

 137

ရောင်နီ (NP News) - ဇူလိုင် ၉
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ ဇူလိုင် ၈ ရက် မွန်းလွဲ ၃ နာရီ ၁၅ မိနစ်အချိန်က နေ့အပူချိန် ၃၇ ဒသမ ၈ ဒီဂရီစင်တီဂရိတ်ထိ ရောက်ရှိခဲ့ပြီး ဇူလိုင် ၁ ရက်မှ ၁၀ ရက်အထိအတွင်း တောင်ကိုရီးယားနိုင်ငံ မြို့တော်မှာ စံချိန်တင် အမြင့်ဆုံး နေ့အပူချိန်ဖြစ်ခဲ့ပါတယ်။
မွန်းလွဲ ၂ နာရီမှာ ၃၇.၁ ဒီဂရီစင်တီဂရိတ်ရှိခဲ့ပြီး ၁၉၃၉ ခုနှစ် ဇူလိုင်လ ၉ ရက်က ဆိုးလ်မိုးလေဝသ စောင့်ကြည့် လေ့လာရေးဌာနမှ တိုင်းတာထားတဲ့ အမြင့်ဆုံးအပူချိန် ၃၆.၈ ဒီဂရီ စင်တီဂရိတ်ကို ချိုးဖျက်ခဲ့ပါတယ်။ ဆိုးလ်မြို့ ဟာ ယခုနှစ်မှာ ပုံမှန်မဟုတ်တဲ့ နွေရာသီအပူဒဏ်ကို ခံစားနေရပြီး ပထမဆုံး အပူလှိုင်းကို ကိုရီးယားမိုးလေဝသ စီမံခန့်ခွဲရေးက တနင်္လာနေ့ (ဇူလိုင် ၇ ရက်) နံနက် ၁၀ နာရီမှာ ထုတ်ပြန်ခဲ့ရပါတယ်။ ဒါဟာ ၂၀၂၄ ခုနှစ်တုန်းက ဇူလိုင် ၂၅ ရက်မှ စတင်ထုတ်ပြန်ခဲ့ရတာဖြစ်ပြီး ၂၀၂၅ ခုနှစ်မှာတော့ ၁၈ ရက်စောပြီး အပူလှိုင်း ကြေညာခဲ့ရတာ ဖြစပါတယ်။
ဆိုးလ်မြို့ရဲ့နေ့အပူချိန်ဟာ အနည်းဆုံး ၃၅ ဒီဂရီစင်တီဂရိတ်ထိ နှစ်ရက်ဆက်တိုက်ရှိနေပြီး နိုင်ငံတစ်ဝှမ်း အခြားဒေသတွေဖြစ်တဲ့ ဂေါင်ဂျီ ခရိုင်၊ ဂွမ်မြောင်း နဲ့ ပါဂျူမှာ နေ့အပူချိန် ၄၀.၂ ဒီဂရီ စင်တီဂရိတ်နဲ့ ၄၀.၁ ဒီဂရီ စင်တီဂရိတ်ထိ ရှိနေတယ်လို့ သိရပါတယ်။

Zawgyi Version:
ေတာင္ကိုရီးယားႏိုင္ငံ၊ ဆိုးလ္ၿမိဳ႕မွာ ေန႔အပူခ်ိန္ ၃၇.၈ ဒီဂရီစင္တီဂရိတ္ထိ ျမင့္တက္
ေရာင္နီ (NP News) - ဇူလိုင္ ၉
ေတာင္ကိုရီးယားႏိုင္ငံ၊ ဆိုးလ္ၿမိဳ႕မွာ ဇူလိုင္ ၈ ရက္ မြန္းလြဲ ၃ နာရီ ၁၅ မိနစ္အခ်ိန္က ေန႔အပူခ်ိန္ ၃၇ ဒသမ ၈ ဒီဂရီစင္တီဂရိတ္ထိ ေရာက္ရွိခဲ့ၿပီး ဇူလိုင္ ၁ ရက္မွ ၁၀ ရက္အထိအတြင္း ေတာင္ကိုရီးယားႏိုင္ငံ ၿမိဳ႕ေတာ္မွာ စံခ်ိန္တင္ အျမင့္ဆုံး ေန႔အပူခ်ိန္ျဖစ္ခဲ့ပါတယ္။
မြန္းလြဲ ၂ နာရီမွာ ၃၇.၁ ဒီဂရီစင္တီဂရိတ္ရွိခဲ့ၿပီး ၁၉၃၉ ခုႏွစ္ ဇူလိုင္လ ၉ ရက္က ဆိုးလ္မိုးေလဝသ ေစာင့္ၾကည့္ ေလ့လာေရးဌာနမွ တိုင္းတာထားတဲ့ အျမင့္ဆုံးအပူခ်ိန္ ၃၆.၈ ဒီဂရီ စင္တီဂရိတ္ကို ခ်ိဳးဖ်က္ခဲ့ပါတယ္။ ဆိုးလ္ၿမိဳ႕ ဟာ ယခုႏွစ္မွာ ပုံမွန္မဟုတ္တဲ့ ေႏြရာသီအပူဒဏ္ကို ခံစားေနရၿပီး ပထမဆုံး အပူလႈိင္းကို ကိုရီးယားမိုးေလဝသ စီမံခန႔္ခြဲေရးက တနလၤာေန႔ (ဇူလိုင္ ၇ ရက္) နံနက္ ၁၀ နာရီမွာ ထုတ္ျပန္ခဲ့ရပါတယ္။ ဒါဟာ ၂၀၂၄ ခုႏွစ္တုန္းက ဇူလိုင္ ၂၅ ရက္မွ စတင္ထုတ္ျပန္ခဲ့ရတာျဖစ္ၿပီး ၂၀၂၅ ခုႏွစ္မွာေတာ့ ၁၈ ရက္ေစာၿပီး အပူလႈိင္း ေၾကညာခဲ့ရတာ ျဖစပါတယ္။
ဆိုးလ္ၿမိဳ႕ရဲ႕ေန႔အပူခ်ိန္ဟာ အနည္းဆုံး ၃၅ ဒီဂရီစင္တီဂရိတ္ထိ ႏွစ္ရက္ဆက္တိုက္ရွိေနၿပီး ႏိုင္ငံတစ္ဝွမ္း အျခားေဒသေတြျဖစ္တဲ့ ေဂါင္ဂ်ီ ခ႐ိုင္၊ ဂြမ္ေျမာင္း နဲ႔ ပါဂ်ဴမွာ ေန႔အပူခ်ိန္ ၄၀.၂ ဒီဂရီ စင္တီဂရိတ္နဲ႔ ၄၀.၁ ဒီဂရီ စင္တီဂရိတ္ထိ ရွိေနတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.