ဂျာမနီစစ်လေယာဉ်ကို လေဆာနဲ့ပစ်မှတ်ထားခဲ့တဲ့ တရုတ်စစ်တပ်ရဲ့လုပ်ရပ်ကို ဂျာမနီပြစ်တင်ရှုတ်ချ

446

Pika (NP News) - ဇူလိုင် ၉
တရုတ်စစ်တပ်က ဂျာမနီစစ်လေယာဉ်တစ်စင်းကို လေဆာနဲ့ပစ်မှတ်ထားခဲ့တာနဲ့ပတ်သက်ပြီး တရုတ်သံအမတ် ကြီးကို ဂျာမနီအစိုးရက ဆင့်ခေါ်ခဲ့တယ်လို့ သိရပါတယ်။ ရေကြောင်းလုံခြုံရေးကို ကာကွယ်ဖို့ရည်ရွယ်တဲ့ ASPIDES လို့ခေါ်တဲ့ ဥရောပသမဂ္ဂစစ်ဆင်ရေးမှာပါဝင်နေတဲ့ ဂျာမနီစစ်လေယာဉ်တစ်စင်းကို တရုတ်စစ်တပ်က လေဆာနဲ့ ပစ်မှတ်ထားခဲ့တဲ့ဖြစ်ရပ်တွေဖြစ်ပွားခဲ့ပြီးနောက် ယခုလိုဆင့်ခေါ်မှုတွေ ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။ ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဌာနက “ဒီလုပ်ရပ်ဟာ ဂျာမနီရဲ့စစ်ဘက်ဆိုင်ရာဝန်ထမ်းတွေကို အန္တရာယ်ဖြစ်စေပြီး စစ်ဆင်ရေးကို အနှောင့်အယှက်ဖြစ်စေတာမလို့ ဘယ်လိုမှလက်ခံနိုင်စရာကိစ္စတစ်ခုမဟုတ်ပါဘူး” လို့ ပြောဆိုခဲ့ပါ တယ်။ ဒါပေမယ့်လည်း အဲဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး နောက်ထပ်သတင်းအချက်အလက်တွေကို လက်ရှိအချိန်အထိ ထုတ်ပြန်တာမျိုးတော့ မရှိသေးဘူးလို့ သိရပါတယ်။
ဥရောပမှာရှိတဲ့ အရေးကြီးတဲ့နည်းပညာတွေနဲ့ လုံခြုံရေးအခြေခံအဆောက်အဦးတွေအပေါ် တရုတ်ရဲ့ဩဇာ လွှမ်းမိုးမှုတွေနဲ့ပတ်သက်ပြီး ဥရောပသမဂ္ဂတွင်းမှာ စိုးရိမ်မှုတွေ မြင့်တက်နေချိန်မှာပဲ အဲဒီဖြစ်ရပ်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဥရောပကော်မရှင် ဒါမှမဟုတ် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနတို့က ချက်ချင်းတုံ့ပြန်ပြောဆိုတာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။

Zawgyi Version:
ဂ်ာမနီစစ္ေလယာဥ္ကို ေလဆာနဲ႔ပစ္မွတ္ထားခဲ့တဲ့ တ႐ုတ္စစ္တပ္ရဲ႕လုပ္ရပ္ကို ဂ်ာမနီျပစ္တင္ရႈတ္ခ်
Pika (NP News) - ဇူလိုင္ ၉
တ႐ုတ္စစ္တပ္က ဂ်ာမနီစစ္ေလယာဥ္တစ္စင္းကို ေလဆာနဲ႔ပစ္မွတ္ထားခဲ့တာနဲ႔ပတ္သက္ၿပီး တ႐ုတ္သံအမတ္ ႀကီးကို ဂ်ာမနီအစိုးရက ဆင့္ေခၚခဲ့တယ္လို႔ သိရပါတယ္။ ေရေၾကာင္းလုံၿခဳံေရးကို ကာကြယ္ဖို႔ရည္႐ြယ္တဲ့ ASPIDES လို႔ေခၚတဲ့ ဥေရာပသမဂၢစစ္ဆင္ေရးမွာပါဝင္ေနတဲ့ ဂ်ာမနီစစ္ေလယာဥ္တစ္စင္းကို တ႐ုတ္စစ္တပ္က ေလဆာနဲ႔ ပစ္မွတ္ထားခဲ့တဲ့ျဖစ္ရပ္ေတြျဖစ္ပြားခဲ့ၿပီးေနာက္ ယခုလိုဆင့္ေခၚမႈေတြ ထြက္ေပၚလာတာပဲျဖစ္ပါတယ္။ ဂ်ာမနီႏိုင္ငံျခားေရးဝန္ႀကီးဌာနက “ဒီလုပ္ရပ္ဟာ ဂ်ာမနီရဲ႕စစ္ဘက္ဆိုင္ရာဝန္ထမ္းေတြကို အႏၲရာယ္ျဖစ္ေစၿပီး စစ္ဆင္ေရးကို အေႏွာင့္အယွက္ျဖစ္ေစတာမလို႔ ဘယ္လိုမွလက္ခံႏိုင္စရာကိစၥတစ္ခုမဟုတ္ပါဘူး” လို႔ ေျပာဆိုခဲ့ပါ တယ္။ ဒါေပမယ့္လည္း အဲဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး ေနာက္ထပ္သတင္းအခ်က္အလက္ေတြကို လက္ရွိအခ်ိန္အထိ ထုတ္ျပန္တာမ်ိဳးေတာ့ မရွိေသးဘူးလို႔ သိရပါတယ္။
ဥေရာပမွာရွိတဲ့ အေရးႀကီးတဲ့နည္းပညာေတြနဲ႔ လုံၿခဳံေရးအေျခခံအေဆာက္အဦးေတြအေပၚ တ႐ုတ္ရဲ႕ဩဇာ လႊမ္းမိုးမႈေတြနဲ႔ပတ္သက္ၿပီး ဥေရာပသမဂၢတြင္းမွာ စိုးရိမ္မႈေတြ ျမင့္တက္ေနခ်ိန္မွာပဲ အဲဒီျဖစ္ရပ္ျဖစ္ပြားခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း အဲဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး ဥေရာပေကာ္မရွင္ ဒါမွမဟုတ္ တ႐ုတ္ႏိုင္ငံျခားေရး ဝန္ႀကီးဌာနတို႔က ခ်က္ခ်င္းတုံ႔ျပန္ေျပာဆိုတာမ်ိဳး မရွိေသးဘူးလို႔လည္း သိရပါတယ္။