အိန္ဒိယနိုင်ငံတွင်ကျင်းပမည့် စက်မှုကုန်ထုတ်ပြပွဲကို မြန်မာလုပ်ငန်းရှင်များအား ဖိတ်ခေါ်

257

NP News - ဇူလိုင် ၁၂
အိန္ဒိယနိုင်ငံတွင် နိုဝင်ဘာလအတွင်း ကျင်းပပြုလုပ်မည့် ဓာတုပစ္စည်း နှင့် ရေနံဓာတုပစ္စည်းပြပွဲ (Chemicals & Petrochemicals Expo 2025 – CPX 2025) နှင့် ကွန်ပေါင်းပစ္စည်း နှင့် ဖိုက်ဘာမှန်ပြပွဲ (Composites and Fiberglass Expo 2025 – CFX 2025) တို့တွင် မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ ပါဝင်ပြသရန် ဖိတ်ခေါ်ထားကြောင်း မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲမှ သိရသည်။
အဆိုပါပြပွဲများကို အိန္ဒိယ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (CII) မှ ကြီးမှူး၍ အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ် ပြည်နယ်၊ Gandhinagar မြို့၌ ယခုနှစ် လာမယ့် နိုဝင်ဘာလ ၁၂ ရက်မှ ၁၄ ရက်အထိ ၃ ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ပြပွဲအတွင်း အိန္ဒိယနိုင်ငံနှင့် နိုင်ငံတကာမှ ကုန်သည်လုပ်ငန်းရှင်ကြီးများ၊ ကုန်ပစ္စည်း ထုတ်လုပ်ရောင်းချသူများ၊ ကုန်ပစ္စည်းဝယ်ယူတင်သွင်းသူများနှင့် အစိုးရတာဝန်ရှိသူများ တက်ရောက်ကြမည်ဖြစ်ကြောင်း၊ ပြပွဲတွင် နောက်ဆုံးပေါ်ထုတ်ကုန်ပစ္စည်းများ နှင့် နည်းပညာများ ပါဝင်ပြသကြမည့်အပြင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကိုပါ ရှာဖွေနိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပြပွဲများတွင် ပါဝင်ပြသလိုသူများအနေဖြင့် Indoor Raw Space အတွက် ပြခန်းခ နှုန်းထားများအနေဖြင့် တစ်စတုရန်းမီတာလျှင် အမေရိကန်ဒေါ်လာ ၃ဝဝ နှင့် Build Up Space တစ်စတုရမ်းမီတာလျှင် အမေရိကန်ဒေါ်လာ ၃၅ဝ နှုန်း ကျသင့်မည်ဖြစ်သည်။
ထိုပြပွဲသို့ ပါဝင်ပြသလိုသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲသို့ ဖုန်းဖြင့်ဖြစ်စေ ၊ email ဖြင့်ဖြစ်စေ ဆက်သွယ်စုံစမ်းနိုင်ကြောင်း အသိပေးထားကြောင်း သိရသည်။

Zawgyi Version:
အိႏၵိယႏိုင္ငံတြင္က်င္းပမည့္ စက္မႈကုန္ထုတ္ျပပြဲကို ျမန္မာလုပ္ငန္းရွင္မ်ားအား ဖိတ္ေခၚ
NP News - ဇူလိုင္ ၁၂
အိႏၵိယႏိုင္ငံတြင္ ႏိုဝင္ဘာလအတြင္း က်င္းပျပဳလုပ္မည့္ ဓာတုပစၥည္း ႏွင့္ ေရနံဓာတုပစၥည္းျပပြဲ (Chemicals & Petrochemicals Expo 2025 – CPX 2025) ႏွင့္ ကြန္ေပါင္းပစၥည္း ႏွင့္ ဖိုက္ဘာမွန္ျပပြဲ (Composites and Fiberglass Expo 2025 – CFX 2025) တို႔တြင္ ျမန္မာႏိုင္ငံမွ လုပ္ငန္းရွင္မ်ား ပါဝင္ျပသရန္ ဖိတ္ေခၚထားေၾကာင္း ျမန္မာ့ကုန္သြယ္မႈျမႇင့္တင္ေရးအဖြဲ႕၊ ကုန္သြယ္မႈဖြံ႕ၿဖိဳးေရးဌာနခြဲမွ သိရသည္။
အဆိုပါျပပြဲမ်ားကို အိႏၵိယ စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္း (CII) မွ ႀကီးမႉး၍ အိႏၵိယႏိုင္ငံ၊ ဂူဂ်ာရတ္ ျပည္နယ္၊ Gandhinagar ၿမိဳ႕၌ ယခုႏွစ္ လာမယ့္ ႏိုဝင္ဘာလ ၁၂ ရက္မွ ၁၄ ရက္အထိ ၃ ရက္ၾကာ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။
ျပပြဲအတြင္း အိႏၵိယႏိုင္ငံႏွင့္ ႏိုင္ငံတကာမွ ကုန္သည္လုပ္ငန္းရွင္ႀကီးမ်ား၊ ကုန္ပစၥည္း ထုတ္လုပ္ေရာင္းခ်သူမ်ား၊ ကုန္ပစၥည္းဝယ္ယူတင္သြင္းသူမ်ားႏွင့္ အစိုးရတာဝန္ရွိသူမ်ား တက္ေရာက္ၾကမည္ျဖစ္ေၾကာင္း၊ ျပပြဲတြင္ ေနာက္ဆုံးေပၚထုတ္ကုန္ပစၥည္းမ်ား ႏွင့္ နည္းပညာမ်ား ပါဝင္ျပသၾကမည့္အျပင္ ရင္းႏွီးျမႇဳပ္ႏွံမႈ အခြင့္အလမ္းမ်ားကိုပါ ရွာေဖြႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါျပပြဲမ်ားတြင္ ပါဝင္ျပသလိုသူမ်ားအေနျဖင့္ Indoor Raw Space အတြက္ ျပခန္းခ ႏႈန္းထားမ်ားအေနျဖင့္ တစ္စတုရန္းမီတာလွ်င္ အေမရိကန္ေဒၚလာ ၃ဝဝ ႏွင့္ Build Up Space တစ္စတုရမ္းမီတာလွ်င္ အေမရိကန္ေဒၚလာ ၃၅ဝ ႏႈန္း က်သင့္မည္ျဖစ္သည္။
ထိုျပပြဲသို႔ ပါဝင္ျပသလိုသည့္ ျမန္မာစီးပြားေရးလုပ္ငန္းရွင္မ်ားအေနျဖင့္ ျမန္မာကုန္သြယ္မႈျမႇင့္တင္ေရးအဖြဲ႕၊ ကုန္သြယ္မႈဖြံ႕ၿဖိဳးေရးဌာနခြဲသို႔ ဖုန္းျဖင့္ျဖစ္ေစ ၊ email ျဖင့္ျဖစ္ေစ ဆက္သြယ္စုံစမ္းႏိုင္ေၾကာင္း အသိေပးထားေၾကာင္း သိရသည္။