ပြည်တွင်းရှိ အသေးစား၊ အလတ်စား၊ အကြီးစား စက်မှုလုပ်ငန်းများမှ လုပ်သားပေါင်း ငါးသိန်းခွဲကျော်ကို အလုပ်ပေးထား

142

သက်ပိုင်(NP News) - ဇူလိုင် ၁၄
ပြည်တွင်းရှိ အသေးစား၊ အလတ်စား၊ အကြီးစား စက်မှုလုပ်ငန်းများမှ လုပ်သားပေါင်း ငါးသိန်းခွဲကျော်ကို အလုပ်ပေးထားကြောင်း စက်မှုလုပ်ငန်းနှင့်စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ အတွင်းရေးမှူး၊ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် က ပြောသည်။
အဆိုပါ စကားကို ဇူလိုင်လ ၁၂ ရက်က ရှမ်းပြည်နယ်တောင်ကြီး(အေးသာယာ) စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီရုံးတွင် စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီမှ ကျင်းပသည့် စက်မှုဇုန် ဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားတွင် ဒုတိယ ဝန်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။
ပြည်တွင်း၌တည်ထောင်ပြီး စက်မှုဇုန် ၂၈ ဇုန်၊ စက်မှုရပ်ကွက် ငါးခုနှင့် ဆောင်ရွက်ဆဲ စက်မှုဇုန်စီမံကိန်းနှစ်ခုရှိကြောင်း၊ တည်ထောင်ပြီး စက်မှုဇုန်များတွင် အငယ်စား၊ အလတ်စားနှင့် အကြီးစားစက်မှုလုပ်ငန်းပေါင်း ၈၀၃၅ ခုရှိပြီး လုပ်သားပေါင်း ၅၅၆၀၀၉ဦးခန့်ကို အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးလျက်ရှိကြောင်း၊ တည်ထောင်ပြီးဖြစ်သည့် စက်မှုဇုန်များနှင့် စက်မှုဇုန်အသစ်များကို စနစ်တကျဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ စက်မှုဇုန်ဥပဒေကို ၂၀၂၀ ပြည့်နှစ်တွင် အတည်ပြုပြဋ္ဌာန်းခဲ့ကြောင်း ဒုတိယ ဝန်ကြီး က ပြောသည်။
စက်မှုဇုန် နည်းဥပဒေများကိုလည်း ၂၀၂၄ ခုနှစ်တွင် အတည်ပြုထုတ်ပြန်နိုင်ခဲ့ကြောင်း၊ နိုင်ငံတော်၏ ပြည်ပပို့ကုန်မြှင့်တင်ရေးနှင့် သွင်းကုန်အစားထိုးစက်မှုထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် ပြည်တွင်းစက်မှုဇုန်များသည် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသဖြင့် တည်ထောင်ပြီး စက်မှုဇုန်များကို စနစ်တကျဖွံ့ဖြိုးတိုးတက်လာရေးအတွက် ဝိုင်းဝန်းအားပေးမြှင့်တင်ခြင်းနှင့် ကြပ်မတ်ထိန်းကျောင်းခြင်းတို့ကိုလည်း ဥပဒေနှင့်အညီ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း လည်း ဒုတိယဝန်ကြီးက တိုက်တွန်း ပြောကြားသည်။

Zawgyi Version:
ျပည္တြင္းရွိ အေသးစား၊ အလတ္စား၊ အႀကီးစား စက္မႈလုပ္ငန္းမ်ားမွ လုပ္သားေပါင္း ငါးသိန္းခြဲေက်ာ္ကို အလုပ္ေပးထား
သက္ပိုင္(NP News) - ဇူလိုင္ ၁၄
ျပည္တြင္းရွိ အေသးစား၊ အလတ္စား၊ အႀကီးစား စက္မႈလုပ္ငန္းမ်ားမွ လုပ္သားေပါင္း ငါးသိန္းခြဲေက်ာ္ကို အလုပ္ေပးထားေၾကာင္း စက္မႈလုပ္ငန္းႏွင့္စက္မႈဇုန္ဖြံ႕ၿဖိဳးတိုးတက္ေရးဗဟိုေကာ္မတီ အတြင္းေရးမႉး၊ စက္မႈဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးရင္ေမာင္ၫြန႔္ က ေျပာသည္။
အဆိုပါ စကားကို ဇူလိုင္လ ၁၂ ရက္က ရွမ္းျပည္နယ္ေတာင္ႀကီး(ေအးသာယာ) စက္မႈဇုန္စီမံခန႔္ခြဲေရးေကာ္မတီ႐ုံးတြင္ စက္မႈလုပ္ငန္းႏွင့္ စက္မႈဇုန္ဖြံ႕ၿဖိဳးတိုးတက္ေရးဗဟိုေကာ္မတီမွ က်င္းပသည့္ စက္မႈဇုန္ ဥပေဒ၊ နည္းဥပေဒပါ ျပ႒ာန္းခ်က္မ်ားႏွင့္ ေရွ႕ဆက္လက္ေဆာင္႐ြက္ရမည့္ လုပ္ငန္းစဥ္မ်ား ရွင္းလင္းေဆြးေႏြးျခင္း အခမ္းအနားတြင္ ဒုတိယ ဝန္ႀကီးက ေျပာၾကားခဲ့ျခင္း ျဖစ္သည္။
ျပည္တြင္း၌တည္ေထာင္ၿပီး စက္မႈဇုန္ ၂၈ ဇုန္၊ စက္မႈရပ္ကြက္ ငါးခုႏွင့္ ေဆာင္႐ြက္ဆဲ စက္မႈဇုန္စီမံကိန္းႏွစ္ခုရွိေၾကာင္း၊ တည္ေထာင္ၿပီး စက္မႈဇုန္မ်ားတြင္ အငယ္စား၊ အလတ္စားႏွင့္ အႀကီးစားစက္မႈလုပ္ငန္းေပါင္း ၈၀၃၅ ခုရွိၿပီး လုပ္သားေပါင္း ၅၅၆၀၀၉ဦးခန႔္ကို အလုပ္အကိုင္အခြင့္အလမ္းမ်ား ဖန္တီးေပးလ်က္ရွိေၾကာင္း၊ တည္ေထာင္ၿပီးျဖစ္သည့္ စက္မႈဇုန္မ်ားႏွင့္ စက္မႈဇုန္အသစ္မ်ားကို စနစ္တက်ဖြံ႕ၿဖိဳးတိုးတက္ေစရန္ ရည္႐ြယ္၍ စက္မႈဇုန္ဥပေဒကို ၂၀၂၀ ျပည့္ႏွစ္တြင္ အတည္ျပဳျပ႒ာန္းခဲ့ေၾကာင္း ဒုတိယ ဝန္ႀကီး က ေျပာသည္။
စက္မႈဇုန္ နည္းဥပေဒမ်ားကိုလည္း ၂၀၂၄ ခုႏွစ္တြင္ အတည္ျပဳထုတ္ျပန္ႏိုင္ခဲ့ေၾကာင္း၊ ႏိုင္ငံေတာ္၏ ျပည္ပပို႔ကုန္ျမႇင့္တင္ေရးႏွင့္ သြင္းကုန္အစားထိုးစက္မႈထုတ္ကုန္မ်ား တိုးတက္ထုတ္လုပ္ႏိုင္ေရးအတြက္ ျပည္တြင္းစက္မႈဇုန္မ်ားသည္ အဓိကအခန္းက႑မွ ပါဝင္ေနသျဖင့္ တည္ေထာင္ၿပီး စက္မႈဇုန္မ်ားကို စနစ္တက်ဖြံ႕ၿဖိဳးတိုးတက္လာေရးအတြက္ ဝိုင္းဝန္းအားေပးျမႇင့္တင္ျခင္းႏွင့္ ၾကပ္မတ္ထိန္းေက်ာင္းျခင္းတို႔ကိုလည္း ဥပေဒႏွင့္အညီ ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း လည္း ဒုတိယဝန္ႀကီးက တိုက္တြန္း ေျပာၾကားသည္။