တောင်ကိုရီးယားရေဘေးသင့်ပြည်သူတွေအတွက် တောင်ကိုရီးယားအစီအစဉ်တင်ဆက်သူ ယိုးဂျယ်ဆော့ က KRW သန်း ၅၀ (ဒေါ်လာ ၃၆,ဝဝဝ ခန့်) လှူဒါန်း

145
ရောင်နီ (NP News) - ဇူလိုင် ၂ဝ
"Nation's MC" လို့ လူသိများတဲ့ အစီအစဉ်တင်ဆက်သူ ယိုးဂျယ်ဆော့ဟာ တောင်ကိုရီးယားနိုင်ငံတဝှမ်း လတ်တလော မိုးသည်းထန်စွာ ရွာသွန်းပြီး ရေးကြီးရေလျှံမှုကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူတွေနဲ့ ထိခိုက်နစ်နာခဲ့ရသူ တွေကို ထောက်ပံ့ဖို့ KRW သန်း ၅ဝ (ဒေါ်လာ ၃၆၀၀၀ ခန့်) လှူဒါန်းခဲ့တယ်လို့ ပရဟိတအဖွဲ့အစည်း Hope Bridge Korea Disaster Relief Association (Chairman Song Pil Ho) က ဇူလိုင် ၁၈ ရက်မှာ ကြေညာခဲ့ပါတယ်။
Hope Bridge ဟာ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးရန်ပုံငွေတွေကို စုဆောင်းဖြန့်ဝေနေတဲ့ တောင်ကိုရီးယားရဲ့တရားဝင်သတ်မှတ်ထားတဲ့ တစ်ခုတည်းသောအဖွဲ့အစည်းဖြစ်ပါတယ်။ "မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသူတွေအကြောင်း ကြားသိရလို့ စိတ်မကောင်းဖြစ်မိပါတယ်" လို့ ယိုးဂျယ်ဆော့ က ဆိုပါတယ်။
ယိုးဂျယ်ဆော့ခ်ဟာ တောမီး၊ ရေကြီးမှုနဲ့ ငလျင်လှုပ်ခတ်မှု အပါအဝင် နိုင်ငံတော်အဆင့် အကျပ်အတည်း ကာလတွေမှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် ပရဟိတအဖွဲ့အစည်း Hope Bridge မှတစ်ဆင့် အကူအညီတွေ ပေးဆောင်လေ့ရှိပါတယ်။

Zawgyi Version:
ေတာင္ကိုရီးယားေရေဘးသင့္ျပည္သူေတြအတြက္ ေတာင္ကိုရီးယားအစီအစဥ္တင္ဆက္သူ ယိုးဂ်ယ္ေဆာ့ က KRW သန္း ၅၀ (ေဒၚလာ ၃၆,ဝဝဝ ခန႔္) လႉဒါန္း
ေရာင္နီ (NP News) - ဇူလိုင္ ၂ဝ
"Nation's MC" လို႔ လူသိမ်ားတဲ့ အစီအစဥ္တင္ဆက္သူ ယိုးဂ်ယ္ေဆာ့ဟာ ေတာင္ကိုရီးယားႏိုင္ငံတဝွမ္း လတ္တေလာ မိုးသည္းထန္စြာ ႐ြာသြန္းၿပီး ေရးႀကီးေရလွ်ံမႈေၾကာင့္ အိုးမဲ့အိမ္မဲ့ျဖစ္ခဲ့ရသူေတြနဲ႔ ထိခိုက္နစ္နာခဲ့ရသူ ေတြကို ေထာက္ပံ့ဖို႔ KRW သန္း ၅ဝ (ေဒၚလာ ၃၆၀၀၀ ခန႔္) လႉဒါန္းခဲ့တယ္လို႔ ပရဟိတအဖြဲ႕အစည္း Hope Bridge Korea Disaster Relief Association (Chairman Song Pil Ho) က ဇူလိုင္ ၁၈ ရက္မွာ ေၾကညာခဲ့ပါတယ္။
Hope Bridge ဟာ သဘာဝေဘးအႏၲရာယ္ကယ္ဆယ္ေရးရန္ပုံေငြေတြကို စုေဆာင္းျဖန႔္ေဝေနတဲ့ ေတာင္ကိုရီးယားရဲ႕တရားဝင္သတ္မွတ္ထားတဲ့ တစ္ခုတည္းေသာအဖြဲ႕အစည္းျဖစ္ပါတယ္။ "မိုးသည္းထန္စြာ ႐ြာသြန္းမႈေၾကာင့္ ပ်က္စီးဆုံးရႈံးခဲ့ရသူေတြအေၾကာင္း ၾကားသိရလို႔ စိတ္မေကာင္းျဖစ္မိပါတယ္" လို႔ ယိုးဂ်ယ္ေဆာ့ က ဆိုပါတယ္။
ယိုးဂ်ယ္ေဆာ့ခ္ဟာ ေတာမီး၊ ေရႀကီးမႈနဲ႔ ငလ်င္လႈပ္ခတ္မႈ အပါအဝင္ ႏိုင္ငံေတာ္အဆင့္ အက်ပ္အတည္း ကာလေတြမွာ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ ကယ္ဆယ္ေရးလုပ္ငန္းေတြအတြက္ ပရဟိတအဖြဲ႕အစည္း Hope Bridge မွတစ္ဆင့္ အကူအညီေတြ ေပးေဆာင္ေလ့ရွိပါတယ္။