သရက်တွင် ဆယ်အိမ်မှူးတစ်ဦးကို အကြမ်းဖက်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်ကာ ကျေးရွာသုသာန်တွင် ပစ်ခတ်သတ်ဖြတ်

 492

Pearl (NP News) - ဇူလိုင် ၂၁

သရက်မြို့နယ်တွင် ဆယ်အိမ်မှူးတစ်ဦးကို အကြမ်းဖက်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပြီး ကျေးရွာသုသာန်သို့အရောက်၌ ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြချက်အရ သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၁၉ ရက် နံနက် ၇ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၊ ဖောင်းကတောကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကျေးရွာ၏ ကျေးရွာနေ ဆယ်အိမ်မှူး ဦးအေးမင်း(၄၅)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့ အင်အား ၁၀ ဦးခန့်က ဆိုင်ကယ် ငါးစီးဖြင့် ရောက်ရှိလာကာ “ဒလန်” ဟုစွပ်စွဲပြောဆို၍ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း သိရသည်။

ထိုသို့ ခေါ်ဆောင်သွားခဲ့ပြီး ဖောင်းကတောကျေးရွာ၏အနောက်ဘက် ၂ ဖာလုံခန့်အကွာ ကျေးရွာသုသာန်သို့အရောက်၌ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးအေးမင်းတွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ဇူလိုင် ၁၉ ရက် နံနက် ၅ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ လက်ယက်ကျေးရွာတွင် တွင် နေထိုင်သော ဦးဘိုကေကျော်(ခ)သန်းစိန်(၄၅)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့အင်အား ခြောက်ဦးခန့်က ဆိုင်ကယ် ငါးစီးဖြင့် ရောက်ရှိလာခဲ့ပြီး ဦးဘိုကေကျော် ကို “ဒလန်” ဟုစွပ်စွဲပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးဘိုကေကျော်(ခ)သန်းစိန်တွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ထိုသို့ ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူ များအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
သရက္တြင္ ဆယ္အိမ္မႉးတစ္ဦးကို အၾကမ္းဖက္အဖြဲ႕က ဖမ္းဆီးေခၚေဆာင္ကာ ေက်း႐ြာသုသာန္တြင္ ပစ္ခတ္သတ္ျဖတ္
Pearl (NP News) - ဇူလိုင္ ၂၁

သရက္ၿမိဳ႕နယ္တြင္ ဆယ္အိမ္မႉးတစ္ဦးကို အၾကမ္းဖက္အဖြဲ႕က ဖမ္းဆီးေခၚေဆာင္သြားၿပီး ေက်း႐ြာသုသာန္သို႔အေရာက္၌ ပစ္ခတ္သတ္ျဖတ္သြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၏ ထုတ္ျပခ်က္အရ သိရသည္။

ျဖစ္စဥ္မွာ ဇူလိုင္ ၁၉ ရက္ နံနက္ ၇ နာရီ ၃၀ မိနစ္တြင္ မေကြးတိုင္းေဒသႀကီး၊ သရက္ၿမိဳ႕နယ္၊ ေဖာင္းကေတာေက်း႐ြာတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

အဆိုပါ ေက်း႐ြာ၏ ေက်း႐ြာေန ဆယ္အိမ္မႉး ဦးေအးမင္း(၄၅)ႏွစ္သည္ ၎၏ေနအိမ္၌ ရွိေနစဥ္ PDF အၾကမ္းဖက္အဖြဲ႕ အင္အား ၁၀ ဦးခန႔္က ဆိုင္ကယ္ ငါးစီးျဖင့္ ေရာက္ရွိလာကာ “ဒလန္” ဟုစြပ္စြဲေျပာဆို၍ ဖမ္းဆီးေခၚေဆာင္ သြားခဲ့ေၾကာင္း သိရသည္။

ထိုသို႔ ေခၚေဆာင္သြားခဲ့ၿပီး ေဖာင္းကေတာေက်း႐ြာ၏အေနာက္ဘက္ ၂ ဖာလုံခန႔္အကြာ ေက်း႐ြာသုသာန္သို႔အေရာက္၌ ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္သြားခဲ့သျဖင့္ ဦးေအးမင္းတြင္ က်ည္ထိမွန္ဒဏ္ရာမ်ား ရရွိကာ ေသဆုံးသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အလားတူ ဇူလိုင္ ၁၉ ရက္ နံနက္ ၅ နာရီ ၃၀ မိနစ္တြင္ မေကြးတိုင္းေဒသႀကီး၊ ဆင္ေပါင္ဝဲၿမိဳ႕နယ္၊ လက္ယက္ေက်း႐ြာတြင္ တြင္ ေနထိုင္ေသာ ဦးဘိုေကေက်ာ္(ခ)သန္းစိန္(၄၅)ႏွစ္သည္ ၎၏ေနအိမ္၌ ရွိေနစဥ္ PDF အၾကမ္းဖက္အဖြဲ႕အင္အား ေျခာက္ဦးခန႔္က ဆိုင္ကယ္ ငါးစီးျဖင့္ ေရာက္ရွိလာခဲ့ၿပီး ဦးဘိုေကေက်ာ္ ကို “ဒလန္” ဟုစြပ္စြဲေျပာဆို၍ ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္သြားခဲ့သျဖင့္ ဦးဘိုေကေက်ာ္(ခ)သန္းစိန္တြင္ က်ည္ထိမွန္ဒဏ္ရာမ်ား ရရွိကာ ေသဆုံးသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

လက္ရွိတြင္ ထိုသို႔ ပစ္ခတ္သတ္ျဖတ္မႈ က်ဴးလြန္ခဲ့သူ မ်ားအား ေဖာ္ထုတ္ဖမ္းဆီး၍ ဥပေဒႏွင့္အညီ အေရးယူႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.