အပူပိုင်းမုန်တိုင်း”ဝီဖာ”အရှိန်ကြောင့် ယနေ့မှစ၍ (၆)ရက်အတွင်း နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်

 797

စော(NP News)- ဇူလိုင် ၂၁
အပူပိုင်းမုန်တိုင်း”ဝီဖာ”အရှိန်ကြောင့် ယနေ့ (ဇူလိုင် ၂၁ရက်)မှ (၂၆)ရက်နေ့အတွင်း နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်း မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ)၏ထုတ်ပြန်ချက်အရ သိရသည်။
ယနေ့(ဇူလိုင် ၂၁ရက်)၊ မွန်းလွဲ (၁၂)နာရီခွဲအချိန် တိုင်းထွာချက်များအရ တောင်တရုတ်ပင်လယ်ပြင်၊ ယင်းနှင့်ဆက်စပ်နေသော တရုတ်နိုင်ငံတောင်ပိုင်း၊ ဟောင်ကောင်- မက္ကာအို ကမ်းခြေအနီးတွင်ဖြစ်ပေါ်နေသော အားကောင်းသော အပူပိုင်းမုန်တိုင်း “ဝီဖာ”သည် အနောက်ဘက်သို့ ရေမိုင် (၂၂၅)မိုင်ခန့် ရွေ့လျားခဲ့ရာ တရုတ်နိုင်ငံ၊ တောင်ပိုင်းကမ်းရိုးတန်းဒေသများကို ဖြတ်ကျော်ခဲ့ကာ ဘိုင်ဘူပင်လယ်ကွေ့တွင် အပူပိုင်းမုန်တိုင်း “ဝီဖာ”အဖြစ်သို့ အားလျော့ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါ မုန့်တိုင်းသည် မြောက်လတ္တီတွဒ် (၂၁.၃) ဒီဂရီနှင့် အရှေ့လောင်ဂီတွဒ် (၁၀၉.၃) ဒီဂရီတွင် တည်ရှိပြီး တရုတ်နိုင်ငံ၊ ဘေဟိုင်မြို့၏ အရှေ့တောင်ဘက် ရေမိုင် (၁၆) မိုင်ခန့်အကွာ၊ ဟိုင်နန်ကျွန်း၏ မြောက်ဘက် ရေမိုင် (၉၆) မိုင်ခန့်အကွာ၊ ဗီယက်နမ်နိုင်ငံ၊ ဟိုင်ဖောင်မြို့၏ အရှေ့ဘက် ရေမိုင် (၁၇၁) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့ကြောင့် အပူပိုင်းမုန်တိုင်း "ဝီဖာ" သည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ ဗီယက်နမ်နိုင်ငံမြောက်ပိုင်းကမ်းလွန်တွင် အားအနည်းငယ် ပြန်ကောင်းနိုင်ပြီး လာမည့် (၃၆) နာရီအတွင်း ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းကိုလည်းကောင်း၊ လာမည့် (၄၈) နာရီအတွင်း လာအိုနိုင်ငံမြောက်ပိုင်းကိုလည်းကောင်း အဆင့်ဆင့် ဆက်လက် ဖြတ်ကျော်နိုင်ပြီး အပူပိုင်းမုန်တိုင်းငယ် "ဝီဖာ" (WIPHA" Tropical Depression) အဖြစ်သို့လည်းကောင်း၊ လေဖိအားနည်းရပ်ဝန်း (Low Pressure Area) အဖြစ်သို့လည်ကောင်း ပြန်လည်အားလျော့သွားနိုင်ကြောင်း မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ)က ခန့်မှန်းထားသည်။
အဆိုပါ အားကောင်းသော အပူပိုင်းမုန်တိုင်း "ဝီဖာ" ၏အရှိန်ကြောင့် ယနေ့(ဇူလိုင် ၂၁ရက်)မှစ၍ ဇူလိုင် (၂၆)ရက်အတွင်း တစ်ပြည်လုံးတွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက် မိုးကြီးခြင်းနှင့် မိုးသက်လေပြင်းတိုက်ခတ်ခြင်းတို့ ဖြစ်ပေါ်နိုင်ပါကြောင်း ထုတ်ပြန်ထားသည်။

Zawgyi Version:
အပူပိုင္းမုန္တိုင္း”ဝီဖာ”အရွိန္ေၾကာင့္ ယေန႔မွစ၍ (၆)ရက္အတြင္း ေနရာအႏွံအျပား မိုးထစ္ခ်ဳန္း႐ြာမည္
ေစာ(NP News)- ဇူလိုင္ ၂၁
အပူပိုင္းမုန္တိုင္း”ဝီဖာ”အရွိန္ေၾကာင့္ ယေန႔ (ဇူလိုင္ ၂၁ရက္)မွ (၂၆)ရက္ေန႔အတြင္း ေနရာအႏွံအျပား မိုးထစ္ခ်ဳန္း႐ြာမည္ျဖစ္ေၾကာင္း မိုးေလဝသျမန္မာ (ရန္ကုန္ဌာနခြဲ)၏ထုတ္ျပန္ခ်က္အရ သိရသည္။
ယေန႔(ဇူလိုင္ ၂၁ရက္)၊ မြန္းလြဲ (၁၂)နာရီခြဲအခ်ိန္ တိုင္းထြာခ်က္မ်ားအရ ေတာင္တ႐ုတ္ပင္လယ္ျပင္၊ ယင္းႏွင့္ဆက္စပ္ေနေသာ တ႐ုတ္ႏိုင္ငံေတာင္ပိုင္း၊ ေဟာင္ေကာင္- မကၠာအို ကမ္းေျခအနီးတြင္ျဖစ္ေပၚေနေသာ အားေကာင္းေသာ အပူပိုင္းမုန္တိုင္း “ဝီဖာ”သည္ အေနာက္ဘက္သို႔ ေရမိုင္ (၂၂၅)မိုင္ခန႔္ ေ႐ြ႕လ်ားခဲ့ရာ တ႐ုတ္ႏိုင္ငံ၊ ေတာင္ပိုင္းကမ္း႐ိုးတန္းေဒသမ်ားကို ျဖတ္ေက်ာ္ခဲ့ကာ ဘိုင္ဘူပင္လယ္ေကြ႕တြင္ အပူပိုင္းမုန္တိုင္း “ဝီဖာ”အျဖစ္သို႔ အားေလ်ာ့ခဲ့ေၾကာင္း ထုတ္ျပန္ထားသည္။
အဆိုပါ မုန႔္တိုင္းသည္ ေျမာက္လတၱီတြဒ္ (၂၁.၃) ဒီဂရီႏွင့္ အေရွ႕ေလာင္ဂီတြဒ္ (၁၀၉.၃) ဒီဂရီတြင္ တည္ရွိၿပီး တ႐ုတ္ႏိုင္ငံ၊ ေဘဟိုင္ၿမိဳ႕၏ အေရွ႕ေတာင္ဘက္ ေရမိုင္ (၁၆) မိုင္ခန္႔အကြာ၊ ဟိုင္နန္ကြၽန္း၏ ေျမာက္ဘက္ ေရမိုင္ (၉၆) မိုင္ခန္႔အကြာ၊ ဗီယက္နမ္ႏိုင္ငံ၊ ဟိုင္ေဖာင္ၿမိဳ႕၏ အေရွ႕ဘက္ ေရမိုင္ (၁၇၁) မိုင္ခန္႔အကြာ ပင္လယ္ျပင္ကို ဗဟိုျပဳေနေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ထို႔ေၾကာင့္ အပူပိုင္းမုန္တိုင္း "ဝီဖာ" သည္ အေနာက္ဘက္သို႔ ဆက္လက္ေ႐ြ႕လ်ားကာ ဗီယက္နမ္ႏိုင္ငံေျမာက္ပိုင္းကမ္းလြန္တြင္ အားအနည္းငယ္ ျပန္ေကာင္းႏိုင္ၿပီး လာမည့္ (၃၆) နာရီအတြင္း ဗီယက္နမ္ႏိုင္ငံ ေျမာက္ပိုင္းကိုလည္းေကာင္း၊ လာမည့္ (၄၈) နာရီအတြင္း လာအိုႏိုင္ငံေျမာက္ပိုင္းကိုလည္းေကာင္း အဆင့္ဆင့္ ဆက္လက္ ျဖတ္ေက်ာ္ႏိုင္ၿပီး အပူပိုင္းမုန္တိုင္းငယ္ "ဝီဖာ" (WIPHA" Tropical Depression) အျဖစ္သို႔လည္းေကာင္း၊ ေလဖိအားနည္းရပ္ဝန္း (Low Pressure Area) အျဖစ္သို႔လည္ေကာင္း ျပန္လည္အားေလ်ာ့သြားႏိုင္ေၾကာင္း မိုးေလဝသျမန္မာ (ရန္ကုန္ဌာနခြဲ)က ခန႔္မွန္းထားသည္။
အဆိုပါ အားေကာင္းေသာ အပူပိုင္းမုန္တိုင္း "ဝီဖာ" ၏အရွိန္ေၾကာင့္ ယေန႔(ဇူလိုင္ ၂၁ရက္)မွစ၍ ဇူလိုင္ (၂၆)ရက္အတြင္း တစ္ျပည္လုံးတြင္ ေနရာအႏွံ႔အျပား မိုးထစ္ခ်ဳန္း႐ြာၿပီး ေဒသအလိုက္ မိုးႀကီးျခင္းႏွင့္ မိုးသက္ေလျပင္းတိုက္ခတ္ျခင္းတို႔ ျဖစ္ေပၚႏိုင္ပါေၾကာင္း ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.