ဂျပန်နိုင်ငံရှိ မြန်မာနိုင်ငံသားများအတွက် ဆူနာမီသတိပေးချက် မြန်မာသံရုံးမှထုတ်ပြန်

 943

ချယ်ရီ (NP News) - ဇူလိုင် (၃၀)
ဂျပန်နိုင်ငံသို့ရောက်ရှိနေသော မြန်မာနိုင်ငံသားများအတွက် ဆူနာမီသတိပေးချက် တိုကျိုမြို့ရှိ မြန်မာသံရုံးမှ ယနေ့ (ဇူလိုင်လ ၃၀ ရက်) ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။
ယနေ့ (ဇူလိုင်လ ၃၀ ရက်)၊ နံနက် (၈)နာရီ (၂၅)မိနစ်အချိန်ခန့်တွင် ရုရှားနိုင်ငံ ကမ်ချတကျွန်းဆွယ်အနီး၌ လှုပ်ခတ်ခဲ့သော ပြင်းအား (၈.၇) မဂ္ဂနီကျုရှိ ငလျင်ကြောင့် ဂျပန်နိုင်ငံ မိုးလေဝသနှင့်ဇလဗေဒ ဦးစီးဌာနမှ ဂျပန်ကမ်းရိုးတန်းတစ်လျှောက် ဟိုကိုင်းဒိုးပြည်နယ်မှ ဝါကာယာမပြည်နယ်အထိ ဆူနာမီသတိပေးချက် ထုတ်ပြန်ထားကြောင်း သိရသည်။
ထို့ကြောင့် အဆိုပါဒေသတွင် နေထိုင်သော မြန်မာနိုင်ငံသားများအနေဖြင့် သတိပေးချက်များကို အလေးထား နားစွင့်၍ ကုန်းမြင့်ဒေသများတွင်သာ နေထိုင်ကြရန်နှင့် ဆူနာမီသတိပေးချက် ရုပ်သိမ်းခြင်းမပြုမီအထိ ကမ်းရိုးတန်းဒေသများသို့ သွားလာခြင်းကို ရှောင်ရှားကြရန် မြန်မာသံရုံးမှ အသိပေးကြေညာထားသည်။

Zawgyi Version:
ဂ်ပန္ႏိုင္ငံရွိ ျမန္မာႏိုင္ငံသားမ်ားအတြက္ ဆူနာမီသတိေပးခ်က္ ျမန္မာသံ႐ုံးမွထုတ္ျပန္
ခ်ယ္ရီ (NP News) - ဇူလိုင္ (၃၀)
ဂ်ပန္ႏိုင္ငံသို႔ေရာက္ရွိေနေသာ ျမန္မာႏိုင္ငံသားမ်ားအတြက္ ဆူနာမီသတိေပးခ်က္ တိုက်ိဳၿမိဳ႕ရွိ ျမန္မာသံ႐ုံးမွ ယေန႔ (ဇူလိုင္လ ၃၀ ရက္) ရက္စြဲျဖင့္ ထုတ္ျပန္ေၾကညာလိုက္သည္။
ယေန႔ (ဇူလိုင္လ ၃၀ ရက္)၊ နံနက္ (၈)နာရီ (၂၅)မိနစ္အခ်ိန္ခန႔္တြင္ ႐ုရွားႏိုင္ငံ ကမ္ခ်တကြၽန္းဆြယ္အနီး၌ လႈပ္ခတ္ခဲ့ေသာ ျပင္းအား (၈.၇) မဂၢနီက်ဳရွိ ငလ်င္ေၾကာင့္ ဂ်ပန္ႏိုင္ငံ မိုးေလဝသႏွင့္ဇလေဗဒ ဦးစီးဌာနမွ ဂ်ပန္ကမ္း႐ိုးတန္းတစ္ေလွ်ာက္ ဟိုကိုင္းဒိုးျပည္နယ္မွ ဝါကာယာမျပည္နယ္အထိ ဆူနာမီသတိေပးခ်က္ ထုတ္ျပန္ထားေၾကာင္း သိရသည္။
ထို႔ေၾကာင့္ အဆိုပါေဒသတြင္ ေနထိုင္ေသာ ျမန္မာႏိုင္ငံသားမ်ားအေနျဖင့္ သတိေပးခ်က္မ်ားကို အေလးထား နားစြင့္၍ ကုန္းျမင့္ေဒသမ်ားတြင္သာ ေနထိုင္ၾကရန္ႏွင့္ ဆူနာမီသတိေပးခ်က္ ႐ုပ္သိမ္းျခင္းမျပဳမီအထိ ကမ္း႐ိုးတန္းေဒသမ်ားသို႔ သြားလာျခင္းကို ေရွာင္ရွားၾကရန္ ျမန္မာသံ႐ုံးမွ အသိေပးေၾကညာထားသည္။

Related news

© 2021. All rights reserved.