ငလျင်ပြန်လည်ထူထောင်ရေးအတွက် မတည်ငွေ ကျပ် (၅၀၀)ဘီလျံအပြင် (၂)ထရီလျံကို ထပ်မံထောက်ပံ့

284

ချယ်ရီ (NP News) - ဇူလိုင် ၂၉
နိုင်ငံတော်မှ ငလျင်ပြန်လည်ထူထောင်ရေးအတွက် ကနဦးမတည်ငွေ ကျပ်(၅၀၀)ဘီလျံအပြင် ငွေကျပ်(၂)ထရီလျံကို ထပ်မံထောက်ပံ့ပေးနေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
နစက ဥက္ကဋ္ဌက ယမန်နေ့ (ဇူလိုင်လ ၂၈ ရက်)က နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်တွင် ကျင်းပပြုလုပ်သော ငလျင်ကာလအလွန် နည်းပညာဆိုင်ရာဆွေးနွေးပွဲအခမ်းအနား၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ မန္တလေးငလျင်ကြီးကြောင့် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော် အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး (၅) ခု၌ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး ရဟန်း၊ရှင်၊ လူ ပြည်သူ (၃,၇၃၉) ဦး အသက်ဆုံးရှုံးခဲ့ရကာ လူနေအိမ် (၅၀,၀၀၀) ကျော်အပါအဝင် လမ်း၊ တံတားများ၊ တာဝါတိုင်များ၊ ကျောင်း၊ ဆေးရုံများ၊ သာသနိကအဆောက်အအုံများ၊ စက်ရုံ၊ အလုပ်ရုံများစွာ ထိခိုက်ပျက်စီးခဲ့ရကြောင်း နစကဥက္ကဋ္ဌက ဆိုသည်။
ထို့ကြောင့် နိုင်ငံတော်မှ ပြည်သူများကို နေအိမ်တိုက်တာအိုးအိမ်ပျက်စီးမှုများ ပြန်လည်ထူထောင်နိုင်ရေးအတွက် ကနဦးမတည်ငွေ ကျပ်ဘီလျံ (၅၀၀) ထောက်ပံ့ဆောင်ရွက်ပေးထားပြီးဖြစ်သည့်အပြင် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအတွက် ငွေကျပ်(၂) ထရီလျံကိုလည်း ဆက်လက်ထောက်ပံ့ပေးနေကြောင်း နစကဥက္ကဋ္ဌက ပြောကြားခဲ့သည်။ ထို့ပြင် တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများဖြစ်သည့် ဘိလပ်မြေနှင့် သံ၊ သံမဏိပစ္စည်း တင်သွင်းရောင်းချသူ၊ ပြည်တွင်း ထုတ်လုပ်သူများမှစ၍ တွက်ချက်ပုံစံထုတ်သူပညာရှင်များ၊ ရင်းနှီးမြှုပ်နှံသူများ၊ ကန်ထရိုက်တာများ၊ ကြီးကြပ်တည်ဆောက်သူ အင်ဂျင်နီယာများနှင့် အရည်အသွေးစစ်ဆေးသူများ အစရှိသည့် Construction Industry တစ်ခုလုံးတွင်ရှိကြသော အဆင့်ဆင့် Stakeholder များ အားလုံးက စနစ်တကျဖြင့် အသိစိတ်ဓာတ်ရှိရှိ ပူးပေါင်းလိုက်နာဆောင်ရွက်ကြမှသာ မိမိတို့တာဝန်ယူ တည်ဆောက်သော အခြေခံအဆောက်အအုံများသည် အနာဂတ်ကာလများတွင် ငလျင်အန္တရာယ်ကြုံတွေ့လာသည့်အခါ ပြည်သူအများ၏ အသက်အိုးအိမ်လုံခြုံမှုကို ပေးစွမ်းနိုင်မည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ထည့်သွင်းပြောကြားခဲ့သည်။

zawgyi version
ငလ်င္ျပန္လည္ထူေထာင္ေရးအတြက္ မတည္ေငြ က်ပ္ (၅၀၀)ဘီလ်ံအျပင္ (၂)ထရီလ်ံကို ထပ္မံေထာက္ပံ့
ခ်ယ္ရီ (NP News) - ဇူလိုင္ ၂၉
ႏိုင္ငံေတာ္မွ ငလ်င္ျပန္လည္ထူေထာင္ေရးအတြက္ ကနဦးမတည္ေငြ က်ပ္(၅၀၀)ဘီလ်ံအျပင္ ေငြက်ပ္(၂)ထရီလ်ံကို ထပ္မံေထာက္ပံ့ေပးေနေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားသည္။
နစက ဥကၠ႒က ယမန္ေန႔ (ဇူလိုင္လ ၂၈ ရက္)က ေနျပည္ေတာ္ရွိ မဂၤလာသီရိဟိုတယ္တြင္ က်င္းပျပဳလုပ္ေသာ ငလ်င္ကာလအလြန္ နည္းပညာဆိုင္ရာေဆြးေႏြးပြဲအခမ္းအနား၌ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။ မႏၲေလးငလ်င္ႀကီးေၾကာင့္ မႏၲေလး၊ စစ္ကိုင္း၊ ေနျပည္ေတာ္ အပါအဝင္ ျပည္နယ္ႏွင့္ တိုင္းေဒသႀကီး (၅) ခု၌ ထိခိုက္ပ်က္စီးမႈမ်ား ျဖစ္ေပၚခဲ့ၿပီး ရဟန္း၊ရွင္၊ လူ ျပည္သူ (၃,၇၃၉) ဦး အသက္ဆုံးရႈံးခဲ့ရကာ လူေနအိမ္ (၅၀,၀၀၀) ေက်ာ္အပါအဝင္ လမ္း၊ တံတားမ်ား၊ တာဝါတိုင္မ်ား၊ ေက်ာင္း၊ ေဆး႐ုံမ်ား၊ သာသနိကအေဆာက္အအုံမ်ား၊ စက္႐ုံ၊ အလုပ္႐ုံမ်ားစြာ ထိခိုက္ပ်က္စီးခဲ့ရေၾကာင္း နစကဥကၠ႒က ဆိုသည္။
ထို႔ေၾကာင့္ ႏိုင္ငံေတာ္မွ ျပည္သူမ်ားကို ေနအိမ္တိုက္တာအိုးအိမ္ပ်က္စီးမႈမ်ား ျပန္လည္ထူေထာင္ႏိုင္ေရးအတြက္ ကနဦးမတည္ေငြ က်ပ္ဘီလ်ံ (၅၀၀) ေထာက္ပံ့ေဆာင္႐ြက္ေပးထားၿပီးျဖစ္သည့္အျပင္ ျပန္လည္ထူေထာင္ေရးႏွင့္ ျပန္လည္တည္ေဆာက္ေရးလုပ္ငန္းမ်ားအတြက္ ေငြက်ပ္(၂) ထရီလ်ံကိုလည္း ဆက္လက္ေထာက္ပံ့ေပးေနေၾကာင္း နစကဥကၠ႒က ေျပာၾကားခဲ့သည္။ ထို႔ျပင္ တည္ေဆာက္ေရးလုပ္ငန္းသုံးပစၥည္းမ်ားျဖစ္သည့္ ဘိလပ္ေျမႏွင့္ သံ၊ သံမဏိပစၥည္း တင္သြင္းေရာင္းခ်သူ၊ ျပည္တြင္း ထုတ္လုပ္သူမ်ားမွစ၍ တြက္ခ်က္ပုံစံထုတ္သူပညာရွင္မ်ား၊ ရင္းႏွီးျမႇဳပ္ႏွံသူမ်ား၊ ကန္ထ႐ိုက္တာမ်ား၊ ႀကီးၾကပ္တည္ေဆာက္သူ အင္ဂ်င္နီယာမ်ားႏွင့္ အရည္အေသြးစစ္ေဆးသူမ်ား အစရွိသည့္ Construction Industry တစ္ခုလုံးတြင္ရွိၾကေသာ အဆင့္ဆင့္ Stakeholder မ်ား အားလုံးက စနစ္တက်ျဖင့္ အသိစိတ္ဓာတ္ရွိရွိ ပူးေပါင္းလိုက္နာေဆာင္႐ြက္ၾကမွသာ မိမိတို႔တာဝန္ယူ တည္ေဆာက္ေသာ အေျခခံအေဆာက္အအုံမ်ားသည္ အနာဂတ္ကာလမ်ားတြင္ ငလ်င္အႏၲရာယ္ႀကဳံေတြ႕လာသည့္အခါ ျပည္သူအမ်ား၏ အသက္အိုးအိမ္လုံၿခဳံမႈကို ေပးစြမ္းႏိုင္မည္ျဖစ္ေၾကာင္း နစကဥကၠ႒က ထည့္သြင္းေျပာၾကားခဲ့သည္။