ယဲလိုးစတုန်း စူပါမီးတောင်ပေါက်ကွဲ၍ အမေရိကန်နိုင်ငံ ပျောက်ကွယ်သွားတော့မည်လား

 11414

Htay Oung (NP News) - ဇူလိုင် ၂၂

အမေရိကန်နိုင်ငံ အနောက်မြောက်ပိုင်းမှာ ယဲလိုးစတုန်း Yellowstone အမည်ရှိ မီးတောင်ချိုင့်ဝှမ်းကြီးတစ်ခု ရှိ ပါတယ်။ မီးတောင်ပေါက်ကွဲပြီးနောက် မြေကျွံကျနေတဲ့ ချိုင့်ဝှမ်း Caldera ဖြစ်ပြီး အလျား ၄၅ မိုင် အနံ မိုင် ၃၀ ရှိတဲ့အတွက် ဝိုင်အိုမင်း၊ အိုင်ဒါဟို၊ မွန်တားနား ပြည်နယ်အတွင်း ကျရောက်နေပါတယ်။ မြင်သာအောင် နှိုင်းယှဉ်ပြောရရင် စင်္ကာပူနိုင်ငံရဲ့ ၄.၅ ဆ၊ တောင်ကိုရီးယားရဲ့ ၃.၅% ရှိတဲ့အတွက် ကမ္ဘာ့အကြီးဆုံးမီးတောင်ကြီးများအနက် တစ်ခုဖြစ်တယ်။ သားရဲတိရစ္ဆာန်များ လွတ်လပ်စွာ ကျက်စားနေတဲ့ ယဲလိုးစတုန်း အမျိုးသား ဥယျာဉ်အတွင်းမှာ ပါဝင်ပါတယ်။

သက်တမ်း နှစ် (၂)သန်း ကျော်ပြီဖြစ်တဲ့ မီးတောင်ကြီးရဲ့ နောက်ဆုံးပေါက်ကွဲခဲ့တာ လွန်ခဲ့တဲ့နှစ် ၆၄၀,၀၀၀ ခန့်ကဖြစ်ပြီး မကြာမီပေါက်ကွဲတော့မှာဖြစ်တဲ့အတွက် အမေရိကန်တစ်နိုင်ငံလုံး ပျောက်ကွယ်သွားတော့ မယ့်အကြောင်း ယခုရက်ပိုင်းလူမှုကွန်ရက်မှာ သတင်းမှားများပြန့်နှံ့နေပါတယ်။ ယဲလိုးစတုန်း မီးတောင်ကြီးရဲ့အောက် မြေအနက် ၅ မိုင်မှ ၂၈ မိုင်ခန့်မှာ ချော်ရည်ပူ အလွှာကြီးတစ်ခု ရှိနေတာမှန်ပါတယ်။ မြေအောက် ချော်ရည်ထု ဧရိယာဟာ ၆၅၀၀ စတုရန်းမိုင်ရှိတဲ့အတွက် အမေရိကန် ကွန်နက်တီ ကပ်ပြည်နယ်ထက် ဧရိယာကြီးမားနေပါသေးတယ်။ တကယ်သာ ပေါက်ကွဲခဲ့ရင် ယခု ကောလဟလများအ တိုင်း ဖြစ်လာဖွယ်ရှိပေမယ့် ကြီးမားတဲ့ ပေါက်ကွဲမှုဖြစ်ဖို့က နောက်ထပ် နှစ်၏(၁)သောင်းမက လိုနေသေးတယ်လို့ မီးတောင်ကြီး အခြေအနေကို ၂၄ နာရီ စောင့်ကြည့်နေတဲ့ အမေရိကန် ဘူမိတိုင်းတာရေး USGS နဲ့ မီးတောင် စောင့်ကြည့်ရေးအဖွဲ့ YVO တို့က ပြောပါတယ်။

တကယ်တော့ အဲ့ဒီမီးတောင်ကြီးဟာ လောလောဆယ် “ငြိမ်သက်” Dormant ဖြစ်နေပေမယ့် သူ့ရဲ့အောက်မှာ ဧရာမ ချော်ရည်ပူများ ရှိနေတဲ့အတွက် မြေပြင်မို့တက်ခြင်း၊ ငလျင်ငယ်များ လှုပ်ခတ်ခြင်းတို့တော့ ရှိနေပါတယ်။ ဝန်းကျင် အပူအချိန်ကလည်း ပိုမိုနေတတ်ပါတယ်။ အဲ့ဒါဟာ မီးတောင်တို့ရဲ့ သဘာဝအရဖြစ်ပြီး မကြာမီ ပေါက်ကွဲမယ့် အရိပ်လက္ခဏာများ မတွေ့ရှိရကြောင်း၊ အမှန်တကယ် အန္တရာယ်ရှိခဲ့လျှင် ကြိုတင် သတိပေးမှာ ဖြစ်ကြောင်း သက်ဆိုင်ရာက သတင်းထုတ်ပြန်ထားပါတယ်။ ယခုလို ယဲလိုးစတုန်းစူပါမီးတောင်ကြီး ပေါက်ကွဲတော့မယ့်အကြောင်း အခြေအမြစ် မရှိတဲ့ သတင်းတုများဟာ ယခင်ကလည်း ထွက်ပေါ်ခဲ့ဖူးပြီး အကြိမ်ကြိမ် ဖြေရှင်းခဲ့ရဖူးပါတယ်။ ယဲလိုးစတုန်း အမျိုးသား ဥယျာဉ်အတွင်း မှ သားရိုင်းတိရစ္ဆာန်များ အုပ်စုလိုက်ထွက်ပြေးကြတယ်ဆိုတာ လုပ်ကြံဖန်တီးထားတဲ့ ဗွီဒီယိုများသာ ဖြစ် တယ်လို့ ဥယျာဉ်တာဝန်ရှိသူများက ပြောပါတယ်။

အခုတစ်ကြိမ် ကောလဟလ ထွက်ပေါ်လာရခြင်းဟာ ကမ္ဘာကြီး လည်ပတ်နှုန်း နှေးကွေးသွားပြီဖြစ်ကြောင်း ကမ္ဘာ့သံလိုက်စက်ကွင်းများ ပြောင်းလဲသွားလို့ သဘာဝလွန်မုန်တိုင်းများ ငလျင်ကြီးများ လှုပ်ခတ်တော့မယ့် အကြောင်း ကိုယ့်ဖာသာသာ သိပ္ပံပညာရှင်လိုလို ဗေဒင်ဆရာလိုလို ပါးစပ်စည်းကမ်း မရှိသူများရဲ့ Like ချူယူတဲ့ အွန်လိုင်း ပြောဆိုချက်များကြောင့် ဖြစ်ပါတယ်။ ကမ္ဘာကြီးဟာ မိမိဝင်ရိုးပေါ်မှာ လည်ပတ်ခြင်းကြောင့် နေ့နဲ့ ညဖြစ်ပေါ်ရပါတယ်။ နေကို လှည့်ပတ်နေခြင်း ကြောင့် Solar Day လို့ ခေါ်ကြပြီး အကြမ်းအားဖြင့် ၂၄-နာရီလို့ သတ်မှတ်ကြပါတယ်။ တကယ်တော့ ခါး လယ်နေရာမှာ ခပ်ဖောင်းဖောင်းနဲ့ ထိပ်နှစ်ဖက် အနည်းငယ်ပြားနေတဲ့ ကမ္ဘာကြီးဟာ ၃၆ဝံ တစ်ပတ်အ ပြည့်လည်ဖို့ ၂၃-နာရီ ၅၆ မိနစ် ၄.၀၉ စက္ကန့်ကြာမြင့်ပါတယ်။ အဲ့ဒါကို Siderial Day လို့ ခေါ်ပါတယ်။ အမြဲတန်းအတိအကျ ပုံသေ မဟုတ်ပဲ မီးတောင်ပေါက်ကွဲခြင်း၊ ပြင်းထန်တဲ့ ငလျင်ကြီးများနဲ့ စူပါမုန်တိုင်းများ တိုက်ခတ်တဲ့အခါ အနည်းငယ်ပြောင်းလဲတတ်ပါတယ်။ ဒါပေမဲ့ကမ္ဘာကြီး ပျက်စီးရလောက်တဲ့အထိ ပြောင်းလဲမှုမျိုး ဘယ်တုန်းကမှ မရှိခဲ့ပါ။

အရေးတကြီး ပြောချင်တာက 23 ½ ဒီဂရီတိမ်းစောင်းနေတဲ့ ကမ္ဘာကြီးရဲ့ မြောက်ပိုင်း ဂျပန်-တောင်ကိုရီးယား တို့ရဲ့ နွေရာသီဖြစ်တဲ့ ဇွန်လလယ်ဝန်းကျင်မှာ နေထွက်ချိန် စောပါတယ်။ ဂျပန် မနက် ၄း၃၀ နာရီခန့်မှာ နေ ထွက်ပြီ ည ၇ နာရီလောက်မှ နေဝင်ခြင်းဟာ ပုံမှန်ဖြစ်ပါတယ်။ အဲဒါကို ကမ္ဘာကြီး ပိုမိုတိမ်းစောင်းသွားပြီ ကပ်ဘေးတွေ ကျရောက်တော့မယ်လို့ ကြောက်လန့်တကြား ပို့စ်တင်နေသူများဟာ ရွှေတိဂုံဘုရားကိုတောင် မဖူးဘူးပဲ ဂျပန်ကို ခုမှ ရောက်ဖူးသူဖြစ်ပါလိမ့်မယ်။ သူပြော နေတာ ဂျပန်-ကိုရီးယားတွေကြားရင် မပြုံးပဲနဲ့ ဝါးလုံးကွဲ ရယ်ကြပါလိမ့်မယ်။

zawgyi version
ယဲလိုးစတုန္း စူပါမီးေတာင္ေပါက္ကြဲ၍ အေမရိကန္ႏိုင္ငံ ေပ်ာက္ကြယ္သြားေတာ့မည္လား
Htay Oung (NP News) - ဇူလိုင္ ၂၂

အေမရိကန္ႏိုင္ငံ အေနာက္ေျမာက္ပိုင္းမွာ ယဲလိုးစတုန္း Yellowstone အမည္ရွိ မီးေတာင္ခ်ိဳင့္ဝွမ္းႀကီးတစ္ခု ရွိ ပါတယ္။ မီးေတာင္ေပါက္ကြဲၿပီးေနာက္ ေျမကြၽံက်ေနတဲ့ ခ်ိဳင့္ဝွမ္း Caldera ျဖစ္ၿပီး အလ်ား ၄၅ မိုင္ အနံ မိုင္ ၃၀ ရွိတဲ့အတြက္ ဝိုင္အိုမင္း၊ အိုင္ဒါဟို၊ မြန္တားနား ျပည္နယ္အတြင္း က်ေရာက္ေနပါတယ္။ ျမင္သာေအာင္ ႏႈိင္းယွဥ္ေျပာရရင္ စကၤာပူႏိုင္ငံရဲ႕ ၄.၅ ဆ၊ ေတာင္ကိုရီးယားရဲ႕ ၃.၅% ရွိတဲ့အတြက္ ကမာၻ႔အႀကီးဆုံးမီးေတာင္ႀကီးမ်ားအနက္ တစ္ခုျဖစ္တယ္။ သားရဲတိရစာၦန္မ်ား လြတ္လပ္စြာ က်က္စားေနတဲ့ ယဲလိုးစတုန္း အမ်ိဳးသား ဥယ်ာဥ္အတြင္းမွာ ပါဝင္ပါတယ္။

သက္တမ္း ႏွစ္ (၂)သန္း ေက်ာ္ၿပီျဖစ္တဲ့ မီးေတာင္ႀကီးရဲ႕ ေနာက္ဆုံးေပါက္ကြဲခဲ့တာ လြန္ခဲ့တဲ့ႏွစ္ ၆၄၀,၀၀၀ ခန႔္ကျဖစ္ၿပီး မၾကာမီေပါက္ကြဲေတာ့မွာျဖစ္တဲ့အတြက္ အေမရိကန္တစ္ႏိုင္ငံလုံး ေပ်ာက္ကြယ္သြားေတာ့ မယ့္အေၾကာင္း ယခုရက္ပိုင္းလူမႈကြန္ရက္မွာ သတင္းမွားမ်ားျပန႔္ႏွံ႔ေနပါတယ္။ ယဲလိုးစတုန္း မီးေတာင္ႀကီးရဲ႕ေအာက္ ေျမအနက္ ၅ မိုင္မွ ၂၈ မိုင္ခန႔္မွာ ေခ်ာ္ရည္ပူ အလႊာႀကီးတစ္ခု ရွိေနတာမွန္ပါတယ္။ ေျမေအာက္ ေခ်ာ္ရည္ထု ဧရိယာဟာ ၆၅၀၀ စတုရန္းမိုင္ရွိတဲ့အတြက္ အေမရိကန္ ကြန္နက္တီ ကပ္ျပည္နယ္ထက္ ဧရိယာႀကီးမားေနပါေသးတယ္။ တကယ္သာ ေပါက္ကြဲခဲ့ရင္ ယခု ေကာလဟလမ်ားအ တိုင္း ျဖစ္လာဖြယ္ရွိေပမယ့္ ႀကီးမားတဲ့ ေပါက္ကြဲမႈျဖစ္ဖို႔က ေနာက္ထပ္ ႏွစ္၏(၁)ေသာင္းမက လိုေနေသးတယ္လို႔ မီးေတာင္ႀကီး အေျခအေနကို ၂၄ နာရီ ေစာင့္ၾကည့္ေနတဲ့ အေမရိကန္ ဘူမိတိုင္းတာေရး USGS နဲ႔ မီးေတာင္ ေစာင့္ၾကည့္ေရးအဖြဲ႕ YVO တို႔က ေျပာပါတယ္။

တကယ္ေတာ့ အဲ့ဒီမီးေတာင္ႀကီးဟာ ေလာေလာဆယ္ “ၿငိမ္သက္” Dormant ျဖစ္ေနေပမယ့္ သူ႔ရဲ႕ေအာက္မွာ ဧရာမ ေခ်ာ္ရည္ပူမ်ား ရွိေနတဲ့အတြက္ ေျမျပင္မို႔တက္ျခင္း၊ ငလ်င္ငယ္မ်ား လႈပ္ခတ္ျခင္းတို႔ေတာ့ ရွိေနပါတယ္။ ဝန္းက်င္ အပူအခ်ိန္ကလည္း ပိုမိုေနတတ္ပါတယ္။ အဲ့ဒါဟာ မီးေတာင္တို႔ရဲ႕ သဘာဝအရျဖစ္ၿပီး မၾကာမီ ေပါက္ကြဲမယ့္ အရိပ္လကၡဏာမ်ား မေတြ႕ရွိရေၾကာင္း၊ အမွန္တကယ္ အႏၲရာယ္ရွိခဲ့လွ်င္ ႀကိဳတင္ သတိေပးမွာ ျဖစ္ေၾကာင္း သက္ဆိုင္ရာက သတင္းထုတ္ျပန္ထားပါတယ္။ ယခုလို ယဲလိုးစတုန္းစူပါမီးေတာင္ႀကီး ေပါက္ကြဲေတာ့မယ့္အေၾကာင္း အေျခအျမစ္ မရွိတဲ့ သတင္းတုမ်ားဟာ ယခင္ကလည္း ထြက္ေပၚခဲ့ဖူးၿပီး အႀကိမ္ႀကိမ္ ေျဖရွင္းခဲ့ရဖူးပါတယ္။ ယဲလိုးစတုန္း အမ်ိဳးသား ဥယ်ာဥ္အတြင္း မွ သား႐ိုင္းတိရစာၦန္မ်ား အုပ္စုလိုက္ထြက္ေျပးၾကတယ္ဆိုတာ လုပ္ႀကံဖန္တီးထားတဲ့ ဗြီဒီယိုမ်ားသာ ျဖစ္ တယ္လို႔ ဥယ်ာဥ္တာဝန္ရွိသူမ်ားက ေျပာပါတယ္။

အခုတစ္ႀကိမ္ ေကာလဟလ ထြက္ေပၚလာရျခင္းဟာ ကမာၻႀကီး လည္ပတ္ႏႈန္း ေႏွးေကြးသြားၿပီျဖစ္ေၾကာင္း ကမာၻ႔သံလိုက္စက္ကြင္းမ်ား ေျပာင္းလဲသြားလို႔ သဘာဝလြန္မုန္တိုင္းမ်ား ငလ်င္ႀကီးမ်ား လႈပ္ခတ္ေတာ့မယ့္ အေၾကာင္း ကိုယ့္ဖာသာသာ သိပၸံပညာရွင္လိုလို ေဗဒင္ဆရာလိုလို ပါးစပ္စည္းကမ္း မရွိသူမ်ားရဲ႕ Like ခ်ဴယူတဲ့ အြန္လိုင္း ေျပာဆိုခ်က္မ်ားေၾကာင့္ ျဖစ္ပါတယ္။ ကမာၻႀကီးဟာ မိမိဝင္႐ိုးေပၚမွာ လည္ပတ္ျခင္းေၾကာင့္ ေန႔နဲ႔ ညျဖစ္ေပၚရပါတယ္။ ေနကို လွည့္ပတ္ေနျခင္း ေၾကာင့္ Solar Day လို႔ ေခၚၾကၿပီး အၾကမ္းအားျဖင့္ ၂၄-နာရီလို႔ သတ္မွတ္ၾကပါတယ္။ တကယ္ေတာ့ ခါး လယ္ေနရာမွာ ခပ္ေဖာင္းေဖာင္းနဲ႔ ထိပ္ႏွစ္ဖက္ အနည္းငယ္ျပားေနတဲ့ ကမာၻႀကီးဟာ ၃၆ဝံ တစ္ပတ္အ ျပည့္လည္ဖို႔ ၂၃-နာရီ ၅၆ မိနစ္ ၄.၀၉ စကၠန႔္ၾကာျမင့္ပါတယ္။ အဲ့ဒါကို Siderial Day လို႔ ေခၚပါတယ္။ အၿမဲတန္းအတိအက် ပုံေသ မဟုတ္ပဲ မီးေတာင္ေပါက္ကြဲျခင္း၊ ျပင္းထန္တဲ့ ငလ်င္ႀကီးမ်ားနဲ႔ စူပါမုန္တိုင္းမ်ား တိုက္ခတ္တဲ့အခါ အနည္းငယ္ေျပာင္းလဲတတ္ပါတယ္။ ဒါေပမဲ့ကမာၻႀကီး ပ်က္စီးရေလာက္တဲ့အထိ ေျပာင္းလဲမႈမ်ိဳး ဘယ္တုန္းကမွ မရွိခဲ့ပါ။

အေရးတႀကီး ေျပာခ်င္တာက 23 ½ ဒီဂရီတိမ္းေစာင္းေနတဲ့ ကမာၻႀကီးရဲ႕ ေျမာက္ပိုင္း ဂ်ပန္-ေတာင္ကိုရီးယား တို႔ရဲ႕ ေႏြရာသီျဖစ္တဲ့ ဇြန္လလယ္ဝန္းက်င္မွာ ေနထြက္ခ်ိန္ ေစာပါတယ္။ ဂ်ပန္ မနက္ ၄း၃၀ နာရီခန႔္မွာ ေန ထြက္ၿပီ ည ၇ နာရီေလာက္မွ ေနဝင္ျခင္းဟာ ပုံမွန္ျဖစ္ပါတယ္။ အဲဒါကို ကမာၻႀကီး ပိုမိုတိမ္းေစာင္းသြားၿပီ ကပ္ေဘးေတြ က်ေရာက္ေတာ့မယ္လို႔ ေၾကာက္လန႔္တၾကား ပို႔စ္တင္ေနသူမ်ားဟာ ေ႐ႊတိဂုံဘုရားကိုေတာင္ မဖူးဘူးပဲ ဂ်ပန္ကို ခုမွ ေရာက္ဖူးသူျဖစ္ပါလိမ့္မယ္။ သူေျပာ ေနတာ ဂ်ပန္-ကိုရီးယားေတြၾကားရင္ မၿပဳံးပဲနဲ႔ ဝါးလုံးကြဲ ရယ္ၾကပါလိမ့္မယ္။

Picture

Tha Lwin

23/07/2025 08:14

ကမ္ဘာသူကမ္ဘာသား သတ္တဝာအပေါင်း ဘေးရန်ကင်းကွာကျမ္မာချမ်းသာကြပါစေ

Related news

© 2021. All rights reserved.