ပထမဆုံး ပြင်သစ် Mirage 2000 တိုက်လေယာဉ်တစ်စင်းကို ယူကရိန်းဆုံးရှုံး

 4563

Pika (NP News) - ဇူလိုင် ၂၄
ယူကရိန်းတပ်ဖွဲ့တွေဟာ ၎င်းတို့ကိုပြင်သစ်ထောက်ပံ့ထားတဲ့ ပထမဆုံး Mirage 2000 တိုက်လေယာဉ်တစ်စင်းကို မစ်ရှင်တစ်ခုအတွင်း ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း Mirage 2000 တိုက်လေယာဉ်ရဲ့ လေယာဉ်မှူးကတော့ ဘေးကင်းစွာနဲ့ပဲ ထိုင်ခုံနဲ့အတူကန်ထွက်နိုင်ခဲ့တယ်လို့ ယူကရိန်းသမ္မတဇီလန်စကီးက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ပြင်သစ်နိုင်ငံဟာ ယခုနှစ်အစောပိုင်းမှာ ယူကရိန်းကို Mirage 2000 တိုက်လေယာဉ်တွေ စတင်ပေးပို့ခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ဇီလန်စကီးက “ကံမကောင်းစွာနဲ့ပဲ Mirage 2000 တိုက်လေယာဉ်တစ်စင်းကို ကျွန်တော်တို့ဆုံးရှုံးခဲ့ရပါတယ်။ ပြင်သစ်ထောက်ပံ့ပေးထားတဲ့ ဒီ Mirage 2000 တိုက်လေယာဉ်တွေဟာ အလွန် ထိရောက်မှုရှိတဲ့တိုက်လေယာဉ်တွေပဲဖြစ်ပါတယ်။ လေယာဉ်မှူးကတော့ ထိုင်ခုံနဲ့အတူ အောင်မြင်စွာ ကန်ထွက် နိုင်ခဲ့ပါတယ်။ ပြီးတော့ ဒီ Mirage 2000 တိုက်လေယာဉ်ဟာ ရုရှားတွေရဲ့ပစ်ချမှုကြောင့် ပျက်ကျသွားခဲ့တာ မဟုတ်ပါဘူး” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် ပျံသန်းမှုမစ်ရှင်တစ်ခုအတွင်း ပျက်ကျမှုဖြစ်ပွားခဲ့ကြောင်းနဲ့ မြေပြင်မှာ လူအသေအပျောက်တွေမရှိခဲ့ဘူးလို့ ယူကရိန်းလေတပ်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ယူကရိန်းလေတပ်က “လေကြောင်းဆိုင်ရာကိရိယာတွေ ချို့ယွင်းမှုကို လေယာဉ်မှူးက အစီရင်ခံခဲ့ပါတယ်။ပြီးတော့လေယာဉ်မှူးဟာ ခက်ခဲတဲ့အခြေအနေတွေမှာ ဘေးကင်းစွာနဲ့ပဲ ထိုင်ခုံနဲ့အတူကန်ထွက်နိုင်ခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
ပထမဆုံး ျပင္သစ္ Mirage 2000 တိုက္ေလယာဥ္တစ္စင္းကို ယူကရိန္းဆုံးရႈံး
Pika (NP News) - ဇူလိုင္ ၂၄
ယူကရိန္းတပ္ဖြဲ႕ေတြဟာ ၎တို႔ကိုျပင္သစ္ေထာက္ပံ့ထားတဲ့ ပထမဆုံး Mirage 2000 တိုက္ေလယာဥ္တစ္စင္းကို မစ္ရွင္တစ္ခုအတြင္း ဆုံးရႈံးခဲ့ရတယ္လို႔ သိရပါတယ္။ ဒါေပမယ့္လည္း Mirage 2000 တိုက္ေလယာဥ္ရဲ႕ ေလယာဥ္မႉးကေတာ့ ေဘးကင္းစြာနဲ႔ပဲ ထိုင္ခုံနဲ႔အတူကန္ထြက္ႏိုင္ခဲ့တယ္လို႔ ယူကရိန္းသမၼတဇီလန္စကီးက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ျပင္သစ္ႏိုင္ငံဟာ ယခုႏွစ္အေစာပိုင္းမွာ ယူကရိန္းကို Mirage 2000 တိုက္ေလယာဥ္ေတြ စတင္ေပးပို႔ခဲ့တာ ျဖစ္တယ္လို႔လည္း သိရပါတယ္။ ဇီလန္စကီးက “ကံမေကာင္းစြာနဲ႔ပဲ Mirage 2000 တိုက္ေလယာဥ္တစ္စင္းကို ကြၽန္ေတာ္တို႔ဆုံးရႈံးခဲ့ရပါတယ္။ ျပင္သစ္ေထာက္ပံ့ေပးထားတဲ့ ဒီ Mirage 2000 တိုက္ေလယာဥ္ေတြဟာ အလြန္ ထိေရာက္မႈရွိတဲ့တိုက္ေလယာဥ္ေတြပဲျဖစ္ပါတယ္။ ေလယာဥ္မႉးကေတာ့ ထိုင္ခုံနဲ႔အတူ ေအာင္ျမင္စြာ ကန္ထြက္ ႏိုင္ခဲ့ပါတယ္။ ၿပီးေတာ့ ဒီ Mirage 2000 တိုက္ေလယာဥ္ဟာ ႐ုရွားေတြရဲ႕ပစ္ခ်မႈေၾကာင့္ ပ်က္က်သြားခဲ့တာ မဟုတ္ပါဘူး” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ ပ်ံသန္းမႈမစ္ရွင္တစ္ခုအတြင္း ပ်က္က်မႈျဖစ္ပြားခဲ့ေၾကာင္းနဲ႔ ေျမျပင္မွာ လူအေသအေပ်ာက္ေတြမရွိခဲ့ဘူးလို႔ ယူကရိန္းေလတပ္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ယူကရိန္းေလတပ္က “ေလေၾကာင္းဆိုင္ရာကိရိယာေတြ ခ်ိဳ႕ယြင္းမႈကို ေလယာဥ္မႉးက အစီရင္ခံခဲ့ပါတယ္။ၿပီးေတာ့ေလယာဥ္မႉးဟာ ခက္ခဲတဲ့အေျခအေနေတြမွာ ေဘးကင္းစြာနဲ႔ပဲ ထိုင္ခုံနဲ႔အတူကန္ထြက္ႏိုင္ခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.