လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဖွံ့ဖြိုးရေးစီမံကိန်းများကို ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု တိုးမြင့်ရရှိလာရေး ဦးစားပေး ဆောင်ရွက်ရန် ဗိုလ်ချုပ်ကြီး တင်‌အောင်စန်းပြော

 834

သန့်ဇင်(NP News)-ဇူလိုင် ၂၄

လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဖွံ့ဖြိုးရေးစီမံကိန်းများကို ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု တိုးမြင့်ရရှိလာရေး ဦးစားပေး ဆောင်ရွက်ရန် လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။
ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ယမန်နေ့(ဇူလိုင်လ ၂၃ရက်) မွန်းလွဲပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သော လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင် အစည်းအဝေးတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဖွံ့ဖြိုးရေးလုပ်ငန်းများတစ်ရက်စောပြီးပါက နိုင်ငံတော်အတွက် တစ်ရက်ပို၍အကျိုးရှိမည်ဖြစ်ရာ လုပ်ငန်းများ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ထပ်မံတိုက်တွန်းလိုပါကြောင်း ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ဆိုသည်။
ထို့ပြင် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဖွံ့ဖြိုးရေးစီမံကိန်းများသည် လုပ်ငန်း သဘောသဘာဝအရ ရင်းနှီးမြှုပ်နှံမှု များပြားသည့် စီမံကိန်းများ ဖြစ်၍ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု တိုးမြင့်ရရှိလာရေးကိုလည်း ဦးစားပေး လုပ်ငန်းရပ်တစ်ခုအနေဖြင့် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ပြောသည်။
ထိုကြောင့် “နိုင်ငံတကာနှင့် ဒေသတွင်း လျှပ်စစ်နှင့်စွမ်းအင် ပူးပေါင်းဆောင်ရွက်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအဖွဲ့” ကို ရင်းနှီးမြှုပ် နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာနက ဦးဆောင် ဖွဲ့စည်း ခဲ့ပြီးဖြစ်ရာ အဆိုပါအဖွဲ့အနေဖြင့်လည်း လုပ်ငန်းတာဝန်များကို ထိထိရောက်ရောက် ဆောင်ရွက်သွားရန်လည်း ဗိုလ််ချုပ်ကြီးတင်အောင်စန်းက မှာကြားခဲ့ကြောင်း သိရသည်။
ထို့အပြင် ပြည်တွင်း/ ပြည်ပမှ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာ လုပ်ငန်းများတွင် လာရောက်ပူးပေါင်းဆောင်ရွက်နိုင်ရန် ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ရေး၊ အခွင့်အလမ်း (Opportunity) များ ဖန်တီးပေးနိုင်ရေး၊ ဆွဲဆောင်မှု (incentive) ပေးရေး၊ လုပ်ငန်းကြန့်ကြာမှုများ လျော့နည်းစေရန် စီမံဆောင်ရွက်ပေးခြင်း၊ စီမံကိန်းမြေနေရာရရှိနိုင်ရေး One Stop Service ၊ ငွေကြေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ အခက်အခဲများ အချိန်နှင့်တစ်ပြေးညီ ဖြေရှင်းပေးခြင်းစသည့် လုပ်ဆောင်ပေးနိုင်သည်များကို အမြန်ဆောင်ရွက်ပေးလျက်ရှိကြောင်း ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ပြောသည်။

Zawgyi Version:
လွ်ပ္စစ္ႏွင့္စြမ္းအင္က႑ဖြံ႕ၿဖိဳးေရးစီမံကိန္းမ်ားကို ပုဂၢလိကရင္းႏွီးျမႇဳပ္ႏွံမႈ တိုးျမင့္ရရွိလာေရး ဦးစားေပး ေဆာင္႐ြက္ရန္ ဗိုလ္ခ်ဳပ္ႀကီး တင္‌ေအာင္စန္းေျပာ
သန႔္ဇင္(NP News)-ဇူလိုင္ ၂၄

လွ်ပ္စစ္ႏွင့္စြမ္းအင္က႑ဖြံ႕ၿဖိဳးေရးစီမံကိန္းမ်ားကို ပုဂၢလိကရင္းႏွီးျမႇဳပ္ႏွံမႈ တိုးျမင့္ရရွိလာေရး ဦးစားေပး ေဆာင္႐ြက္ရန္ လွ်ပ္စစ္ႏွင့္ စြမ္းအင္ဖြံ႕ ၿဖိဳးေရးေကာ္မရွင္ဥကၠ႒ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအဖြဲ႕ဝင္ ဒုတိယဝန္ႀကီးခ်ဳပ္ႏွင့္ ျပည္ေထာင္စုဝန္ႀကီး ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းက တိုက္တြန္းမွာၾကားခဲ့ေၾကာင္း သိရသည္။
ဗိုလ္ခ်ဳပ္ႀကီးတင္ေအာင္စန္းက ယမန္ေန႔(ဇူလိုင္လ ၂၃ရက္) မြန္းလြဲပိုင္းက ေနျပည္ေတာ္ရွိ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီ႐ုံး အစည္းအေဝးခန္းမ၌ က်င္းပခဲ့ေသာ လွ်ပ္စစ္ႏွင့္စြမ္းအင္ဖြံ႕ၿဖိဳးေရးေကာ္မရွင္ အစည္းအေဝးတြင္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
ဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ားတစ္ရက္ေစာၿပီးပါက ႏိုင္ငံေတာ္အတြက္ တစ္ရက္ပို၍အက်ိဳးရွိမည္ျဖစ္ရာ လုပ္ငန္းမ်ား ေအာင္ျမင္ေအာင္ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္သြားရန္ ထပ္မံတိုက္တြန္းလိုပါေၾကာင္း ဗိုလ္ခ်ဳပ္ႀကီးတင္ေအာင္စန္းက ဆိုသည္။
ထို႔ျပင္ လွ်ပ္စစ္ႏွင့္စြမ္းအင္က႑ဖြံ႕ၿဖိဳးေရးစီမံကိန္းမ်ားသည္ လုပ္ငန္း သေဘာသဘာဝအရ ရင္းႏွီးျမႇဳပ္ႏွံမႈ မ်ားျပားသည့္ စီမံကိန္းမ်ား ျဖစ္၍ ပုဂၢလိကရင္းႏွီးျမႇဳပ္ႏွံမႈ တိုးျမင့္ရရွိလာေရးကိုလည္း ဦးစားေပး လုပ္ငန္းရပ္တစ္ခုအေနျဖင့္ ေဆာင္႐ြက္သြားရမည္ျဖစ္ပါေၾကာင္း ဗိုလ္ခ်ဳပ္ႀကီးတင္ေအာင္စန္းက ေျပာသည္။
ထိုေၾကာင့္ “ႏိုင္ငံတကာႏွင့္ ေဒသတြင္း လွ်ပ္စစ္ႏွင့္စြမ္းအင္ ပူးေပါင္းေဆာင္႐ြက္ေရးႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈျမႇင့္တင္ေရးအဖြဲ႕” ကို ရင္းႏွီးျမႇဳပ္ ႏွံမႈႏွင့္ႏိုင္ငံျခားစီးပြားဆက္သြယ္ ေရးဝန္ႀကီးဌာနက ဦးေဆာင္ ဖြဲ႕စည္း ခဲ့ၿပီးျဖစ္ရာ အဆိုပါအဖြဲ႕အေနျဖင့္လည္း လုပ္ငန္းတာဝန္မ်ားကို ထိထိေရာက္ေရာက္ ေဆာင္႐ြက္သြားရန္လည္း ဗိုလ္္ခ်ဳပ္ႀကီးတင္ေအာင္စန္းက မွာၾကားခဲ့ေၾကာင္း သိရသည္။
ထို႔အျပင္ ျပည္တြင္း/ ျပည္ပမွ လွ်ပ္စစ္ႏွင့္စြမ္းအင္ဆိုင္ရာ လုပ္ငန္းမ်ားတြင္ လာေရာက္ပူးေပါင္းေဆာင္႐ြက္ႏိုင္ရန္ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား ဖိတ္ေခၚေရး၊ အခြင့္အလမ္း (Opportunity) မ်ား ဖန္တီးေပးႏိုင္ေရး၊ ဆြဲေဆာင္မႈ (incentive) ေပးေရး၊ လုပ္ငန္းၾကန႔္ၾကာမႈမ်ား ေလ်ာ့နည္းေစရန္ စီမံေဆာင္႐ြက္ေပးျခင္း၊ စီမံကိန္းေျမေနရာရရွိႏိုင္ေရး One Stop Service ၊ ေငြေၾကးဆိုင္ရာ ညႇိႏႈိင္းေဆာင္႐ြက္ေပးျခင္း၊ အခက္အခဲမ်ား အခ်ိန္ႏွင့္တစ္ေျပးညီ ေျဖရွင္းေပးျခင္းစသည့္ လုပ္ေဆာင္ေပးႏိုင္သည္မ်ားကို အျမန္ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း ဗိုလ္ခ်ဳပ္ႀကီးတင္ေအာင္စန္းက ေျပာသည္။

Related news

© 2021. All rights reserved.