မလေးရှားသံရုံးဒေါ်နွယ်နီဟုဆိုကာ ပတ်စပို့စာအုပ်အထွေထွေဝန်ဆောင်မှုဆောင်ရွက်ပေးခြင်းနှင့် ပတ်သက်၍ ဖြစ်ပေါ်လာမည့် ကိစ္စများကို တာဝန်မယူကြောင်း မလေးရှားနိုင်ငံရှိ မြန်မာသံရုံးအသိပေး

 887

စော(NP News)- ဇူလိုင် ၂၄
မလေးရှားသံရုံးဒေါ်နွယ်နီဟုဆိုကာ ပတ်စပို့စာအုပ်အထွေထွေဝန်ဆောင်မှုဆောင်ရွက်ပေးခြင်းနှင့် ပတ်သက်၍ ဖြစ်ပေါ်လာမည့် ကိစ္စများကို တာဝန်မယူကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ယနေ့ (ဇူလိုင် ၂၄ရက်)တွင် အသိပေးထုတ်ပြန်ထားသည်။
လူမှုကွန်ယက်စာမျက်နှာများတွင် ဖော်ပြလျက်ရှိသည့် "မလေးရှားသံရုံးဒေါ်နွယ်နီ" ၊ “ကွာလာလမ်ပူမြန်မာသံရုံးပါတ်စပို့စာအုပ်အထွေထွေဝန်ဆောင်မှု" အစရှိသည်ဖြင့် မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ရုံးတံဆိပ်ကိုသုံးစွဲပြီး ကြော်ငြာ အများအပြား ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရသည်ဟု ထုတ်ပြန်ချက်တွင်‌ဖော်ပြထားသည်။
အဆိုပါကြော်ငြာစာများသည် မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့ နှင့် သက်ဆိုင်ခြင်း လုံးဝ(လုံးဝ)မရှိပါကြောင်းနှင့် ၎င်းတို့နှင့်ပတ်သက်၍ ဖြစ်ပေါ်လာမည့် ကိစ္စအဝဝကိုလည်း မြန်မာသံရုံးမှ တာဝန်ယူ၊ တာဝန်ခံ မည်မဟုတ်ပါကြောင်း အသိပေးထုတ်ပြန်ထားသည်။
မြန်မာသံရုံးအနေဖြင့် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်း၊ နိုင်ငံကူး လက်မှတ်အပျောက်လျှောက်ထားခြင်း၊ မွေးတိုးလျှောက်ထားခြင်း၊ C of I လျှောက်ထားခြင်း များကို ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ မလေးရှားရောက် မြန်မာနိုင်ငံသားများ အား ရက်ချိန်းပေး၍ နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ထုတ်ပြန်ထားသည်။

Zawgyi Version:
မေလးရွားသံ႐ုံးေဒၚႏြယ္နီဟုဆိုကာ ပတ္စပို႔စာအုပ္အေထြေထြဝန္ေဆာင္မႈေဆာင္႐ြက္ေပးျခင္းႏွင့္ ပတ္သက္၍ ျဖစ္ေပၚလာမည့္ ကိစၥမ်ားကို တာဝန္မယူေၾကာင္း မေလးရွားႏိုင္ငံရွိ ျမန္မာသံ႐ုံးအသိေပး
ေစာ(NP News)- ဇူလိုင္ ၂၄
မေလးရွားသံ႐ုံးေဒၚႏြယ္နီဟုဆိုကာ ပတ္စပို႔စာအုပ္အေထြေထြဝန္ေဆာင္မႈေဆာင္႐ြက္ေပးျခင္းႏွင့္ ပတ္သက္၍ ျဖစ္ေပၚလာမည့္ ကိစၥမ်ားကို တာဝန္မယူေၾကာင္း မေလးရွားႏိုင္ငံဆိုင္ရာ ျမန္မာသံ႐ုံးက ယေန႔ (ဇူလိုင္ ၂၄ရက္)တြင္ အသိေပးထုတ္ျပန္ထားသည္။
လူမႈကြန္ယက္စာမ်က္ႏွာမ်ားတြင္ ေဖာ္ျပလ်က္ရွိသည့္ "မေလးရွားသံ႐ုံးေဒၚႏြယ္နီ" ၊ “ကြာလာလမ္ပူျမန္မာသံ႐ုံးပါတ္စပို႔စာအုပ္အေထြေထြဝန္ေဆာင္မႈ" အစရွိသည္ျဖင့္ ျမန္မာ ႏိုင္ငံျခားေရးဝန္ႀကီးဌာန၏ ႐ုံးတံဆိပ္ကိုသုံးစြဲၿပီး ေၾကာ္ျငာ အမ်ားအျပား ေဆာင္႐ြက္လ်က္ရွိေၾကာင္း ေတြ႕ရွိရသည္ဟု ထုတ္ျပန္ခ်က္တြင္‌ေဖာ္ျပထားသည္။
အဆိုပါေၾကာ္ျငာစာမ်ားသည္ ျမန္မာသံ႐ုံး၊ ကြာလာလမ္ပူၿမိဳ႕ ႏွင့္ သက္ဆိုင္ျခင္း လုံးဝ(လုံးဝ)မရွိပါေၾကာင္းႏွင့္ ၎တို႔ႏွင့္ပတ္သက္၍ ျဖစ္ေပၚလာမည့္ ကိစၥအဝဝကိုလည္း ျမန္မာသံ႐ုံးမွ တာဝန္ယူ၊ တာဝန္ခံ မည္မဟုတ္ပါေၾကာင္း အသိေပးထုတ္ျပန္ထားသည္။
ျမန္မာသံ႐ုံးအေနျဖင့္ ႏိုင္ငံကူးလက္မွတ္ သက္တမ္းတိုးျခင္း၊ ႏိုင္ငံကူး လက္မွတ္အေပ်ာက္ေလွ်ာက္ထားျခင္း၊ ေမြးတိုးေလွ်ာက္ထားျခင္း၊ C of I ေလွ်ာက္ထားျခင္း မ်ားကို ၫႊန္ၾကားခ်က္၊ လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ မေလးရွားေရာက္ ျမန္မာႏိုင္ငံသားမ်ား အား ရက္ခ်ိန္းေပး၍ ေန႔ခ်င္းၿပီး ေဆာင္႐ြက္ေပးလ်က္ရွိပါေၾကာင္း ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.