နေပြည်တော်-ကံပြားလမ်းတွင် အိမ်စီးကားနှင့် ခရီးသည်တင်အန်စာတုံးကားတို့ မျက်နှာချင်းဆိုင်တိုက်မိရာ (၆) ဦး ဒဏ်ရာရ

 892

သန့်ဇင်(NP News)-ဇူလိုင် ၂၄
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ နေပြည်တော်-ကံပြားလမ်းတွင် အိမ်စီးကားနှင့် ခရီးသည်တင်အန်စာတုံးကားတို့ မျက်နှာချင်းဆိုင် တိုက်မိရာ (၆) ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြေပြင်လူမှုကူညီရေးအသင်းထံမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့(ဇူလိုင်လ ၂၄ရက်) နံနက် ၇နာရီ ၄၈မိနစ်အချိန်ခန့်က မကွေးမြို့နယ်၊ ဂွေးတောက်စမ်းကျေးရွာနှင့် မင်းကျေးရွာ အကြား၊ နေပြည်တော်-ကံပြားလမ်းပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မျက်နှာချင်းဆိုင်ဖြစ်တာ။ အိမ်စီးကားက ခရီးသည်တင်ကားဆီကို တန်းတန်းကြီးလာပြီးတော့ ဘီးပေါက်သွားပြီးတိုက်တယ်လို့တော့ ပြော ကြတယ်။ ဘေးပြောစကားအရပေါ့နော်။ အိမ်စီးကားက နေပြည်တော်ကနေ မကွေးဘက်ကို ဦးတည်လာတာ။ ခရီးသည်တင် ကားက နံနက် (၇)နာရီကို မကွေးကနေပြည်တော်ကို ထွက်တဲ့ကားပါ” ဟု မြေပြင်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP Newsကိုပြောသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် အိမ်စီးကားပေါ်မှ အသက်(၄၀)နှစ် ကျော်အမျိုးသားတွင် ခြေထောက်ကျိုးကြေဒဏ်ရာရရှိခဲ့ပြီး ခရီးသည် တင် အန်စာတုံးကားပေါ်မှာ (၅)ဦး သည်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

“အိမ်စီးကားပေါ်က ယာဉ်မောင်းကတော့ ခြေထောက်ကြေသွားတယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရပါဘူး။ ခရီးသည်တင်ကားပေါ်က (၅)ယောက် အမျိုးသား (၄)ယောက်နဲ့ အမျိုးသမီးတစ်ယောက်ကတော့ ထိခိုက်မိပြီး မူးဝေသွားတာလောက်ပဲဖြစ်သွားတာပါ။ အဲဒီနား လေးက ခဏခဏဖြစ်တယ်။ တစ်ခါတလေလမ်းဖြတ်ကူးတဲ့လူနဲ့ ခရီးသည်တင်ကားနဲ့တိုက်တာတို့ တစ်ခါတစ်လေ သုံးဘီးနဲ့တိုက်တာတို့ ရှိတယ်။ လမ်းကကောင်းတော့ အရှိန်တင်ကြတာပေါ့။ အဲဒီတော့ သတ်မှတ်ထားတဲ့အမြန်နှုန်းတိုင်းမောင်းတာအကောင်းဆုံးပေါ့။ အဓိက စိတ်ပါပဲ”ဟု ၎င်းကဆက်ပြောသည်။

ထို့ကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူများကို မြေပြင်လူမှုကူညီရေးအသင်းအပါအဝင် ဒေသတွင်းလူမှုကူညီရေးအသင်းများက မကွေးပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Zawgyi Version:
ေနျပည္ေတာ္-ကံျပားလမ္းတြင္ အိမ္စီးကားႏွင့္ ခရီးသည္တင္အန္စာတုံးကားတို႔ မ်က္ႏွာခ်င္းဆိုင္တိုက္မိရာ (၆) ဦး ဒဏ္ရာရ
သန႔္ဇင္(NP News)-ဇူလိုင္ ၂၄
မေကြးတိုင္းေဒသႀကီး၊ မေကြးၿမိဳ႕နယ္၊ ေနျပည္ေတာ္-ကံျပားလမ္းတြင္ အိမ္စီးကားႏွင့္ ခရီးသည္တင္အန္စာတုံးကားတို႔ မ်က္ႏွာခ်င္းဆိုင္ တိုက္မိရာ (၆) ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း ေျမျပင္လူမႈကူညီေရးအသင္းထံမွ သိရသည္။

ျဖစ္စဥ္မွာ ယေန႔(ဇူလိုင္လ ၂၄ရက္) နံနက္ ၇နာရီ ၄၈မိနစ္အခ်ိန္ခန႔္က မေကြးၿမိဳ႕နယ္၊ ေဂြးေတာက္စမ္းေက်း႐ြာႏွင့္ မင္းေက်း႐ြာ အၾကား၊ ေနျပည္ေတာ္-ကံျပားလမ္းေပၚတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“မ်က္ႏွာခ်င္းဆိုင္ျဖစ္တာ။ အိမ္စီးကားက ခရီးသည္တင္ကားဆီကို တန္းတန္းႀကီးလာၿပီးေတာ့ ဘီးေပါက္သြားၿပီးတိုက္တယ္လို႔ေတာ့ ေျပာ ၾကတယ္။ ေဘးေျပာစကားအရေပါ့ေနာ္။ အိမ္စီးကားက ေနျပည္ေတာ္ကေန မေကြးဘက္ကို ဦးတည္လာတာ။ ခရီးသည္တင္ ကားက နံနက္ (၇)နာရီကို မေကြးကေနျပည္ေတာ္ကို ထြက္တဲ့ကားပါ” ဟု ေျမျပင္လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP Newsကိုေျပာသည္။

အဆိုပါ ယာဥ္တိုက္မႈေၾကာင့္ အိမ္စီးကားေပၚမွ အသက္(၄၀)ႏွစ္ ေက်ာ္အမ်ိဳးသားတြင္ ေျခေထာက္က်ိဳးေၾကဒဏ္ရာရရွိခဲ့ၿပီး ခရီးသည္ တင္ အန္စာတုံးကားေပၚမွာ (၅)ဦး သည္လည္း ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။

“အိမ္စီးကားေပၚက ယာဥ္ေမာင္းကေတာ့ ေျခေထာက္ေၾကသြားတယ္။ အသက္အႏၲရာယ္ေတာ့ မစိုးရိမ္ရပါဘူး။ ခရီးသည္တင္ကားေပၚက (၅)ေယာက္ အမ်ိဳးသား (၄)ေယာက္နဲ႔ အမ်ိဳးသမီးတစ္ေယာက္ကေတာ့ ထိခိုက္မိၿပီး မူးေဝသြားတာေလာက္ပဲျဖစ္သြားတာပါ။ အဲဒီနား ေလးက ခဏခဏျဖစ္တယ္။ တစ္ခါတေလလမ္းျဖတ္ကူးတဲ့လူနဲ႔ ခရီးသည္တင္ကားနဲ႔တိုက္တာတို႔ တစ္ခါတစ္ေလ သုံးဘီးနဲ႔တိုက္တာတို႔ ရွိတယ္။ လမ္းကေကာင္းေတာ့ အရွိန္တင္ၾကတာေပါ့။ အဲဒီေတာ့ သတ္မွတ္ထားတဲ့အျမန္ႏႈန္းတိုင္းေမာင္းတာအေကာင္းဆုံးေပါ့။ အဓိက စိတ္ပါပဲ”ဟု ၎ကဆက္ေျပာသည္။

ထို႔ေၾကာင့္ ထိခိုက္ဒဏ္ရာ ရရွိသူမ်ားကို ေျမျပင္လူမႈကူညီေရးအသင္းအပါအဝင္ ေဒသတြင္းလူမႈကူညီေရးအသင္းမ်ားက မေကြးျပည္သူ႔ ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.