ဗီယက်နမ်နိုင်ငံမှာ ဘတ်စ်ကားတစ်စီး တိမ်းမှောက်ခဲ့ရာ အနည်းဆုံးလူ(၉)ဦးသေဆုံး

89

Pika (NP News) - ဇူလိုင် ၂၆
ဗီယက်နမ်နိုင်ငံအလယ်ပိုင်းမှာ ဘတ်စ်ကားတစ်စီးတိမ်းမှောက်ခဲ့မှုနဲ့အတူ ကလေးငယ်တွေအပါအဝင် အနည်းဆုံး လူ(၉)ဦးသေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ဇူလိုင်လ(၂၅)ရက် နံနက်အစောပိုင်း မှာ Ha Tinh ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ ဘတ်စ်ကားတိမ်းမှောက်မှုအတွင်း အခြားလူ(၁၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ တယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
ဗီယက်နမ်နိုင်ငံမှာ ယာဉ်မတော်တဆမှုတွေ မကြာခဏဖြစ်ပွားလေ့ရှိပြီး ယခုနှစ် ပထမနှစ်ဝက်အတွင်း ယာဉ်တိုက်မှုတွေကြောင့် လူပေါင်း(၅၀၂၄)ဦး သေဆုံးခဲ့တယ်လို့ အစိုးရရဲ့ဒေတာအချက်အလက်တွေအရ သိရပါတယ်။
ဒါပေမယ့်လည်း အဲဒီအရေအတွက်ဟာ (၂ဝ၂၄)ခုနှစ် ပထမနှစ်ဝက်အတွင်း သေဆုံးခဲ့တဲ့လူအရေအတွက် (၅၃၄၃) ဦးထက် လျော့နည်းသွားခဲ့တာဖြစ်တယ်လို့လည်း တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ အဲဒီဘတ်စ်ကားဟာ ဟနွိုင်းမြို့ကနေ Danang မြို့ကို မောင်းနှင်လာစဉ်အချိန်အတွင်း လမ်းမပေါ်ကနေချော်ထွက်ကာ လမ်းဆိုင်းဘုတ် တွေကို ဝင်တိုက်မိခဲ့ပြီးနောက် တိမ်းမှောက်သွားခဲ့တာဖြစ်တယ်လို့ အစိုးရရဲ့အစီရင်ခံစာထဲမှာ ရေးသားဖော်ပြထား ပါတယ်။
ဒါ့ပြင် အဲဒီဖြစ်ရပ်အတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့လူတွေအားလုံးကို ဆေးရုံကိုပို့ဆောင်ပြီးပြီဖြစ်ပြီး သေဆုံးသူတွေ ဟာ အသက်(၄)နှစ်ကနေ (၄၉)နှစ်ကြားရှိတဲ့လူတွေဖြစ်တယ်လို့ တာဝန်ရှိသူတွေက ထပ်မံပြောကြားခဲ့ပါတယ်။

Zawgyi Version:
ဗီယက္နမ္ႏိုင္ငံမွာ ဘတ္စ္ကားတစ္စီး တိမ္းေမွာက္ခဲ့ရာ အနည္းဆုံးလူ(၉)ဦးေသဆုံး
Pika (NP News) - ဇူလိုင္ ၂၆
ဗီယက္နမ္ႏိုင္ငံအလယ္ပိုင္းမွာ ဘတ္စ္ကားတစ္စီးတိမ္းေမွာက္ခဲ့မႈနဲ႔အတူ ကေလးငယ္ေတြအပါအဝင္ အနည္းဆုံး လူ(၉)ဦးေသဆုံးခဲ့တယ္လို႔ တာဝန္ရွိသူေတြက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ဇူလိုင္လ(၂၅)ရက္ နံနက္အေစာပိုင္း မွာ Ha Tinh ျပည္နယ္မွာျဖစ္ပြားခဲ့တဲ့ ဘတ္စ္ကားတိမ္းေမွာက္မႈအတြင္း အျခားလူ(၁၆)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ တယ္လို႔ တာဝန္ရွိသူေတြက ေျပာၾကားခဲ့ပါတယ္။
ဗီယက္နမ္ႏိုင္ငံမွာ ယာဥ္မေတာ္တဆမႈေတြ မၾကာခဏျဖစ္ပြားေလ့ရွိၿပီး ယခုႏွစ္ ပထမႏွစ္ဝက္အတြင္း ယာဥ္တိုက္မႈေတြေၾကာင့္ လူေပါင္း(၅၀၂၄)ဦး ေသဆုံးခဲ့တယ္လို႔ အစိုးရရဲ႕ေဒတာအခ်က္အလက္ေတြအရ သိရပါတယ္။
ဒါေပမယ့္လည္း အဲဒီအေရအတြက္ဟာ (၂ဝ၂၄)ခုႏွစ္ ပထမႏွစ္ဝက္အတြင္း ေသဆုံးခဲ့တဲ့လူအေရအတြက္ (၅၃၄၃) ဦးထက္ ေလ်ာ့နည္းသြားခဲ့တာျဖစ္တယ္လို႔လည္း တာဝန္ရွိသူေတြက ေျပာၾကားခဲ့ပါတယ္။ အဲဒီဘတ္စ္ကားဟာ ဟႏြိဳင္းၿမိဳ႕ကေန Danang ၿမိဳ႕ကို ေမာင္းႏွင္လာစဥ္အခ်ိန္အတြင္း လမ္းမေပၚကေနေခ်ာ္ထြက္ကာ လမ္းဆိုင္းဘုတ္ ေတြကို ဝင္တိုက္မိခဲ့ၿပီးေနာက္ တိမ္းေမွာက္သြားခဲ့တာျဖစ္တယ္လို႔ အစိုးရရဲ႕အစီရင္ခံစာထဲမွာ ေရးသားေဖာ္ျပထား ပါတယ္။
ဒါ့ျပင္ အဲဒီျဖစ္ရပ္အတြင္း ထိခိုက္ဒဏ္ရာရရွိခဲ့တဲ့လူေတြအားလုံးကို ေဆး႐ုံကိုပို႔ေဆာင္ၿပီးၿပီျဖစ္ၿပီး ေသဆုံးသူေတြ ဟာ အသက္(၄)ႏွစ္ကေန (၄၉)ႏွစ္ၾကားရွိတဲ့လူေတြျဖစ္တယ္လို႔ တာဝန္ရွိသူေတြက ထပ္မံေျပာၾကားခဲ့ပါတယ္။