MSME ချေးငွေများကို ပုဂ္ဂလိကဘဏ် (၁၈) ဘဏ်မှ ဆောင်ရွက်ပေးမည်

 371

ချယ်ရီ (NP News) - ဇူလိုင် ၂၆

နိုင်ငံတော်မှ အသေးစား၊အငယ်စားနှင့်၊အလတ်စားစီးပွားရေးလုပ်ငန်း(MSME) ချေးငွေအဖြစ် ငွေကျပ် (၁၇၀) ဘီလျံမှ ဘီလျံ (၁၅၀)ကို MSME ချေးငွေအဖြစ် ထုတ်ချေးပေးလျက်ရှိပြီး အဆိုပါ MSME ချေးငွေများကို ပုဂ္ဂလိက ဘဏ် (၁၈) ဘဏ်မှ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ ပြောကြား သည်။
အထက်ပါစကားကို ယမန်နေ့ (ဇူလိုင်လ ၂၅ ရက်) က နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီအစည်းအဝေး (၁/၂ဝ၂၅)၌ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
MSME ချေးငွေ အဖြစ် ငွေကျပ် (၁၇၀) ဘီလျံမှ ဘီလျံ (၁၅၀)ကို MSME ချေးငွေအဖြစ် ထုတ်ချေးပေးလျက်ရှိပြီး ဘီလျံ (၂၀) ကို MSME လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အသုံးပြုဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော် ဝန်ကြီးချုပ်မှ MSME ချေးငွေ ထုတ်ချေးရာတွင် ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းနှင့်ကိုက်ညီသည့် လုပ်ငန်းရှင်များ ကိုထုတ်ချေးပေးရန် လမ်းညွှန်ထားကြောင်း နှင့် ပုဂ္ဂလိက ဘဏ်များသည် MSME ချေးငွေလုပ်ငန်းများ လုပ်ဆောင်ရာတွင် သီးခြားဖြစ်နေရာမှ ရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီ၏ ညှိနှိုင်းပေးမှုများကြောင့် ယခုတွင် ပုဂ္ဂလိက ဘဏ်(၁၈)ဘဏ်က MSME ချေးငွေများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ ထည့်သွင်းပြောကြားသည်။
ထို့အပြင် အာမခံလုပ်ငန်းတွင် မူလသတ်မှတ်ချက်အဖြစ် မြန်မာငွေကျပ် သန်း (၂၀) ခွင့်ပြုထားရာမှ ယခုတွင် ညှိနှိုင်းဆွေးနွေးမှုများအရ သန်း (၅၀) ချေးနိုင်ရန်အတွက် SOP ရေးဆွဲလျက်ရှိပြီး အာမခံကုမ္ပဏီများက ဆောင်ရွက်ပေးသွားမည်ဖြစ်ကာ လုပ်ငန်းရှင်များအနေဖြင့် ရရှိလာသည့် ချေးငွေများကို အကျိုးရှိရှိဖြင့် မိမိတို့၏ MSME လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန်အတွက်မဖြစ်မနေ လုပ်ဆောင်သွားရမည်ဖြစ်ပြီး မိမိထုတ်ကုန်များကို ပြည်တွင်းအတွက်သာမက ပြည်ပအတွက်ပါ ရည်ရွယ်၍ ကြိုးစားထုတ်လုပ်သွားရမည် ဖြစ်ကြောင်း နစကဒုဥက္ကဌမှ ဆိုသည်။
ထိုမျှမက ငွေကြေးအရင်းအနှီးကိစ္စနှင့်ပတ်သက်၍ နိုင်ငံအတွင်းရှိ လုပ်ငန်းရှင်များအနေဖြင့် လုပ်ထုံးလုပ်နည်းများ၊ ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းနှင့်အညီ MSME ချေးငွေများရယူရန်လိုအပ်ပြီး သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ပျက်စီးသွားသည့် လုပ်ငန်းရှင်များအနေဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် ငွေကြေး အရင်းအနှီး လိုအပ်ကြသည့်အတွက် ချေးငွေများထုတ်ချေးရန် ချေးငွေစည်းမျဉ်းစည်းကမ်းများ၊ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများအရ ကန့်သတ်ချက်များရှိကြောင်းနှင့် အဆိုပါကန့်သတ်ချက်များမှ ဖြေလျှော့ပေးသင့်သည် များကို ဖြေလျှော့ ပြီး ဆောင်ရွက်ပေးလျက်ရှိကြောင်း နစကဒုဥက္ကဌမှ ပြောကြားသည်။
နိုင်ငံတော်အနေဖြင့် အနာဂတ်တွင် လုပ်ငန်းများနှင့်ပတ်သက်၍ ထဲထဲဝင်ဝင်သိရှိပြီး မိမိကိုယ်ကို ရေရှည်ရပ်တည် နိုင်ရန်အတွက် (KG+9) အောင်မြင်ပြီးသူများကို စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး အထက်တန်းကျောင်းများ ဖွင့်လှစ်ကာ သင်ကြားပေးလျက်ရှိပြီး ထိုအပိုင်းကို အစိုးရနှင့် လုပ်ငန်းရှင်များက နှစ်ဦးနှစ်ဖက် ဟန်ချက်ညီညီဖြင့် လုပ်ဆောင်သွားကြရမည်ဖြစ်ကြောင်း နစက ဒုဥက္ကဋ္ဌမှ ထပ်လောင်းပြောကြားခဲ့ကြောင်း သိရသည်။

Zawgyi Version:
MSME ေခ်းေငြမ်ားကို ပုဂၢလိကဘဏ္ (၁၈) ဘဏ္မွ ေဆာင္႐ြက္ေပးမည္
ခ်ယ္ရီ (NP News) - ဇူလိုင္ ၂၆
ႏိုင္ငံေတာ္မွ အေသးစား၊အငယ္စားႏွင့္၊အလတ္စားစီးပြားေရးလုပ္ငန္း(MSME) ေခ်းေငြအျဖစ္ ေငြက်ပ္ (၁၇၀) ဘီလ်ံမွ ဘီလ်ံ (၁၅၀)ကို MSME ေခ်းေငြအျဖစ္ ထုတ္ေခ်းေပးလ်က္ရွိၿပီး အဆိုပါ MSME ေခ်းေငြမ်ားကို ပုဂၢလိက ဘဏ္ (၁၈) ဘဏ္မွ ေဆာင္႐ြက္ေပးသြားမည္ ျဖစ္ေၾကာင္း MSME လုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရး လုပ္ငန္း ေကာ္မတီဥကၠ႒၊ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဒုတိယဥကၠ႒၊ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းမွ ေျပာၾကား သည္။
အထက္ပါစကားကို ယမန္ေန႔ (ဇူလိုင္လ ၂၅ ရက္) က ေနျပည္ေတာ္ရွိ စက္မႈဝန္ႀကီးဌာန အစည္းအေဝးခန္းမ၌ က်င္းပသည့္ MSME လုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးလုပ္ငန္းေကာ္မတီအစည္းအေဝး (၁/၂ဝ၂၅)၌ ထည့္သြင္း ေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
MSME ေခ်းေငြ အျဖစ္ ေငြက်ပ္ (၁၇၀) ဘီလ်ံမွ ဘီလ်ံ (၁၅၀)ကို MSME ေခ်းေငြအျဖစ္ ထုတ္ေခ်းေပးလ်က္ရွိၿပီး ဘီလ်ံ (၂၀) ကို MSME လုပ္ငန္းဖြံ႕ၿဖိဳးတိုးတက္ေရးလုပ္ငန္းမ်ားတြင္ အသုံးျပဳေဆာင္႐ြက္လ်က္ရွိၿပီး ႏိုင္ငံေတာ္ ဝန္ႀကီးခ်ဳပ္မွ MSME ေခ်းေငြ ထုတ္ေခ်းရာတြင္ ဘ႑ာေရးစည္းမ်ဥ္း စည္းကမ္းႏွင့္ကိုက္ညီသည့္ လုပ္ငန္းရွင္မ်ား ကိုထုတ္ေခ်းေပးရန္ လမ္းၫႊန္ထားေၾကာင္း ႏွင့္ ပုဂၢလိက ဘဏ္မ်ားသည္ MSME ေခ်းေငြလုပ္ငန္းမ်ား လုပ္ေဆာင္ရာတြင္ သီးျခားျဖစ္ေနရာမွ ရန္ပုံေငြ စီမံခန႔္ခြဲမႈေကာ္မတီ၏ ညႇိႏႈိင္းေပးမႈမ်ားေၾကာင့္ ယခုတြင္ ပုဂၢလိက ဘဏ္(၁၈)ဘဏ္က MSME ေခ်းေငြမ်ား ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းမွ ထည့္သြင္းေျပာၾကားသည္။
ထို႔အျပင္ အာမခံလုပ္ငန္းတြင္ မူလသတ္မွတ္ခ်က္အျဖစ္ ျမန္မာေငြက်ပ္ သန္း (၂၀) ခြင့္ျပဳထားရာမွ ယခုတြင္ ညႇိႏႈိင္းေဆြးေႏြးမႈမ်ားအရ သန္း (၅၀) ေခ်းႏိုင္ရန္အတြက္ SOP ေရးဆြဲလ်က္ရွိၿပီး အာမခံကုမၸဏီမ်ားက ေဆာင္႐ြက္ေပးသြားမည္ျဖစ္ကာ လုပ္ငန္းရွင္မ်ားအေနျဖင့္ ရရွိလာသည့္ ေခ်းေငြမ်ားကို အက်ိဳးရွိရွိျဖင့္ မိမိတို႔၏ MSME လုပ္ငန္းဖြံ႕ၿဖိဳးတိုးတက္ရန္အတြက္မျဖစ္မေန လုပ္ေဆာင္သြားရမည္ျဖစ္ၿပီး မိမိထုတ္ကုန္မ်ားကို ျပည္တြင္းအတြက္သာမက ျပည္ပအတြက္ပါ ရည္႐ြယ္၍ ႀကိဳးစားထုတ္လုပ္သြားရမည္ ျဖစ္ေၾကာင္း နစကဒုဥကၠဌမွ ဆိုသည္။
ထိုမွ်မက ေငြေၾကးအရင္းအႏွီးကိစၥႏွင့္ပတ္သက္၍ ႏိုင္ငံအတြင္းရွိ လုပ္ငန္းရွင္မ်ားအေနျဖင့္ လုပ္ထုံးလုပ္နည္းမ်ား၊ ဘ႑ာေရးစည္းမ်ဥ္း စည္းကမ္းႏွင့္အညီ MSME ေခ်းေငြမ်ားရယူရန္လိုအပ္ၿပီး သဘာဝေဘးအႏၲရာယ္မ်ားေၾကာင့္ ထိခိုက္ပ်က္စီးသြားသည့္ လုပ္ငန္းရွင္မ်ားအေနျဖင့္ ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ား လုပ္ေဆာင္ရန္ ေငြေၾကး အရင္းအႏွီး လိုအပ္ၾကသည့္အတြက္ ေခ်းေငြမ်ားထုတ္ေခ်းရန္ ေခ်းေငြစည္းမ်ဥ္းစည္းကမ္းမ်ား၊ ဘ႑ာေရး စည္းမ်ဥ္းစည္းကမ္းမ်ားအရ ကန႔္သတ္ခ်က္မ်ားရွိေၾကာင္းႏွင့္ အဆိုပါကန႔္သတ္ခ်က္မ်ားမွ ေျဖေလွ်ာ့ေပးသင့္သည္ မ်ားကို ေျဖေလွ်ာ့ ၿပီး ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း နစကဒုဥကၠဌမွ ေျပာၾကားသည္။
ႏိုင္ငံေတာ္အေနျဖင့္ အနာဂတ္တြင္ လုပ္ငန္းမ်ားႏွင့္ပတ္သက္၍ ထဲထဲဝင္ဝင္သိရွိၿပီး မိမိကိုယ္ကို ေရရွည္ရပ္တည္ ႏိုင္ရန္အတြက္ (KG+9) ေအာင္ျမင္ၿပီးသူမ်ားကို စက္မႈ၊ စိုက္ပ်ိဳးေရးႏွင့္ေမြးျမဴေရး အထက္တန္းေက်ာင္းမ်ား ဖြင့္လွစ္ကာ သင္ၾကားေပးလ်က္ရွိၿပီး ထိုအပိုင္းကို အစိုးရႏွင့္ လုပ္ငန္းရွင္မ်ားက ႏွစ္ဦးႏွစ္ဖက္ ဟန္ခ်က္ညီညီျဖင့္ လုပ္ေဆာင္သြားၾကရမည္ျဖစ္ေၾကာင္း နစက ဒုဥကၠ႒မွ ထပ္ေလာင္းေျပာၾကားခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.