စစ်ကိုင်းတံတားဖြတ်မည့် ကုန်ကားများ မန္တလေး စွယ်တော်ကားကြီးကွင်းတွင် ဖွင့်ဖောက် စစ်ဆေးခံနေရ

 909

Pearl (NP News) - ဇူလိုင် ၂၆
စစ်ကိုင်းတံတားဖြတ်မည့် ကုန်ကားများ မန္တလေးစွယ်တော်ကားကြီးကွင်းတွင် ဖွင့်ဖောက် စစ်ဆေးခံနေရကြောင်း သတင်းရင်းမြစ်အချို့ထံ မေးမြန်းထားသော အချက်အလက်များအရ သိရသည်။
တရားမဝင်စက်သုံးဆီနှင့် ကုန်စည်များ သယ်ဆောင်မှုမရှိစေရန် ကုန်ကားများကို အကောက်ခွန်မှ စိစစ်ပြီးမှသာ စစ်ကိုင်းတံတား ဖြတ်သန်းခွင့် ပေးနေပြီး ဇွန်လ (၁၄)ရက်က မန္တလေးတိုင်းဒေသကြီး၌ တရားမဝင်စက်သုံးဆီနှင့် ကုန်စည်များ ဖြတ်သန်းသယ်ဆောင်မှုမရှိစေရေးနှင့်စပ်လျဉ်း၍ စိစစ်ရေးလုပ်ငန်းအဖွဲ့အစည်းအဝေးအပြီး ယင်း အစည်းအဝေး၏ ရလာဒ်အဖြစ် ဇူလိုင်လ (၂၂) ရက်မှ စတင်ကာ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
အကောက်ခွန်ရုံးမှ တာဝန်ရှိသူများအနေဖြင့် ကုန်စည်များကိုစိစစ်ကာ Seal ပိတ်ပေးပြီးမှ တံတားဖြတ်သန်းခွင့် ပေးနေခြင်းဖြစ်ပြီး အာလူး၊ ကြက်သွန်စသည့် စားသောက်ကုန်များ သယ်ယူခွင့်ကို လည်းကန့်သတ်ထားကြောင်း ကနဦး သိရသည်။
“စစ်ကိုင်းတံတားကို ကုန်ကားမှန်သမျှ ပေးမဖြတ်တော့ဘူး။ စစ်ကိုင်းဘက်ခြမ်း မြစ်ကြီးနားတို့ တနိုင်းတို့ ဘက်ကို ခိုးသွားနေတာ။ စက်သုံးဆီတွေ ကုန်တွေ ကြက်သွန်တွေ စားနပ်ရိက္ခာတွေ ခိုးပြီးသွား နေတာရှိတယ်။ စစ်ကိုင်း တံတားက အဂတိတွေက တအားများတာ။ ဇက်နဲ့ကူးတယ်။ တိုးလျှိုပေါက် ထွက်နေတာ။ အခုကျတော့ စွယ်တော် ကားကြီး ကွင်းထဲမှာ အားလုံးကို ဖွင့်ဖောက်စစ်ဆေးပြီး Custom က Seal ပိတ်ပြီးမှ ဖြတ်ခွင့်ပေး သွားခွင့် ပေးတယ်။ တောက်လျှောက်လုပ်တော့မယ့် သဘောရှိတယ်။ Seal ပိတ်ပေးလိုက်မယ်။ စလစ်ပေးလိုက် မယ်ပေါ့။ မသယ်ဖို့ အတွက်ဆိုပြီး တားမြစ်ထားတာ တွေလည်းရှိတယ်။ အာလူး၊ ကြက်သွန်တို့ဆီတို့ အစုံပဲပေါ့။ ခွင့်ပြုတဲ့ဟာတွေကျ တော့လည်း ဘယ်ကသယ်တယ် ဘယ်ကို့ပို့မယ်ဆိုတာလိုမှာပေါ့။ ကောင်းတော့ ကောင်းပါတယ်။ အချိန်တော့ ပေးရတာ ပေါ့။ ပိုက်ဆံလည်း လမ်းမှာ တစ်ပြားမှပေးစရာ မလိုတော့ဘူး” ဟု အဆိုပါဖြစ်စဉ်ကို သိရှိသူတစ်ဦးက NP News သို့ ပြောသည်။
ယခင်က အဆိုပါ စစ်ကိုင်းတံတားတွင် နေ့စဉ် ကားပေါင်း ထောင်နှင့်ချီသွားလာလျက်ရှိပြီး တရားမဝင် စက်သုံးဆီ များ သယ်ယူပို့ဆောင်မှုများ လည်းရှိနေကာ ယခုကဲ့သို့ စိစစ်ဖြတ်သန်းခွင့်ပြုခြင်းဖြင့် တရားမဝင် စက်သုံးဆီ သယ်ယူ ရောင်းချမှု များကို ထိန်းချုပ်ပြီးသားဖြစ်သကဲ့သို့ အကြမ်းဖက်နယ်မြေများသို့ ကုန်စည်ပို့ဆောင်နေမှုများ ကိုလည်း ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။
“စက်သုံးဆီတွေဆိုရင် ဒီလိုတွေ မစိစစ်ခင်က ဒလဟောဝင်နေတာပေါ့။ ပုံစံမျိုးစုံနဲ့ ဝင်နေတာပေါ့။ ဒီလိုလုပ် လိုက်တော့ တကယ့်စက်မှု လုပ်ငန်းတွေ စက်သုံးဆီရောင်းချတဲ့ဆိုင်တွေကိုပဲ ဆီတွေပဲ သွားလာ ခွင့်ပြုလိုက်တော့ မရောက်စေချင်တဲ့နေရာတွေ မရောက်တော့ဘူးပေါ့။ တစ်ဖက် အကြမ်းဖက်ဆီရောက်နိုင်တဲ့ပမာဏကလည်း နည်းသွားနိုင်တာပေါ့” ဟု စစ်ကိုင်းတိုင်းအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News သို့ ပြောသည်။
လက်ရှိတွင် အဆိုပါ စစ်ကိုင်းတံတားကို အသုံးပြု၍ မန္တလေးစက်မှုဇုန်နှင့် စစ်ကိုင်းစက်မှုဇုန်ကို နေ့စဉ်သွားလာ နေသည့် ကုန်ကားများလည်း ရှိနေပြီး အထက်ပါကဲ့သို့စိစစ်မှုများကြောင့် အခက်အခဲ အနည်းငယ် ဖြစ်ပေါ်နေ ကြောင်း သိရသည်။
‘‘အရင်တုန်းက စက်မှုဇုန်တွေကို ထောက်ခံစာပေးထားတယ်လေ။ အခုက သွားခွင့်ပိတ်ထားတယ်။ နည်းနည်း တော့ ကသီတာပေါ့။ ကားတန်းကြီးနဲ့ သွားတန်းစီ။ တစ်နေ့ တစ်ခေါက်ပဲ ရောက်မှာဆိုတော့ စစ်ကိုင်း စက်မှုဇုန်နဲ့ မန္တလေးစက်မှုဇုန်ကူးနေတဲ့ လူတွေကတော့ တိုင်ပတ်တာပေါ့။ စက်မှုဇုန်တွေကတော့ အခက်အခဲတွေကို စာတင်လို့ပြော နေတာပဲ။ Custom နဲ့ စက်မှုဇုန်တွေနဲ့ ညှိရမလား ဘယ်လို လုပ်ရမလဲ စဉ်းစားနေတာ။ လောလောဆယ်တော့ စောင့် ကြည့်နေတာ။ ဒါပေမဲ့ အများအတွက် တော့ ကောင်းပါတယ်” ဟု ၎င်းက ပြောသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူထံ ဆက်သွယ်မေးမြန်း ခဲ့ရာ အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ကန့်သတ်ထားခြင်းများရှိကြောင်းနှင့် မည်သည့်အချိန်တွင် ရပ်တန့်မည်ဆို သော အချိန်ကာလကို သတ်မှတ်ထားခြင်းမရှိသေးကြောင်း ပြန်လည်ဖြေကြားသည်။

Zawgyi Version:
စစ္ကိုင္းတံတားျဖတ္မည့္ ကုန္ကားမ်ား မႏၲေလး စြယ္ေတာ္ကားႀကီးကြင္းတြင္ ဖြင့္ေဖာက္ စစ္ေဆးခံေနရ
Pearl (NP News) - ဇူလိုင္ ၂၆
စစ္ကိုင္းတံတားျဖတ္မည့္ ကုန္ကားမ်ား မႏၲေလးစြယ္ေတာ္ကားႀကီးကြင္းတြင္ ဖြင့္ေဖာက္ စစ္ေဆးခံေနရေၾကာင္း သတင္းရင္းျမစ္အခ်ိဳ႕ထံ ေမးျမန္းထားေသာ အခ်က္အလက္မ်ားအရ သိရသည္။
တရားမဝင္စက္သုံးဆီႏွင့္ ကုန္စည္မ်ား သယ္ေဆာင္မႈမရွိေစရန္ ကုန္ကားမ်ားကို အေကာက္ခြန္မွ စိစစ္ၿပီးမွသာ စစ္ကိုင္းတံတား ျဖတ္သန္းခြင့္ ေပးေနၿပီး ဇြန္လ (၁၄)ရက္က မႏၲေလးတိုင္းေဒသႀကီး၌ တရားမဝင္စက္သုံးဆီႏွင့္ ကုန္စည္မ်ား ျဖတ္သန္းသယ္ေဆာင္မႈမရွိေစေရးႏွင့္စပ္လ်ဥ္း၍ စိစစ္ေရးလုပ္ငန္းအဖြဲ႕အစည္းအေဝးအၿပီး ယင္း အစည္းအေဝး၏ ရလာဒ္အျဖစ္ ဇူလိုင္လ (၂၂) ရက္မွ စတင္ကာ ေဆာင္႐ြက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။
အေကာက္ခြန္႐ုံးမွ တာဝန္ရွိသူမ်ားအေနျဖင့္ ကုန္စည္မ်ားကိုစိစစ္ကာ Seal ပိတ္ေပးၿပီးမွ တံတားျဖတ္သန္းခြင့္ ေပးေနျခင္းျဖစ္ၿပီး အာလူး၊ ၾကက္သြန္စသည့္ စားေသာက္ကုန္မ်ား သယ္ယူခြင့္ကို လည္းကန႔္သတ္ထားေၾကာင္း ကနဦး သိရသည္။
“စစ္ကိုင္းတံတားကို ကုန္ကားမွန္သမွ် ေပးမျဖတ္ေတာ့ဘူး။ စစ္ကိုင္းဘက္ျခမ္း ျမစ္ႀကီးနားတို႔ တႏိုင္းတို႔ ဘက္ကို ခိုးသြားေနတာ။ စက္သုံးဆီေတြ ကုန္ေတြ ၾကက္သြန္ေတြ စားနပ္ရိကၡာေတြ ခိုးၿပီးသြား ေနတာရွိတယ္။ စစ္ကိုင္း တံတားက အဂတိေတြက တအားမ်ားတာ။ ဇက္နဲ႔ကူးတယ္။ တိုးလွ်ိဳေပါက္ ထြက္ေနတာ။ အခုက်ေတာ့ စြယ္ေတာ္ ကားႀကီး ကြင္းထဲမွာ အားလုံးကို ဖြင့္ေဖာက္စစ္ေဆးၿပီး Custom က Seal ပိတ္ၿပီးမွ ျဖတ္ခြင့္ေပး သြားခြင့္ ေပးတယ္။ ေတာက္ေလွ်ာက္လုပ္ေတာ့မယ့္ သေဘာရွိတယ္။ Seal ပိတ္ေပးလိုက္မယ္။ စလစ္ေပးလိုက္ မယ္ေပါ့။ မသယ္ဖို႔ အတြက္ဆိုၿပီး တားျမစ္ထားတာ ေတြလည္းရွိတယ္။ အာလူး၊ ၾကက္သြန္တို႔ဆီတို႔ အစုံပဲေပါ့။ ခြင့္ျပဳတဲ့ဟာေတြက် ေတာ့လည္း ဘယ္ကသယ္တယ္ ဘယ္ကို႔ပို႔မယ္ဆိုတာလိုမွာေပါ့။ ေကာင္းေတာ့ ေကာင္းပါတယ္။ အခ်ိန္ေတာ့ ေပးရတာ ေပါ့။ ပိုက္ဆံလည္း လမ္းမွာ တစ္ျပားမွေပးစရာ မလိုေတာ့ဘူး” ဟု အဆိုပါျဖစ္စဥ္ကို သိရွိသူတစ္ဦးက NP News သို႔ ေျပာသည္။
ယခင္က အဆိုပါ စစ္ကိုင္းတံတားတြင္ ေန႔စဥ္ ကားေပါင္း ေထာင္ႏွင့္ခ်ီသြားလာလ်က္ရွိၿပီး တရားမဝင္ စက္သုံးဆီ မ်ား သယ္ယူပို႔ေဆာင္မႈမ်ား လည္းရွိေနကာ ယခုကဲ့သို႔ စိစစ္ျဖတ္သန္းခြင့္ျပဳျခင္းျဖင့္ တရားမဝင္ စက္သုံးဆီ သယ္ယူ ေရာင္းခ်မႈ မ်ားကို ထိန္းခ်ဳပ္ၿပီးသားျဖစ္သကဲ့သို႔ အၾကမ္းဖက္နယ္ေျမမ်ားသို႔ ကုန္စည္ပို႔ေဆာင္ေနမႈမ်ား ကိုလည္း ထိန္းခ်ဳပ္ႏိုင္မည္ျဖစ္ေၾကာင္းလည္း သိရသည္။
“စက္သုံးဆီေတြဆိုရင္ ဒီလိုေတြ မစိစစ္ခင္က ဒလေဟာဝင္ေနတာေပါ့။ ပုံစံမ်ိဳးစုံနဲ႔ ဝင္ေနတာေပါ့။ ဒီလိုလုပ္ လိုက္ေတာ့ တကယ့္စက္မႈ လုပ္ငန္းေတြ စက္သုံးဆီေရာင္းခ်တဲ့ဆိုင္ေတြကိုပဲ ဆီေတြပဲ သြားလာ ခြင့္ျပဳလိုက္ေတာ့ မေရာက္ေစခ်င္တဲ့ေနရာေတြ မေရာက္ေတာ့ဘူးေပါ့။ တစ္ဖက္ အၾကမ္းဖက္ဆီေရာက္ႏိုင္တဲ့ပမာဏကလည္း နည္းသြားႏိုင္တာေပါ့” ဟု စစ္ကိုင္းတိုင္းအစိုးရအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News သို႔ ေျပာသည္။
လက္ရွိတြင္ အဆိုပါ စစ္ကိုင္းတံတားကို အသုံးျပဳ၍ မႏၲေလးစက္မႈဇုန္ႏွင့္ စစ္ကိုင္းစက္မႈဇုန္ကို ေန႔စဥ္သြားလာ ေနသည့္ ကုန္ကားမ်ားလည္း ရွိေနၿပီး အထက္ပါကဲ့သို႔စိစစ္မႈမ်ားေၾကာင့္ အခက္အခဲ အနည္းငယ္ ျဖစ္ေပၚေန ေၾကာင္း သိရသည္။
‘‘အရင္တုန္းက စက္မႈဇုန္ေတြကို ေထာက္ခံစာေပးထားတယ္ေလ။ အခုက သြားခြင့္ပိတ္ထားတယ္။ နည္းနည္း ေတာ့ ကသီတာေပါ့။ ကားတန္းႀကီးနဲ႔ သြားတန္းစီ။ တစ္ေန႔ တစ္ေခါက္ပဲ ေရာက္မွာဆိုေတာ့ စစ္ကိုင္း စက္မႈဇုန္နဲ႔ မႏၲေလးစက္မႈဇုန္ကူးေနတဲ့ လူေတြကေတာ့ တိုင္ပတ္တာေပါ့။ စက္မႈဇုန္ေတြကေတာ့ အခက္အခဲေတြကို စာတင္လို႔ေျပာ ေနတာပဲ။ Custom နဲ႔ စက္မႈဇုန္ေတြနဲ႔ ညႇိရမလား ဘယ္လို လုပ္ရမလဲ စဥ္းစားေနတာ။ ေလာေလာဆယ္ေတာ့ ေစာင့္ ၾကည့္ေနတာ။ ဒါေပမဲ့ အမ်ားအတြက္ ေတာ့ ေကာင္းပါတယ္” ဟု ၎က ေျပာသည္။
အဆိုပါ ကိစၥႏွင့္ ပတ္သက္၍ မႏၲေလးတိုင္းေဒသႀကီး အစိုးရအဖြဲ႕မွ ေျပာေရးဆိုခြင့္ရွိသူထံ ဆက္သြယ္ေမးျမန္း ခဲ့ရာ အေရးႀကီးကုန္စည္အျဖစ္ သတ္မွတ္ကန႔္သတ္ထားျခင္းမ်ားရွိေၾကာင္းႏွင့္ မည္သည့္အခ်ိန္တြင္ ရပ္တန႔္မည္ဆို ေသာ အခ်ိန္ကာလကို သတ္မွတ္ထားျခင္းမရွိေသးေၾကာင္း ျပန္လည္ေျဖၾကားသည္။

© 2021. All rights reserved.