ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုမည်ဖြစ်ကြောင်း ပြင်သစ်သမ္မတပြော

 342

ဂျန်ဇက် (NP News) - ဇူလိုင် ၂၇

ပြင်သစ်နိုင်ငံအနေဖြင့် ပါလက်စတိုင်းကို နိုင်ငံတစ်နိုင်ငံအဖြစ် လာမည့်စက်တင်ဘာလတွင် အသိအမှတ်ပြုပေး သွားမည်ဖြစ်ကြောင်း သမ္မတမက်ခရွန်က ထုတ်ဖော်ပြောဆိုလိုက်သည်။ မက်ခရွန်က အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင်ကျင်းပမည့် ကုလသမဂ္ဂအစည်းအဝေးတွင် တရားဝင်ကြေညာသွားမည်ဖြစ်ကြောင်း ပြောသည်။
ပြင်သစ်သမ္မတက ‘ဒီနေ့ အရေးတကြီး လိုအပ်တာက ဂါဇာမှာ စစ်ပွဲတွေ အဆုံးသတ်ဖို့နဲ့ အရပ်သားတွေကို ကယ်ဆယ်ဖို့ပါပဲ။ အပစ်အခတ်ရပ်စဲဖို့၊ ဖမ်းဆီးထားသူအားလုံးပြန်လွှတ်ပေးဖို့နဲ့ ဂါဇာ ဒေသကို လူသားချင်းဆိုင်ရာ စာနာမှုအကူညီ အများပြားဝင်ရောက်ဖို့ဖြစ်တယ်’ ဟုပြောသည်။ ပါလက်စတိုင်းအစိုးရအဖွဲ့တာဝန်ရှိသူများသည် ပြင်သစ်သမ္မတ၏ကြေညာချက်ကို ကြိုဆိုခဲ့သော်လည်း အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက အဆိုပါလုပ်ရပ်သည် အကြမ်းဖက်သမားကို ဆုချီးမြှင့်လိုက်ခြင်းဖြစ်ကြောင်း ဝေဖန်ထားသည်။
အမေရိကန်နိုင်ငံကလည်း ပြင်သစ်သမ္မတ၏ကြေညာချက်ကို ပယ်ချထားပြီး အဆင်အခြင်မဲ့သော ဆုံးဖြတ်ချက် မျိုးဖြစ်ကြောင်း ပြောသည်။ ပြင်သစ်သမ္မတက ‘အရှေ့အလယ်ပိုင်းမှာ တရားမျှတပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်း ရေးအတွက် သမိုင်းဝင် ကတိကဝတ်အတိုင်းလုပ်ဆောင်မယ်။ ပြင်သစ်နိုင်ငံဟာ ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိ မှတ်ပြုပေးမယ်။ ဂါဇာဒေသပြန်လည်တည်ဆောက်ဖို့၊ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့တွေရဲ့စစ်ရေးလှုပ်ရှားမှုကို လျှော့ချအောင်လုပ်ခွင့်ပေးရမယ်။ နောက်ဆုံးမှာ ပါလက်စတိုင်းနိုင်ငံ ပြန်လည်တည်ဆောက်ရမယ်’ ဟု ပြောသည်။
ပြင်သစ်သမ္မတသည် ၎င်း၏ ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး ပါလက်စတိုင်းသမ္မတ မိုဟာမက်အာဘက်ကို စာရေး ပေးပို့ခဲ့ကြောင်း သိရသည်။ ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ ဟားမတ်စ်သည် လက်ရှိအချိန်တွင် အစ္စရေး နိုင်ငံနှင့် စစ်ပွဲဖြစ်ပွားနေပြီး အမေရိကန်နိုင်ငံက အပစ်အခတ်ရပ်စဲရေးရယူနိုင်ရန် ကြားဝင်ကြိုပမ်းလျက်ရှိနေ ကြောင်း သိရသည်။

Zawgyi Version:
ပါလက္စတိုင္းကို ႏိုင္ငံအျဖစ္ အသိအမွတ္ျပဳမည္ျဖစ္ေၾကာင္း ျပင္သစ္သမၼတေျပာ
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၂၇
ျပင္သစ္ႏိုင္ငံအေနျဖင့္ ပါလက္စတိုင္းကို ႏိုင္ငံတစ္ႏိုင္ငံအျဖစ္ လာမည့္စက္တင္ဘာလတြင္ အသိအမွတ္ျပဳေပး သြားမည္ျဖစ္ေၾကာင္း သမၼတမက္ခ႐ြန္က ထုတ္ေဖာ္ေျပာဆိုလိုက္သည္။ မက္ခ႐ြန္က အေမရိကန္ႏိုင္ငံ နယူးေယာက္ၿမိဳ႕တြင္က်င္းပမည့္ ကုလသမဂၢအစည္းအေဝးတြင္ တရားဝင္ေၾကညာသြားမည္ျဖစ္ေၾကာင္း ေျပာသည္။
ျပင္သစ္သမၼတက ‘ဒီေန႔ အေရးတႀကီး လိုအပ္တာက ဂါဇာမွာ စစ္ပြဲေတြ အဆုံးသတ္ဖို႔နဲ႔ အရပ္သားေတြကို ကယ္ဆယ္ဖို႔ပါပဲ။ အပစ္အခတ္ရပ္စဲဖို႔၊ ဖမ္းဆီးထားသူအားလုံးျပန္လႊတ္ေပးဖို႔နဲ႔ ဂါဇာ ေဒသကို လူသားခ်င္းဆိုင္ရာ စာနာမႈအကူညီ အမ်ားျပားဝင္ေရာက္ဖို႔ျဖစ္တယ္’ ဟုေျပာသည္။ ပါလက္စတိုင္းအစိုးရအဖြဲ႕တာဝန္ရွိသူမ်ားသည္ ျပင္သစ္သမၼတ၏ေၾကညာခ်က္ကို ႀကိဳဆိုခဲ့ေသာ္လည္း အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုက အဆိုပါလုပ္ရပ္သည္ အၾကမ္းဖက္သမားကို ဆုခ်ီးျမႇင့္လိုက္ျခင္းျဖစ္ေၾကာင္း ေဝဖန္ထားသည္။
အေမရိကန္ႏိုင္ငံကလည္း ျပင္သစ္သမၼတ၏ေၾကညာခ်က္ကို ပယ္ခ်ထားၿပီး အဆင္အျခင္မဲ့ေသာ ဆုံးျဖတ္ခ်က္ မ်ိဳးျဖစ္ေၾကာင္း ေျပာသည္။ ျပင္သစ္သမၼတက ‘အေရွ႕အလယ္ပိုင္းမွာ တရားမွ်တၿပီး ေရရွည္တည္တံ့တဲ့ ၿငိမ္းခ်မ္း ေရးအတြက္ သမိုင္းဝင္ ကတိကဝတ္အတိုင္းလုပ္ေဆာင္မယ္။ ျပင္သစ္ႏိုင္ငံဟာ ပါလက္စတိုင္းကို ႏိုင္ငံအျဖစ္ အသိ မွတ္ျပဳေပးမယ္။ ဂါဇာေဒသျပန္လည္တည္ေဆာက္ဖို႔၊ ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕ေတြရဲ႕စစ္ေရးလႈပ္ရွားမႈကို ေလွ်ာ့ခ်ေအာင္လုပ္ခြင့္ေပးရမယ္။ ေနာက္ဆုံးမွာ ပါလက္စတိုင္းႏိုင္ငံ ျပန္လည္တည္ေဆာက္ရမယ္’ ဟု ေျပာသည္။
ျပင္သစ္သမၼတသည္ ၎၏ ဆုံးျဖတ္ခ်က္ႏွင့္ပတ္သက္ၿပီး ပါလက္စတိုင္းသမၼတ မိုဟာမက္အာဘက္ကို စာေရး ေပးပို႔ခဲ့ေၾကာင္း သိရသည္။ ပါလက္စတိုင္းလက္နက္ကိုင္အဖြဲ႕ ဟားမတ္စ္သည္ လက္ရွိအခ်ိန္တြင္ အစၥေရး ႏိုင္ငံႏွင့္ စစ္ပြဲျဖစ္ပြားေနၿပီး အေမရိကန္ႏိုင္ငံက အပစ္အခတ္ရပ္စဲေရးရယူႏိုင္ရန္ ၾကားဝင္ႀကိဳပမ္းလ်က္ရွိေန ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.