တစ်ပတ်အတွင်း မြန်မာ့ စီးပွားရေးစျေးကွက် သုံးသပ်ချက်

224

ပြည့်ဖြိုး (NP News)-ဇူလိုင် ၂၈
ယခုသီတင်းပတ်အတွင်း မြန်မာပြည်၏ ဈေးကွက်သည် အရောင်း/အဝယ်အေးနေပြီး ဈေး နှုန်းများ မြင့်တက်နေဆဲဖြစ်သည်။ ပြည်တွင်းကုန် ထုတ်လုပ်မှုလုပ်ငန်းများ ပုံမှန်လည်ပတ်နေသော် လည်း အခြေခံစားသောက်ကုန်များမှာ ဝါတွင်း ကာလ၊ မိုးရာသီကာလအတွင်းရောက်ရှိနေခြင်း ကြောင့် ဈေးနှုန်းများအနည်းငယ်မြင့်တက်နေဆဲ ဖြစ်သည်။
ကမ္ဘာ့ရွှေဈေးကွက်အပေါ်မူတည်ကာ ပြည်တွင်း ရွှေဈေးများအပြောင်းအလဲအနည်းငယ် သာရှိရာ ယခုတစ်ပတ်အတွင်းဈေးငြိမ်သက်သည်ဟု ဆိုနိုင်သည်။ ပြည်တွင်း ရွှေလုပ်ငန်းများအတွင်း ရန်ကုန် တိုင်းရွှေလုပ်ငန်းရှင်များအသင်း YGEA မှ သတ်မှတ်ဈေးနှုန်းအရ အခေါက်ရွှေတစ်ကျပ်သား လျှင် (၅၉) သိန်းဝန်းကျင်ခန့်သာ သတ်မှတ်ထားရာ ယင်းသတ်မှတ်ပေါက်ဈေးဖြင့် အရောင်း/အဝယ် လုပ်ရန် ခက်ခဲ ကြောင်းသိရသည်။ လတ်တလော ပြင်ပအခေါက်ရွှေဈေးမှာ တစ်ကျပ်သားလျှင် သိန်း (၈၀) ကျော်ရန် ခက်ခဲပြီး လက်ရှိပေါက်ဈေးအတိုင်းသာတည်ငြိမ်နေမည်ဖြစ်သည်။ ပြည်တွင်းဈေးကွက်အတွင်း အမေရိ ကန် ဒေါ်လာဈေးများ အနည်းငယ်ကျဆင်းလာရာ စက် သုံးဆီဈေးကွက်အတွင်း စက်သုံးဆီဈေးများပါ လိုက် ပါကျဆင်းလာကြောင်းသိရသည်။ စက်သုံးဆီတင် သွင်းမှုမှာ ဆက်တိုက်ကောင်းမွန်နေပြီး သီလဝါ ဆိပ်ကမ်းရှိ ဆီကန်များတွင် ဆီအပြည့်ဖြစ်နေကြောင်းနှင့် ဆက်လက်ဝင်ရောက်လာမည့် နိုင်ငံခြားမှ စက်သုံးဆီ သင်္ဘောများ မြစ်ဝတွင်စောင့်ဆိုင်းနေရကြောင်း သတင်းများထွက်ပေါ်နေသည်။ ထို့ကြောင့် လတ်တလော စက်သုံးဆီပြတ်လပ်မှုမရှိနိုင်ဘဲ ငွေလဲဈေးနှုန်းအရ စက်သုံးဆီဈေး တည်ငြိမ်နေကြောင်း သိရသည်။
အထွေထွေစားသောက်ကုန်ဈေးကွက်တွင် စားအုန်း ဆီဈေးများ ဆက်တိုက်ကျဆင်းနေသော် လည်း ပြင်ပ မှောင်ခိုဈေးမှာ စားအုန်းဆီတစ်ပိဿာ တစ်သောင်း နှစ်ထောင်ဝန်းကျင်ဖြင့် အပြောင်းအလဲ မရှိကြောင်း သိရသည်။ စားအုန်းဆီမှာ နိုင်ငံတော်မှဈေးနှုန်း သက်သာစေရန် နိုင်ငံခြားငွေများ အကုန် အကျခံ တင်သွင်းရောင်းချနေခြင်းဖြစ်သော်လည်း မှောင်ခိုစား အုန်းဆီဈေးကွက်ကြီးစိုးနေဆဲဖြစ်သည်။ အခြေခံသားငါးဈေးနှုန်းများမှာ ယခင်တစ်ပတ်ကအတိုင်းအပြောင်းအလဲနည်းပါးပြီး ဈေးနှုန်းတည်ငြိမ် နေကြောင်းသိရသည်။ ပြည်တွင်းကုန် ထုတ်လုပ်မှုအရ အခြေခံစားသောက်ကုန်ဈေးနှုန်းများ အပြောင်း အလဲဖြစ်ပေါ်လေ့ရှိပြီး စက်သုံးဆီဈေး တည်ငြိမ်ပါကလည်း အခြေခံစားသောက်ကုန်များ ဈေးနှုန်းတည် ငြိမ်နေကြောင်း ကုန်သည်များက သုံးသပ်ပြောကြားသည်။ ပြည်တွင်းအခြေခံပြည်သူများအတွက် အရေး ပါသော ကုန်စည်တစ်ခုဖြစ်သည့် ဆေးနှင့်ဆေးဝါးပစ္စည်းဈေးကွက်သည်လည်း နိုင်ငံခြားမှ အဓိက တင် သွင်းရောင်းချနေရခြင်းကြောင့် ဈေးနှုန်းမြင့်တက်နေကြောင်းသိရသည်။ ဆေးဝါးဈေးကွက်မှာ ဈေးနှုန်း အပြောင်းအလဲ နည်းပါးသော်လည်း နိုင်ငံခြားငွေလဲဈေးနှုန်းနှင့် သွင်းကုန်လိုင်စင်ရရှိမှု အပေါ်မူတည်နေ ကြောင်းသိရသည်။ လတ်တလော ဆေးဝါးများဈေးကွက်အတွင်း ပြတ်လပ်မှုမရှိသော်လည်း ဈေးနှုန်းမြင့် တက်နေရာ မိုးရာသီကာလ ဖျားနာမှုများပြားချိန်ဖြစ်ရာ ပြည်သူလူထုအနေဖြင့် ကျန်းမာရေးအထူးဂရုပြု သင့်ကြောင်း ကျန်းမာရေးဆိုင်ရာကျွမ်းကျင်သူများကပြောကြားသည်။
ဒေါ်လာဈေးကျရိပ်ပြပြီး ရွှေဈေးအနည်းငယ် ဆက်တက်လာ
ယခုတစ်ပတ်အတွင်း ပြည်တွင်းရွှေဈေးသည် အရောင်း/အဝယ်အေးနေသော်လည်း ဈေးနှုန်း များ အနည်းငယ်မြင့်တက်လာကြောင်း ဈေးကွက် အတွင်းမှသိရသည်။ ယခုတစ်ပတ်အတွင်း ကမ္ဘာ့ရွှေ ဈေးကွက်အတွင်း ရွှေဈေးများအနည်းငယ်မြင့်တက် ခဲ့ပြီး လက်ရှိ ဇူလိုင်လ (၂၂)ရက်တွင် ကမ္ဘာ့ရွှေဈေး မှာ တစ်အောင်စလျှင် (၃၃၉၀)ဒေါ်လာ ပေါက်ဈေးရှိနေ သည်။ ယခင်တစ်ပတ်ပေါက်ဈေးများထက် ဒေါ်လာ (၂၀) ဝန်းကျင်ခန့်မြင့်တက်လာခြင်းဖြစ်ရာ ပြည်တွင်း ရွှေဈေးများလည်းအနည်းငယ် လိုက်ပါ မြင့်တက်နေခြင်း ဖြစ်သည်။ ယခင်တစ်ပတ် ဇူလိုင်လ (၁၄)ရက် နှင့်(၁၅)ရက်တို့တွင် အခေါက်ရွှေတစ် ကျပ်သားလျှင် ပြင်ပပေါက်ဈေး (၇၈)သိန်း ရှစ်သောင်းဝန်းကျင်ရှိ နေရာမှ လက်ရှိဇူလိုင်လ(၂၂)ရက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် (၇၈)သိန်း ကိုးသောင်းအထိ ဈေးမြင့်တက်လာခြင်းဖြစ်သည်။ ပြည်တွင်းရွှေဈေးကွက်သည် လက်ဝတ် တန်ဆာ (၁၅)ပဲရည် ရွှေထည်များကိုသာအဓိကထား ရောင်းချနေကြပြီး အရောင်း/အဝယ် နည်းပါးကြောင်း သိရသည်။ (၁၆)ပဲရည် အခေါက်ရွှေများ ထုတ် လုပ်သည့် ရွှေသန့်စင်သည့်လုပ်ငန်းများ ပြန်လည်ဖွင့်လှစ်လာသော်လည်း ရွှေဆိုင်များမှအခေါက် ရွှေ ရောင်းချမှုကို ရပ်နားထားရာ မှောင်ခိုစနစ်ဖြင့်သာ အရောင်းအဝယ်ပြုလုပ်နေရကြောင်း ဈေးကွက် အတွင်းမှ သိရသည်။ ရွှေဈေးကွက်အတွင်းလေပတ်ကားရောင်းဝယ်သူများနှင့် ရွှေကုန်သည်များကို ဖမ်း ဆီးအရေးယူမှုများရှိနေသော်လည်း ပြင်ပရွှေဈေး ကွက်မှာ ဆက်လက်တည်ရှိနေဆဲဖြစ်သည်။ နိုင်ငံ တကာရွှေဈေး၊ ပြည်တွင်းအမေရိကန် ဒေါ်လာဈေးတို့၏ အကျိုးသက်ရောက်မှုကို ရွှေဈေးကွက်က လိုက် ပါဖြစ်ပေါ်နေမည်ဖြစ်ရာ လာမည့်ရက်ပိုင်းအတွင်း ရွှေဈေးနှုန်းအမြင့်ပိုင်းတွင် ဆက်လက် ရပ်တည် နေ မည်ဖြစ်သည်။ နိုင်ငံခြားငွေလဲဈေးကွက်တွင်အမေရိ ကန်ဒေါ်လာ ဈေးမှာ အနည်းငယ် ပြန်လည် ကျ ဆင်းလာကြောင်းဈေးကွက်အတွင်းမှသိရသည်။ ဗဟိုဘဏ်မှငွေလဲဈေးကွက်အတွင်းသို့ နိုင်ငံခြားငွေများ ထုတ်ရောင်းပေးနေခြင်းနှင့် ပြည်တွင်း ပို့ကုန်/သွင်းကုန်လုပ်ငန်းများမှ ဒေါ်လာလိုအပ်ချက်အနည်းငယ် ကျဆင်းနေခြင်းတို့အပြင် အမေရိကန်နိုင်ငံ၏ကုန်သွယ်ရေး အကန့်အသတ်များချမှတ်ခြင်းတို့ကြောင့် ပြည်တွင်းဒေါ်လာဈေး အနည်းငယ်ကျဆင်းလာခြင်း ဖြစ်သည်။
ကမ္ဘာ့ကုန်သွယ်ရေးဈေးကွက်အတွင်း အမေရိကန်ဒေါ်လာဈေးမှာ ယခု(၂၀၂၅)ခုနှစ် အစပိုင်း ကတည်းက အကျပိုင်းသို့ရောက်ရှိနေခြင်း ဖြစ်သည်။ မြန်မာပြည်၏ ဈေးကွက်အတွင်းတွင်မူ ပြင်ပ ဒေါ်လာ ပေါက်ဈေးမှာ ဈေးကွက်လိုအပ်ချက်အရ အမြင့်ပိုင်းတွင်တည်ရှိနေသော်လည်း ယခုဇူလိုင်လ အတွင်း ဈေးနှုန်းများအနည်းငယ်တည်ငြိမ်နေ သည်။ ယခင်တစ်ပတ်အတွင်းက အမေရိကန် တစ်ဒေါ် လာလျှင် ပြင်ပပေါက်ဈေး (၄၄၇၀)ကျပ် ဝန်းကျင်ပေါက်ဈေးရှိနေရာမှာ လက်ရှိဇူလိုင်လ (၂၂) ရက်တွင် (၄၄၅၀)ကျပ်သို့ကျဆင်းလာကြောင်း သိရသည်။ လက်ရှိ နိုင်ငံခြားငွေလဲဈေးနှုန်းများမှာ စင်ကာပူ တစ် ဒေါ်လာလျှင် (၃၄၇၀)ကျပ်၊ ထိုင်းတစ် ဘတ်လျှင်(၁၃၇)ကျပ်၊ တရုတ်တစ်ယွမ်လျှင်(၆၂၀) ကျပ် အသီး သီးပေါက်ဈေးများရှိကြောင်း သိရသည်။
စက်သုံးဆီ၊ စားသုံးဆီနှင့်အထွေထွေဈေးကွက်
ပြည်တွင်းဈေးကွက်အတွင်း စက်သုံး ဆီဈေးများ အနည်းငယ်ပြန်လည်ကျဆင်းလာကြောင်း ဈေးကွက်အတွင်းမှသိရသည်။ စက်သုံးဆီတင်သွင်းမှုအတွက်လိုအပ်သောနိုင်ငံခြားငွေများ ဗဟိုဘဏ်မှ ဆက်တိုက်ထုတ်ရောင်းပေးနေခြင်း ကြောင့် ပြည်ပမှတင်သွင်းမှုအတွက် လုံလောက်မှုရှိနေကြောင်း သိရသည်။ ယခုတစ်ပတ်အတွက် စက်သုံး ဆီရည်òန်းဈေးမှာ (၉၂)ဓာတ်ဆီ တစ်လီတာ လျှင် (၂၉၆၅) ကျပ်၊ (၉၅)ဓာတ်ဆီတစ်လီတာလျှင် (၃၀၂၀)၊ ဒီဇယ်တစ်လီတာလျှင် (၂၆၈၅) ၊ ပရီမီယံ ဒီဇယ် တစ်လီ တာလျှင် (၃၃၃၀)ကျပ် အသီသီး သတ်မှတ်ထားခြင်းဖြစ်သည်။ ယခင်တစ်ပတ်ပေါက်ဈေးများထက် (၉၂)တစ်လီတာလျှင် (၅၅)ကျပ်ခန့်၊ (၉၅)တစ်လီတာလျှင်(၆၅)ကျပ်ခန့်၊ ဒီဇယ်တစ်လီတာလျှင် (၅၀) ကျပ်ခန့် ကျဆင်းသွားသော်လည်း ပရီမီယံ ဒီဇယ်တစ်လီတာလျှင် (၆၅)ကျပ် ဈေးတက်ခဲ့ကြောင်း သိရ သည်။ လာမည့်ရက်ပိုင်းအတွင်း စက်သုံးဆီဈေး အပြောင်းအလဲဖြစ်ပေါ်ရန်နည်းပါးပြီး လက်ရှိ ပေါက် ဈေးဝန်းကျင်ဖြင့်သာ ဈေးကွက်ဆက်လက်တည်ရှိ နိုင်ကြောင်း ကျွမ်းကျင်သူများကသုံးသပ်သည်။ ပြည်တွင်းသို့တင်သွင်း ရောင်းချနေသော စားသုံးဆီဈေးကွက်တွင် စားအုန်းဆီရန်ကုန် အထိုင် ဈေးမှာ တစ်ပိဿာလျှင် (၆၀၅၅) ကျပ်ဖြင့် ရည်òန်း သတ်မှတ်ထားကြောင်းသိရသည်။ တစ်အိမ်ဆယ် ရက်တစ်ကြိမ် တစ်ပိဿာဆီစာအုပ်ဖြင့် ရောင်းချပေးနေသော ဈေးကွက်အတွင်းတွင်လည်း တစ်ပိဿာ လျှင် (၆၉၀ဝ)ကျပ်ဝန်းကျင်ဖြင့် ဈေးနှုန်း တည်ငြိမ်နေကြောင်းသိရသည်။ ကမ္ဘာ့စားအုန်းဆီ ဈေးကွက် အတွင်း မလေးရှားနိုင်ငံ၏ စားအုန်းဆီ ရည် òန်းသတ်မှတ် ဈေးများကျဆင်းနေခြင်းကြောင့် မြန်မာပြည် ၏ စားအုန်းဆီဈေးများ လတ်တလော ကျဆင်းနေခြင်းဖြစ်သည်။ လာမည့်ရက်များအတွင်း စားအုန်းဆီ ဈေးများ တည်ငြိမ်နေနိုင်သော်လည်း ပြင် ပမှောင်ခိုဈေးကွက်အတွင်းတွင်မူ စားအုန်းဆီ တစ်ပိဿာလျှင် (၁၂၀ဝဝ)ကျပ် ဝန်းကျင်ခန့်ဖြင့် ဈေးနှုန်း ဆက်လက်မြင့်တက်နေဦးမည်ဖြစ်သည်။ အခြေခံ အထွေထွေ စားသောက်ကုန်ဈေးကွက်အ တွင်း ဆန်ဈေးများတည်ငြိမ်နေပြီး ဆန်ကြမ်းဧည့်မထ တစ်ပြည်လျှင် (၄၃၀ဝ) ကျပ်နှင့် ဆန်ချောရွှေဘိုပေါ် ဆန်းတစ်ပြည်လျှင်(၆၅၀ဝ)ကျပ်ဝန်းကျင်ရှိကြောင်း သိရသည်။ အခြေခံ အသား/ငါး ဈေးကွက်အတွင်းတွင်မူ ကြက်သားတစ်ပိဿာ နှစ်သောင်းဝန်းကျင်သို့ ဈေးများမြင့် တက်လာပြီး ဝက်သားတစ်ပိဿာ သုံးသောင်းငါးထောင်ကျပ်ဖြင့်ဈေးတည်ငြိမ်နေကြောင်းသိရသည်။ အမဲသားတစ်ပိဿာသုံးသောင်းခွဲကျပ်နှင့် ဆိတ်သားတစ်ပိဿာ ငါးသောင်းခွဲကျပ် ခန့်ပေါက်ဈေးရှိနေ သည်။ ငါးကြင်းခုတ်သားတစ် ပိဿာလျှင် နှစ်သောင်းခွဲကျပ်နှင့် ငါးမြစ်ချင်းတစ်ပိဿာ တစ်သောင်း ခြောက်ထောင်ကျပ်ပေါက်ဈေးရှိ ကြောင်းသိရသည်။ အခြေခံစားသောက်ကုန်နှင့် အထွေထွေကုန် ဈေး နှုန်းသည် ဝါတွင်းကာလအတွင်း အမြင့်ပိုင်းတွင် ဆက်လက်ရပ်တည်နေနိုင်ပြီး အပြောင်းအလဲဖြစ်ပေါ် ရန် နည်းပါးကြောင်းသိရသည်။ အခြေခံစားသောက်ကုန်များမှာ ပွင့်လင်းရာသီရောက်မှသာ ဈေးနှုန်း ကျ ဆင်းဖွယ်ရှိကြောင်းသိရသည်။
ဆေးဝါးဈေးကွက် သိသာသောပြောင်းလဲမှုမရှိ
မြန်မာနိုင်ငံအတွက် သွင်းကုန်များအတွင်း အရေးကြီးကုန်စည်အဖြစ်သတ်မှတ်ထားသော အိမ် သုံး ဆေးဝါးဈေးကွက်သည် ဈေးနှုန်းများမြင့်တက် နေပြီး သိသာသောအပြောင်းအလဲမရှိကြောင်း ဈေး ကွက်အတွင်းမှသိရသည်။ သွင်းကုန်လုပ်ငန်းများ တွင် အရေးကြီးကုန်စည်အဖြစ်သတ်မှတ်သော အိမ် သုံးဆေးဝါးမှာ သွင်းကုန်လိုင်စင်သစ်များဖြင့်ခွင့်ပြုပေးနေရာ ယခင်သုံးစွဲနေကျအမှတ်တံဆိပ်များအစား အာနိသင်တူ အခြားကုမ္ပဏီထုတ်ဆေးဝါးများကိုသာ ဈေးကွက်အတွင်း ဝယ်ယူနေကြရသည်။ ပြည်တွင်း ဆေးဝါးဈေးကွက်ရှိ (၈၅) ရာခိုင်နှုန်းသည် ပြည်ပမှတင်သွင်းရခြင်းဖြစ်ပြီး၊ ကျန် (၁၅) ရာခိုင်နှုန်းမှာ ပြည်တွင်းထုတ်များဖြစ်ကြောင်း၊ အများစုသည် တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်နှင့် ထိုင်း နိုင်ငံ တို့မှ တင်သွင်းခြင်းဖြစ်ကြောင်းသိရသည်။ မြန်မာနိုင်ငံဆေးနှင့်ဆေးဝါးပစ္စည်း လုပ်ငန်းရှင်များ အသင်းမှ ကုမ္ပဏီ တိုက်ရိုက်ဈေးဖြင့် ရောင်းချသော အစီအစဉ်များကို ယခုနှစ်ဆန်းပိုင်းက ပြုလုပ်ပေးခဲ့သော် လည်း လက်ရှိတွင် ရောင်းချပေးနိုင်ခြင်းမရှိပေ။ ပြည်တွင်းနေ့စဉ်သုံးစွဲနေသောဆေးဝါးများမှာ ယခင်နှစ် ကထက် (၂၀)ရာခိုင်နှုန်းကျော် ဈေးမြင့်တက်နေပြီး ယခုနှစ်ပိုင်းအတွင်း သုံးဆမှလေးဆခန့်အထိ ဆေး ဝါး ဈေးနှုန်းများမြင့်တက်ခဲ့ခြင်းဖြစ်သည်။ လက်ရှိအခြေအနေအရ ဆေးဝါးပြတ်လပ်မှုမရှိသော်လည်း ဆေးဝါးဈေးနှုန်း မြင့်တက်မှုမှာ ဆက်တိုက်ကြုံတွေ့နေရခြင်းကြောင့် အခြေခံပြည်သူလူထုအကြားတွင် အခက်အခဲတစ်ခုအဖြစ် တည်ရှိနေသည်။ လက်ရှိတွင် ဒေါ်လာဈေးတည်ငြိမ်နေခြင်းကြောင့် ဆေးဝါး ဈေးကွက်အတွင်း အတိုင်းအတာတစ်ခုအထိ ဈေးနှုန်းတည်ငြိမ်နေကြောင်းသိရသည်။ ဒေါ်လာဈေး အပြောင်းအလဲမြန်ဆန်ပါက ဆေးဝါးဈေးကွက်အတွင်း ကုန်စည်ပြတ်လပ်မှုများ ယခင်နှစ်များက ကြုံ တွေခဲ့ကြောင်း ဆေးဝါးတင်သွင်း ရောင်းချသူများထံမှသိရသည်။ အချို့သော နာတာရှည် လူနာများ အတွက် ပုံမှန်သုံးစွဲနေသည့်ဆေးဝါးများမှာ အလွယ်တကူဝယ်ယူရန်ခက်ခဲသောကြောင့် ဆေး ကုမ္ပဏီ များသို့တိုက်ရိုက်သွားရောက်ဝယ်ယူခြင်းများလည်း ရှိလာကြောင်း သိရသည်။
ဆေးဝါးတင်သွင်းမှုကို သက်ဆိုင်ရာက ထိန်းချုပ်ထားခြင်းကြောင့် ဈေးကွက်အတွင်း ဆေးဝါး အမည်စုံ ထုတ်လုပ်သည့်နိုင်ငံအစုံ မရှိတော့ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ဆေးဝါးဈေးကွက် အကြီးဆုံးဖြစ်သည့် ရန်ကုန်မြို့ မင်္ဂလာဈေး ဈေးကွက် အတွင်းမှာပင် ဆေးဝါးအမည်စုံ ရောင်းချနိုင်မှု နည်းသွားရာ ကျန်ပြည်နယ်နှင့်တိုင်းအလိုက် ဆေးဆိုင်များတွင်ပိုမို၍ အခက်အခဲကြုံတွေနိုင်မည်ဖြစ် သည်။

Zawgyi Version:
တစ္ပတ္အတြင္း ျမန္မာ့ စီးပြားေရးေစ်းကြက္ သုံးသပ္ခ်က္
ျပည့္ၿဖိဳး (NP News)-ဇူလိုင္ ၂၈
ယခုသီတင္းပတ္အတြင္း ျမန္မာျပည္၏ ေဈးကြက္သည္ အေရာင္း/အဝယ္ေအးေနၿပီး ေဈး ႏႈန္းမ်ား ျမင့္တက္ေနဆဲျဖစ္သည္။ ျပည္တြင္းကုန္ ထုတ္လုပ္မႈလုပ္ငန္းမ်ား ပုံမွန္လည္ပတ္ေနေသာ္ လည္း အေျခခံစားေသာက္ကုန္မ်ားမွာ ဝါတြင္း ကာလ၊ မိုးရာသီကာလအတြင္းေရာက္ရွိေနျခင္း ေၾကာင့္ ေဈးႏႈန္းမ်ားအနည္းငယ္ျမင့္တက္ေနဆဲ ျဖစ္သည္။
ကမာၻ႔ေ႐ႊေဈးကြက္အေပၚမူတည္ကာ ျပည္တြင္း ေ႐ႊေဈးမ်ားအေျပာင္းအလဲအနည္းငယ္ သာရွိရာ ယခုတစ္ပတ္အတြင္းေဈးၿငိမ္သက္သည္ဟု ဆိုႏိုင္သည္။ ျပည္တြင္း ေ႐ႊလုပ္ငန္းမ်ားအတြင္း ရန္ကုန္ တိုင္းေ႐ႊလုပ္ငန္းရွင္မ်ားအသင္း YGEA မွ သတ္မွတ္ေဈးႏႈန္းအရ အေခါက္ေ႐ႊတစ္က်ပ္သား လွ်င္ (၅၉) သိန္းဝန္းက်င္ခန႔္သာ သတ္မွတ္ထားရာ ယင္းသတ္မွတ္ေပါက္ေဈးျဖင့္ အေရာင္း/အဝယ္ လုပ္ရန္ ခက္ခဲ ေၾကာင္းသိရသည္။ လတ္တေလာ ျပင္ပအေခါက္ေ႐ႊေဈးမွာ တစ္က်ပ္သားလွ်င္ သိန္း (၈၀) ေက်ာ္ရန္ ခက္ခဲၿပီး လက္ရွိေပါက္ေဈးအတိုင္းသာတည္ၿငိမ္ေနမည္ျဖစ္သည္။ ျပည္တြင္းေဈးကြက္အတြင္း အေမရိ ကန္ ေဒၚလာေဈးမ်ား အနည္းငယ္က်ဆင္းလာရာ စက္ သုံးဆီေဈးကြက္အတြင္း စက္သုံးဆီေဈးမ်ားပါ လိုက္ ပါက်ဆင္းလာေၾကာင္းသိရသည္။ စက္သုံးဆီတင္ သြင္းမႈမွာ ဆက္တိုက္ေကာင္းမြန္ေနၿပီး သီလဝါ ဆိပ္ကမ္းရွိ ဆီကန္မ်ားတြင္ ဆီအျပည့္ျဖစ္ေနေၾကာင္းႏွင့္ ဆက္လက္ဝင္ေရာက္လာမည့္ ႏိုင္ငံျခားမွ စက္သုံးဆီ သေဘၤာမ်ား ျမစ္ဝတြင္ေစာင့္ဆိုင္းေနရေၾကာင္း သတင္းမ်ားထြက္ေပၚေနသည္။ ထို႔ေၾကာင့္ လတ္တေလာ စက္သုံးဆီျပတ္လပ္မႈမရွိႏိုင္ဘဲ ေငြလဲေဈးႏႈန္းအရ စက္သုံးဆီေဈး တည္ၿငိမ္ေနေၾကာင္း သိရသည္။
အေထြေထြစားေသာက္ကုန္ေဈးကြက္တြင္ စားအုန္း ဆီေဈးမ်ား ဆက္တိုက္က်ဆင္းေနေသာ္ လည္း ျပင္ပ ေမွာင္ခိုေဈးမွာ စားအုန္းဆီတစ္ပိႆာ တစ္ေသာင္း ႏွစ္ေထာင္ဝန္းက်င္ျဖင့္ အေျပာင္းအလဲ မရွိေၾကာင္း သိရသည္။ စားအုန္းဆီမွာ ႏိုင္ငံေတာ္မွေဈးႏႈန္း သက္သာေစရန္ ႏိုင္ငံျခားေငြမ်ား အကုန္ အက်ခံ တင္သြင္းေရာင္းခ်ေနျခင္းျဖစ္ေသာ္လည္း ေမွာင္ခိုစား အုန္းဆီေဈးကြက္ႀကီးစိုးေနဆဲျဖစ္သည္။ အေျခခံသားငါးေဈးႏႈန္းမ်ားမွာ ယခင္တစ္ပတ္ကအတိုင္းအေျပာင္းအလဲနည္းပါးၿပီး ေဈးႏႈန္းတည္ၿငိမ္ ေနေၾကာင္းသိရသည္။ ျပည္တြင္းကုန္ ထုတ္လုပ္မႈအရ အေျခခံစားေသာက္ကုန္ေဈးႏႈန္းမ်ား အေျပာင္း အလဲျဖစ္ေပၚေလ့ရွိၿပီး စက္သုံးဆီေဈး တည္ၿငိမ္ပါကလည္း အေျခခံစားေသာက္ကုန္မ်ား ေဈးႏႈန္းတည္ ၿငိမ္ေနေၾကာင္း ကုန္သည္မ်ားက သုံးသပ္ေျပာၾကားသည္။ ျပည္တြင္းအေျခခံျပည္သူမ်ားအတြက္ အေရး ပါေသာ ကုန္စည္တစ္ခုျဖစ္သည့္ ေဆးႏွင့္ေဆးဝါးပစၥည္းေဈးကြက္သည္လည္း ႏိုင္ငံျခားမွ အဓိက တင္ သြင္းေရာင္းခ်ေနရျခင္းေၾကာင့္ ေဈးႏႈန္းျမင့္တက္ေနေၾကာင္းသိရသည္။ ေဆးဝါးေဈးကြက္မွာ ေဈးႏႈန္း အေျပာင္းအလဲ နည္းပါးေသာ္လည္း ႏိုင္ငံျခားေငြလဲေဈးႏႈန္းႏွင့္ သြင္းကုန္လိုင္စင္ရရွိမႈ အေပၚမူတည္ေန ေၾကာင္းသိရသည္။ လတ္တေလာ ေဆးဝါးမ်ားေဈးကြက္အတြင္း ျပတ္လပ္မႈမရွိေသာ္လည္း ေဈးႏႈန္းျမင့္ တက္ေနရာ မိုးရာသီကာလ ဖ်ားနာမႈမ်ားျပားခ်ိန္ျဖစ္ရာ ျပည္သူလူထုအေနျဖင့္ က်န္းမာေရးအထူးဂ႐ုျပဳ သင့္ေၾကာင္း က်န္းမာေရးဆိုင္ရာကြၽမ္းက်င္သူမ်ားကေျပာၾကားသည္။
ေဒၚလာေဈးက်ရိပ္ျပၿပီး ေ႐ႊေဈးအနည္းငယ္ ဆက္တက္လာ
ယခုတစ္ပတ္အတြင္း ျပည္တြင္းေ႐ႊေဈးသည္ အေရာင္း/အဝယ္ေအးေနေသာ္လည္း ေဈးႏႈန္း မ်ား အနည္းငယ္ျမင့္တက္လာေၾကာင္း ေဈးကြက္ အတြင္းမွသိရသည္။ ယခုတစ္ပတ္အတြင္း ကမာၻ႔ေ႐ႊ ေဈးကြက္အတြင္း ေ႐ႊေဈးမ်ားအနည္းငယ္ျမင့္တက္ ခဲ့ၿပီး လက္ရွိ ဇူလိုင္လ (၂၂)ရက္တြင္ ကမာၻ႔ေ႐ႊေဈး မွာ တစ္ေအာင္စလွ်င္ (၃၃၉၀)ေဒၚလာ ေပါက္ေဈးရွိေန သည္။ ယခင္တစ္ပတ္ေပါက္ေဈးမ်ားထက္ ေဒၚလာ (၂၀) ဝန္းက်င္ခန႔္ျမင့္တက္လာျခင္းျဖစ္ရာ ျပည္တြင္း ေ႐ႊေဈးမ်ားလည္းအနည္းငယ္ လိုက္ပါ ျမင့္တက္ေနျခင္း ျဖစ္သည္။ ယခင္တစ္ပတ္ ဇူလိုင္လ (၁၄)ရက္ ႏွင့္(၁၅)ရက္တို႔တြင္ အေခါက္ေ႐ႊတစ္ က်ပ္သားလွ်င္ ျပင္ပေပါက္ေဈး (၇၈)သိန္း ရွစ္ေသာင္းဝန္းက်င္ရွိ ေနရာမွ လက္ရွိဇူလိုင္လ(၂၂)ရက္တြင္ အေခါက္ေ႐ႊ တစ္က်ပ္သားလွ်င္ (၇၈)သိန္း ကိုးေသာင္းအထိ ေဈးျမင့္တက္လာျခင္းျဖစ္သည္။ ျပည္တြင္းေ႐ႊေဈးကြက္သည္ လက္ဝတ္ တန္ဆာ (၁၅)ပဲရည္ ေ႐ႊထည္မ်ားကိုသာအဓိကထား ေရာင္းခ်ေနၾကၿပီး အေရာင္း/အဝယ္ နည္းပါးေၾကာင္း သိရသည္။ (၁၆)ပဲရည္ အေခါက္ေ႐ႊမ်ား ထုတ္ လုပ္သည့္ ေ႐ႊသန႔္စင္သည့္လုပ္ငန္းမ်ား ျပန္လည္ဖြင့္လွစ္လာေသာ္လည္း ေ႐ႊဆိုင္မ်ားမွအေခါက္ ေ႐ႊ ေရာင္းခ်မႈကို ရပ္နားထားရာ ေမွာင္ခိုစနစ္ျဖင့္သာ အေရာင္းအဝယ္ျပဳလုပ္ေနရေၾကာင္း ေဈးကြက္ အတြင္းမွ သိရသည္။ ေ႐ႊေဈးကြက္အတြင္းေလပတ္ကားေရာင္းဝယ္သူမ်ားႏွင့္ ေ႐ႊကုန္သည္မ်ားကို ဖမ္း ဆီးအေရးယူမႈမ်ားရွိေနေသာ္လည္း ျပင္ပေ႐ႊေဈး ကြက္မွာ ဆက္လက္တည္ရွိေနဆဲျဖစ္သည္။ ႏိုင္ငံ တကာေ႐ႊေဈး၊ ျပည္တြင္းအေမရိကန္ ေဒၚလာေဈးတို႔၏ အက်ိဳးသက္ေရာက္မႈကို ေ႐ႊေဈးကြက္က လိုက္ ပါျဖစ္ေပၚေနမည္ျဖစ္ရာ လာမည့္ရက္ပိုင္းအတြင္း ေ႐ႊေဈးႏႈန္းအျမင့္ပိုင္းတြင္ ဆက္လက္ ရပ္တည္ ေန မည္ျဖစ္သည္။ ႏိုင္ငံျခားေငြလဲေဈးကြက္တြင္အေမရိ ကန္ေဒၚလာ ေဈးမွာ အနည္းငယ္ ျပန္လည္ က် ဆင္းလာေၾကာင္းေဈးကြက္အတြင္းမွသိရသည္။ ဗဟိုဘဏ္မွေငြလဲေဈးကြက္အတြင္းသို႔ ႏိုင္ငံျခားေငြမ်ား ထုတ္ေရာင္းေပးေနျခင္းႏွင့္ ျပည္တြင္း ပို႔ကုန္/သြင္းကုန္လုပ္ငန္းမ်ားမွ ေဒၚလာလိုအပ္ခ်က္အနည္းငယ္ က်ဆင္းေနျခင္းတို႔အျပင္ အေမရိကန္ႏိုင္ငံ၏ကုန္သြယ္ေရး အကန႔္အသတ္မ်ားခ်မွတ္ျခင္းတို႔ေၾကာင့္ ျပည္တြင္းေဒၚလာေဈး အနည္းငယ္က်ဆင္းလာျခင္း ျဖစ္သည္။
ကမာၻ႔ကုန္သြယ္ေရးေဈးကြက္အတြင္း အေမရိကန္ေဒၚလာေဈးမွာ ယခု(၂၀၂၅)ခုႏွစ္ အစပိုင္း ကတည္းက အက်ပိုင္းသို႔ေရာက္ရွိေနျခင္း ျဖစ္သည္။ ျမန္မာျပည္၏ ေဈးကြက္အတြင္းတြင္မူ ျပင္ပ ေဒၚလာ ေပါက္ေဈးမွာ ေဈးကြက္လိုအပ္ခ်က္အရ အျမင့္ပိုင္းတြင္တည္ရွိေနေသာ္လည္း ယခုဇူလိုင္လ အတြင္း ေဈးႏႈန္းမ်ားအနည္းငယ္တည္ၿငိမ္ေန သည္။ ယခင္တစ္ပတ္အတြင္းက အေမရိကန္ တစ္ေဒၚ လာလွ်င္ ျပင္ပေပါက္ေဈး (၄၄၇၀)က်ပ္ ဝန္းက်င္ေပါက္ေဈးရွိေနရာမွာ လက္ရွိဇူလိုင္လ (၂၂) ရက္တြင္ (၄၄၅၀)က်ပ္သို႔က်ဆင္းလာေၾကာင္း သိရသည္။ လက္ရွိ ႏိုင္ငံျခားေငြလဲေဈးႏႈန္းမ်ားမွာ စင္ကာပူ တစ္ ေဒၚလာလွ်င္ (၃၄၇၀)က်ပ္၊ ထိုင္းတစ္ ဘတ္လွ်င္(၁၃၇)က်ပ္၊ တ႐ုတ္တစ္ယြမ္လွ်င္(၆၂၀) က်ပ္ အသီး သီးေပါက္ေဈးမ်ားရွိေၾကာင္း သိရသည္။
စက္သုံးဆီ၊ စားသုံးဆီႏွင့္အေထြေထြေဈးကြက္
ျပည္တြင္းေဈးကြက္အတြင္း စက္သုံး ဆီေဈးမ်ား အနည္းငယ္ျပန္လည္က်ဆင္းလာေၾကာင္း ေဈးကြက္အတြင္းမွသိရသည္။ စက္သုံးဆီတင္သြင္းမႈအတြက္လိုအပ္ေသာႏိုင္ငံျခားေငြမ်ား ဗဟိုဘဏ္မွ ဆက္တိုက္ထုတ္ေရာင္းေပးေနျခင္း ေၾကာင့္ ျပည္ပမွတင္သြင္းမႈအတြက္ လုံေလာက္မႈရွိေနေၾကာင္း သိရသည္။ ယခုတစ္ပတ္အတြက္ စက္သုံး ဆီရည္òန္းေဈးမွာ (၉၂)ဓာတ္ဆီ တစ္လီတာ လွ်င္ (၂၉၆၅) က်ပ္၊ (၉၅)ဓာတ္ဆီတစ္လီတာလွ်င္ (၃၀၂၀)၊ ဒီဇယ္တစ္လီတာလွ်င္ (၂၆၈၅) ၊ ပရီမီယံ ဒီဇယ္ တစ္လီ တာလွ်င္ (၃၃၃၀)က်ပ္ အသီသီး သတ္မွတ္ထားျခင္းျဖစ္သည္။ ယခင္တစ္ပတ္ေပါက္ေဈးမ်ားထက္ (၉၂)တစ္လီတာလွ်င္ (၅၅)က်ပ္ခန႔္၊ (၉၅)တစ္လီတာလွ်င္(၆၅)က်ပ္ခန႔္၊ ဒီဇယ္တစ္လီတာလွ်င္ (၅၀) က်ပ္ခန႔္ က်ဆင္းသြားေသာ္လည္း ပရီမီယံ ဒီဇယ္တစ္လီတာလွ်င္ (၆၅)က်ပ္ ေဈးတက္ခဲ့ေၾကာင္း သိရ သည္။ လာမည့္ရက္ပိုင္းအတြင္း စက္သုံးဆီေဈး အေျပာင္းအလဲျဖစ္ေပၚရန္နည္းပါးၿပီး လက္ရွိ ေပါက္ ေဈးဝန္းက်င္ျဖင့္သာ ေဈးကြက္ဆက္လက္တည္ရွိ ႏိုင္ေၾကာင္း ကြၽမ္းက်င္သူမ်ားကသုံးသပ္သည္။ ျပည္တြင္းသို႔တင္သြင္း ေရာင္းခ်ေနေသာ စားသုံးဆီေဈးကြက္တြင္ စားအုန္းဆီရန္ကုန္ အထိုင္ ေဈးမွာ တစ္ပိႆာလွ်င္ (၆၀၅၅) က်ပ္ျဖင့္ ရည္òန္း သတ္မွတ္ထားေၾကာင္းသိရသည္။ တစ္အိမ္ဆယ္ ရက္တစ္ႀကိမ္ တစ္ပိႆာဆီစာအုပ္ျဖင့္ ေရာင္းခ်ေပးေနေသာ ေဈးကြက္အတြင္းတြင္လည္း တစ္ပိႆာ လွ်င္ (၆၉၀ဝ)က်ပ္ဝန္းက်င္ျဖင့္ ေဈးႏႈန္း တည္ၿငိမ္ေနေၾကာင္းသိရသည္။ ကမာၻ႔စားအုန္းဆီ ေဈးကြက္ အတြင္း မေလးရွားႏိုင္ငံ၏ စားအုန္းဆီ ရည္ òန္းသတ္မွတ္ ေဈးမ်ားက်ဆင္းေနျခင္းေၾကာင့္ ျမန္မာျပည္ ၏ စားအုန္းဆီေဈးမ်ား လတ္တေလာ က်ဆင္းေနျခင္းျဖစ္သည္။ လာမည့္ရက္မ်ားအတြင္း စားအုန္းဆီ ေဈးမ်ား တည္ၿငိမ္ေနႏိုင္ေသာ္လည္း ျပင္ ပေမွာင္ခိုေဈးကြက္အတြင္းတြင္မူ စားအုန္းဆီ တစ္ပိႆာလွ်င္ (၁၂၀ဝဝ)က်ပ္ ဝန္းက်င္ခန႔္ျဖင့္ ေဈးႏႈန္း ဆက္လက္ျမင့္တက္ေနဦးမည္ျဖစ္သည္။ အေျခခံ အေထြေထြ စားေသာက္ကုန္ေဈးကြက္အ တြင္း ဆန္ေဈးမ်ားတည္ၿငိမ္ေနၿပီး ဆန္ၾကမ္းဧည့္မထ တစ္ျပည္လွ်င္ (၄၃၀ဝ) က်ပ္ႏွင့္ ဆန္ေခ်ာေ႐ႊဘိုေပၚ ဆန္းတစ္ျပည္လွ်င္(၆၅၀ဝ)က်ပ္ဝန္းက်င္ရွိေၾကာင္း သိရသည္။ အေျခခံ အသား/ငါး ေဈးကြက္အတြင္းတြင္မူ ၾကက္သားတစ္ပိႆာ ႏွစ္ေသာင္းဝန္းက်င္သို႔ ေဈးမ်ားျမင့္ တက္လာၿပီး ဝက္သားတစ္ပိႆာ သုံးေသာင္းငါးေထာင္က်ပ္ျဖင့္ေဈးတည္ၿငိမ္ေနေၾကာင္းသိရသည္။ အမဲသားတစ္ပိႆာသုံးေသာင္းခြဲက်ပ္ႏွင့္ ဆိတ္သားတစ္ပိႆာ ငါးေသာင္းခြဲက်ပ္ ခန႔္ေပါက္ေဈးရွိေန သည္။ ငါးၾကင္းခုတ္သားတစ္ ပိႆာလွ်င္ ႏွစ္ေသာင္းခြဲက်ပ္ႏွင့္ ငါးျမစ္ခ်င္းတစ္ပိႆာ တစ္ေသာင္း ေျခာက္ေထာင္က်ပ္ေပါက္ေဈးရွိ ေၾကာင္းသိရသည္။ အေျခခံစားေသာက္ကုန္ႏွင့္ အေထြေထြကုန္ ေဈး ႏႈန္းသည္ ဝါတြင္းကာလအတြင္း အျမင့္ပိုင္းတြင္ ဆက္လက္ရပ္တည္ေနႏိုင္ၿပီး အေျပာင္းအလဲျဖစ္ေပၚ ရန္ နည္းပါးေၾကာင္းသိရသည္။ အေျခခံစားေသာက္ကုန္မ်ားမွာ ပြင့္လင္းရာသီေရာက္မွသာ ေဈးႏႈန္း က် ဆင္းဖြယ္ရွိေၾကာင္းသိရသည္။
ေဆးဝါးေဈးကြက္ သိသာေသာေျပာင္းလဲမႈမရွိ
ျမန္မာႏိုင္ငံအတြက္ သြင္းကုန္မ်ားအတြင္း အေရးႀကီးကုန္စည္အျဖစ္သတ္မွတ္ထားေသာ အိမ္ သုံး ေဆးဝါးေဈးကြက္သည္ ေဈးႏႈန္းမ်ားျမင့္တက္ ေနၿပီး သိသာေသာအေျပာင္းအလဲမရွိေၾကာင္း ေဈး ကြက္အတြင္းမွသိရသည္။ သြင္းကုန္လုပ္ငန္းမ်ား တြင္ အေရးႀကီးကုန္စည္အျဖစ္သတ္မွတ္ေသာ အိမ္ သုံးေဆးဝါးမွာ သြင္းကုန္လိုင္စင္သစ္မ်ားျဖင့္ခြင့္ျပဳေပးေနရာ ယခင္သုံးစြဲေနက်အမွတ္တံဆိပ္မ်ားအစား အာနိသင္တူ အျခားကုမၸဏီထုတ္ေဆးဝါးမ်ားကိုသာ ေဈးကြက္အတြင္း ဝယ္ယူေနၾကရသည္။ ျပည္တြင္း ေဆးဝါးေဈးကြက္ရွိ (၈၅) ရာခိုင္ႏႈန္းသည္ ျပည္ပမွတင္သြင္းရျခင္းျဖစ္ၿပီး၊ က်န္ (၁၅) ရာခိုင္ႏႈန္းမွာ ျပည္တြင္းထုတ္မ်ားျဖစ္ေၾကာင္း၊ အမ်ားစုသည္ တ႐ုတ္၊ အိႏၵိယ၊ ပါကစၥတန္ႏွင့္ ထိုင္း ႏိုင္ငံ တို႔မွ တင္သြင္းျခင္းျဖစ္ေၾကာင္းသိရသည္။ ျမန္မာႏိုင္ငံေဆးႏွင့္ေဆးဝါးပစၥည္း လုပ္ငန္းရွင္မ်ား အသင္းမွ ကုမၸဏီ တိုက္႐ိုက္ေဈးျဖင့္ ေရာင္းခ်ေသာ အစီအစဥ္မ်ားကို ယခုႏွစ္ဆန္းပိုင္းက ျပဳလုပ္ေပးခဲ့ေသာ္ လည္း လက္ရွိတြင္ ေရာင္းခ်ေပးႏိုင္ျခင္းမရွိေပ။ ျပည္တြင္းေန႔စဥ္သုံးစြဲေနေသာေဆးဝါးမ်ားမွာ ယခင္ႏွစ္ ကထက္ (၂၀)ရာခိုင္ႏႈန္းေက်ာ္ ေဈးျမင့္တက္ေနၿပီး ယခုႏွစ္ပိုင္းအတြင္း သုံးဆမွေလးဆခန႔္အထိ ေဆး ဝါး ေဈးႏႈန္းမ်ားျမင့္တက္ခဲ့ျခင္းျဖစ္သည္။ လက္ရွိအေျခအေနအရ ေဆးဝါးျပတ္လပ္မႈမရွိေသာ္လည္း ေဆးဝါးေဈးႏႈန္း ျမင့္တက္မႈမွာ ဆက္တိုက္ႀကဳံေတြ႕ေနရျခင္းေၾကာင့္ အေျခခံျပည္သူလူထုအၾကားတြင္ အခက္အခဲတစ္ခုအျဖစ္ တည္ရွိေနသည္။ လက္ရွိတြင္ ေဒၚလာေဈးတည္ၿငိမ္ေနျခင္းေၾကာင့္ ေဆးဝါး ေဈးကြက္အတြင္း အတိုင္းအတာတစ္ခုအထိ ေဈးႏႈန္းတည္ၿငိမ္ေနေၾကာင္းသိရသည္။ ေဒၚလာေဈး အေျပာင္းအလဲျမန္ဆန္ပါက ေဆးဝါးေဈးကြက္အတြင္း ကုန္စည္ျပတ္လပ္မႈမ်ား ယခင္ႏွစ္မ်ားက ႀကဳံ ေတြခဲ့ေၾကာင္း ေဆးဝါးတင္သြင္း ေရာင္းခ်သူမ်ားထံမွသိရသည္။ အခ်ိဳ႕ေသာ နာတာရွည္ လူနာမ်ား အတြက္ ပုံမွန္သုံးစြဲေနသည့္ေဆးဝါးမ်ားမွာ အလြယ္တကူဝယ္ယူရန္ခက္ခဲေသာေၾကာင့္ ေဆး ကုမၸဏီ မ်ားသို႔တိုက္႐ိုက္သြားေရာက္ဝယ္ယူျခင္းမ်ားလည္း ရွိလာေၾကာင္း သိရသည္။
ေဆးဝါးတင္သြင္းမႈကို သက္ဆိုင္ရာက ထိန္းခ်ဳပ္ထားျခင္းေၾကာင့္ ေဈးကြက္အတြင္း ေဆးဝါး အမည္စုံ ထုတ္လုပ္သည့္ႏိုင္ငံအစုံ မရွိေတာ့ေၾကာင္း သိရသည္။ ျမန္မာႏိုင္ငံတြင္ ေဆးဝါးေဈးကြက္ အႀကီးဆုံးျဖစ္သည့္ ရန္ကုန္ၿမိဳ႕ မဂၤလာေဈး ေဈးကြက္ အတြင္းမွာပင္ ေဆးဝါးအမည္စုံ ေရာင္းခ်ႏိုင္မႈ နည္းသြားရာ က်န္ျပည္နယ္ႏွင့္တိုင္းအလိုက္ ေဆးဆိုင္မ်ားတြင္ပိုမို၍ အခက္အခဲႀကဳံေတြႏိုင္မည္ျဖစ္ သည္။