တိုက်ခိုက်မှုတွေ ထပ်ရှိလာရင် ပြင်းပြင်းထန်ထန်လက်တုံ့ပြန်သွားမယ်လို့ အီရန် သတိပေး

 208

Pika (NP News) - ဇူလိုင် ၃ဝ
အမေရိကန်နဲ့အစ္စရေးတို့ဟာ အီရန်ကို တိုက်ခိုက်မှုတွေ ထပ်မံလုပ်ဆောင်လာခဲ့မယ်ဆိုရင် ပြင်းထန်ပြီး ပြတ်သားတဲ့လက်တုံ့ပြန်မှုတွေကို လုပ်ဆောင်သွားမယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးက သတိပေးပြောဆို ခဲ့ပါတယ်။ အီရန်ရဲ့နျူကလီးယားအစီအစဉ်တွေကို အပြီးတိုင်ဖျက်သိမ်းပစ်ဖို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ ခြိမ်းခြောက်ပြောဆိုမှုတွေ ထွက်ပေါ်လာပြီးနောက် အီရန်နိုင်ငံခြားရေးဝန်ကြီးရဲ့သတိပေးချက်တွေ ထွက်ပေါ်လာ တာဖြစ်ပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ်အာဂရာချီက “အီရန်အပေါ် တိုက်ခိုက်မှုတွေထပ်ရှိလာခဲ့မယ်ဆိုရင် ပြင်းထန် ပြီး ပြတ်သားတဲ့လက်တုံ့ပြန်မှုတွေကို အီရန်ဘက်က လုပ်ဆောင်သွားမှာပါ။ ကျွန်တော်တို့ရဲ့ နျူကလီးယား အစီအစဉ်ဟာ မငြိမ်းချမ်းတဲ့ရည်ရွယ်ချက်ဘက်ကို ကူးပြောင်းသွားမှာနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေရှိတယ်ဆိုရင် စေ့စပ်ညှိနှိုင်းဖြေရှင်းနည်းတွေက အလုပ်ဖြစ်ပါလိမ့်မယ်” လို့ ပြောခဲ့ပါတယ်။
ဒါပေမယ့်လည်း ပြီးခဲ့တဲ့လကလုပ်ဆောင်ခဲ့တဲ့ အမေရိကန်ရဲ့ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အီရန်ရဲ့နျူကလီးယား စက်ရုံတွေ ဘယ်လောက်ထိခိုက်ပျက်စီးသွားသလဲဆိုတာကို လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်း မသိရှိရသေးဘူးလို့လည်း သိရပါတယ်။

Zawgyi Version:
တိုက္ခိုက္မႈေတြ ထပ္ရွိလာရင္ ျပင္းျပင္းထန္ထန္လက္တုံ႔ျပန္သြားမယ္လို႔ အီရန္ သတိေပး
Pika (NP News) - ဇူလိုင္ ၃ဝ
အေမရိကန္နဲ႔အစၥေရးတို႔ဟာ အီရန္ကို တိုက္ခိုက္မႈေတြ ထပ္မံလုပ္ေဆာင္လာခဲ့မယ္ဆိုရင္ ျပင္းထန္ၿပီး ျပတ္သားတဲ့လက္တုံ႔ျပန္မႈေတြကို လုပ္ေဆာင္သြားမယ္လို႔ အီရန္ႏိုင္ငံျခားေရးဝန္ႀကီးက သတိေပးေျပာဆို ခဲ့ပါတယ္။ အီရန္ရဲ႕န်ဴကလီးယားအစီအစဥ္ေတြကို အၿပီးတိုင္ဖ်က္သိမ္းပစ္ဖို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္ရဲ႕ ၿခိမ္းေျခာက္ေျပာဆိုမႈေတြ ထြက္ေပၚလာၿပီးေနာက္ အီရန္ႏိုင္ငံျခားေရးဝန္ႀကီးရဲ႕သတိေပးခ်က္ေတြ ထြက္ေပၚလာ တာျဖစ္ပါတယ္။
အီရန္ႏိုင္ငံျခားေရးဝန္ႀကီး အာဘတ္စ္အာဂရာခ်ီက “အီရန္အေပၚ တိုက္ခိုက္မႈေတြထပ္ရွိလာခဲ့မယ္ဆိုရင္ ျပင္းထန္ ၿပီး ျပတ္သားတဲ့လက္တုံ႔ျပန္မႈေတြကို အီရန္ဘက္က လုပ္ေဆာင္သြားမွာပါ။ ကြၽန္ေတာ္တို႔ရဲ႕ န်ဴကလီးယား အစီအစဥ္ဟာ မၿငိမ္းခ်မ္းတဲ့ရည္႐ြယ္ခ်က္ဘက္ကို ကူးေျပာင္းသြားမွာနဲ႔ပတ္သက္ၿပီး စိုးရိမ္မႈေတြရွိတယ္ဆိုရင္ ေစ့စပ္ညႇိႏႈိင္းေျဖရွင္းနည္းေတြက အလုပ္ျဖစ္ပါလိမ့္မယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါေပမယ့္လည္း ၿပီးခဲ့တဲ့လကလုပ္ေဆာင္ခဲ့တဲ့ အေမရိကန္ရဲ႕ဗုံးႀကဲတိုက္ခိုက္မႈေတြေၾကာင့္ အီရန္ရဲ႕န်ဴကလီးယား စက္႐ုံေတြ ဘယ္ေလာက္ထိခိုက္ပ်က္စီးသြားသလဲဆိုတာကို လက္ရွိအခ်ိန္အထိ ရွင္းရွင္းလင္းလင္း မသိရွိရေသးဘူးလို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.