ဆီးရီးယားနဲ့အီရန်အရေး ပူတင်နဲ့နေတန်ရာဟုတို့ဆွေးနွေး

 192

Pika (NP News) - ဇူလိုင် ၃ဝ
ရုရှားသမ္မတပူတင်ဟာ ဆီးရီးယားနဲ့အီရန်အရေးတို့ကို အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုနဲ့ ဖုန်းခေါ်ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ရုရှားအစိုးရက ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် ပူတင်ဟာ ဆီးရီးယားရဲ့အချုပ်အခြာ အာဏာနဲ့နယ်မြေပိုင်ဆိုင်မှုကို လက်ကိုင်ထားဖို့ အရေးကြီးမှုတွေကို ပြောကြားခဲ့ပြီး အီရန်ရဲ့နျူကလီးယား ပြဿနာကို ညှိနှိုင်းဖြေရှင်းရာမှာ ကူညီဖို့ ရုရှားရဲ့အဆင်သင့်ဖြစ်မှုတွေကို အလေးပေးပြောကြားခဲ့တယ်လို့ သိရပါတယ်။
နေတန်ရာဟုနဲ့ပူတင်တို့ရဲ့ဖုန်းခေါ်ဆိုဆွေးနွေးမှုဟာ အီရန်အရေးကို အဓိကအာရုံစိုက်ခဲ့တယ်လို့ နေတန်ရာဟုရဲ့ ရုံးက ပြောကြားခဲ့ပါတယ်။ ရုရှားနိုင်ငံဟာ ဆီးရီးယားနိုင်ငံတွင်းမှာ စစ်အခြေစိုက်စခန်းနှစ်ခု ရှိနေဆဲဖြစ်တယ် လို့လည်း သိရပါတယ်။ ဒါ့ပြင် ရုရှားဟာ အီရန်ရဲ့နီးကပ်တဲ့မိတ်ဖက်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ယူကရိန်းအပေါ် ထိုးစစ်ဆင်မှုတွေကို လုပ်ဆောင်နေတဲ့ကြားက အီရန်နဲ့စစ်ဘက်ဆိုင်ရာဆက်ဆံရေးတွေကို မြှင့်တင်ခဲ့တယ်လို့ လည်း သိရပါတယ်။ ပြီးတော့ ရုရှားဟာ ကြီးမားတဲ့ ရုရှားနွယ်ဖွားအသိုင်းအဝိုင်းတည်ရှိရာ အစ္စရေးနဲ့လည်း ကောင်းမွန်တဲ့ဆက်ဆံရေးတွေ ရရှိဖို့အတွက် ကြိုးပမ်းနေတယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ဆီးရီးယားနဲ႔အီရန္အေရး ပူတင္နဲ႔ေနတန္ရာဟုတို႔ေဆြးေႏြး
Pika (NP News) - ဇူလိုင္ ၃ဝ
႐ုရွားသမၼတပူတင္ဟာ ဆီးရီးယားနဲ႔အီရန္အေရးတို႔ကို အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုနဲ႔ ဖုန္းေခၚေဆြးေႏြးမႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔ ႐ုရွားအစိုးရက ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ ပူတင္ဟာ ဆီးရီးယားရဲ႕အခ်ဳပ္အျခာ အာဏာနဲ႔နယ္ေျမပိုင္ဆိုင္မႈကို လက္ကိုင္ထားဖို႔ အေရးႀကီးမႈေတြကို ေျပာၾကားခဲ့ၿပီး အီရန္ရဲ႕န်ဴကလီးယား ျပႆနာကို ညႇိႏႈိင္းေျဖရွင္းရာမွာ ကူညီဖို႔ ႐ုရွားရဲ႕အဆင္သင့္ျဖစ္မႈေတြကို အေလးေပးေျပာၾကားခဲ့တယ္လို႔ သိရပါတယ္။
ေနတန္ရာဟုနဲ႔ပူတင္တို႔ရဲ႕ဖုန္းေခၚဆိုေဆြးေႏြးမႈဟာ အီရန္အေရးကို အဓိကအာ႐ုံစိုက္ခဲ့တယ္လို႔ ေနတန္ရာဟုရဲ႕ ႐ုံးက ေျပာၾကားခဲ့ပါတယ္။ ႐ုရွားႏိုင္ငံဟာ ဆီးရီးယားႏိုင္ငံတြင္းမွာ စစ္အေျခစိုက္စခန္းႏွစ္ခု ရွိေနဆဲျဖစ္တယ္ လို႔လည္း သိရပါတယ္။ ဒါ့ျပင္ ႐ုရွားဟာ အီရန္ရဲ႕နီးကပ္တဲ့မိတ္ဖက္ႏိုင္ငံတစ္ႏိုင္ငံျဖစ္ၿပီး ယူကရိန္းအေပၚ ထိုးစစ္ဆင္မႈေတြကို လုပ္ေဆာင္ေနတဲ့ၾကားက အီရန္နဲ႔စစ္ဘက္ဆိုင္ရာဆက္ဆံေရးေတြကို ျမႇင့္တင္ခဲ့တယ္လို႔ လည္း သိရပါတယ္။ ၿပီးေတာ့ ႐ုရွားဟာ ႀကီးမားတဲ့ ႐ုရွားႏြယ္ဖြားအသိုင္းအဝိုင္းတည္ရွိရာ အစၥေရးနဲ႔လည္း ေကာင္းမြန္တဲ့ဆက္ဆံေရးေတြ ရရွိဖို႔အတြက္ ႀကိဳးပမ္းေနတယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.