မြန်မာနှင့် အိန္ဒိယအကြား ဆောင်ရွက်မည့် မြန်မာနိုင်ငံ Digital Identity အတွက် ရှေ့ပြေးစီမံကိန်း ပူးပေါင်းဆောင် ရွက်ခြင်း ဆိုင်ရာ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး

 420

(NP News)-ဇူလိုင် ၃၀

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် အိန္ဒိယသမ္မတနိုင်ငံအစိုးရတို့အကြား ဆောင်ရွက်မည့် မြန်မာနိုင်ငံ Digital Identity အတွက် ရှေ့ပြေးစီမံကိန်း ပူးပေါင်းဆောင်ရွက်ခြင်း ဆိုင်ရာ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ အခမ်းအနားကို ယမန်နေ့(ဇူလိုင်လ ၂၉ ရက်) နံနက် ၁၀ နာရီက နေပြည်တော်ရှိ ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပခဲ့ရာ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယ ဝန်ကြီးများဖြစ်ကြသ ည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီး Mr. Abhay Thakur တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

“ယနေ့ ခေတ်သည် IT နည်းပညာ အလျှင်အမြန်တိုးတက်နေသည့် ခေတ်ဖြစ်သည်နှင့်အညီ အိန္ဒိယနိုင်ငံ သည်လည်း နည်းပညာဆိုင်ရာ အတွေ့အကြုံများ၌ ကမ္ဘာ့ထိပ်တန်းနိုင်ငံများနှင့် ရင်ဘောင်တန်း ဆောင်ရွက်နေသည့်နိုင်ငံ တစ်နိုင်ငံ ဖြစ်ခြင်းကြောင့် နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုမှာ အရှိန်အဟုန် ဖြင့် ခေတ်ရှေ့ပြေး ဖွံ့ဖြိုးတိုးတက်လျက်ရှိပါကြောင်း၊ ယခုလည်း မြန်မာနိုင်ငံ၌ e-Government စနစ်ကို ဖော်ဆောင်နေချိန်တွင် အခြေခံအကျဆုံးဖြစ်သည့် e-ID စနစ်အတွက် လိုအပ်သည့် IT နည်းပညာများကို အိန္ဒိယနိုင်ငံအစိုးရက ပံ့ပိုးကူညီ ပေးခြင်း ဖြစ်ရာ နိုင်ငံအတွက် တန်ဖိုးရှိသည့် အကူအညီဖြစ်ပါကြောင်း” ယင်းအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးကပြောကြား ခဲ့ကြောင်း သိရသည်။

ထို့ပြင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည့် နားလည်မှု စာချွန်လွှာ (MoU) သည် မြန်မာနိုင်ငံ၏ Digital ID ရှေ့ပြေးစီမံကိန်း အကောင်အထည်ဖော်ရာ၌ အိန္ဒိယနိုင်ငံအစိုးရထံမှ နည်းပညာဆိုင်ရာ အကူအညီများ မျှဝေဆောင်ရွက်နိုင်ရေးအတွက်ဖြစ်ကြောင်လည်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

Unique Identity သည် ကမ္ဘာတွင် အကောင်းဆုံးဖြစ်နေသည့် MOSIP Platform အပေါ် အခြေခံပြီး Digital ID အစီအစဉ်ကို အိန္ဒိယနိုင်ငံက အကောင်အထည်ဖော်ဆောင်ရွက်နေသကဲ့သို့ မိမိတို့မှဆောင်ရွက်မည့် ရှေ့ပြေးစီမံကိန်းနှင့်ပတ်သက်သည့်လိုအပ်ချက်များကို ပံ့ပိုးကူညီ ဆောင်ရွက် ပေးမည်ဖြစ်သည့်အတွက် များစွာအကျိုးရှိမည်ဖြစ်ပါကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

ထို့ပြင် အိန္ဒိယနိုင်ငံအစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ Digital Identity ဆိုင်ရာနည်းပညာများနှင့်ပတ်သက်၍ ယခုကဲ့သို့ နားလည်မှု စာချွန်လွှာ (MoU) လက်မှတ်ရေးထိုးကာ လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးသကဲ့သို့ ပိုမို ကောင်းမွန်သည့် အကြံပြုချက်များ၊ ပိုမိုထိရောက် မြန်ဆန်သည့် အကူအညီများနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အတွေ့အကြုံများကို ဆက်လက်ပံ့ပိုးကူညီ မျှဝေစေလိုကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အိန္ဒိယသမ္မတနိုင်ငံသံအမတ်ကြီးတို့သည် မြန်မာနိုင်ငံ Digital Identity အတွက် ရှေ့ပြေးစီမံကိန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) ကို လက်မှတ်ရေးထိုးကြပြီး နားလည်မှုစာချွန်လွှာကို အပြန်အလှန် လဲလှယ်ကြကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် e-Government စနစ်၏ အခြေခံ အကျဆုံးဖြစ်သည့် e-ID စနစ်အတွက် Digital Unique Identity Program အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် အိန္ဒိယနိုင်ငံ၏ နည်းပညာ၊ မူဝါဒ၊ စည်းမျဉ်းစည်းကမ်းနှင့် အတွေ့ အကြုံများ ဖလှယ်ရေး၊ အစိုးရအရာရှိများနှင့် ကျွမ်းကျင်သူများ နည်းပညာဖလှယ်ရေးနှင့် မြန်မာနိုင်ငံ Digital ID Program ကို စမ်းသပ် အကောင်အထည်ဖော်ရာတွင် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး အတွက် ရှေ့ပြေးစီမံကိန်း ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) ကို လက်မှတ်ရေးထိုးဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ျမန္မာႏွင့္ အိႏၵိယအၾကား ေဆာင္႐ြက္မည့္ ျမန္မာႏိုင္ငံ Digital Identity အတြက္ ေရွ႕ေျပးစီမံကိန္း ပူးေပါင္းေဆာင္ ႐ြက္ျခင္း ဆိုင္ရာ နားလည္မႈစာခြၽန္လႊာလက္မွတ္ေရးထိုး
(NP News)-ဇူလိုင္ ၃၀

လူဝင္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္အားဝန္ႀကီးဌာနႏွင့္ အိႏၵိယသမၼတႏိုင္ငံအစိုးရတို႔အၾကား ေဆာင္႐ြက္မည့္ ျမန္မာႏိုင္ငံ Digital Identity အတြက္ ေရွ႕ေျပးစီမံကိန္း ပူးေပါင္းေဆာင္႐ြက္ျခင္း ဆိုင္ရာ နားလည္မႈစာခြၽန္လႊာလက္မွတ္ေရးထိုးခဲ့ေၾကာင္း လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။

အဆိုပါ အခမ္းအနားကို ယမန္ေန႔(ဇူလိုင္လ ၂၉ ရက္) နံနက္ ၁၀ နာရီက ေနျပည္ေတာ္ရွိ ဝန္ႀကီးဌာန၊ အစည္းအေဝးခန္းမ၌က်င္းပခဲ့ရာ လူဝင္မႈႀကီးၾကပ္ ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးျမင့္ႀကိဳင္၊ ဒုတိယ ဝန္ႀကီးမ်ားျဖစ္ၾကသ ည့္ ဦးေဌးလႈိင္ႏွင့္ ေဒါက္တာမ်ိဳးသန႔္၊ ျမန္မာႏိုင္ငံဆိုင္ရာ အိႏၵိယသမၼတႏိုင္ငံ သံအမတ္ႀကီး Mr. Abhay Thakur တို႔ တက္ေရာက္ခဲ့ေၾကာင္း သိရသည္။

“ယေန႔ ေခတ္သည္ IT နည္းပညာ အလွ်င္အျမန္တိုးတက္ေနသည့္ ေခတ္ျဖစ္သည္ႏွင့္အညီ အိႏၵိယႏိုင္ငံ သည္လည္း နည္းပညာဆိုင္ရာ အေတြ႕အႀကဳံမ်ား၌ ကမာၻ႔ထိပ္တန္းႏိုင္ငံမ်ားႏွင့္ ရင္ေဘာင္တန္း ေဆာင္႐ြက္ေနသည့္ႏိုင္ငံ တစ္ႏိုင္ငံ ျဖစ္ျခင္းေၾကာင့္ နည္းပညာဆိုင္ရာ ဖြံ႕ၿဖိဳးတိုးတက္မႈမွာ အရွိန္အဟုန္ ျဖင့္ ေခတ္ေရွ႕ေျပး ဖြံ႕ၿဖိဳးတိုးတက္လ်က္ရွိပါေၾကာင္း၊ ယခုလည္း ျမန္မာႏိုင္ငံ၌ e-Government စနစ္ကို ေဖာ္ေဆာင္ေနခ်ိန္တြင္ အေျခခံအက်ဆုံးျဖစ္သည့္ e-ID စနစ္အတြက္ လိုအပ္သည့္ IT နည္းပညာမ်ားကို အိႏၵိယႏိုင္ငံအစိုးရက ပံ့ပိုးကူညီ ေပးျခင္း ျဖစ္ရာ ႏိုင္ငံအတြက္ တန္ဖိုးရွိသည့္ အကူအညီျဖစ္ပါေၾကာင္း” ယင္းအခမ္းအနားတြင္ ျပည္ေထာင္စုဝန္ႀကီးကေျပာၾကား ခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ျမန္မာ-အိႏၵိယ ႏွစ္ႏိုင္ငံ ပူးေပါင္းေဆာင္႐ြက္မည့္ နားလည္မႈ စာခြၽန္လႊာ (MoU) သည္ ျမန္မာႏိုင္ငံ၏ Digital ID ေရွ႕ေျပးစီမံကိန္း အေကာင္အထည္ေဖာ္ရာ၌ အိႏၵိယႏိုင္ငံအစိုးရထံမွ နည္းပညာဆိုင္ရာ အကူအညီမ်ား မွ်ေဝေဆာင္႐ြက္ႏိုင္ေရးအတြက္ျဖစ္ေၾကာင္လည္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။

Unique Identity သည္ ကမာၻတြင္ အေကာင္းဆုံးျဖစ္ေနသည့္ MOSIP Platform အေပၚ အေျခခံၿပီး Digital ID အစီအစဥ္ကို အိႏၵိယႏိုင္ငံက အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေနသကဲ့သို႔ မိမိတို႔မွေဆာင္႐ြက္မည့္ ေရွ႕ေျပးစီမံကိန္းႏွင့္ပတ္သက္သည့္လိုအပ္ခ်က္မ်ားကို ပံ့ပိုးကူညီ ေဆာင္႐ြက္ ေပးမည္ျဖစ္သည့္အတြက္ မ်ားစြာအက်ိဳးရွိမည္ျဖစ္ပါေၾကာင္းလည္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။

ထို႔ျပင္ အိႏၵိယႏိုင္ငံအစိုးရအေနျဖင့္ ျမန္မာႏိုင္ငံ၏ Digital Identity ဆိုင္ရာနည္းပညာမ်ားႏွင့္ပတ္သက္၍ ယခုကဲ့သို႔ နားလည္မႈ စာခြၽန္လႊာ (MoU) လက္မွတ္ေရးထိုးကာ လိုအပ္သည္မ်ား ပံ့ပိုးကူညီေဆာင္႐ြက္ေပးသကဲ့သို႔ ပိုမို ေကာင္းမြန္သည့္ အႀကံျပဳခ်က္မ်ား၊ ပိုမိုထိေရာက္ ျမန္ဆန္သည့္ အကူအညီမ်ားႏွင့္ လူ႔စြမ္းအား အရင္းအျမစ္ ဖြံ႕ၿဖိဳးတိုးတက္ေရးဆိုင္ရာ အေတြ႕အႀကဳံမ်ားကို ဆက္လက္ပံ့ပိုးကူညီ မွ်ေဝေစလိုေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။
ယင္းေနာက္ ျပည္ေထာင္စုဝန္ႀကီးႏွင့္ အိႏၵိယသမၼတႏိုင္ငံသံအမတ္ႀကီးတို႔သည္ ျမန္မာႏိုင္ငံ Digital Identity အတြက္ ေရွ႕ေျပးစီမံကိန္း ပူးေပါင္းေဆာင္႐ြက္ေရးဆိုင္ရာ နားလည္မႈစာခြၽန္လႊာ (MoU) ကို လက္မွတ္ေရးထိုးၾကၿပီး နားလည္မႈစာခြၽန္လႊာကို အျပန္အလွန္ လဲလွယ္ၾကေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံ၌ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေနသည့္ e-Government စနစ္၏ အေျခခံ အက်ဆုံးျဖစ္သည့္ e-ID စနစ္အတြက္ Digital Unique Identity Program အေကာင္အထည္ ေဖာ္ေဆာင္႐ြက္ရာတြင္ အိႏၵိယႏိုင္ငံ၏ နည္းပညာ၊ မူဝါဒ၊ စည္းမ်ဥ္းစည္းကမ္းႏွင့္ အေတြ႕ အႀကဳံမ်ား ဖလွယ္ေရး၊ အစိုးရအရာရွိမ်ားႏွင့္ ကြၽမ္းက်င္သူမ်ား နည္းပညာဖလွယ္ေရးႏွင့္ ျမန္မာႏိုင္ငံ Digital ID Program ကို စမ္းသပ္ အေကာင္အထည္ေဖာ္ရာတြင္ အျပန္အလွန္ ပူးေပါင္းေဆာင္႐ြက္ေရး အတြက္ ေရွ႕ေျပးစီမံကိန္း ပူးေပါင္းေဆာင္႐ြက္ျခင္းဆိုင္ရာ နားလည္မႈစာခြၽန္လႊာ (MoU) ကို လက္မွတ္ေရးထိုးေဆာင္႐ြက္ျခင္းျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.