တရားမဝင်ကုန်သွယ်မှုတွင် ပါဝင်ပတ်သက်သည့် ဌာနဆိုင်ရာဝန်ထမ်းများ ထိထိရောက်ရောက် အရေးယူ မည်

 695

Pearl (NP News) - ဇူလိုင် ၃၁

တရားမဝင်ကုန်သွယ်မှုတွင် ပါဝင်ပတ်သက်သည့် ဌာနဆိုင်ရာဝန်ထမ်းများ ထိထိရောက်ရောက် အရေးယူ မည်ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန် ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။

ယမန်နေ့ (ဇူလိုင်လ ၃၀ရက်)က တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေပြည်တော်၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေး၌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ဇူလိုင်လအတွင်း ကော်မတီသို့ သတင်းပေးတိုင်ကြားမှုကြောင့် မြဝတီနယ်စပ်ဘက်မှ တရားမဝင်ကုန်စည်များ တင်ဆောင်လာသည့် မော်တော်ယာဉ် ၁၄၄ စီးမှာ ဘားအံမြို့မှဖြတ်၍ ရန်ကုန်ဘက်သို့ ညအချိန်တရားမဝင် ဖြတ်သန်းသွားမှုအခြေအနေကိုသိရှိရ၍ ချက်ချင်းသက်ဆိုင်ရာအထူးအဖွဲ့များနှင့် OSS ဝန်ထမ်းများမှ တစ်ဆင့်ပိတ်ဆို့ဖမ်းဆီးမှုကြောင့် ၁၃၂ စီးကို ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်းမှ ပြန်လည်ဖမ်းဆီးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ယင်းဖြစ်စဉ်နှင့် ဆက်စပ်လျက် သက်ဆိုင်ရာ တာဝန်ကျဌာနဆိုင်ရာဝန်ထမ်းများနှင့် ပူးပေါင်းအဖွဲ့ဝင်များသည် တရားမဝင် တင်သွင်းလာသည့် ကုန်ပစ္စည်းများကို သိလျက်နှင့် ဖမ်းဆီးခြင်းမပြုခဲ့သလို မော်တော်ယာဉ်အလိုက် တင်ဆောင်လာသည့် တရားမဝင်ကုန်ပစ္စည်းစာရင်းများကိုလည်း မှန်မှန်ကန်ကန်စစ်ဆေးခြင်းမရှိဘဲ နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်အခများ အပြည့်အဝမရရှိစေသည့် မသမာသော လုပ်ဆောင်ချက်များဖြင့် ဝန်ထမ်းတစ်ဦးချင်းအပါအဝင် မိမိအဖွဲ့အစည်း၏ ကိုယ်ကျိုးစီးပွားအလို့ငှာ ဆောင်ရွက်ခဲ့ကြောင်းကိုလည်း နောက်ဆက်တွဲ ဖော်ထုတ်တွေ့ရှိရသည့်အတွက် ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

ထို့ပြင် နိုင်ငံ့ဝန်ထမ်းတစ်ဦးချင်း၏ လုပ်ငန်းအပေါ်ထားရှိသည့် သစ္စာတရား၊ ဝန်ထမ်းဂုဏ်သိက္ခာနှင့် ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာမှုမရှိခဲ့ကြသည့် ပါဝင်ပတ်သက်သူများကို ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

ဝန်ထမ်းများအနေဖြင့် တစ်ဦးချင်း၏ အရေးကိစ္စများတွင် မိမိပါဝင်ပတ်သက်သည့် အဖွဲ့အစည်းနှင့် ယှဉ်လာပါက အဖွဲ့အစည်းကိုသာ ဦးစားပေးရန် ၊ အဖွဲ့အစည်းနှင့် နိုင်ငံတော်ယှဉ်လာပါက နိုင်ငံတော်၏ အရေးကိစ္စ၊ အကျိုးစီးပွားကိုသာ ဦးစားပေးရရန် နှင့် ဝန်ထမ်းများအနေဖြင့် တရားမဝင်ကုန်သွယ်မှု လုပ်ဆောင်နေကြသူများ၏ အသုံးချခံမဖြစ် ကြစေလို ကြောင်းပြောကြားခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့်လည်း အဆင့်ဆင့်ကြပ်မတ် ဆောင်ရွက်ရမည် ဖြစ်ကြောင်း လည်း ပြောကြားသည်။

တရားမဝင်ကုန်သွယ်မှုနှင့်ပတ်သက်၍ မသမာမှုနည်းလမ်းပေါင်းစုံရှိနေမှုတို့ကို ဖော်ထုတ်ဖမ်းဆီးတိုက်ဖျက်နိုင်မှသာ တရားမဝင် ကုန်သွယ်မှုများသည် လျော့နည်းပပျောက်သွားမည်ဖြစ်ပြီး နေပြည်တော်ကောင်စီအပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့များ၏ တရားမဝင်ကုန်ပစ္စည်း ဖမ်းဆီးရရှိမှုသည် လစဉ်တိုးတက်များပြားလာကြောင်း ပြောကြားခဲ့သည်။

ထိုသို့ ဖမ်းဆီးရရှိမှုတိုးလာခြင်းသည် တရားမဝင်ကုန်ပစ္စည်းများလအလိုက် နိုင်ငံအတွင်းသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်မှုများပြား နေခြင်းကိုလည်းဖော်ပြနေပြီး တရားမဝင်ကုန်ပစ္စည်းများဝင်ရောက်မှု လုံးဝကင်းစင်သည်အထိ ယခုထက်ပိုမို၍ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရားမဝင်ကုန်ပစ္စည်းများ ဖမ်းဆီးတိုက်ဖျက်ရာတွင် နယ်မြေအခြေအနေအရ၊ လုံခြုံရေးအခြေအနေအရ နယ်စပ် ကုန်သွယ်ရေးစခန်းအချို့ကို ခေတ္တပိတ်ထားရသည့်အတွက် Normal Trade ကို ရေလမ်းကြောင်းမှတစ်ဆင့် အဓိကဆောင်ရွက်နေပြီး Normal Trade တွင်လည်း ပို့ကုန်နှင့်သွင်းကုန် စစ်ဆေးကြပ်မတ်မှုနှင့် စာရင်းမှန်ကန်မှုတို့တွင် ယိုပေါက်များရှိကာ နယ်စပ်ကုန်သွယ်ရေးကို ပိတ်ဆို့တားဆီးနေသော်လည်း နည်းမျိုးစုံဖြင့် တရားမဝင်တင်ပို့ခြင်း၊ တင်သွင်းခြင်းများ စသည်တို့တွင်လစ်ဟာနေသည့် ယိုပေါက်များ ရှိနေသေးကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။

Zawgyi Version:
တရားမဝင္ကုန္သြယ္မႈတြင္ ပါဝင္ပတ္သက္သည့္ ဌာနဆိုင္ရာဝန္ထမ္းမ်ား ထိထိေရာက္ေရာက္ အေရးယူ မည္
Pearl (NP News) - ဇူလိုင္ ၃၁

တရားမဝင္ကုန္သြယ္မႈတြင္ ပါဝင္ပတ္သက္သည့္ ဌာနဆိုင္ရာဝန္ထမ္းမ်ား ထိထိေရာက္ေရာက္ အေရးယူ မည္ျဖစ္ေၾကာင္း တရားမဝင္ ကုန္သြယ္မႈတိုက္ဖ်က္ေရးဦးေဆာင္ေကာ္မတီဥကၠ႒ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဒုတိယဥကၠ႒ ဒုတိယဝန္ ႀကီးခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းက ေျပာသည္။

ယမန္ေန႔ (ဇူလိုင္လ ၃၀ရက္)က တရားမဝင္ကုန္သြယ္မႈ တိုက္ဖ်က္ေရးဦးေဆာင္ေကာ္မတီ လုပ္ငန္းညႇိႏႈိင္းအစည္းအေဝးကို ေနျပည္ေတာ္၌ က်င္းပခဲ့ေၾကာင္း သိရသည္။

အဆိုပါ အစည္းအေဝး၌ ဒုတိယဝန္ႀကီးခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းက ဇူလိုင္လအတြင္း ေကာ္မတီသို႔ သတင္းေပးတိုင္ၾကားမႈေၾကာင့္ ျမဝတီနယ္စပ္ဘက္မွ တရားမဝင္ကုန္စည္မ်ား တင္ေဆာင္လာသည့္ ေမာ္ေတာ္ယာဥ္ ၁၄၄ စီးမွာ ဘားအံၿမိဳ႕မွျဖတ္၍ ရန္ကုန္ဘက္သို႔ ညအခ်ိန္တရားမဝင္ ျဖတ္သန္းသြားမႈအေျခအေနကိုသိရွိရ၍ ခ်က္ခ်င္းသက္ဆိုင္ရာအထူးအဖြဲ႕မ်ားႏွင့္ OSS ဝန္ထမ္းမ်ားမွ တစ္ဆင့္ပိတ္ဆို႔ဖမ္းဆီးမႈေၾကာင့္ ၁၃၂ စီးကို ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္အတြင္းမွ ျပန္လည္ဖမ္းဆီးႏိုင္ခဲ့ေၾကာင္း ေျပာၾကားခဲ့သည္။

ယင္းျဖစ္စဥ္ႏွင့္ ဆက္စပ္လ်က္ သက္ဆိုင္ရာ တာဝန္က်ဌာနဆိုင္ရာဝန္ထမ္းမ်ားႏွင့္ ပူးေပါင္းအဖြဲ႕ဝင္မ်ားသည္ တရားမဝင္ တင္သြင္းလာသည့္ ကုန္ပစၥည္းမ်ားကို သိလ်က္ႏွင့္ ဖမ္းဆီးျခင္းမျပဳခဲ့သလို ေမာ္ေတာ္ယာဥ္အလိုက္ တင္ေဆာင္လာသည့္ တရားမဝင္ကုန္ပစၥည္းစာရင္းမ်ားကိုလည္း မွန္မွန္ကန္ကန္စစ္ေဆးျခင္းမရွိဘဲ ႏိုင္ငံေတာ္အတြက္ ရသင့္ရထိုက္သည့္ အခြန္အခမ်ား အျပည့္အဝမရရွိေစသည့္ မသမာေသာ လုပ္ေဆာင္ခ်က္မ်ားျဖင့္ ဝန္ထမ္းတစ္ဦးခ်င္းအပါအဝင္ မိမိအဖြဲ႕အစည္း၏ ကိုယ္က်ိဳးစီးပြားအလို႔ငွာ ေဆာင္႐ြက္ခဲ့ေၾကာင္းကိုလည္း ေနာက္ဆက္တြဲ ေဖာ္ထုတ္ေတြ႕ရွိရသည့္အတြက္ ျပင္းျပင္းထန္ထန္ အေရးယူသြားမည္ျဖစ္ေၾကာင္းလည္း ေျပာၾကားခဲ့သည္။

ထို႔ျပင္ ႏိုင္ငံ့ဝန္ထမ္းတစ္ဦးခ်င္း၏ လုပ္ငန္းအေပၚထားရွိသည့္ သစၥာတရား၊ ဝန္ထမ္းဂုဏ္သိကၡာႏွင့္ ထုတ္ျပန္ထားသည့္ စည္းမ်ဥ္းစည္းကမ္းမ်ားကို လိုက္နာမႈမရွိခဲ့ၾကသည့္ ပါဝင္ပတ္သက္သူမ်ားကို ထိထိေရာက္ေရာက္ အေရးယူ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းလည္း ေျပာၾကားခဲ့သည္။

ဝန္ထမ္းမ်ားအေနျဖင့္ တစ္ဦးခ်င္း၏ အေရးကိစၥမ်ားတြင္ မိမိပါဝင္ပတ္သက္သည့္ အဖြဲ႕အစည္းႏွင့္ ယွဥ္လာပါက အဖြဲ႕အစည္းကိုသာ ဦးစားေပးရန္ ၊ အဖြဲ႕အစည္းႏွင့္ ႏိုင္ငံေတာ္ယွဥ္လာပါက ႏိုင္ငံေတာ္၏ အေရးကိစၥ၊ အက်ိဳးစီးပြားကိုသာ ဦးစားေပးရရန္ ႏွင့္ ဝန္ထမ္းမ်ားအေနျဖင့္ တရားမဝင္ကုန္သြယ္မႈ လုပ္ေဆာင္ေနၾကသူမ်ား၏ အသုံးခ်ခံမျဖစ္ ၾကေစလို ေၾကာင္းေျပာၾကားခဲ့ၿပီး သက္ဆိုင္ရာတာဝန္ရွိသူမ်ားအေနျဖင့္လည္း အဆင့္ဆင့္ၾကပ္မတ္ ေဆာင္႐ြက္ရမည္ ျဖစ္ေၾကာင္း လည္း ေျပာၾကားသည္။

တရားမဝင္ကုန္သြယ္မႈႏွင့္ပတ္သက္၍ မသမာမႈနည္းလမ္းေပါင္းစုံရွိေနမႈတို႔ကို ေဖာ္ထုတ္ဖမ္းဆီးတိုက္ဖ်က္ႏိုင္မွသာ တရားမဝင္ ကုန္သြယ္မႈမ်ားသည္ ေလ်ာ့နည္းပေပ်ာက္သြားမည္ျဖစ္ၿပီး ေနျပည္ေတာ္ေကာင္စီအပါအဝင္ ျပည္နယ္ႏွင့္တိုင္းေဒသႀကီး တရားမဝင္ ကုန္သြယ္မႈတိုက္ဖ်က္ေရးအထူးအဖြဲ႕မ်ား၏ တရားမဝင္ကုန္ပစၥည္း ဖမ္းဆီးရရွိမႈသည္ လစဥ္တိုးတက္မ်ားျပားလာေၾကာင္း ေျပာၾကားခဲ့သည္။

ထိုသို႔ ဖမ္းဆီးရရွိမႈတိုးလာျခင္းသည္ တရားမဝင္ကုန္ပစၥည္းမ်ားလအလိုက္ ႏိုင္ငံအတြင္းသို႔ နည္းလမ္းမ်ိဳးစုံျဖင့္ ဝင္ေရာက္မႈမ်ားျပား ေနျခင္းကိုလည္းေဖာ္ျပေနၿပီး တရားမဝင္ကုန္ပစၥည္းမ်ားဝင္ေရာက္မႈ လုံးဝကင္းစင္သည္အထိ ယခုထက္ပိုမို၍ ၾကပ္ၾကပ္မတ္မတ္ ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။

တရားမဝင္ကုန္ပစၥည္းမ်ား ဖမ္းဆီးတိုက္ဖ်က္ရာတြင္ နယ္ေျမအေျခအေနအရ၊ လုံၿခဳံေရးအေျခအေနအရ နယ္စပ္ ကုန္သြယ္ေရးစခန္းအခ်ိဳ႕ကို ေခတၱပိတ္ထားရသည့္အတြက္ Normal Trade ကို ေရလမ္းေၾကာင္းမွတစ္ဆင့္ အဓိကေဆာင္႐ြက္ေနၿပီး Normal Trade တြင္လည္း ပို႔ကုန္ႏွင့္သြင္းကုန္ စစ္ေဆးၾကပ္မတ္မႈႏွင့္ စာရင္းမွန္ကန္မႈတို႔တြင္ ယိုေပါက္မ်ားရွိကာ နယ္စပ္ကုန္သြယ္ေရးကို ပိတ္ဆို႔တားဆီးေနေသာ္လည္း နည္းမ်ိဳးစုံျဖင့္ တရားမဝင္တင္ပို႔ျခင္း၊ တင္သြင္းျခင္းမ်ား စသည္တို႔တြင္လစ္ဟာေနသည့္ ယိုေပါက္မ်ား ရွိေနေသးေၾကာင္းလည္း ထည့္သြင္းေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.