အမေရိကန်က ဗင်နီဇွဲလားကို စစ်ရေးဆောင်ရွက်ရန်အထိ ဘာကြောင့်စိုးရိမ်နေလဲ

 81

Htay Oung (NP News) - နိုဝင်ဘာ ၁ဝ

အမေရိကန်ဟာ ကာရစ်ဘီယံဒေသအတွင်း မကြာမီခင်းကျင်းဖွယ်စစ်ဆင်ရေးတွေကို ပံ့ပိုးနိုင်တဲ့ စစ်ဘက်ဆိုင်ရာအဆောက်အအုံတွေကို ပြင်ဆင်နေကြောင်းတွေ့ရှိရတယ်လို့ ရိုက်တာသတင်းအေဂျင်စီ (၂၂ ရက် နိုဝင်ဘာလ ၂၀၂၅)ကရေးပါတယ်။
ပွာတိုရီကိုနိုင်ငံရှိ (၂၀ဝ၄)ခုနှစ်ကပိတ်သိမ်းခဲ့တဲ့ စစ်အေးခေတ် ရေတပ်စခန်းဟောင်းကို ပြန် လည်တည်ဆောက်နေကြောင်း၊ လေယာဉ်ပြေးလမ်းတွေကို ပြုပြင်မှု သိုလှောင်/ထောက်ပံ့ရေး အ ဆောက်အအုံတွေကို တည်ဆောက်မှု၊ တန်းလျားအသစ်တွေ၊ လေကြောင်းသွားလာရေးစနစ်တွေနဲ့ လုံခြုံ ရေးဆိုင်ရာ အဆောက်အအုံတွေကိုလည်း တွေ့ရှိခဲ့ရပါတယ်။
ပွာတိုရီကိုအပြင် အမေရိကန် ဗားဂျင်းအိုင်လန်ကျွန်းပေါ်မှာလည်း အလားတူတည်ဆောက်မှု တွေကို တွေ့ရှိရပြီး အဲဒီနေရာတွေဟာ ဗင်နီဇွဲလားနဲ့ မိုင် (၅၀ဝ) ခန့်သာကွာဝေးပါတယ်။ ပြောင်းလဲမှု တွေဟာ အမေရိကန်အနေနဲ့ လိုအပ်ပါက စစ်ဘက်ဆိုင်ရာလေယာဉ်တွေ၊ လက်နက်ခဲယမ်းတွေနဲ့ ထောက်ပံ့ရေးပစ္စည်းတွေကိုရွှေ့ပြောင်းရာမှာ အထောက်အကူဖြစ်စေနိုင်ပြီး အဆင့်မြှင့်တင်ထားတဲ့ ရေဒါစနစ်ဟာ မူးယစ်ဆေးဝါးမှောင်ခိုလေယာဉ်တွေကို ခြေရာခံနိုင်လိမ့်မယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
ဩဂုတ်လမှစတင်ပြီး အမေရိကန်ဟာ နျူကလီးယားရေငုပ်သင်္ဘောတစ်စင်းအပါအဝင် စစ် သင်္ဘောတွေ၊ သူလျှိုလေယာဉ်တွေ၊ တိုက်လေယာဉ်တွေကို ဒေသအတွင်းစေလွှတ်ခဲ့ပါတယ်။ တပ်ဖွဲ့ဝင် အင်အား (၁၀ဝဝဝ)ခန့်နဲ့ တခြားလေယာဉ်တင်သင်္ဘောတစ်စင်းလည်း သိပ်မကြာခင်ရောက်ရှိလာပါ တော့မယ်။ မကြာသေးမီက အမေရိကန်စစ်တပ်ဟာ မူးယစ်ဆေး ကုန်ကူးသူတွေလို့ယူဆရတဲ့ သင်္ဘော ငယ် (၁၄) စင်း ထက်မနည်းကိုတိုက်ခိုက်တဲ့အတွက် လူပေါင်း (၆၁) ဦးသေဆုံးခဲ့ပြီးဖြစ်ပါတယ်။
ခုလုပ်ဆောင်ချက်တွေဟာ မူးယစ်ဆေးဝါး ဂိုဏ်းတွေကိုတိုက်ဖျက်ဖို့ သမ္မတထရမ့်ရဲ့ရွေးကောက် ပွဲကတိကဝတ်အရဖြစ်တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။ ဗင်နီဇွဲလားသမ္မတ နီကိုလတ်စ်မာဒူရိုက တော့ အမေရိကန်ဟာ သူ့ကို အင်အားသုံးပြီး ဖယ်ရှားဖို့ကြိုးစားနေတာသာဖြစ်တယ်လို့ဆိုပါတယ်။ အမေရိကန် ပင်တာဂွန်စစ်ဌာနချုပ်ကတော့ ဘာမှတ်ချက်မျှ မပေးပါဘူး။
အမေရိကန်ဟာ ဗင်နီဇွဲလားကို စစ်ရေးဆောင်ရွက်ဖို့အထိစိုးရိမ်နေပါသလား၊ ဘာကြောင့်ပါလဲ။ ဒီအကြောင်းကို ရှင်းရှင်းလင်းလင်းသိရှိရဖို့ ဗင်နီဇွဲ လားရဲ့အတိတ်သမိုင်းကို ထည့်သွင်းပြောဆိုရပါလိမ့် မယ်။
(၁၄၉၈)ခုနှစ် ခရစ္စတိုဖာကိုလံဘတ်က နယ်မြေ သစ်ရှာဖွေတွေ့ရှိပြီးနောက်ပိုင်း (၁၅၂၂)ခုနှစ်မှာ ခု ဗင်နီဇွဲလားတိုင်းပြည်ဖြစ်လာမယ့်နယ်မြေကြီးဟာ စပိန်ကိုလိုနီလက်အောက် ကျရောက်ခဲ့ရပါတယ်။ (၁၈၁၁)ခုနှစ်မှာ လွတ်လပ်ရေးကြေညာခဲ့ပေမယ့် စပိန်ဩဇာခံသာဖြစ်နေခဲ့ပါတယ်။ (ခု ဗင်နီဇွဲလားနိုင်ငံ ကာရာကတ်စ်မြို့သား) စပိန်နွယ်ဖွား “ဆိုင်မွန်ဘိုလီဗာ” ဦးဆောင်တော်လှန်ရေးသမားတို့ရဲ့ (၁၈၂၁)ခု နှစ် “မဟာကိုလံဘီယာ ပြည်ထောင်စုသမ္မတနိုင်ငံ” ပေါ်ပေါက်လာခဲ့ပါတယ်။ ဒီနေ့ခေတ် ဗင်နီဇွဲလားနဲ့ ပနားမား၊ ကိုလံဘီယာ၊ အီကွေဒေါ၊ ပီရူး၊ ဘိုလစ်ဗီယားနိုင်ငံတို့ရဲ့အစိတ်အပိုင်းတွေအထိကျယ်ဝန်းပါ တယ်။
အဲဒီနောက် ဆိုင်မွန်ဘိုလီဗာ ကွယ်လွန်မှုနဲ့အတူ မဟာကိုလံဘီယာအင်ပါယာလည်းပြိုကွဲပြီး ဗင်နီ ဇွဲလားနိုင်ငံရယ်လို့ ပီပီပြင်ပြင်ဖြစ်လာခဲ့တယ်။ စစ်အာဏာရှင်အသီးသီးတို့က ဆက်လက်အုပ်ချုပ် ရင်း (၁၉၃၀)ပြည့်နှစ်မှာ ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ကိုရှာဖွေတွေ့ရှိပြီး စီးပွားရေးတိုးတက်လာခဲ့ တယ်။ (၁၉၅၈)ခုနှစ်မှာ ပါလီမန် ဒီမိုကရေစီစနစ် စတင်နိုင် ခဲ့ပါတယ်။ အမေရိကန်တစ်ဒေါ်လာလျှင် ဗင်နီဇွဲလား ငွေကြေး (၄)ဘိုလီဗာ လဲလှယ်နှုန်းအထိရှိခဲ့ပြီး နိုင်ငံသားတစ်ဦးချင်းဝင်ငွေ မြင့်မားခဲ့ပါ တယ်။ (၁၉၉၉)ခုနှစ်မှာ “ဟူဂိုချာဗက်ဇ်”က ရွေးကောက်တင်မြှောက်ခံရပြီး သမ္မတဖြစ်လာခဲ့ပါတယ်။
စပိန်-အီတလီနွယ်ဖွား ဟူဂိုချာဗက်ဇ်ဟာ ဗင်နီဇွဲလား တပ်မတော် အရာရှိဟောင်းတစ်ဦး ဖြစ်ပါ တယ်။ (၁၉၇၅)ခုနှစ် ဗင်နီဇွဲလားတပ်မတော်(ကြည်း) “လေထီးနဲ့ ခြေလျင်ရွေလျားတပ်”မှာ ဒုတိယ-ဗိုလ် မှူးကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။ (၁၉၈၂)ခုနှစ် ဗင်နီဇွဲလားတပ်မတော်အတွင်း “ဘို လီ ဗားရီးယန်းတော်လှန်ရေးလှုပ်ရှားမှု” (MBR- 200) ကို ဟူးဗက်ဇ်က စတင်တည်ထောင်ပါတယ်။ အဲဒီ အဖွဲ့အစည်းဟာ နိုင်ငံရေးပါတီမဟုတ်ဘဲ ဆင်းရဲချမ်းသာကွာဟလွန်းတဲ့ တိုင်းပြည်ရဲ့နိုင်ငံရေးစနစ်ကို မနှစ်မြို့တဲ့စစ်တပ်အတွင်း အရာရှိတစ်စုတို့ရဲ့ လျှို့ဝှက်အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။
(၁၉၉၂)ခုနှစ် ဗင်နီဇွဲလား သမ္မတ ကာလို့အန် ဒရေပါရက်ဇ်ကိုဖြုတ်ချဖို့ MBR-200 အဖွဲ့ဦးဆောင် တဲ့အာဏာသိမ်းမှုမှာ မအောင်မမြင်ဖြစ်ခဲ့ရပြီး ဟူဂို ချားဗက်ဇ်လည်း ထောင်ဒဏ် (၆)နှစ် အပြစ်ပေးခံရ ပါတယ်။ (၁၄၃)ဦးသေဆုံးပြီး လူရာချီဒဏ်ရာရှိခဲ့တဲ့ အာဏာသိမ်းမှုဟာ လျှို့ဝှက်ချက် ကြိုတင် ပေါက် ကြားခြင်း၊ သမ္မတအပေါ် သစ္စာခံစစ်တပ်က လက်ဦးခြင်း၊ လူထုရဲ့ ထောက်ခံဆန္ဒပြမှုများမရှိခြင်းကြောင့် (၇၂) နာရီသာခံပါတယ်။ တကယ်တော့ အဲဒီ အာဏာသိမ်းမှုမှာ ဗင်နီဇွဲလားတပ်မတော်အတွင်း စိမ့်ဝင် နေတဲ့ ကွန်မြူနစ်နဲ့ ပြောက်ကျားတိုက်ခိုက်ရေးသမားဟောင်းတို့ လက်ချက်ဖြစ်ပြီး ချားဗက်ဇ်ကိုယ်တိုင် မပါဝင်ခဲ့ပါဘူး။ ရေကျောက်ပေါက်ပြီး ဆေးရုံတက်နေခိုက်ဖြစ်ပေမယ့် ထိမ်ချန်မှုနဲ့ ထောင်ဒဏ် (၆)နှစ် အပြစ်ပေးခံရပါတယ်။ ဒါပေမဲ့ (၂)နှစ်အကြာ သမ္မတ ရာဖေးလ်ကဲလ်ဒဲရာ လက်ထက် နိုင်ငံရေး ခုခံသူ တွေနဲ့ဆွေးနွေးနိုင်ရေး လွတ်ငြိမ်းချမ်းသာခွင့်ရရှိခဲ့ပြီး (၁၉၉၄)ခုနှစ်မှာ ထောင်က လွတ်မြောက်လာပါ တယ်။
(၁၉၉၇)ခုနှစ်မှာ ဟူဂိုချာဗက်ဇ်က MVR ပါတီကို ထူထောင်ခဲ့ပြီး MBR-200 ရဲ့လှုပ်ရှားမှုကို တရား ဝင်ဖြစ်အောင်ပြုလုပ်ခဲ့ပါတယ်။ ဒီလိုနဲ့ နိုင်ငံ့လူဦးရေ (၆၅)ရာခိုင်နှုန်းမဲပေးတဲ့ (၁၉၉၇)ခုနှစ် ရွေးကောက် ပွဲမှာ (၅၆.၂)ရာခိုင်နှုန်း ထောက်ခံမဲရရှိတဲ့အတွက် ချာဗက်ဇ်က သမ္မတဖြစ်လာပါတယ်။ အဲဒီရွေးကောက် ပွဲကို နိုင်ငံတကာကစောင့်ကြည့်ခဲ့ကြပြီး အသိအမှတ်လည်းပြုပါတယ်။
လက်ရှိ ဗင်နီဇွဲလားနိုင်ငံရဲ့အခြေခံဥပဒေဟာ ချာဗက်ဇ်လက်ထက် ရေးဆွဲပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး တိုင်းပြည်ကိုလည်း “ဗင်နီဇွဲလား ဘိုလီဗာရီယန် သမ္မတနိုင်ငံ” လို့အမည်သစ်ပေးခဲ့ပါတယ်။ ဆိုရှယ် လစ် လမ်းစဉ် “ဘိုလီဗားရီးယန်းတော်လှန်ရေး” နဲ့ တိုင်းပြည်ကိုထူ ထောင်ဖို့ဖြစ်ပါတယ်။ အခြေခံဥပဒေအရ ပါလီမန်ဒီမို ကရေစီစနစ်ကျင့်သုံးပြီး အတိုက်အခံနိုင်ငံပါတီတွေ တရားဝင်ထူထောင်ခွင့်ရှိပါတယ်။ ဒါပေ မဲ့ လက်တွေ့မှာတော့ အတိုက်အခံတို့အပေါ် ရာဇဝတ်မှုပုဒ်မနဲ့ တရားစွဲဆိုမှု၊ ရွေးကောက်ပွဲတွေ ကျင်းပ ပေမယ့် အာဏာရှင်ဆန်တဲ့ လုပ်ရပ်တွေရှိခဲ့ပြီး သတင်းမီဒီယာ လွတ်လပ်ခွင့်ကိုလည်းကန့်သတ်ပါတယ်။ ဗင်နီဇွဲလားရဲ့ ပါလီမန်ဒီမိုကရေစီဆိုတာ Illiberal Demo­cracy ကန့်သတ်စည်းမျဉ်းခံ ဒီမိုကရေစီသာ လျှင်ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက သတ်မှတ်ခံရပါတယ်။ တစ်ပြိုင်တည်းမှာပဲ အမေရိကန် စီးပွားရေးလုပ်ငန်းတွေကို ပြည်သူပိုင်သိမ်းပြီး နိုင်ငံခြားငွေကြေးစီးဝင်/စီးထွက်မှုတွေကို နိုင်ငံပိုင်ထိန်း ချုပ်ရာမှ အမေရိ ကန်အစိုးရနဲ့ ထိပ်တိုက်တွေ့မှုစတင်လာပါတယ်။
ဗင်နီဇွဲလားနိုင်ငံမှာ အမေရိကန်ကုမ္ပဏီတွေ ပြည်သူပိုင်သိမ်းခံရတဲ့ကိစ္စဟာ ချာဗက်ဇ်မတိုင်မီ (၁၉၇၆) ခုနှစ်ကတည်းကရှိခဲ့ဖူးပြီး သူ့လက်ထက်မှာ ဆိုရှယ်လစ်စနစ်အရ ပြန်လည်ဆောင်ရွက်တာတွေ ဖြစ်ပါတယ်။ ဒီကိစ္စဟာ (၂၀)ရာစုအစောပိုင်းကတည်း က ဗင်နီဇွဲလားရေနံထုတ်လုပ်မှုရဲ့ (၈၀) ရာခိုင်နှုန်း ကို ထိန်းချုပ်ထားတဲ့ အမေရိကန်အတွက် အတော်အထိ နာတယ်လို့ပြောရပါလိမ့်မယ်။ ချာဗက်ဇ်လက် ထက် ပြည်သူပိုင်သိမ်းမှုဟာ ကာရေဘီယန်ဒေသနိုင်ငံရဲ့ စီးပွားရေးအရ လွတ်လပ်ရေးနဲ့ အမေရိကန် ဆန့်ကျင်ရေး (၂)ခုစလုံးပါဝင်နေပါတယ်။ ဒီအချက်ဟာ ယနေ့ ဗင်နီဇွဲလားနဲ့အမေရိကန်ကြား ပဋိပက္ခ ဖြစ်ရခြင်းရဲ့ ကနဦးနိဒါန်းအစပဲဖြစ်ပါတယ်။
တခြား ကာရေဘီယန်ဒေသ ကျွန်းနိုင်ငံတစ်ခုဖြစ်တဲ့ကျူးဘားမှာ တော်လှန်ရေးဖြစ်ပေါ်ခဲ့ပြီး (၁၉၅၉) ခုနှစ်မှာ ဖီဒယ်ကတ်စထရိုဦးဆောင်တဲ့ ကွန်မြူနစ်အ စိုးရပေါ်ပေါက်လာပါတယ်။ ကမ္ဘာ့ အရှေ့-အနောက် စစ်အေးတိုက်ပွဲပြင်းထန်နေခိုက် အမေရိကန်ရဲ့နှာ ခေါင်းပေါက်ဝဆိုနိုင်တဲ့ လက်တင် အမေရိ ကဒေသ ကျူးဘားနိုင်ငံမှာ ဆိုဗီယက်က ဒုံးကျည်တွေဖြန့်ကြက်လာတဲ့အတွက် “(၁၉၆၂)ခုနှစ် ကျူးဘား ဒုံးကျည် အကျပ်အတည်း”ဖြစ်ပေါ်လာပြီး နျူကလီးယားလက်နက်တွေအသုံးပြုကြမယ့် “တတိယကမ္ဘာ စစ်”အထိ ဦးတည်သွားခဲ့ဖူးပါတယ်။
(၁၉၇၀)ပြည့်နှစ်နောက်ပိုင်း ကျူးဘားဟာ မာ့က်စ် ဝါဒီအစိုးရများ သို့မဟုတ် လက်တင် အမေရိ ကနိုင်ငံတွေ၊ အာဖရိကနဲ့အရှေ့အလယ်ပိုင်းနိုင်ငံတစ်ဝန်း လက်ဝဲလှုပ်ရှားမှုတွေကို ထောက်ခံစွက်ဖက်ခဲ့ ပါတယ်။ ဆိုဗီယက်ယူနီယံရဲ့ “ပယ်ရီစထရိုက်ကာ” မူဝါဒကြောင့် ပြည်ပထောက်ခံမှုအားနည်းသွားတဲ့ ကျူးဘားဟာ ဗင်နီဇွဲလားကို ပိုမိုချဉ်းကပ်ခဲ့ပြီး (၁၉၉၁)ခု နှစ် ဆိုဗီယက်ယူနီယံပြိုကွဲသွားတဲ့အခါ နှစ် နိုင်ငံ ပိုမိုနီးကပ်လာပါတယ်။ ထောင်ကလွတ်လွတ်ချင်း ကျူးဘားနိုင်ငံကို အလည်အပတ် ရောက်ရှိလာ တဲ့ ဟူဂိုချာ ဗက်ဇ်ကို ဖီဒယ်ကက်စရိုကွန်မြူနစ်အစိုးရက တခမ်းတနား ကြိုဆိုခဲ့ပါတယ်။ ဒါတွေဟာ အမေရိကန်အတွက် ကာရေဘီယန်ဒေသမှာ နောက်ထပ် ကျူးဘားနိုင်ငံတစ်နိုင်ငံ ပေါ်ပေါက်လာတော့ မယ့်အကြောင်း မကောင်းတဲ့နိမိတ်လက္ခဏာတွေပဲဖြစ်ပါတယ်။ ရုရှားသာမက တရုတ်-အီရန်တို့ရဲ့ ဩဇာ ဖြန့်ကြက်လာမှုဟာ စိုးရိမ်စရာဖြစ်လာပါတယ်။
(၁၉)ရာစု လက်တင်အမေရိကနိုင်ငံတို့ စပိန် ကိုလိုနီလက်အောက်မှလွတ်မြောက်ရေးလှုပ်ရှားမှု မှာ အမေရိကန်ဟာ “မွန်ရိုးမူဝါဒ”အရ ဝင်ရောက်စွက် ဖက်ခြင်း မပြုခဲ့ပါဘူး၊ (၁၈၂၃)ခုနှစ် အမေရိကန် သမ္မတ ဂျိန်းမွန်ရိုးရဲ့ နိုင်ငံခြားရေးမူဝါဒအရ အမေရိကတိုက် နိုင်ငံများအရေးကိစ္စဟာ အမေရိကန် အ တွက် သီးသန့်ဖြစ်ပြီး ဥရောပအင်အားကြီးနိုင်ငံတွေက ဝင်ရောက် မစွက်ဖက်ရေး၊ အပြန်အလှန် အား ဖြင့် ဥရောပနိုင်ငံတွေရဲ့ ပြည်တွင်းရေးကိစ္စမှာလည်း အမေရိကန်က ဝင်ရောက်မစွက်ဖက်ရေးမူဝါဒ ဖြစ် ပါတယ်။ ဂရိတ် ကိုလံဘီယာနိုင်ငံရဲ့ ဆိုင်နွန်ဘိုလီဗာနဲ့ စပိန်တို့ ပဋိပက္ခဟာ စပိန်ရဲ့ပြည်တွင်းရေးသာ ဖြစ်တဲ့အတွက် အမေရိကန်က လက်ပိုက်ကြည့်နေပေးခဲ့ရပါတယ်။ ဒါပေမဲ့ နောက်ထပ် (၇၇)နှစ်အကြာ (၁၈၉၈)ခုနှစ်၊ စပိန်-အမေရိကန်စစ်ပွဲမှာ မွန်ရိုးမူဝါဒကို အတိအလင်း စွန့်လွှတ်လိုက်တဲ့အမေရိကန်က စစ်ရှုံးစပိန်တို့ရဲ့ လက်တင်အမေရိကဒေသ ကျူးဘား-ပွာတိုရီကိုနဲ့ ပစိဖိတ်ဒေသ ဂူအမ်ကျွန်း၊ ဖိလစ်ပိုင်တို့ကို လက်မြန် ခြေမြန်စွာသိမ်းယူခဲ့ပါတယ်။
သူ့ကိုယ်သူ မာ့က်စ်ဝါဒီတစ်ဦးဖြစ်ကြောင်း ဝန်ခံသူ ဟူဂိုချာဗက်ဇ်ဟာ (၁၉၉၈၊ ၂၀ဝဝ၊ ၂၀ဝ၆၊ ၂၀၁၂) ခုနှစ်တို့မှာ သမ္မတအဖြစ် (၄)ကြိမ်တိုင်တိုင် ရွေးကောက်ခံခဲ့ရပါတယ်။ ပြည်သူပိုင်သိမ်းဆည်းခဲ့ တဲ့ နိုင်ငံခြားစီးပွားရေးလုပ်ငန်းတွေက ဝင်ငွေကို ပြည်သူလူထုရဲ့ သက်သာချောင်ချိရေး၊ ကျန်းမာရေး၊ ပညာရေးတို့မှာသုံးစွဲပေးခဲ့အတွက် လူထုထောက်ခံမှု ကို ရွေးကောက်ပွဲတွေ ပျမ်းမျှ(၆၀)ရာခိုင်နှုန်းရရှိမှု ကဖော်ပြနေပါတယ်။ ဒါပေမဲ့ ကင်ဆာရောဂါကြောင့် စတုတ္ထအကြိမ် သမ္မတသက်တမ်း (၁)နှစ်ခန့်အကြာ အသက် (၅၈)နှစ်အရွယ်မှာ ဟူဂိုချာဗက်ဇ် ကွယ်လွန်ပါတယ်။
နီကိုလပ်စ်မာဒူရို (ယခု ၆၂ နှစ်)ဟာ ချာဗက်ဇ်ရဲ့ ကောင်းမွေ ဆိုးမွေအားလုံးကို ဆက်ခံရသူဖြစ် ပါတယ်။ အာဏာကို တစ်ပါတီဗဟိုက ကာလရှည် တင်းကြပ်စွာ ချုပ်ကိုင်ခြင်းရလဒ်အဖြစ် အောက်ခြေ အစိုးရဌာနတွေ နဲ့ ရဲတပ်ဖွဲ့အတွင်း အကျင့်ပျက်ခြစားမှု အမြစ်တွယ်နေမှု၊ အမေရိကန်ရဲ့ စီးပွားရေးဒဏ် ခတ်ပိတ်ဆို့မှုတွေကြောင့် တိုင်းပြည်အတွင်း အထွေထွေ ရှားပါးပြတ်လပ်ခြင်း၊ ငွေကြေးဖောင်းပွခြင်းတို့ ဖြစ်ပေါ်ပြီး နိုင်ငံတစ်ဝန်း နေ့စဉ် ချီတက်ဆန္ဒပြပွဲတွေဖြစ်ပွားနေပါတယ်။ ငြိမ်ဝပ်ပိပြားရေးဦးစားပေးတဲ့ အခါ သဘောထားကွဲလွဲမှုတွေကို ပိုမိုဖိနှိပ်ရတဲ့အတွက် ချာဗက်ဇ် လက်ထက် နိုင်ငံခြားရေးဝန်ကြီးနဲ့ ဒုတိယ သမ္မတအဖြစ်တာဝန်ယူခဲ့ဖူးတဲ့ မာဒူရိုရဲ့မျိုးချစ်ပုဂ္ဂိုလ်အဖြစ် ကျော်ကြားမှု ဂုဏ်သတင်းကို ကျ ဆင်းသွားစေပါတယ်။
ဗင်နီဇွဲလားဟာ ကမ္ဘာ့အကြီးဆုံးရေနံသိုက် ပိုင်ရှင်ဖြစ်တယ်လို့ပြောရင် ယုံကြပါမည်လား၊ ဒါဟာ အမှန်ဖြစ်ပါတယ်။ (၂၀၂၃)ခုနှစ် နှိုင်းယှဉ်ချက်တွေ အရ ရေနံစည် ဘီလျံပေါင်း (၃၀ဝ)ကျော်ရှိတဲ့ ဗင်နီဇွဲ လားရဲ့ ရေနံသိုက်အရွယ်အစားဟာ လက်ရှိကမ္ဘာ့ထိပ် တန်းရေနံထုတ်လုပ်သူ ကနေဒါနဲ့ အီရတ်နိုင်ငံ (၂) ခု ပေါင်းထက်သာလွန်ပါတယ်။ အဲဒီပမာဏဟာ ယနေ့ရေနံတင်ပို့ပြီ လက်ဖျားငွေသီးနေတဲ့ ဆော်ဒီ အာ ရေးဗီးယားထက် အများကြီးပိုများပါတယ်။ ဒါပေမဲ့ ဗင်နီဇွဲလားကတော့ ကုန်းကောက်စရာမရှိအောင် မွဲပြာကျနေပါတယ်။ အမေရိကန်(၁)ဒေါ်လာဟာ ဗင်နီဇွဲလားငွေကြေး (၂၂၅)ဘိုလီဗာနဲ့ညီမျှတဲ့အထိ နိုင်ငံ သုံးငွေကြေးတန်ဖိုး ကြောက်ခမန်းလိလိ ကျဆင်းနေပါတယ်။ ငွေကြေးဖောင်းပွမှု (၂၅၀)ရာခိုင်နှုန်းမှ (၅၃၀) ရာခိုင်နှုန်းအထိ နေ့စဉ်မြင့်တက်နေပြီး စီးပွားရေးမတည်မငြိမ်ဖြစ်နေပါတယ်။
တစ်ချိန်က တောင်အမေရိကတိုက်ရဲ့အချမ်းသာ ဆုံးဖြစ်ခဲ့ဖူးတဲ့တိုင်းပြည်ဟာ ဆယ်စုနှစ် တစ်ခု နီးပါးကြာ မှားယွင်းတဲ့စီမံခန့်ခွဲမှုအလွဲတွေ၊ အကျင့်ပျက် ချစားမှုတွေကြောင့် စီးပွားရေးပျက် အကျပ် အတည်းတွေနဲ့ရင်ဆိုင်နေရပါတယ်။ အမေရိကန်ရဲ့ ဒဏ် ခတ်ပိတ်ဆို့မှု ထပ်ဆောင်းတဲ့အခါ အစိုးရဝန် ထမ်းတွေရဲ့ အနိမ့်ဆုံးတစ်ရက်လုပ်ခလစာဟာ အမေရိကန် (၁)ဒေါ်လာဝန်းကျင်နဲ့သာညီမျှပါတော့ တယ်။ တိုင်းပြည်လူဦးရေ (၇၀)ရာခိုင်နှုန်းကျော်ဟာ ဆင်းရဲမွဲတေမှု မျဉ်းအောက်မှာနေထိုင်ကြရပြီး (၅၃) ရာခိုင်နှုန်းကျော်ဟာ အလွန်အမင်းဆင်းရဲတဲ့အတွက် အစားအ သောက် အခြေခံလိုအပ်ချက်ကိုပင် မဝယ် ယူနိုင်လောက်အောင်ဆင်းရဲနေကြပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှုစနစ်၊ ပညာရေးနဲ့ အများ ပြည် သူ ဝန်ဆောင်မှုလုပ်ငန်းတို့ပြိုလဲနေပြီး လျှပ်စစ်မီးနဲ့ သောက်သုံးရေပြတ်လပ်မှုတွေဖြစ်ပေါ်နေပါတယ်။ စားနပ် ရိက္ခာ၊ ဆေးဝါးနဲ့တခြားအခြေခံပစ္စည်းတွေရရှိဖို့ အလွန်ခက်ခဲပြီး လူဦးရေ (၇)သန်းခန့်ဟာ အာ ဟာရ မပြည့်ဝပဲဖြစ်နေပါတယ်။ နောက်ဆက်တွဲအဖြစ် စီးပွားရေးပြိုလဲမှုနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေ ကြောင့် နိုင်ငံသား (၈)သန်းခန့်ဟာ တိုင်းပြည်ကို စွန့်ခွာသွားကြတဲ့အတွက် (၂၀၁၀)ပြည့်နှစ် (၂၉) သန်း ရှိ ခဲ့ရာမှ လူဦးရေတိုးမြင့်မလာဘဲ (၂၀၂၅)ခုနှစ်မှာ (၂၈)သန်း အောက်ကိုကျဆင်းသွားခဲ့ပါတယ်။
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီးပိုင်ရှင်ဖြစ်ပေမယ့် ရသမျှ အိတ်ထဲထည့်ပြီး လူကြီးကို မျက်နှာပြ ကောင်းရုံ “ရိုက်စားကွက်များ” ကြောင့် ထုတ်လုပ်မှုကျဆင်းနေပြီး အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုတွေ ကြောင့် နိုင်ငံတကာတင်ပို့ရောင်းချရာမှာ အခက်အခဲ ရှိနေပါတယ်။
အမေရိကန်အစိုးရဟာ မူးယစ်ဆေးဝါးဆက်နွှယ် ပတ်သက်မှုနဲ့ စွပ်စွဲချက်တွေနဲ့ဖမ်းဆီးနိုင်ရေး ဗင်နီဇွဲလား အစိုးရခေါင်းဆောင်များအနက် သမ္မတ နီကို လပ်စ်မာဒူရိုကို ဆုငွေ ဒေါ်လာ သန်း (၅၀)၊ ပြည်ထဲရေးဝန်ကြီးနဲ့ ကာကွယ်ရေးဝန်ကြီးကို ဆုငွေ ဒေါ်လာ (၂၅)သန်းစီ အသီးသီးထုတ်ပြန်ထားပါ တယ်။ ဒါပေမဲ့ အမေရိကန်နိုင်ငံအတွင်း တရားမဝင်မူးယစ်ဆေးပျံ့ နှံ့မှုမှာပတ်သက်နေတဲ့ တိုင်းပြည်တွေ မှာ မက္ကဆီကို-ကိုလံဘီယာ-ပီရုး-ဘိုလစ်ဗီးယားနဲ့ အလယ်အမေရိကတိုက် နိုင်ငံတချို့ဖြစ်ကြောင်း အမေ ရိကန်ကိုယ်တိုင် မကြာခဏ ညွှန်းဆိုလေ့ရှိပါတယ်။ အမေရိကန်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကိုခြိမ်း ခြောက်တဲ့ အာဏာရှုင်အစိုးရဖြစ်တယ်လို့ ဆန့်ကျင်သတ်မှတ်ရအောင်လည်း တခြား လက်တင် အမေရိ နိုင်ငံတွေမှာ ပါလီမန်ဒီမိုကရေစီစနစ်ထွန်းကားနေတယ်လို့ သတ်မှတ်ဖို့ခက်ခဲပါတယ်။
လက်ရှိ သမ္မတထရမ့်ရဲ့ Anerican first “အမေရိကန် ဦးစားပေးမူဝါဒ”ဟာ အတိတ်ကာလ (၁၈ ၂၃) ခုနှစ် မွန်ရိုးမူဝါဒအရ အမေရိကန်တစ်နိုင်ငံတည်းက လက်ဝါးကြီးအုပ်ရန်ကြိုးပမ်းမှုတွေနဲ့နှိုင်း ယှဉ် နိုင်ပါတယ်။ ခေတ်သစ် မဟာဗျူဟာမြောက်ပြိုင် ဆိုင်မှုမှာ စီးပွားရေးကိုဇောင်းပေးထားခြင်းသာ ကွာ ခြားပါတယ်။ ဒါပေမဲ့ ဒေသတွင်း ဩဇာလွှမ်းမိုးမှုထိန်း သိမ်းဖို့ အမေရိကန်ရဲ့လုပ်ရပ်ကို ရုရှား-တရုတ်နဲ့ ဥ ရောပ တိုင်းပြည်တချို့ကဝေဖန်နေကြပြီး လက်တင် အမေရိကနိုင်ငံအများစုရဲ့ ဆန့်ကျင်မုန်းတီးမှုသာ လျှင် ရလဒ်ထွက်ပေါ်နေပါတယ်။ ရေရှည်မှာ အမေရိကန်ရဲ့ဒေသတွင်းဩဇာသက်ရောက်မှု ပိုမိုကျဆင်းလာဖွယ်တွေ့မြင်ရပါတယ်။

Zawgyi Version:
အေမရိကန္က ဗင္နီဇြဲလားကို စစ္ေရးေဆာင္႐ြက္ရန္အထိ ဘာေၾကာင့္စိုးရိမ္ေနလဲ
Htay Oung (NP News) - ႏိုဝင္ဘာ ၁ဝ
အေမရိကန္ဟာ ကာရစ္ဘီယံေဒသအတြင္း မၾကာမီခင္းက်င္းဖြယ္စစ္ဆင္ေရးေတြကို ပံ့ပိုးႏိုင္တဲ့ စစ္ဘက္ဆိုင္ရာအေဆာက္အအုံေတြကို ျပင္ဆင္ေနေၾကာင္းေတြ႕ရွိရတယ္လို႔ ႐ိုက္တာသတင္းေအဂ်င္စီ (၂၂ ရက္ ႏိုဝင္ဘာလ ၂၀၂၅)ကေရးပါတယ္။
ပြာတိုရီကိုႏိုင္ငံရွိ (၂၀ဝ၄)ခုႏွစ္ကပိတ္သိမ္းခဲ့တဲ့ စစ္ေအးေခတ္ ေရတပ္စခန္းေဟာင္းကို ျပန္ လည္တည္ေဆာက္ေနေၾကာင္း၊ ေလယာဥ္ေျပးလမ္းေတြကို ျပဳျပင္မႈ သိုေလွာင္/ေထာက္ပံ့ေရး အ ေဆာက္အအုံေတြကို တည္ေဆာက္မႈ၊ တန္းလ်ားအသစ္ေတြ၊ ေလေၾကာင္းသြားလာေရးစနစ္ေတြနဲ႔ လုံၿခဳံ ေရးဆိုင္ရာ အေဆာက္အအုံေတြကိုလည္း ေတြ႕ရွိခဲ့ရပါတယ္။
ပြာတိုရီကိုအျပင္ အေမရိကန္ ဗားဂ်င္းအိုင္လန္ကြၽန္းေပၚမွာလည္း အလားတူတည္ေဆာက္မႈ ေတြကို ေတြ႕ရွိရၿပီး အဲဒီေနရာေတြဟာ ဗင္နီဇြဲလားနဲ႔ မိုင္ (၅၀ဝ) ခန႔္သာကြာေဝးပါတယ္။ ေျပာင္းလဲမႈ ေတြဟာ အေမရိကန္အေနနဲ႔ လိုအပ္ပါက စစ္ဘက္ဆိုင္ရာေလယာဥ္ေတြ၊ လက္နက္ခဲယမ္းေတြနဲ႔ ေထာက္ပံ့ေရးပစၥည္းေတြကိုေ႐ႊ႕ေျပာင္းရာမွာ အေထာက္အကူျဖစ္ေစႏိုင္ၿပီး အဆင့္ျမႇင့္တင္ထားတဲ့ ေရဒါစနစ္ဟာ မူးယစ္ေဆးဝါးေမွာင္ခိုေလယာဥ္ေတြကို ေျခရာခံႏိုင္လိမ့္မယ္လို႔ ကြၽမ္းက်င္သူေတြက ေျပာပါတယ္။
ဩဂုတ္လမွစတင္ၿပီး အေမရိကန္ဟာ န်ဴကလီးယားေရငုပ္သေဘၤာတစ္စင္းအပါအဝင္ စစ္ သေဘၤာေတြ၊ သူလွ်ိဳေလယာဥ္ေတြ၊ တိုက္ေလယာဥ္ေတြကို ေဒသအတြင္းေစလႊတ္ခဲ့ပါတယ္။ တပ္ဖြဲ႕ဝင္ အင္အား (၁၀ဝဝဝ)ခန႔္နဲ႔ တျခားေလယာဥ္တင္သေဘၤာတစ္စင္းလည္း သိပ္မၾကာခင္ေရာက္ရွိလာပါ ေတာ့မယ္။ မၾကာေသးမီက အေမရိကန္စစ္တပ္ဟာ မူးယစ္ေဆး ကုန္ကူးသူေတြလို႔ယူဆရတဲ့ သေဘၤာ ငယ္ (၁၄) စင္း ထက္မနည္းကိုတိုက္ခိုက္တဲ့အတြက္ လူေပါင္း (၆၁) ဦးေသဆုံးခဲ့ၿပီးျဖစ္ပါတယ္။
ခုလုပ္ေဆာင္ခ်က္ေတြဟာ မူးယစ္ေဆးဝါး ဂိုဏ္းေတြကိုတိုက္ဖ်က္ဖို႔ သမၼတထရမ့္ရဲ႕ေ႐ြးေကာက္ ပြဲကတိကဝတ္အရျဖစ္တယ္လို႔ အိမ္ျဖဴေတာ္က ေျပာပါတယ္။ ဗင္နီဇြဲလားသမၼတ နီကိုလတ္စ္မာဒူ႐ိုက ေတာ့ အေမရိကန္ဟာ သူ႔ကို အင္အားသုံးၿပီး ဖယ္ရွားဖို႔ႀကိဳးစားေနတာသာျဖစ္တယ္လို႔ဆိုပါတယ္။ အေမရိကန္ ပင္တာဂြန္စစ္ဌာနခ်ဳပ္ကေတာ့ ဘာမွတ္ခ်က္မွ် မေပးပါဘူး။
အေမရိကန္ဟာ ဗင္နီဇြဲလားကို စစ္ေရးေဆာင္႐ြက္ဖို႔အထိစိုးရိမ္ေနပါသလား၊ ဘာေၾကာင့္ပါလဲ။ ဒီအေၾကာင္းကို ရွင္းရွင္းလင္းလင္းသိရွိရဖို႔ ဗင္နီဇြဲ လားရဲ႕အတိတ္သမိုင္းကို ထည့္သြင္းေျပာဆိုရပါလိမ့္ မယ္။
(၁၄၉၈)ခုႏွစ္ ခရစၥတိုဖာကိုလံဘတ္က နယ္ေျမ သစ္ရွာေဖြေတြ႕ရွိၿပီးေနာက္ပိုင္း (၁၅၂၂)ခုႏွစ္မွာ ခု ဗင္နီဇြဲလားတိုင္းျပည္ျဖစ္လာမယ့္နယ္ေျမႀကီးဟာ စပိန္ကိုလိုနီလက္ေအာက္ က်ေရာက္ခဲ့ရပါတယ္။ (၁၈၁၁)ခုႏွစ္မွာ လြတ္လပ္ေရးေၾကညာခဲ့ေပမယ့္ စပိန္ဩဇာခံသာျဖစ္ေနခဲ့ပါတယ္။ (ခု ဗင္နီဇြဲလားႏိုင္ငံ ကာရာကတ္စ္ၿမိဳ႕သား) စပိန္ႏြယ္ဖြား “ဆိုင္မြန္ဘိုလီဗာ” ဦးေဆာင္ေတာ္လွန္ေရးသမားတို႔ရဲ႕ (၁၈၂၁)ခု ႏွစ္ “မဟာကိုလံဘီယာ ျပည္ေထာင္စုသမၼတႏိုင္ငံ” ေပၚေပါက္လာခဲ့ပါတယ္။ ဒီေန႔ေခတ္ ဗင္နီဇြဲလားနဲ႔ ပနားမား၊ ကိုလံဘီယာ၊ အီေကြေဒါ၊ ပီ႐ူး၊ ဘိုလစ္ဗီယားႏိုင္ငံတို႔ရဲ႕အစိတ္အပိုင္းေတြအထိက်ယ္ဝန္းပါ တယ္။
အဲဒီေနာက္ ဆိုင္မြန္ဘိုလီဗာ ကြယ္လြန္မႈနဲ႔အတူ မဟာကိုလံဘီယာအင္ပါယာလည္းၿပိဳကြဲၿပီး ဗင္နီ ဇြဲလားႏိုင္ငံရယ္လို႔ ပီပီျပင္ျပင္ျဖစ္လာခဲ့တယ္။ စစ္အာဏာရွင္အသီးသီးတို႔က ဆက္လက္အုပ္ခ်ဳပ္ ရင္း (၁၉၃၀)ျပည့္ႏွစ္မွာ ကမာၻ႔အႀကီးဆုံး ေရနံသိုက္ႀကီး ကိုရွာေဖြေတြ႕ရွိၿပီး စီးပြားေရးတိုးတက္လာခဲ့ တယ္။ (၁၉၅၈)ခုႏွစ္မွာ ပါလီမန္ ဒီမိုကေရစီစနစ္ စတင္ႏိုင္ ခဲ့ပါတယ္။ အေမရိကန္တစ္ေဒၚလာလွ်င္ ဗင္နီဇြဲလား ေငြေၾကး (၄)ဘိုလီဗာ လဲလွယ္ႏႈန္းအထိရွိခဲ့ၿပီး ႏိုင္ငံသားတစ္ဦးခ်င္းဝင္ေငြ ျမင့္မားခဲ့ပါ တယ္။ (၁၉၉၉)ခုႏွစ္မွာ “ဟူဂိုခ်ာဗက္ဇ္”က ေ႐ြးေကာက္တင္ေျမႇာက္ခံရၿပီး သမၼတျဖစ္လာခဲ့ပါတယ္။
စပိန္-အီတလီႏြယ္ဖြား ဟူဂိုခ်ာဗက္ဇ္ဟာ ဗင္နီဇြဲလား တပ္မေတာ္ အရာရွိေဟာင္းတစ္ဦး ျဖစ္ပါ တယ္။ (၁၉၇၅)ခုႏွစ္ ဗင္နီဇြဲလားတပ္မေတာ္(ၾကည္း) “ေလထီးနဲ႔ ေျခလ်င္ေ႐ြလ်ားတပ္”မွာ ဒုတိယ-ဗိုလ္ မႉးႀကီးအဆင့္အထိ တာဝန္ထမ္းေဆာင္ခဲ့ဖူးပါတယ္။ (၁၉၈၂)ခုႏွစ္ ဗင္နီဇြဲလားတပ္မေတာ္အတြင္း “ဘို လီ ဗားရီးယန္းေတာ္လွန္ေရးလႈပ္ရွားမႈ” (MBR- 200) ကို ဟူးဗက္ဇ္က စတင္တည္ေထာင္ပါတယ္။ အဲဒီ အဖြဲ႕အစည္းဟာ ႏိုင္ငံေရးပါတီမဟုတ္ဘဲ ဆင္းရဲခ်မ္းသာကြာဟလြန္းတဲ့ တိုင္းျပည္ရဲ႕ႏိုင္ငံေရးစနစ္ကို မႏွစ္ၿမိဳ႕တဲ့စစ္တပ္အတြင္း အရာရွိတစ္စုတို႔ရဲ႕ လွ်ိဳ႕ဝွက္အဖြဲ႕အစည္းတစ္ခုျဖစ္ပါတယ္။
(၁၉၉၂)ခုႏွစ္ ဗင္နီဇြဲလား သမၼတ ကာလို႔အန္ ဒေရပါရက္ဇ္ကိုျဖဳတ္ခ်ဖို႔ MBR-200 အဖြဲ႕ဦးေဆာင္ တဲ့အာဏာသိမ္းမႈမွာ မေအာင္မျမင္ျဖစ္ခဲ့ရၿပီး ဟူဂို ခ်ားဗက္ဇ္လည္း ေထာင္ဒဏ္ (၆)ႏွစ္ အျပစ္ေပးခံရ ပါတယ္။ (၁၄၃)ဦးေသဆုံးၿပီး လူရာခ်ီဒဏ္ရာရွိခဲ့တဲ့ အာဏာသိမ္းမႈဟာ လွ်ိဳ႕ဝွက္ခ်က္ ႀကိဳတင္ ေပါက္ ၾကားျခင္း၊ သမၼတအေပၚ သစၥာခံစစ္တပ္က လက္ဦးျခင္း၊ လူထုရဲ႕ ေထာက္ခံဆႏၵျပမႈမ်ားမရွိျခင္းေၾကာင့္ (၇၂) နာရီသာခံပါတယ္။ တကယ္ေတာ့ အဲဒီ အာဏာသိမ္းမႈမွာ ဗင္နီဇြဲလားတပ္မေတာ္အတြင္း စိမ့္ဝင္ ေနတဲ့ ကြန္ျမဴနစ္နဲ႔ ေျပာက္က်ားတိုက္ခိုက္ေရးသမားေဟာင္းတို႔ လက္ခ်က္ျဖစ္ၿပီး ခ်ားဗက္ဇ္ကိုယ္တိုင္ မပါဝင္ခဲ့ပါဘူး။ ေရေက်ာက္ေပါက္ၿပီး ေဆး႐ုံတက္ေနခိုက္ျဖစ္ေပမယ့္ ထိမ္ခ်န္မႈနဲ႔ ေထာင္ဒဏ္ (၆)ႏွစ္ အျပစ္ေပးခံရပါတယ္။ ဒါေပမဲ့ (၂)ႏွစ္အၾကာ သမၼတ ရာေဖးလ္ကဲလ္ဒဲရာ လက္ထက္ ႏိုင္ငံေရး ခုခံသူ ေတြနဲ႔ေဆြးေႏြးႏိုင္ေရး လြတ္ၿငိမ္းခ်မ္းသာခြင့္ရရွိခဲ့ၿပီး (၁၉၉၄)ခုႏွစ္မွာ ေထာင္က လြတ္ေျမာက္လာပါ တယ္။
(၁၉၉၇)ခုႏွစ္မွာ ဟူဂိုခ်ာဗက္ဇ္က MVR ပါတီကို ထူေထာင္ခဲ့ၿပီး MBR-200 ရဲ႕လႈပ္ရွားမႈကို တရား ဝင္ျဖစ္ေအာင္ျပဳလုပ္ခဲ့ပါတယ္။ ဒီလိုနဲ႔ ႏိုင္ငံ့လူဦးေရ (၆၅)ရာခိုင္ႏႈန္းမဲေပးတဲ့ (၁၉၉၇)ခုႏွစ္ ေ႐ြးေကာက္ ပြဲမွာ (၅၆.၂)ရာခိုင္ႏႈန္း ေထာက္ခံမဲရရွိတဲ့အတြက္ ခ်ာဗက္ဇ္က သမၼတျဖစ္လာပါတယ္။ အဲဒီေ႐ြးေကာက္ ပြဲကို ႏိုင္ငံတကာကေစာင့္ၾကည့္ခဲ့ၾကၿပီး အသိအမွတ္လည္းျပဳပါတယ္။
လက္ရွိ ဗင္နီဇြဲလားႏိုင္ငံရဲ႕အေျခခံဥပေဒဟာ ခ်ာဗက္ဇ္လက္ထက္ ေရးဆြဲျပ႒ာန္းခဲ့ျခင္းျဖစ္ၿပီး တိုင္းျပည္ကိုလည္း “ဗင္နီဇြဲလား ဘိုလီဗာရီယန္ သမၼတႏိုင္ငံ” လို႔အမည္သစ္ေပးခဲ့ပါတယ္။ ဆိုရွယ္ လစ္ လမ္းစဥ္ “ဘိုလီဗားရီးယန္းေတာ္လွန္ေရး” နဲ႔ တိုင္းျပည္ကိုထူ ေထာင္ဖို႔ျဖစ္ပါတယ္။ အေျခခံဥပေဒအရ ပါလီမန္ဒီမို ကေရစီစနစ္က်င့္သုံးၿပီး အတိုက္အခံႏိုင္ငံပါတီေတြ တရားဝင္ထူေထာင္ခြင့္ရွိပါတယ္။ ဒါေပ မဲ့ လက္ေတြ႕မွာေတာ့ အတိုက္အခံတို႔အေပၚ ရာဇဝတ္မႈပုဒ္မနဲ႔ တရားစြဲဆိုမႈ၊ ေ႐ြးေကာက္ပြဲေတြ က်င္းပ ေပမယ့္ အာဏာရွင္ဆန္တဲ့ လုပ္ရပ္ေတြရွိခဲ့ၿပီး သတင္းမီဒီယာ လြတ္လပ္ခြင့္ကိုလည္းကန႔္သတ္ပါတယ္။ ဗင္နီဇြဲလားရဲ႕ ပါလီမန္ဒီမိုကေရစီဆိုတာ Illiberal Demo­cracy ကန႔္သတ္စည္းမ်ဥ္းခံ ဒီမိုကေရစီသာ လွ်င္ျဖစ္တယ္လို႔ ႏိုင္ငံေရးေလ့လာသူေတြက သတ္မွတ္ခံရပါတယ္။ တစ္ၿပိဳင္တည္းမွာပဲ အေမရိကန္ စီးပြားေရးလုပ္ငန္းေတြကို ျပည္သူပိုင္သိမ္းၿပီး ႏိုင္ငံျခားေငြေၾကးစီးဝင္/စီးထြက္မႈေတြကို ႏိုင္ငံပိုင္ထိန္း ခ်ဳပ္ရာမွ အေမရိ ကန္အစိုးရနဲ႔ ထိပ္တိုက္ေတြ႕မႈစတင္လာပါတယ္။
ဗင္နီဇြဲလားႏိုင္ငံမွာ အေမရိကန္ကုမၸဏီေတြ ျပည္သူပိုင္သိမ္းခံရတဲ့ကိစၥဟာ ခ်ာဗက္ဇ္မတိုင္မီ (၁၉၇၆) ခုႏွစ္ကတည္းကရွိခဲ့ဖူးၿပီး သူ႔လက္ထက္မွာ ဆိုရွယ္လစ္စနစ္အရ ျပန္လည္ေဆာင္႐ြက္တာေတြ ျဖစ္ပါတယ္။ ဒီကိစၥဟာ (၂၀)ရာစုအေစာပိုင္းကတည္း က ဗင္နီဇြဲလားေရနံထုတ္လုပ္မႈရဲ႕ (၈၀) ရာခိုင္ႏႈန္း ကို ထိန္းခ်ဳပ္ထားတဲ့ အေမရိကန္အတြက္ အေတာ္အထိ နာတယ္လို႔ေျပာရပါလိမ့္မယ္။ ခ်ာဗက္ဇ္လက္ ထက္ ျပည္သူပိုင္သိမ္းမႈဟာ ကာေရဘီယန္ေဒသႏိုင္ငံရဲ႕ စီးပြားေရးအရ လြတ္လပ္ေရးနဲ႔ အေမရိကန္ ဆန႔္က်င္ေရး (၂)ခုစလုံးပါဝင္ေနပါတယ္။ ဒီအခ်က္ဟာ ယေန႔ ဗင္နီဇြဲလားနဲ႔အေမရိကန္ၾကား ပဋိပကၡ ျဖစ္ရျခင္းရဲ႕ ကနဦးနိဒါန္းအစပဲျဖစ္ပါတယ္။
တျခား ကာေရဘီယန္ေဒသ ကြၽန္းႏိုင္ငံတစ္ခုျဖစ္တဲ့က်ဴးဘားမွာ ေတာ္လွန္ေရးျဖစ္ေပၚခဲ့ၿပီး (၁၉၅၉) ခုႏွစ္မွာ ဖီဒယ္ကတ္စထ႐ိုဦးေဆာင္တဲ့ ကြန္ျမဴနစ္အ စိုးရေပၚေပါက္လာပါတယ္။ ကမာၻ႔ အေရွ႕-အေနာက္ စစ္ေအးတိုက္ပြဲျပင္းထန္ေနခိုက္ အေမရိကန္ရဲ႕ႏွာ ေခါင္းေပါက္ဝဆိုႏိုင္တဲ့ လက္တင္ အေမရိ ကေဒသ က်ဴးဘားႏိုင္ငံမွာ ဆိုဗီယက္က ဒုံးက်ည္ေတြျဖန႔္ၾကက္လာတဲ့အတြက္ “(၁၉၆၂)ခုႏွစ္ က်ဴးဘား ဒုံးက်ည္ အက်ပ္အတည္း”ျဖစ္ေပၚလာၿပီး န်ဴကလီးယားလက္နက္ေတြအသုံးျပဳၾကမယ့္ “တတိယကမာၻ စစ္”အထိ ဦးတည္သြားခဲ့ဖူးပါတယ္။
(၁၉၇၀)ျပည့္ႏွစ္ေနာက္ပိုင္း က်ဴးဘားဟာ မာ့က္စ္ ဝါဒီအစိုးရမ်ား သို႔မဟုတ္ လက္တင္ အေမရိ ကႏိုင္ငံေတြ၊ အာဖရိကနဲ႔အေရွ႕အလယ္ပိုင္းႏိုင္ငံတစ္ဝန္း လက္ဝဲလႈပ္ရွားမႈေတြကို ေထာက္ခံစြက္ဖက္ခဲ့ ပါတယ္။ ဆိုဗီယက္ယူနီယံရဲ႕ “ပယ္ရီစထ႐ိုက္ကာ” မူဝါဒေၾကာင့္ ျပည္ပေထာက္ခံမႈအားနည္းသြားတဲ့ က်ဴးဘားဟာ ဗင္နီဇြဲလားကို ပိုမိုခ်ဥ္းကပ္ခဲ့ၿပီး (၁၉၉၁)ခု ႏွစ္ ဆိုဗီယက္ယူနီယံၿပိဳကြဲသြားတဲ့အခါ ႏွစ္ ႏိုင္ငံ ပိုမိုနီးကပ္လာပါတယ္။ ေထာင္ကလြတ္လြတ္ခ်င္း က်ဴးဘားႏိုင္ငံကို အလည္အပတ္ ေရာက္ရွိလာ တဲ့ ဟူဂိုခ်ာ ဗက္ဇ္ကို ဖီဒယ္ကက္စ႐ိုကြန္ျမဴနစ္အစိုးရက တခမ္းတနား ႀကိဳဆိုခဲ့ပါတယ္။ ဒါေတြဟာ အေမရိကန္အတြက္ ကာေရဘီယန္ေဒသမွာ ေနာက္ထပ္ က်ဴးဘားႏိုင္ငံတစ္ႏိုင္ငံ ေပၚေပါက္လာေတာ့ မယ့္အေၾကာင္း မေကာင္းတဲ့နိမိတ္လကၡဏာေတြပဲျဖစ္ပါတယ္။ ႐ုရွားသာမက တ႐ုတ္-အီရန္တို႔ရဲ႕ ဩဇာ ျဖန႔္ၾကက္လာမႈဟာ စိုးရိမ္စရာျဖစ္လာပါတယ္။
(၁၉)ရာစု လက္တင္အေမရိကႏိုင္ငံတို႔ စပိန္ ကိုလိုနီလက္ေအာက္မွလြတ္ေျမာက္ေရးလႈပ္ရွားမႈ မွာ အေမရိကန္ဟာ “မြန္႐ိုးမူဝါဒ”အရ ဝင္ေရာက္စြက္ ဖက္ျခင္း မျပဳခဲ့ပါဘူး၊ (၁၈၂၃)ခုႏွစ္ အေမရိကန္ သမၼတ ဂ်ိန္းမြန္႐ိုးရဲ႕ ႏိုင္ငံျခားေရးမူဝါဒအရ အေမရိကတိုက္ ႏိုင္ငံမ်ားအေရးကိစၥဟာ အေမရိကန္ အ တြက္ သီးသန႔္ျဖစ္ၿပီး ဥေရာပအင္အားႀကီးႏိုင္ငံေတြက ဝင္ေရာက္ မစြက္ဖက္ေရး၊ အျပန္အလွန္ အား ျဖင့္ ဥေရာပႏိုင္ငံေတြရဲ႕ ျပည္တြင္းေရးကိစၥမွာလည္း အေမရိကန္က ဝင္ေရာက္မစြက္ဖက္ေရးမူဝါဒ ျဖစ္ ပါတယ္။ ဂရိတ္ ကိုလံဘီယာႏိုင္ငံရဲ႕ ဆိုင္ႏြန္ဘိုလီဗာနဲ႔ စပိန္တို႔ ပဋိပကၡဟာ စပိန္ရဲ႕ျပည္တြင္းေရးသာ ျဖစ္တဲ့အတြက္ အေမရိကန္က လက္ပိုက္ၾကည့္ေနေပးခဲ့ရပါတယ္။ ဒါေပမဲ့ ေနာက္ထပ္ (၇၇)ႏွစ္အၾကာ (၁၈၉၈)ခုႏွစ္၊ စပိန္-အေမရိကန္စစ္ပြဲမွာ မြန္႐ိုးမူဝါဒကို အတိအလင္း စြန႔္လႊတ္လိုက္တဲ့အေမရိကန္က စစ္ရႈံးစပိန္တို႔ရဲ႕ လက္တင္အေမရိကေဒသ က်ဴးဘား-ပြာတိုရီကိုနဲ႔ ပစိဖိတ္ေဒသ ဂူအမ္ကြၽန္း၊ ဖိလစ္ပိုင္တို႔ကို လက္ျမန္ ေျချမန္စြာသိမ္းယူခဲ့ပါတယ္။
သူ႔ကိုယ္သူ မာ့က္စ္ဝါဒီတစ္ဦးျဖစ္ေၾကာင္း ဝန္ခံသူ ဟူဂိုခ်ာဗက္ဇ္ဟာ (၁၉၉၈၊ ၂၀ဝဝ၊ ၂၀ဝ၆၊ ၂၀၁၂) ခုႏွစ္တို႔မွာ သမၼတအျဖစ္ (၄)ႀကိမ္တိုင္တိုင္ ေ႐ြးေကာက္ခံခဲ့ရပါတယ္။ ျပည္သူပိုင္သိမ္းဆည္းခဲ့ တဲ့ ႏိုင္ငံျခားစီးပြားေရးလုပ္ငန္းေတြက ဝင္ေငြကို ျပည္သူလူထုရဲ႕ သက္သာေခ်ာင္ခ်ိေရး၊ က်န္းမာေရး၊ ပညာေရးတို႔မွာသုံးစြဲေပးခဲ့အတြက္ လူထုေထာက္ခံမႈ ကို ေ႐ြးေကာက္ပြဲေတြ ပ်မ္းမွ်(၆၀)ရာခိုင္ႏႈန္းရရွိမႈ ကေဖာ္ျပေနပါတယ္။ ဒါေပမဲ့ ကင္ဆာေရာဂါေၾကာင့္ စတုတၳအႀကိမ္ သမၼတသက္တမ္း (၁)ႏွစ္ခန႔္အၾကာ အသက္ (၅၈)ႏွစ္အ႐ြယ္မွာ ဟူဂိုခ်ာဗက္ဇ္ ကြယ္လြန္ပါတယ္။
နီကိုလပ္စ္မာဒူ႐ို (ယခု ၆၂ ႏွစ္)ဟာ ခ်ာဗက္ဇ္ရဲ႕ ေကာင္းေမြ ဆိုးေမြအားလုံးကို ဆက္ခံရသူျဖစ္ ပါတယ္။ အာဏာကို တစ္ပါတီဗဟိုက ကာလရွည္ တင္းၾကပ္စြာ ခ်ဳပ္ကိုင္ျခင္းရလဒ္အျဖစ္ ေအာက္ေျခ အစိုးရဌာနေတြ နဲ႔ ရဲတပ္ဖြဲ႕အတြင္း အက်င့္ပ်က္ျခစားမႈ အျမစ္တြယ္ေနမႈ၊ အေမရိကန္ရဲ႕ စီးပြားေရးဒဏ္ ခတ္ပိတ္ဆို႔မႈေတြေၾကာင့္ တိုင္းျပည္အတြင္း အေထြေထြ ရွားပါးျပတ္လပ္ျခင္း၊ ေငြေၾကးေဖာင္းပြျခင္းတို႔ ျဖစ္ေပၚၿပီး ႏိုင္ငံတစ္ဝန္း ေန႔စဥ္ ခ်ီတက္ဆႏၵျပပြဲေတြျဖစ္ပြားေနပါတယ္။ ၿငိမ္ဝပ္ပိျပားေရးဦးစားေပးတဲ့ အခါ သေဘာထားကြဲလြဲမႈေတြကို ပိုမိုဖိႏွိပ္ရတဲ့အတြက္ ခ်ာဗက္ဇ္ လက္ထက္ ႏိုင္ငံျခားေရးဝန္ႀကီးနဲ႔ ဒုတိယ သမၼတအျဖစ္တာဝန္ယူခဲ့ဖူးတဲ့ မာဒူ႐ိုရဲ႕မ်ိဳးခ်စ္ပုဂၢိဳလ္အျဖစ္ ေက်ာ္ၾကားမႈ ဂုဏ္သတင္းကို က် ဆင္းသြားေစပါတယ္။
ဗင္နီဇြဲလားဟာ ကမာၻ႔အႀကီးဆုံးေရနံသိုက္ ပိုင္ရွင္ျဖစ္တယ္လို႔ေျပာရင္ ယုံၾကပါမည္လား၊ ဒါဟာ အမွန္ျဖစ္ပါတယ္။ (၂၀၂၃)ခုႏွစ္ ႏႈိင္းယွဥ္ခ်က္ေတြ အရ ေရနံစည္ ဘီလ်ံေပါင္း (၃၀ဝ)ေက်ာ္ရွိတဲ့ ဗင္နီဇြဲ လားရဲ႕ ေရနံသိုက္အ႐ြယ္အစားဟာ လက္ရွိကမာၻ႔ထိပ္ တန္းေရနံထုတ္လုပ္သူ ကေနဒါနဲ႔ အီရတ္ႏိုင္ငံ (၂) ခု ေပါင္းထက္သာလြန္ပါတယ္။ အဲဒီပမာဏဟာ ယေန႔ေရနံတင္ပို႔ၿပီ လက္ဖ်ားေငြသီးေနတဲ့ ေဆာ္ဒီ အာ ေရးဗီးယားထက္ အမ်ားႀကီးပိုမ်ားပါတယ္။ ဒါေပမဲ့ ဗင္နီဇြဲလားကေတာ့ ကုန္းေကာက္စရာမရွိေအာင္ မြဲျပာက်ေနပါတယ္။ အေမရိကန္(၁)ေဒၚလာဟာ ဗင္နီဇြဲလားေငြေၾကး (၂၂၅)ဘိုလီဗာနဲ႔ညီမွ်တဲ့အထိ ႏိုင္ငံ သုံးေငြေၾကးတန္ဖိုး ေၾကာက္ခမန္းလိလိ က်ဆင္းေနပါတယ္။ ေငြေၾကးေဖာင္းပြမႈ (၂၅၀)ရာခိုင္ႏႈန္းမွ (၅၃၀) ရာခိုင္ႏႈန္းအထိ ေန႔စဥ္ျမင့္တက္ေနၿပီး စီးပြားေရးမတည္မၿငိမ္ျဖစ္ေနပါတယ္။
တစ္ခ်ိန္က ေတာင္အေမရိကတိုက္ရဲ႕အခ်မ္းသာ ဆုံးျဖစ္ခဲ့ဖူးတဲ့တိုင္းျပည္ဟာ ဆယ္စုႏွစ္ တစ္ခု နီးပါးၾကာ မွားယြင္းတဲ့စီမံခန႔္ခြဲမႈအလြဲေတြ၊ အက်င့္ပ်က္ ခ်စားမႈေတြေၾကာင့္ စီးပြားေရးပ်က္ အက်ပ္ အတည္းေတြနဲ႔ရင္ဆိုင္ေနရပါတယ္။ အေမရိကန္ရဲ႕ ဒဏ္ ခတ္ပိတ္ဆို႔မႈ ထပ္ေဆာင္းတဲ့အခါ အစိုးရဝန္ ထမ္းေတြရဲ႕ အနိမ့္ဆုံးတစ္ရက္လုပ္ခလစာဟာ အေမရိကန္ (၁)ေဒၚလာဝန္းက်င္နဲ႔သာညီမွ်ပါေတာ့ တယ္။ တိုင္းျပည္လူဦးေရ (၇၀)ရာခိုင္ႏႈန္းေက်ာ္ဟာ ဆင္းရဲမြဲေတမႈ မ်ဥ္းေအာက္မွာေနထိုင္ၾကရၿပီး (၅၃) ရာခိုင္ႏႈန္းေက်ာ္ဟာ အလြန္အမင္းဆင္းရဲတဲ့အတြက္ အစားအ ေသာက္ အေျခခံလိုအပ္ခ်က္ကိုပင္ မဝယ္ ယူႏိုင္ေလာက္ေအာင္ဆင္းရဲေနၾကပါတယ္။ က်န္းမာေရး ေစာင့္ေရွာက္မႈစနစ္၊ ပညာေရးနဲ႔ အမ်ား ျပည္ သူ ဝန္ေဆာင္မႈလုပ္ငန္းတို႔ၿပိဳလဲေနၿပီး လွ်ပ္စစ္မီးနဲ႔ ေသာက္သုံးေရျပတ္လပ္မႈေတြျဖစ္ေပၚေနပါတယ္။ စားနပ္ ရိကၡာ၊ ေဆးဝါးနဲ႔တျခားအေျခခံပစၥည္းေတြရရွိဖို႔ အလြန္ခက္ခဲၿပီး လူဦးေရ (၇)သန္းခန႔္ဟာ အာ ဟာရ မျပည့္ဝပဲျဖစ္ေနပါတယ္။ ေနာက္ဆက္တြဲအျဖစ္ စီးပြားေရးၿပိဳလဲမႈနဲ႔ ႏိုင္ငံေရးမတည္ၿငိမ္မႈေတြ ေၾကာင့္ ႏိုင္ငံသား (၈)သန္းခန႔္ဟာ တိုင္းျပည္ကို စြန႔္ခြာသြားၾကတဲ့အတြက္ (၂၀၁၀)ျပည့္ႏွစ္ (၂၉) သန္း ရွိ ခဲ့ရာမွ လူဦးေရတိုးျမင့္မလာဘဲ (၂၀၂၅)ခုႏွစ္မွာ (၂၈)သန္း ေအာက္ကိုက်ဆင္းသြားခဲ့ပါတယ္။
ကမာၻ႔အႀကီးဆုံး ေရနံသိုက္ႀကီးပိုင္ရွင္ျဖစ္ေပမယ့္ ရသမွ် အိတ္ထဲထည့္ၿပီး လူႀကီးကို မ်က္ႏွာျပ ေကာင္း႐ုံ “႐ိုက္စားကြက္မ်ား” ေၾကာင့္ ထုတ္လုပ္မႈက်ဆင္းေနၿပီး အေမရိကန္ရဲ႕ ပိတ္ဆို႔အေရးယူမႈေတြ ေၾကာင့္ ႏိုင္ငံတကာတင္ပို႔ေရာင္းခ်ရာမွာ အခက္အခဲ ရွိေနပါတယ္။
အေမရိကန္အစိုးရဟာ မူးယစ္ေဆးဝါးဆက္ႏႊယ္ ပတ္သက္မႈနဲ႔ စြပ္စြဲခ်က္ေတြနဲ႔ဖမ္းဆီးႏိုင္ေရး ဗင္နီဇြဲလား အစိုးရေခါင္းေဆာင္မ်ားအနက္ သမၼတ နီကို လပ္စ္မာဒူ႐ိုကို ဆုေငြ ေဒၚလာ သန္း (၅၀)၊ ျပည္ထဲေရးဝန္ႀကီးနဲ႔ ကာကြယ္ေရးဝန္ႀကီးကို ဆုေငြ ေဒၚလာ (၂၅)သန္းစီ အသီးသီးထုတ္ျပန္ထားပါ တယ္။ ဒါေပမဲ့ အေမရိကန္ႏိုင္ငံအတြင္း တရားမဝင္မူးယစ္ေဆးပ်ံ႕ ႏွံ႔မႈမွာပတ္သက္ေနတဲ့ တိုင္းျပည္ေတြ မွာ မကၠဆီကို-ကိုလံဘီယာ-ပီ႐ုး-ဘိုလစ္ဗီးယားနဲ႔ အလယ္အေမရိကတိုက္ ႏိုင္ငံတခ်ိဳ႕ျဖစ္ေၾကာင္း အေမ ရိကန္ကိုယ္တိုင္ မၾကာခဏ ၫႊန္းဆိုေလ့ရွိပါတယ္။ အေမရိကန္ႏိုင္ငံရဲ႕ အမ်ိဳးသားလုံၿခဳံေရးကိုၿခိမ္း ေျခာက္တဲ့ အာဏာရႈင္အစိုးရျဖစ္တယ္လို႔ ဆန႔္က်င္သတ္မွတ္ရေအာင္လည္း တျခား လက္တင္ အေမရိ ႏိုင္ငံေတြမွာ ပါလီမန္ဒီမိုကေရစီစနစ္ထြန္းကားေနတယ္လို႔ သတ္မွတ္ဖို႔ခက္ခဲပါတယ္။
လက္ရွိ သမၼတထရမ့္ရဲ႕ Anerican first “အေမရိကန္ ဦးစားေပးမူဝါဒ”ဟာ အတိတ္ကာလ (၁၈ ၂၃) ခုႏွစ္ မြန္႐ိုးမူဝါဒအရ အေမရိကန္တစ္ႏိုင္ငံတည္းက လက္ဝါးႀကီးအုပ္ရန္ႀကိဳးပမ္းမႈေတြနဲ႔ႏႈိင္း ယွဥ္ ႏိုင္ပါတယ္။ ေခတ္သစ္ မဟာဗ်ဴဟာေျမာက္ၿပိဳင္ ဆိုင္မႈမွာ စီးပြားေရးကိုေဇာင္းေပးထားျခင္းသာ ကြာ ျခားပါတယ္။ ဒါေပမဲ့ ေဒသတြင္း ဩဇာလႊမ္းမိုးမႈထိန္း သိမ္းဖို႔ အေမရိကန္ရဲ႕လုပ္ရပ္ကို ႐ုရွား-တ႐ုတ္နဲ႔ ဥ ေရာပ တိုင္းျပည္တခ်ိဳ႕ကေဝဖန္ေနၾကၿပီး လက္တင္ အေမရိကႏိုင္ငံအမ်ားစုရဲ႕ ဆန႔္က်င္မုန္းတီးမႈသာ လွ်င္ ရလဒ္ထြက္ေပၚေနပါတယ္။ ေရရွည္မွာ အေမရိကန္ရဲ႕ေဒသတြင္းဩဇာသက္ေရာက္မႈ ပိုမိုက်ဆင္းလာဖြယ္ေတြ႕ျမင္ရပါတယ္။

Related news

© 2021. All rights reserved.