စင်္ကာပူနိုင်ငံရှိ Polytechnic ကျောင်းများတွင် တက်ရောက်ရန် မြန်မာကျောင်းသားအများအပြား စိတ်ဝင်စားမှုမြင့်တက်နေ

 610

Pearl (NP News) - သြဂုတ် ၂
စင်္ကာပူနိုင်ငံရှိ Polytechnic ကျောင်းများတွင် တက်ရောက်ရန် မြန်မာကျောင်းသားအများအပြား စိတ်ဝင်စားမှုမြင့်တက်နေကြောင်း RVi Institute မှ တာဝန်ရှိသူ ဒေါ်ဝါဝါဝင်းက NP News ကို ပြောသည်။
ယနေ့ (သြဂုတ်လ ၂ ရက်) တွင် ရန်ကုန်တိုင်းဒေသကြီး Novotel Hotel တွင် STUDY OVERSEAS & CAREER FAIR 2025 ကို ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါပွဲ၌ စင်္ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံ ၊ ထိုင်းနိုင်ငံ၊ UK ၊ NEW ZELAND နှင့် IRELAND တို့မှ ကျောင်းများမှ လာရောက်ပြသခဲ့ပြီး စိတ်ဝင်စားသူများပြားသည်ကိုလည်း တွေ့ရသည်။
“ဒီ Education Fair ကို လုပ်ပေးတဲ့အချိန်မှာ ဟိုဘက်က Officer တွေနဲ့ တိုက်ရိုက်တွေ့ပြီးတော့ သူတို့ကို မေးခွန်းတွေ မေးစေချင်တာ။ အချို့မိဘတွေ နားမလည်ရင် ဘာသာပြန်ပေးတယ်။ အခုလက်ရှိအနေအထားအရကို ပြောမယ်ဆိုရင်တော့ စင်္ကာပူရဲ့အစိုးရကျောင်း Polytechnic တွေကို စိတ်ဝင်စားနေတုန်းပဲ။ အစ်မတို့က ၁၉၉၆ ကတည်းက RVi ကစခဲ့တာ။ ၁၉၉၈ ကတည်းက မြန်မာကျောင်းသားတွေက Polytechnic ကို သွားတက်ကြတာ။ အဲဒီဟာရဲ့တောက်လျောက်မှာ Polytechnic က Vocational Diploma ဖြစ်တဲ့အတွက်ကြောင့်မို့ ကလေးက ကျောင်းတက်နေတယ်။ ကျောင်းပြီးတဲ့အချိန်မှာ ကလေးက Part Time လုပ်လို့ရတယ်။ ပြီးရင် Diploma ပြီးတာနဲ့ Permanent Resident လျှောက်လို့ရတယ်။ ဒါတွေက ၂၀၀၅ ၊ ၂၀၀၆ အထိကို ပေးခဲ့တာပါ။ သူတို့ရဲ့ Economy အပြောင်းအလဲအရ အဲဒီနောက်ပိုင်းက PR ကို တန်းမပေးတော့ဘူး။ တန်းမပေးဘဲ Vocational Diploma အနေနဲ့ ပြီးသွားတဲ့အခါမှာ လုပ်ငန်းခွင်ကို တန်းဝင်လို့ရတယ်” ဟု ဒေါ်ဝါဝါဝင်းက ပြောသည်။
လက်ရှိတွင် မြန်မာကျောင်းသားများအနေဖြင့် စင်္ကာပူနိုင်ငံရှိ Polytechnic ကျောင်းများကို မြန်မာကျောင်းသားအများအပြား စိတ်ဝင်စားလျက်ရှိပြီး အဆိုပါ Polytechnic ကျောင်းတက်ရောက်၍ Result ကောင်းသည့် ကျောင်းသူကျောင်းသားများ အနေဖြင့် အခွင့်အရေးအများအပြားရှိကြောင်းလည်း သိရသည်။
“ မြန်မာနိုင်ငံရဲ့ Education နဲ့ Compare လုပ်လိုက်မယ်ဆိုရင် ဟိုးအရင်တုန်းက ရှိသော GTI နဲ့ ပုံသွားတူတယ်။ ဒီမှာ GTI တက်လိုက်တယ်။ (၃) နှစ်တက်ပြီးရင် အငယ်တန်း အင်ဂျင်နီယာ တန်းဖြစ်တယ်။ များသောအားဖြင့် GTI ပြီးတဲ့လူဆို ဆောက်လုပ်ရေးမှာ ဝင်လုပ်တယ်။ ပြီးတဲ့အခါကျတော့ လျှပ်စစ်တို့ စွမ်းအင်တို့ စည်ပင်သာယာတို့ မှာ ဝင်လုပ်တယ်။ အဲဒီတော့ Diploma မှာတင် ရပ်မသွားဘူး။ မြန်မာကျောင်းသားကို သူတို့ရဲ့ Result က ကောင်းတယ်ဆိုရင် တက္ကသိုလ်ကို တန်းတက်လို့ရတယ်။ အဲဒီလို အခွင့်အရေးတွေ ရှိတဲ့အတွက်ကြောင့်မို့ မြန်မာကျောင်းသားတွေကတော့ Polytechnic ကို ရွေးချယ်ကြတုန်းပဲ” ဟု ဒေါ်ဝါဝါဝင်းက ပြောသည်။

Zawgyi Version:
စကၤာပူႏိုင္ငံရွိ Polytechnic ေက်ာင္းမ်ားတြင္ တက္ေရာက္ရန္ ျမန္မာေက်ာင္းသားအမ်ားအျပား စိတ္ဝင္စားမႈျမင့္တက္ေန
Pearl (NP News) - ၾသဂုတ္ ၂
စကၤာပူႏိုင္ငံရွိ Polytechnic ေက်ာင္းမ်ားတြင္ တက္ေရာက္ရန္ ျမန္မာေက်ာင္းသားအမ်ားအျပား စိတ္ဝင္စားမႈျမင့္တက္ေနေၾကာင္း RVi Institute မွ တာဝန္ရွိသူ ေဒၚဝါဝါဝင္းက NP News ကို ေျပာသည္။
ယေန႔ (ၾသဂုတ္လ ၂ ရက္) တြင္ ရန္ကုန္တိုင္းေဒသႀကီး Novotel Hotel တြင္ STUDY OVERSEAS & CAREER FAIR 2025 ကို က်င္းပျပဳလုပ္ခဲ့သည္။
အဆိုပါပြဲ၌ စကၤာပူႏိုင္ငံ၊ မေလးရွားႏိုင္ငံ ၊ ထိုင္းႏိုင္ငံ၊ UK ၊ NEW ZELAND ႏွင့္ IRELAND တို႔မွ ေက်ာင္းမ်ားမွ လာေရာက္ျပသခဲ့ၿပီး စိတ္ဝင္စားသူမ်ားျပားသည္ကိုလည္း ေတြ႕ရသည္။
“ဒီ Education Fair ကို လုပ္ေပးတဲ့အခ်ိန္မွာ ဟိုဘက္က Officer ေတြနဲ႔ တိုက္႐ိုက္ေတြ႕ၿပီးေတာ့ သူတို႔ကို ေမးခြန္းေတြ ေမးေစခ်င္တာ။ အခ်ိဳ႕မိဘေတြ နားမလည္ရင္ ဘာသာျပန္ေပးတယ္။ အခုလက္ရွိအေနအထားအရကို ေျပာမယ္ဆိုရင္ေတာ့ စကၤာပူရဲ႕အစိုးရေက်ာင္း Polytechnic ေတြကို စိတ္ဝင္စားေနတုန္းပဲ။ အစ္မတို႔က ၁၉၉၆ ကတည္းက RVi ကစခဲ့တာ။ ၁၉၉၈ ကတည္းက ျမန္မာေက်ာင္းသားေတြက Polytechnic ကို သြားတက္ၾကတာ။ အဲဒီဟာရဲ႕ေတာက္ေလ်ာက္မွာ Polytechnic က Vocational Diploma ျဖစ္တဲ့အတြက္ေၾကာင့္မို႔ ကေလးက ေက်ာင္းတက္ေနတယ္။ ေက်ာင္းၿပီးတဲ့အခ်ိန္မွာ ကေလးက Part Time လုပ္လို႔ရတယ္။ ၿပီးရင္ Diploma ၿပီးတာနဲ႔ Permanent Resident ေလွ်ာက္လို႔ရတယ္။ ဒါေတြက ၂၀၀၅ ၊ ၂၀၀၆ အထိကို ေပးခဲ့တာပါ။ သူတို႔ရဲ႕ Economy အေျပာင္းအလဲအရ အဲဒီေနာက္ပိုင္းက PR ကို တန္းမေပးေတာ့ဘူး။ တန္းမေပးဘဲ Vocational Diploma အေနနဲ႔ ၿပီးသြားတဲ့အခါမွာ လုပ္ငန္းခြင္ကို တန္းဝင္လို႔ရတယ္” ဟု ေဒၚဝါဝါဝင္းက ေျပာသည္။
လက္ရွိတြင္ ျမန္မာေက်ာင္းသားမ်ားအေနျဖင့္ စကၤာပူႏိုင္ငံရွိ Polytechnic ေက်ာင္းမ်ားကို ျမန္မာေက်ာင္းသားအမ်ားအျပား စိတ္ဝင္စားလ်က္ရွိၿပီး အဆိုပါ Polytechnic ေက်ာင္းတက္ေရာက္၍ Result ေကာင္းသည့္ ေက်ာင္းသူေက်ာင္းသားမ်ား အေနျဖင့္ အခြင့္အေရးအမ်ားအျပားရွိေၾကာင္းလည္း သိရသည္။
“ ျမန္မာႏိုင္ငံရဲ႕ Education နဲ႔ Compare လုပ္လိုက္မယ္ဆိုရင္ ဟိုးအရင္တုန္းက ရွိေသာ GTI နဲ႔ ပုံသြားတူတယ္။ ဒီမွာ GTI တက္လိုက္တယ္။ (၃) ႏွစ္တက္ၿပီးရင္ အငယ္တန္း အင္ဂ်င္နီယာ တန္းျဖစ္တယ္။ မ်ားေသာအားျဖင့္ GTI ၿပီးတဲ့လူဆို ေဆာက္လုပ္ေရးမွာ ဝင္လုပ္တယ္။ ၿပီးတဲ့အခါက်ေတာ့ လွ်ပ္စစ္တို႔ စြမ္းအင္တို႔ စည္ပင္သာယာတို႔ မွာ ဝင္လုပ္တယ္။ အဲဒီေတာ့ Diploma မွာတင္ ရပ္မသြားဘူး။ ျမန္မာေက်ာင္းသားကို သူတို႔ရဲ႕ Result က ေကာင္းတယ္ဆိုရင္ တကၠသိုလ္ကို တန္းတက္လို႔ရတယ္။ အဲဒီလို အခြင့္အေရးေတြ ရွိတဲ့အတြက္ေၾကာင့္မို႔ ျမန္မာေက်ာင္းသားေတြကေတာ့ Polytechnic ကို ေ႐ြးခ်ယ္ၾကတုန္းပဲ” ဟု ေဒၚဝါဝါဝင္းက ေျပာသည္။

Related news

© 2021. All rights reserved.