မဲဆန္ဒနယ်ပြင်ပရောက် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ကျောင်းသား၊ကျောင်းသူများ နိုဝင်ဘာ ၁၇ ရက်မှ ၂၁ ရက်အထိ ကြိုတင်မဲပေးနိုင်

170

သန့်ဇင် (NP News) - နိုဝင်ဘာ ၉
မဲဆန္ဒနယ်ပြင်ပရောက် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ကျောင်းသား၊ ကျောင်းသူများ နိုဝင်ဘာ ၁၇ရက်မှ ၂၁ ရက်အထိ ကြိုတင်မဲပေးနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ထုတ်ပြန် ကြေညာထားကြောင်း သိရသည်။
သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနများက တာဝန်ယူဖွင့်လှစ်သည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ မကြာမီတွင် ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများသည် ရွေးကောက်ပွဲ စတင်ကျင်းပ မည့် လာမည့် ဒီဇင်ဘာ ၂၈ ရက်တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ၌ ကျောင်းတက်ရောက်နေကြရ မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျောင်းသား၊ကျောင်းသူများအနက် မိမိတို့မဲစာရင်းပါရှိသည့် မဲဆန္ဒနယ်ပြင်ပတွင်ရှိသော တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် တက်ရောက်ကြရမည့် ကျောင်းသား၊ ကျောင်းသူများလည်း ပါဝင်မည်ဖြစ် ကြောင်း သိရသည်။
မဲဆန္ဒနယ်ပြင်ပရောက် ကျောင်းသား၊ ကျောင်းသူများအနက် ရွေးကောက်ပွဲ စတင်ကျင်းပမည့် ဒီဇင်ဘာ ၂၈ ရက် တွင် အသက် ၁၈ နှစ်ပြည့်ပြီး ဥပဒေအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများဖြစ်ပါက မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် သက်ဆိုင်ရာကျောင်းများသို့ မသွားရောက်မီ မိမိတို့၏မဲစာရင်းပါရှိရာ ရပ်ကွက် (သို့) ကျေးရွာအုပ်စုကော်မရှင် အဖွဲ့ခွဲရုံးတွင် နိုဝင်ဘာ ၁၇ ရက်မှ ၂၁ ရက်အထိ ၁၇–၁၁–၂၀၂၅ နံနက် ၉ နာရီမှ ညနေ ၄ နာရီခွဲအတွင်း မိမိတို့ ကိုင်ဆောင်သည့် နိုင်ငံသားစိစစ်ရေးကတ်နှင့် သက်ဆိုင်ရာတက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ထုတ်ပေးသည့် ကျောင်းသားစိစစ်ရေးကတ် (သို့) ကျောင်းဝင်ခွင့်အထောက်အထားတို့ကိုပြသ၍ ကြိုတင်ဆန္ဒ မဲပေးနိုင်ကြောင်း UEC က အသိပေးကြေညာထားကြောင်း သိရသည်။

Zawgyi Version:
မဲဆႏၵနယ္ျပင္ပေရာက္ တကၠသိုလ္၊ ဒီဂရီေကာလိပ္၊ ေကာလိပ္မ်ားမွ ေက်ာင္းသား၊ေက်ာင္းသူမ်ား ႏိုဝင္ဘာ ၁၇ ရက္မွ ၂၁ ရက္အထိ ႀကိဳတင္မဲေပးႏိုင္
သန႔္ဇင္ (NP News) - ႏိုဝင္ဘာ ၉
မဲဆႏၵနယ္ျပင္ပေရာက္ တကၠသိုလ္၊ ဒီဂရီေကာလိပ္၊ ေကာလိပ္မ်ားမွ ေက်ာင္းသား၊ ေက်ာင္းသူမ်ား ႏိုဝင္ဘာ ၁၇ရက္မွ ၂၁ ရက္အထိ ႀကိဳတင္မဲေပးႏိုင္ေၾကာင္း ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ (UEC) က ထုတ္ျပန္ ေၾကညာထားေၾကာင္း သိရသည္။
သက္ဆိုင္ရာျပည္ေထာင္စုဝန္ႀကီးဌာနမ်ားက တာဝန္ယူဖြင့္လွစ္သည့္ တကၠသိုလ္၊ ဒီဂရီေကာလိပ္၊ ေကာလိပ္မ်ား မၾကာမီတြင္ ျပန္လည္ဖြင့္လွစ္ေတာ့မည္ျဖစ္ရာ ေက်ာင္းသား၊ ေက်ာင္းသူမ်ားသည္ ေ႐ြးေကာက္ပြဲ စတင္က်င္းပ မည့္ လာမည့္ ဒီဇင္ဘာ ၂၈ ရက္တြင္ တကၠသိုလ္၊ ဒီဂရီေကာလိပ္၊ ေကာလိပ္မ်ား၌ ေက်ာင္းတက္ေရာက္ေနၾကရ မည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ေက်ာင္းသား၊ေက်ာင္းသူမ်ားအနက္ မိမိတို႔မဲစာရင္းပါရွိသည့္ မဲဆႏၵနယ္ျပင္ပတြင္ရွိေသာ တကၠသိုလ္၊ ဒီဂရီေကာလိပ္၊ ေကာလိပ္မ်ားတြင္ တက္ေရာက္ၾကရမည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားလည္း ပါဝင္မည္ျဖစ္ ေၾကာင္း သိရသည္။
မဲဆႏၵနယ္ျပင္ပေရာက္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအနက္ ေ႐ြးေကာက္ပြဲ စတင္က်င္းပမည့္ ဒီဇင္ဘာ ၂၈ ရက္ တြင္ အသက္ ၁၈ ႏွစ္ျပည့္ၿပီး ဥပေဒအရ ဆႏၵမဲေပးပိုင္ခြင့္ရွိသူမ်ားျဖစ္ပါက မဲေပးခြင့္မဆုံးရႈံးေစေရးအတြက္ သက္ဆိုင္ရာေက်ာင္းမ်ားသို႔ မသြားေရာက္မီ မိမိတို႔၏မဲစာရင္းပါရွိရာ ရပ္ကြက္ (သို႔) ေက်း႐ြာအုပ္စုေကာ္မရွင္ အဖြဲ႕ခြဲ႐ုံးတြင္ ႏိုဝင္ဘာ ၁၇ ရက္မွ ၂၁ ရက္အထိ ၁၇–၁၁–၂၀၂၅ နံနက္ ၉ နာရီမွ ညေန ၄ နာရီခြဲအတြင္း မိမိတို႔ ကိုင္ေဆာင္သည့္ ႏိုင္ငံသားစိစစ္ေရးကတ္ႏွင့္ သက္ဆိုင္ရာတကၠသိုလ္၊ ဒီဂရီေကာလိပ္၊ ေကာလိပ္မ်ားမွ ထုတ္ေပးသည့္ ေက်ာင္းသားစိစစ္ေရးကတ္ (သို႔) ေက်ာင္းဝင္ခြင့္အေထာက္အထားတို႔ကိုျပသ၍ ႀကိဳတင္ဆႏၵ မဲေပးႏိုင္ေၾကာင္း UEC က အသိေပးေၾကညာထားေၾကာင္း သိရသည္။