တရုတ်နိုင်ငံမှာ မိုးသက်မုန်တိုင်းနဲ့ အပူချိန်မြင့်မားလာနိုင်တဲ့သတိပေးချက်များ ထပ်မံထွက်ရှိ

200

ရောင်နီ (NP News) - သြဂုတ် ၃
တရုတ်နိုင်ငံမှာ ဒေသအများအပြားအတွက် မိုးသက်မုန်တိုင်းနဲ့ အပူချိန်မြင့်မားမှု သတိပေးချက်ကို သြဂုတ် ၂ ရက်က သက်တမ်းထပ်တိုးခဲ့တယ်လို့ သိရပါတယ်။
မွန်ဂိုလီးယား အတွင်းပိုင်း၊ ဟိုင်လောင်ကျန်း၊ ဂျီလင်၊ လောင်နင်၊ ရှန်ဇီ၊ ဟေဘီ၊ ပေငျင်း၊ တီရန်ကျင်း၊ ကျန်စု၊ ရှန်ဟိုင်း၊ ကျဲကျောင်း၊ အန်ဟိုင်၊ ကျန်းရှီ၊ ယောင်ဂွမ်၊ ထိုင်ဝမ်၊ ကွမ်ရှီ ဒေသတွေမှာ တစ်နာရီကို ၇၀ မီလီမီတာ အထက်ထိ မိုးရွာသွန်းနိုင်ပြီး မိုးကြိုးမုန်တိုင်းတွေနဲ့ မိုးသည်းထန်စွာရွာသွန်းမှု အခြေအနေတွေ ကြုံတွေ့ရနိုင် တယ်လို့ NMC က သတိပေးထားပါတယ်။ ဒါတင်မက ဒေသများစွာအတွက် အပူချိန်ကိုလည်း အဝါရောင် သတိပေးချက်အဖြစ် ဆက်လက်ရှိနေစေပြီး တရုတ်နိုင်ငံမြောက်ပိုင်း၊ ရှီရှီ၊ မြစ်ဝါမြစ်နဲ့ ဟိုင်ဟီ မြစ်ကြားရှိ ဒေသများ၊ ကျမ်ဟန် လွင်ပြင်၊ စီချောင်မြစ်ဝှမ်း၊ ယန်တိုက်မြစ်၊ ရှီကျန်း၊ ဂန်စုနဲ့ မွန်ဂိုလီးယားအတွင်းပိုင်း ဒေသတွေမှာ သြဂုတ်လ ၂ ရက် နေ့ခင်းပိုင်းမှာ အပူချိန် ၃၅ ဒီဂရီမှ ၃၉ ဒီဂရီစင်တီဂရိတ်အထိ ရှိနိုင်ပြီး ရှန်ရှီ၊ စီချွန်၊ ချုံချင်းနဲ့ ရှီကျန်း ဒေသတွေမှာတော့ အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ထက်ကျော်လွန်နိုင်တယ်လို့ ဆိုထားပါတယ်။

Zawgyi Version:
တ႐ုတ္ႏိုင္ငံမွာ မိုးသက္မုန္တိုင္းနဲ႔ အပူခ်ိန္ျမင့္မားလာႏိုင္တဲ့သတိေပးခ်က္မ်ား ထပ္မံထြက္ရွိ
ေရာင္နီ (NP News) - ၾသဂုတ္ ၃
တ႐ုတ္ႏိုင္ငံမွာ ေဒသအမ်ားအျပားအတြက္ မိုးသက္မုန္တိုင္းနဲ႔ အပူခ်ိန္ျမင့္မားမႈ သတိေပးခ်က္ကို ၾသဂုတ္ ၂ ရက္က သက္တမ္းထပ္တိုးခဲ့တယ္လို႔ သိရပါတယ္။
မြန္ဂိုလီးယား အတြင္းပိုင္း၊ ဟိုင္ေလာင္က်န္း၊ ဂ်ီလင္၊ ေလာင္နင္၊ ရွန္ဇီ၊ ေဟဘီ၊ ေပင်င္း၊ တီရန္က်င္း၊ က်န္စု၊ ရွန္ဟိုင္း၊ က်ဲေက်ာင္း၊ အန္ဟိုင္၊ က်န္းရွီ၊ ေယာင္ဂြမ္၊ ထိုင္ဝမ္၊ ကြမ္ရွီ ေဒသေတြမွာ တစ္နာရီကို ၇၀ မီလီမီတာ အထက္ထိ မိုး႐ြာသြန္းႏိုင္ၿပီး မိုးႀကိဳးမုန္တိုင္းေတြနဲ႔ မိုးသည္းထန္စြာ႐ြာသြန္းမႈ အေျခအေနေတြ ႀကဳံေတြ႕ရႏိုင္ တယ္လို႔ NMC က သတိေပးထားပါတယ္။ ဒါတင္မက ေဒသမ်ားစြာအတြက္ အပူခ်ိန္ကိုလည္း အဝါေရာင္ သတိေပးခ်က္အျဖစ္ ဆက္လက္ရွိေနေစၿပီး တ႐ုတ္ႏိုင္ငံေျမာက္ပိုင္း၊ ရွီရွီ၊ ျမစ္ဝါျမစ္နဲ႔ ဟိုင္ဟီ ျမစ္ၾကားရွိ ေဒသမ်ား၊ က်မ္ဟန္ လြင္ျပင္၊ စီေခ်ာင္ျမစ္ဝွမ္း၊ ယန္တိုက္ျမစ္၊ ရွီက်န္း၊ ဂန္စုနဲ႔ မြန္ဂိုလီးယားအတြင္းပိုင္း ေဒသေတြမွာ ၾသဂုတ္လ ၂ ရက္ ေန႔ခင္းပိုင္းမွာ အပူခ်ိန္ ၃၅ ဒီဂရီမွ ၃၉ ဒီဂရီစင္တီဂရိတ္အထိ ရွိႏိုင္ၿပီး ရွန္ရွီ၊ စီခြၽန္၊ ခ်ဳံခ်င္းနဲ႔ ရွီက်န္း ေဒသေတြမွာေတာ့ အပူခ်ိန္ ၄၀ ဒီဂရီစင္တီဂရိတ္ထက္ေက်ာ္လြန္ႏိုင္တယ္လို႔ ဆိုထားပါတယ္။