သစ်တောသယံဇာတများ တရားမဝင်ထုတ်ယူမှုမရှိစေရေး စနစ်တကျ ကြီးကြပ်ဆောင်ရွက်ရန် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာ ယာရေးကော်မရှင်ဥက္ကဋ္ဌမှာကြား

 141

သန့်ဇင်(NP News)-ဩဂုတ် ၃

သစ်တောသယံဇာတများ တရားမဝင်ထုတ်ယူမှုမရှိစေရေး စနစ်တကျ ကြီးကြပ်ဆောင်ရွက်ရန် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာ ယာရေးကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မှာကြားခဲ့ကြောင်း အစိုး၏ထုတ် ပြန်ချက်အရ သိရသည်။

ယမန်နေ့(ဩဂုတ်လ ၂ရက်)၊ နံနက်ပိုင်းက တိုင်းစစ်ဌာနချုပ်အစည်းအဝေးခန်းမ၌ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း နယ်မြေလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်သွားရန် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက ဆိုသည်။

ထို့ပြင် သစ်တောသယံဇာတများ တရားမဝင်ထုတ်ယူမှုမရှိစေရေး စနစ်တကျ ကြီးကြပ်ဆောင်ရွက်သွားရန်လည်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက မှာကြားခဲ့ကြောင်း သိရသည်။

မိသားစုဝင်များ၏ သက်သာချောင်ချိရေးအတွက် တပ်ပိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း စနစ်တကျ ဆောင်ရွက်သွားရန်နှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ထိထိရောက်ရောက်နှင့် အကျိုးရှိအောင် ဆောင်ရွက်သွားရန်လည်း နိုင်ငံတော် လုံခြုံ ရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အေးချမ်းဖြိုးခန်းမ၌ တပ်နယ် မှ အရာရှိ၊ စစ်သည်မိသားစုများအား တွေ့ဆုံအမှာစကားပြေကြားခဲ့ကြောင်း သိရသည်။

ထိုသို့ အမှာစကားပြောကြားရာတွင် တပ်/ ဌာနချုပ်များအနေဖြင့် အချိန်အခါအလိုက် လုပ်သင့်လုပ်ထိုက်သည့်လုပ်ငန်းများကို စဉ်ဆက် မပြတ် ဆောင်ရွက်နေရန် နိုင်ငံတော် လုံခြုံ ရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက ဆိုသည်။

တပ်မတော်သားများသည် မိမိတို့သဘောဆန္ဒအလျောက် တပ်မတော်သို့ ဝင်ရောက်တာဝန် ထမ်းဆောင်ကြခြင်းဖြစ်ကြောင်းနှင့် တပ်မတော်သားများဖြစ်သည်နှင့်အညီ တပ်မတော်မှပေးအပ်သည့် တာဝန်များကို စဉ်ဆက်မပြတ်ထမ်းဆောင်ရမည်ဖြစ်ကြောင်းလည်း နိုင်ငံတော် လုံခြုံ ရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက ပြောကြားခဲ့ကြောင်း သိရသည်။

နိုင်ငံ၏လွတ်လပ်ရေးရရှိပြီးချိန်၌ နိုင်ငံရေးအရ၊ တိုင်းရင်းသားရေးအရ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ပြီး ပြည်တွင်းလက်နက် ကိုင်ပဋိပက္ခများ ဖြစ်ပေါ်ခဲ့မှုကြောင့် နိုင်ငံ၏ အချုပ်အခြာအာဏာ ထိခိုက်လာမှုအပေါ် တပ်မတော်မှ ကျားကုတ်ကျားခဲ ကြိုးပမ်း ကာကွယ်ဆောင်ရွက်ခဲ့ကြောင်းလည်း နိုင်ငံတော် လုံခြုံ ရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက ဆိုသည်။

ထို့ပြင် တပ်မတော်အနေဖြင့် ခေတ်အဆက်ဆက်၊ အစိုးရအဆက်ဆက်တွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို အလေးထား ဆောင်ရွက်ခဲ့ကြောင်းလည်း နိုင်ငံတော် လုံခြုံ ရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်

Zawgyi Version:
သစ္ေတာသယံဇာတမ်ား တရားမဝင္ထုတ္ယူမႈမရွိေစေရး စနစ္တက် ႀကီးၾကပ္ေဆာင္႐ြက္ရန္ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာ ယာေရးေကာ္မရွင္ဥကၠ႒မွာၾကား
သန႔္ဇင္(NP News)-ဩဂုတ္ ၃

သစ္ေတာသယံဇာတမ်ား တရားမဝင္ထုတ္ယူမႈမရွိေစေရး စနစ္တက် ႀကီးၾကပ္ေဆာင္႐ြက္ရန္ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာ ယာေရးေကာ္မရွင္ဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က မွာၾကားခဲ့ေၾကာင္း အစိုး၏ထုတ္ ျပန္ခ်က္အရ သိရသည္။

ယမန္ေန႔(ဩဂုတ္လ ၂ရက္)၊ နံနက္ပိုင္းက တိုင္းစစ္ဌာနခ်ဳပ္အစည္းအေဝးခန္းမ၌ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရး ေကာ္မရွင္ဥကၠ႒က အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေတာင္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္နယ္ေျမအတြင္း နယ္ေျမလုံၿခဳံေရးႏွင့္ တည္ၿငိမ္ေအးခ်မ္းေရးလုပ္ငန္းမ်ားကို ထိေရာက္စြာ ေဆာင္႐ြက္သြားရန္ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရး ေကာ္မရွင္ဥကၠ႒က ဆိုသည္။

ထို႔ျပင္ သစ္ေတာသယံဇာတမ်ား တရားမဝင္ထုတ္ယူမႈမရွိေစေရး စနစ္တက် ႀကီးၾကပ္ေဆာင္႐ြက္သြားရန္လည္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရး ေကာ္မရွင္ဥကၠ႒က မွာၾကားခဲ့ေၾကာင္း သိရသည္။

မိသားစုဝင္မ်ား၏ သက္သာေခ်ာင္ခ်ိေရးအတြက္ တပ္ပိုင္စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ရာတြင္လည္း စနစ္တက် ေဆာင္႐ြက္သြားရန္ႏွင့္ လုပ္ငန္းမ်ားေဆာင္႐ြက္ရာတြင္ ထိထိေရာက္ေရာက္ႏွင့္ အက်ိဳးရွိေအာင္ ေဆာင္႐ြက္သြားရန္လည္း ႏိုင္ငံေတာ္ လုံၿခဳံ ေရးႏွင့္ ေအးခ်မ္းသာယာေရး ေကာ္မရွင္ဥကၠ႒က တိုက္တြန္းေျပာၾကားခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ ေအးခ်မ္းၿဖိဳးခန္းမ၌ တပ္နယ္ မွ အရာရွိ၊ စစ္သည္မိသားစုမ်ားအား ေတြ႕ဆုံအမွာစကားေျပၾကားခဲ့ေၾကာင္း သိရသည္။

ထိုသို႔ အမွာစကားေျပာၾကားရာတြင္ တပ္/ ဌာနခ်ဳပ္မ်ားအေနျဖင့္ အခ်ိန္အခါအလိုက္ လုပ္သင့္လုပ္ထိုက္သည့္လုပ္ငန္းမ်ားကို စဥ္ဆက္ မျပတ္ ေဆာင္႐ြက္ေနရန္ ႏိုင္ငံေတာ္ လုံၿခဳံ ေရးႏွင့္ ေအးခ်မ္းသာယာေရး ေကာ္မရွင္ဥကၠ႒က ဆိုသည္။

တပ္မေတာ္သားမ်ားသည္ မိမိတို႔သေဘာဆႏၵအေလ်ာက္ တပ္မေတာ္သို႔ ဝင္ေရာက္တာဝန္ ထမ္းေဆာင္ၾကျခင္းျဖစ္ေၾကာင္းႏွင့္ တပ္မေတာ္သားမ်ားျဖစ္သည္ႏွင့္အညီ တပ္မေတာ္မွေပးအပ္သည့္ တာဝန္မ်ားကို စဥ္ဆက္မျပတ္ထမ္းေဆာင္ရမည္ျဖစ္ေၾကာင္းလည္း ႏိုင္ငံေတာ္ လုံၿခဳံ ေရးႏွင့္ ေအးခ်မ္းသာယာေရး ေကာ္မရွင္ဥကၠ႒က ေျပာၾကားခဲ့ေၾကာင္း သိရသည္။

ႏိုင္ငံ၏လြတ္လပ္ေရးရရွိၿပီးခ်ိန္၌ ႏိုင္ငံေရးအရ၊ တိုင္းရင္းသားေရးအရ သေဘာထားကြဲလြဲမႈမ်ား ျဖစ္ေပၚၿပီး ျပည္တြင္းလက္နက္ ကိုင္ပဋိပကၡမ်ား ျဖစ္ေပၚခဲ့မႈေၾကာင့္ ႏိုင္ငံ၏ အခ်ဳပ္အျခာအာဏာ ထိခိုက္လာမႈအေပၚ တပ္မေတာ္မွ က်ားကုတ္က်ားခဲ ႀကိဳးပမ္း ကာကြယ္ေဆာင္႐ြက္ခဲ့ေၾကာင္းလည္း ႏိုင္ငံေတာ္ လုံၿခဳံ ေရးႏွင့္ ေအးခ်မ္းသာယာေရး ေကာ္မရွင္ဥကၠ႒က ဆိုသည္။

ထို႔ျပင္ တပ္မေတာ္အေနျဖင့္ ေခတ္အဆက္ဆက္၊ အစိုးရအဆက္ဆက္တြင္ ႏိုင္ငံေတာ္၏ အခ်ဳပ္အျခာအာဏာ တည္တံ့ခိုင္ၿမဲေရးကို အေလးထား ေဆာင္႐ြက္ခဲ့ေၾကာင္းလည္း ႏိုင္ငံေတာ္ လုံၿခဳံ ေရးႏွင့္ ေအးခ်မ္းသာယာေရး ေကာ္မရွင္ဥကၠ႒က ထည့္သြင္းေျပာၾကားခဲ့ေၾကာင္း သိရသည္

Related news

© 2021. All rights reserved.