အင်ဒိုနီးရှားနိုင်ငံက Mount Lewotobi Laki-laki မီးတောင် ထပ်မံပေါက်ကွဲ

181

Pika (NP News) - သြဂုတ် ၃
အင်ဒိုနီးရှားနိုင်ငံ East Nusa Tenggaraပြည်နယ်မှာရှိတဲ့ Mount Lewotobi Laki-lakiမီးတောင်ဟာ ထပ်မံ ပေါက်ကွဲခဲ့ပြီး ပြာမှုန့်တွေဟာ ကောင်းကင်ပေါ်ကို (၁၀)ကီလိုမီတာလောက်အထိ ရောက်ရှိသွားခဲ့တယ်လို့လည်း သိရပါတယ်။
Mount Lewotobi Laki-laki မီးတောင်ဟာ ပြီးခဲ့တဲ့လတွေအတွင်း မကြာခဏပေါက်ကွဲခဲ့တယ်လို့ အင်ဒိုနီးရှားနိုင်ငံ မီးတောင်အေဂျင်စီက ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လအစောပိုင်းတုန်းကဖြစ်ပွားခဲ့တဲ့ Mount Lewotobi Laki-laki မီးတောင်ပေါက်ကွဲမှုအတွင်း ပြာမှုန့်တွေဟာ ကောင်းကင်ပေါ်ကို (၁၈)ကီလိုမီတာလောက်အထိ ရောက်ရှိသွားခဲ့ပြီး လေယာဉ်ခရီးစဉ်တွေကို ရပ်ဆိုင်းခဲ့ရတယ်လို့လည်း သိရပါတယ်။
နောက်ဆုံးအကြိမ်ဖြစ်ပွားခဲ့တဲ့ Mount Lewotobi Laki-laki မီးတောင်ပေါက်ကွဲမှုအပြီး မီးတောင်နဲ့(၇)ကီလိုမီတာ အကွာအဝေးလောက်အထိ ရှောင်ရှားနေထိုင်ကြဖို့နဲ့ မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ ရွှံ့နွံတွေထွက်လာနိုင်ခြေနဲ့ ပတ်သက်ပြီး သတိထားကြဖို့ ဒေသခံတွေကို အာဏာပိုင်တွေက သတိပေးခဲ့တယ်လို့လည်း သိရပါတယ်။
အင်ဒိုနီးရှားနိုင်ငံမီးတောင်အေဂျင်စီက မျှဝေထားတဲ့ဓါတ်ပုံတွေမှာ ကောင်းကင်မှာ ပြာမှုန့်တွေနဲ့အတူ မီးတောင် လျှပ်စီးကြောင်းတွေ ထွက်ပေါ်နေတာကိုတွေ့မြင်ခဲ့ရပြီး ချော်ရည်တွေက တောင်စောင်းကနေ စီးဆင်းနေတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။

Zawgyi Version:
အင္ဒိုနီးရွားႏိုင္ငံက Mount Lewotobi Laki-laki မီးေတာင္ ထပ္မံေပါက္ကြဲ
Pika (NP News) - ၾသဂုတ္ ၃
အင္ဒိုနီးရွားႏိုင္ငံ East Nusa Tenggaraျပည္နယ္မွာရွိတဲ့ Mount Lewotobi Laki-lakiမီးေတာင္ဟာ ထပ္မံ ေပါက္ကြဲခဲ့ၿပီး ျပာမႈန႔္ေတြဟာ ေကာင္းကင္ေပၚကို (၁၀)ကီလိုမီတာေလာက္အထိ ေရာက္ရွိသြားခဲ့တယ္လို႔လည္း သိရပါတယ္။
Mount Lewotobi Laki-laki မီးေတာင္ဟာ ၿပီးခဲ့တဲ့လေတြအတြင္း မၾကာခဏေပါက္ကြဲခဲ့တယ္လို႔ အင္ဒိုနီးရွားႏိုင္ငံ မီးေတာင္ေအဂ်င္စီက ေျပာၾကားခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ဇူလိုင္လအေစာပိုင္းတုန္းကျဖစ္ပြားခဲ့တဲ့ Mount Lewotobi Laki-laki မီးေတာင္ေပါက္ကြဲမႈအတြင္း ျပာမႈန႔္ေတြဟာ ေကာင္းကင္ေပၚကို (၁၈)ကီလိုမီတာေလာက္အထိ ေရာက္ရွိသြားခဲ့ၿပီး ေလယာဥ္ခရီးစဥ္ေတြကို ရပ္ဆိုင္းခဲ့ရတယ္လို႔လည္း သိရပါတယ္။
ေနာက္ဆုံးအႀကိမ္ျဖစ္ပြားခဲ့တဲ့ Mount Lewotobi Laki-laki မီးေတာင္ေပါက္ကြဲမႈအၿပီး မီးေတာင္နဲ႔(၇)ကီလိုမီတာ အကြာအေဝးေလာက္အထိ ေရွာင္ရွားေနထိုင္ၾကဖို႔နဲ႔ မိုးသည္းထန္စြာ႐ြာသြန္းမႈနဲ႔အတူ ႐ႊံ႕ႏြံေတြထြက္လာႏိုင္ေျခနဲ႔ ပတ္သက္ၿပီး သတိထားၾကဖို႔ ေဒသခံေတြကို အာဏာပိုင္ေတြက သတိေပးခဲ့တယ္လို႔လည္း သိရပါတယ္။
အင္ဒိုနီးရွားႏိုင္ငံမီးေတာင္ေအဂ်င္စီက မွ်ေဝထားတဲ့ဓါတ္ပုံေတြမွာ ေကာင္းကင္မွာ ျပာမႈန႔္ေတြနဲ႔အတူ မီးေတာင္ လွ်ပ္စီးေၾကာင္းေတြ ထြက္ေပၚေနတာကိုေတြ႕ျမင္ခဲ့ရၿပီး ေခ်ာ္ရည္ေတြက ေတာင္ေစာင္းကေန စီးဆင္းေနတာကိုလည္း ေတြ႕ျမင္ခဲ့ရပါတယ္။